← Chapters

ဒီ စျေးနူန်းကို သဘောတူတာလား

Vol. 19 Ch. 284

ဒီ စျေးနူန်းကို သဘောတူတာလား

Vol. 19 Ch. 284

“ဒီအစ်ကိုလေးက တကယ်ချောတာပဲ”

သူမ စိတ်ထဲကနေ တွေးလိုက်မိသည်။

သူမက ကင်မရာကို လျူယောင်ဘက်ကို အထူး ချိန်ထားပြီး လျူယောင်ကို တိုက်ရိုက် ထုတ်လွှင့် မှုခန်းထဲသို့ လုံးလုံးလျားလျား ဝင်ရောက် လာ အောင် ပြုလုပ်ထားတာကြောင့် ပရိသတ်များ က သူ့ကို ပိုပြီးရှင်းလင်းစွာ မြင်နိုင်ကြသည်။

“အား တကယ့်ကို ချောတာပဲ”

“ချောတာထက် ပိုတယ်...သူ့လက်က နာရီ ကို ကြည့်လိုက် ကမ္ဘာတစ်ဝှမ်းမှာ အကန့်အသတ်နဲ့ ထုတ်တဲ့ Limited Edition ယွမ် ၈ သန်း ကျော် တန်တယ်”

“မဖြစ်နိုင်ပါဘူး ဒီလောက်ချောပြီး ..ဒီလောက် ချမ်းသာတာဆိုတာတော့ မတရားဘူးကွာ...”

ဒီ တိုက်ရိုက်ထုတ်လွှင့်မှု့ကို ကြည့်ရှုသူ သောင်း နှင့်ချီရှိ တာကြောင့် အချို့က ဒီလို နာရီကို မှတ် မိကြတာ သာမန်ပဲ ဖြစ်သည်။ အချို့က လျူ ယောင်ရဲ့ ကိုယ်ရေးကိုယ်တာအ ချက်အလက် ကိုပင် မှတ်မိကြသည်။

“ဘုရားရေ ဒီလူက Universal ရဲ့ သူဋေး ဖြစ်ရ မယ် အစကတော့ သေချာမသိဘူး သူ့လက်က ဒီလောက်ဈေးကြီးတဲ့ နာရီကို မြင်လိုက်ရတော့ သေချာသွားပြီ...”

“ဟုတ်တယ် ဒါ ငါတို့သူဋေးပဲ ... ငါက Universal က ဝန်ထမ်းပဲ..”

ပိုပြီးတောင် သေချာသွား၏။

ရှောင်ချင်းလည်း အံ့အားသင့်သွားသည်။ ယူနီ ဗာဆယ်အဆောက်အအုံရှေ့တွင် တိုက်ရိုက် ထုတ်လွှင့်မှုလုပ်ရင်း ဒီလောက် ကံကောင်း လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူဋေးကိုပါ သူမ ရိုက်မိသွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု့ခန်းထဲတွင် ပေါက်ကွဲ သွားသည်။

တကယ်ကို ပေါက်ကွဲသွားတာလို့ ဆိုရမည်။

“ဘုရားရေ Universal ရဲ့ သူဋေးက ဒီလောက် ချမ်းသာပြီး ချောတာပဲ...”

“ရှောင်ချင်း မင်း တမင်လုပ်တာလား မင်းတို့ အချင်းချင်း သိနေကြတာမို့လား...”

“ငါ့ နတ်ဘုရားမလေး ရှောင်ချင်းက Universal ရဲ့ သူဋေးနဲ့ တွေ့သွားပြီကွာ..ငါ ဒီဘဝမှာ အလှလေးတစ်ယောက်ကို ရဖို့ မျှော်လင့်ချက် တွေ ပျက်သုဉ်းသွားပြီ..ဝူးဝူး..”

တိုက်ရိုက် ထုတ်လွှင့်မှု့အခန်းရဲ့ လေထုက အရ မ်းပူပြင်းလာတာကြောင့် ရှောင်ချင်း အနည်း ငယ် အံ့အားသင့်သွားပေမဲ့ ပျော်ရွှင်မိသည်။ ဒီနေ့ သူမ ကံက ကောင်းနေသည်။

သူမက လျူယောင်ကို တက်ကြွစွာ နှုတ်ဆက် လိုက်သည်။

" မစ္စတာလျူ မဂ်လာပါ...."

လျူယောင် အနည်းငယ်အံ့အားသင့်သွားသည်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှု့မှ အလှလေးက သူ့ကို တကယ်သိနေပေမဲ့ သူကတော့ သူမကို မမှတ် မိပေ။

လျူယောင်ရဲ့ သံသယကို ရှောင်ချင်း က သိ သွားပုံရပြီး ရှင်းပြလိုက်သည်။

“မစ္စတာလျူ… ကျွန်မက ရှင့်ကို မှတ်မိတာ မ ဟုတ်ပါဘူး ကျွန်မရဲ့ ပရိသတ်တွေက မှတ်မိ တာပါ”

“အော် ဒီလိုကိုး..”

သူမရဲ့ ဖုန်းကို လျူယောင် ကြည့်လိုက်တဲ့ အ ခါ တိုက်ရိုက်ထုတ်လွှင့်မှု့ရဲ့ လေထုက အရမ်း ပူပြင်းနေတာကို မြင်လိုက်ရသည်။လျူယောင် ဖုန်းမျက်နှာပြင်ကို ပြုံးပြလိုက်ပြီး လက်ဝှေ့ယ မ်းပြလိုက်ကာ လျင်မြန်စွာ ရှောင်တိမ်း၍ ထွက် လာခဲ့သည်။

ရှောင်ချင်း နှုတ်ခမ်းကိုစူပြီး စိတ်ဆိုးစွာ ခြေ ဆောင့်လိုက်သည်။ဘာပဲဖြစ်ဖြစ် သူမကလည်း စမက်ကျပြီး လှပတဲ့ အမျိုးသမီးလေး တစ် ယောက် ဖြစ်သည်လေ။

“ဟွန့် သူ့ WeChat ကိုတောင် မတောင်း လိုက်ရ ဘူး ငါ ပရိသတ်တွေကို ဘယ်လိုရှင်းပြရမလဲ ဒီအလှလေးက အရမ်းမဆွဲဆောင်နိုင်ဘူးပဲ..."

လျူယောင်ကတော့ ထွက်ခွာသွားသည်။

သူ့ ကားက မလှမ်းမကမ်းတွင် ရပ်ထား တာ ကြောင့် သူတို့သုံးယောက်သာ လျင်မြန်စွာ မောင်းထွက်လာခဲ့ ကြသည်။ လျူယောင် နာ မည်ကြီးလိုစိတ်မရှိသလို အင်တာနက် ဆယ်လီ ဖြစ်ချင်စိတ်လည်း မရှိပေ ။

ဒါ့ကြောင့် နိမ့်ကျစွာနေခြင်းက ပိုကောင်း ပေ သည်။

ဟီချန်းက ဟွာဟိုင်းအပြည်ပြည် ဆိုင်ရာ ဝန် ထမ်း အိမ်ရာကို ကားမောင်းလာခဲ့သည်။ အိမ်ယာက ပြီးစီးခါနီးဖြစ်လို့ အိမ်ကို အပ်ရန် မကြာတော့ပေ။

" တီ တီ တီ.."

ဒီနေရာကို ကြည့်ပြီးနောက် ထွက်ခွာ တော့မဲ့ ချိန်မှာ ကျိုးယန်ထံမှ ဖုန်းခေါ်ဆိုမှု့ကို လျူ ယောင် လက်ခံ ရရှိလိုက်သည်။

“သူဋေး ပရိုတွန်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ သူဋေး ရှီးဝမ်ချွမ်းက ဖိတ်စာတစ်ခု ပို့ပြီး နေ့ လယ်ကျရင် လက်ဖက်ရည်လာသောက်ဖို့ ဖိတ်ချင်ပါတယ်တဲ့...”

“အမ် ပရိုတွန်ရေကြောင်း ပို့ဆောင်ရေးအဖွဲ့က ရှီးဝမ်ချွမ်းလား...”

လျူယောင် ဘာဖြစ်တာလဲဆိုတာကို ချက်ချင်း ခန့်မှန်း မိသွားသည်။ မကြာသေးမီက ပရိုတွန် အဖွဲ့ရဲ့ သင်္ဘောကြီးတစ်စင်းကို ပင်လယ်ဓားပြ များက ပြန်ပေးဆွဲသွားခဲ့ပြီး သူတို့က အမေရိ ကန် ဒေါ်လာ သန်း ၅၀ တောင်းဆိုခဲ့တယ်လို့ ကြားရသည်။

၈၀ ရာခိုင်နှုန်းခန့်က ဒီကိစ္စနှင့် ပတ်သတ် နေ လောက်သည်။သူ့စိတ်ထဲတွင် မှန်တစ်ချပ်လို ရှင်းလင်းနေသည်။

“ကောင်းပြီ ဒီနေ့ နေ့လယ် ငါလာတွေ့မယ်လို့ သူ့ကို ပြောလိုက်... "

လျူယောင် မှာလိုက်သည်။

“ ဟုတ်ကဲ့ပါ သူဋေး..."

Universal နဲ့ မလှမ်းမကမ်းတွင်ရှိတဲ့ ဇိမ်ခံ လက် ဖက်ရည်ဆိုင်တစ်ခုရဲ့ အခန်းတစ်ခန်းထဲတွင် ရှီးဝမ်ချွမ်းက စိုးရိမ်ပူပန်စွာ ထိုင်နေသည်။

သူက Universalကို ကိုယ်တိုင်ဖိတ်စာ ပို့ခဲ့ပေမဲ့ လျူယောင်က နေရာတွင် မရှိတာကြောင့် ရှင်း လင်းတဲ့ အဖြေမရခဲ့ပေ။ ရှီးဝမ်ချွမ်း အနည်း ငယ် စိတ် မသက်မသာ ဖြစ်နေသည်။

မကြာမီ သူ့ဖုန်းက တုန်ခါလာပြီး မက်ဆေ့စ် တစ်စောင် ဝင်လာသည် ။

" တင် "

“ကျေးဇူးပြုပြီးစောင့်ပါ ကျွန်တော်တို့သူဋေး ဒီနေ့ နေ့လယ် အချိန်ရပါတယ်...”

ရှီးဝမ်ချွမ်း ချက်ချင်းပဲ ဝမ်းသာသွားသည်။

လျူယောင် ဘယ်အချိန်တွင် လာမယ်ဆိုတာကို မဖော်ပြထားပေမဲ့ ဆိုလိုရင်းက ရှင်းနေသည်။ လျူယောင်က နေ့လယ်ပိုင်း အချိန်တစ်ခုတွင် သေချာပေါက်လာလိမ့်မည်။

သူ ချက်ချင်းပင် လက်ဖက်ရည်ဆိုင်ကို အထူး ခန်းပြင်ဆင်ရန်နဲ့ အကောင်းဆုံး လက်ဖက်ရည်၊ အကောင်းဆုံး မုန့်များ၊ အကောင်းဆုံး သစ် သီးများ ပြင်ဆင်ရန် မှာလိုက်သည်။

အချိန်က တစ်နာရီပြီးတစ်နာရီ ကုန်လွန် သွား သည်။

နောက်ထပ် လေးနာရီ ငါးနာရီ လောက် ကုန် လွန်သွားပြန်သည်။ သူက နံနက် ၁၁:၀၀ နာရီခန့်တွင် ဖိတ်စာကို ပို့ခဲ့ပေမဲ့ လျူယောင်က ညနေ ၄:၀၀ နာရီ မှသာ ရောက်လာသည်။

လျူယောင် လာနေတာကို မြင်တဲ့အခါ ရှီးဝမ် ချွမ်း ဝမ်းသာအားရဖြင့် ချက်ချင်း ထ၍ နှုတ် ဆက်လိုက်သည်။ သူ့အမူအရာက အလွန် နိမ့် ကျနေပြီး တန်းတူစကားပြောနေတဲ့ပုံ မပေါ်ဘဲ ညီတစ်ယောက်က အစ်ကိုတစ်ယောက်ကို တွေ့ရသလိုမျိုး ဖြစ်နေသည်။

“မစ္စတာလျူ မင်္ဂလာပါ မင်္ဂလာပါဗျာ… ”

လျူယောင် ညင်သာစွာ ပြုံးပြီး ပြောလိုက် သည်။

“ခင်ဗျားက ပရိုတွန်ရဲ့ သူဋေး ရှီးဝမ်ချွမ်း ဟုတ် တယ်မလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်ခဗျ ”

ရှီးဝမ်ချွမ်းက အမြီးကုတ်နေတဲ့ ခွေးတစ် ကောင်လို ပြုမူပြီး ပြောလိုက်သည်။

“ မစ္စတာလျူ ခင်ဗျား လာပေးလို့ အရမ်းဝမ်း သာပါတယ်ဗျာ…”

လျူယောင် ထိုင်လိုက်ပြီးနောက် ရှီးဝမ်ချွမ်းက လက်ဖက်ရည်ကို လျင်မြန်စွာ ဖျော်ပြီး နွေးထွေး စွာ ဧည့်ခံလိုက်သည်။

လျူယောင် ပြောလိုက်သည်။

" ကဲ ဘာကိစ္စလဲ.. "

ယူနီဗာဆယ်ကုမ္ပဏီကို စတင်တည် ထောင်ချိန် က ပရိုတွန်အဖွဲ့က ဖိနှိပ်ရန် ကြိုးစားခဲ့ပြီး က လိမ်ကကျစ် နည်းလမ်းများပင် လုပ်ခဲ့သည်။ ဒီအရာများကို လျူယောင် အမြဲမှတ်မိနေသည်။

ရှီးဝမ်းချွမ်းက တောင်းပန်စကားများ ဆက်တို က် ပြောနေပြီးနောက် အဓိကအချက်သို့ ရောက် သွားသည် ။

“မစ္စတာလျူ ကျွန်တော်တို့ ကံမကောင်း ဘူးဗျာ ...ကျွန်တော်တို့ရဲ့ သင်္ဘောတစ်စင်းကို ပါရှန်း ပင်လယ်ကွေ့အနီးမှာ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားတယ်... သူတို့က အမေရိက န်ဒေါ်လာ သန်း ၅၀ တောင်းတယ်...၂၄ နာရီ အတွင်း သူတို့အကောင့်ထဲကို ငွေထည့်ဖို့ တောင်းဆိုထားတယ် ကျွန်တော် စျေးဆစ်လို့ လုံးဝမရဘူး”

“ဟူး ကျွန်တော်က အမေရိကန်ဒေါ်လာ သန်း ၅၀ ဘယ်ကရမှာလဲ ဒါ့ကြောင့် မစ္စတာလျူ ကူညီပေးဖို့ ကျွန်တောင်းဆိုချင်ပါတယ်”

လျူယောင် ရယ်မောလိုက်သည်။

"ကိုယ့်ကိုယ် ကိုယ် အကူအညီ တောင်းနေတ ာပါလား အရင်က မောက်မာမှု့တွေ ဘယ် ရောက်သွားတာလဲ ...အရင်က ငါတို့ကြားက ရန်ငြိုးတွေကရော ဘယ်ရောက်သွားပြီလဲ.."

ရှီးဝမ်းချွမ်းက ခေါင်းငုံ့ပြီး အတော်ကြာအောင် တောင်းပန်နေသည်။ သူက ကုမ္ပဏီကြီးတစ်ခုရဲ့ သူဋေးနဲ့မတူဘဲ အမှားလုပ်ထားတဲ့ ငယ်သား တစ်ဦးနဲ့ တူနေသည်။

လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ ထပ် တောင်းပန် မနေ တော့နဲ့ ကျွန်တော် ဘယ်လိုကူ ညီပေးရမလဲ ဆိုတာ သာပြော”

“မစ္စတာလျူ... ခင်ဗျား ကျွန်တော့်ကို အမေရိက န်ဒေါ်လာ သန်း ၅၀ ချေးပေးနိုင်မလား တစ်လ အတွင်းပါပဲ...ကျွန်တော် တစ်လကို နှစ်ရာ ခိုင်နှုန်းအတိုးနဲ့ ပြန်ဆပ်ပါ့မယ်...”

လျူယောင် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ပိုက်ဆံချေးဖို့ ဆိုရင် ဆက် မပြောတော့နဲ့”

“ ဒီလူ ငါ့ဆီက ပိုက်ဆံချေးချင်တာလား.. လုံးဝ မဖြစ်နိုင်ဘူး”

လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ရှီးဝမ်ချွမ်းလည်း မျှော်လင့်ချက်နည်းပါးတာကို သိသည်။ သူပြောလိုက်တဲ့စကားက လှည့်စားမှု့ တစ်မျိုးသာဖြစ်သည်။ ကံကောင်းရင် လျူ ယောင် သဘောတူလိမ့်မည်။ထင်တဲ့အတိုင်းပင် သူ ကံမကောင်းခဲ့ပေ။

လျူယောင် ငြင်းလိုက်တာကြောင့် ရှီးဝမ်ချွမ်း က စိတ်မပျက်ပေ သူက တောင်းပန်ပြီး ဆက် ပြောလိုက်သည်။

“မဟုတ်ရင် ကျွန်တော်တို့ရဲ့ ရေနံတင်သင်္ဘော 'လျန်ယောင်' နဲ့ 'လျန်ရှန်း' ကို ရောင်းချင်ပါ တယ်...မစ္စတာလျူ ဝယ်နိုင်ပါတယ်ဗျာ.. ဒါတွေ အားလုံးက ၅ နှစ်တောင် မပြည့်သေးတဲ့ သင်္ဘောအသစ်တွေပါပဲ..အများဆုံး ကုန်တင် နိုင်မှု့က ရေနံစိမ်းတန်ချိန် ၁ သိန်း ၂ သောင်း ပါ...”

“အမ် သင်္ဘောရောင်းမှာလား ”

“ပရိုတွန်က သင်္ဘောတွေ ရောင်းချင်နေ တာ လား”

ဒါက ကောင်းတဲ့အရာပဲ ဖြစ်သည်။ သူတို့က သင်္ဘောတွေ ရောင်းလိုက်ပြီးနောက် သူတို့ရဲ့ အင်အားက တဖြည်းဖြည်း လျော့ကျသွား လိမ့်မည်။ သူတို့ရဲ့သင်္ဘောကို ဝယ်ပြီးနောက် Universal ရဲ့ အင်အားက ပိုမိုခိုင်မာ လာတော့ မည်လေ။ ဒါက လျူယောင် အလိုချင်ဆုံး မြင်ကွင်းပဲဖြစ်သည်။

လျူယောင် ခဏကြာအောင် စဥ်းစားပြီး ပြော လိုက်သည်။

“ခင်ဗျားတို့ရဲ့ သင်္ဘောနှစ်စင်းကို ရောင်းတာ ကောင်းပါတယ်.. ဒါပေမဲ့ ဈေးနှုန်းကတော့ သက်သာရမယ်...”

“သေချာပါတယ် သက်သာစေရပါ့မယ်ဗျာ..”

ရှီးဝမ်ချွမ်း လျင်မြန်စွာ ဆက်ပြောလိုက်သည် ။

“ဒါကို ကျွန်တော်တို့ နားလည်ပါတယ် ဈေး ကွက် ပေါက်ဈေးထက် နိမ့်ပေးပါ့မယ် ဒါပေမဲ့ ကျွန်တော်တစ်ခုတောင်းဆိုစရာရှိတယ်...မစ္စတာလျူဘက်က ငွေကို ချက်ချင်းပေးချေ ရပါ့ မယ်...”

သင်္ဘောကို ဒီလောက်အလျင်စလို ရောင်းချ လိုက်ပါက ပုံမှန်ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းနိုင်မှာ မဟုတ်တာ သေချာသည်။

ပုံမှန်ဈေးကွက်ပေါက်ဈေးဖြင့်ဆိုပါက ၇၀ ရာခို င်နှုန်းခန့် အသစ်ဖြစ်နေတဲ့ ဒီသင်္ဘောနှစ်စင်းကို ယွမ် သန်း ၆၀၀ မှ ၆၅၀ သန်းကြားဖြင့် ရောင်း သင့်သည်။

လျူယောင်ကတော့ ယွမ် သန်း ၅၀၀ ပေးပြီး ထိုသင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့လိုက်သည်။ ရှီးဝမ်ချွမ်းကလည်း ဒီဈေးနှုန်းကို သဘော တူသည်။ သူက စာချုပ်ကို ချက်ချင်းချုပ်ဆိုပြီး ငွေကို ချက်ချင်း ပေးချေရန်သာ တောင်းဆိုခဲ့ သည်။

"ဒီဈေးနှုန်းကို သဘောတူတာလား "

လျူယောင် ပျော်ရွှင်နေသည်။သူက အလကား နီးပါး ယွမ်သန်း ၁၀၀ ရရှိတာပဲ ဖြစ်သည်။ ထိုသင်္ဘောနှစ်စင်းက ပုံမှန် ဈေးကွက်ပေါက် ဈေးထက် အနည်းဆုံး ယွမ်သန်း ၁၀၀ ပိုသက် သာပေသည်။

All Chapters