ငါ မင်းကို မေးမယ်.. မင်း လုပ်ရဲ လား
Vol. 19 Ch. 285
လျူယောင် စိတ်ကြည်လင်နေသည်။
ဒီနေ့ အလကားနေရင်း အကြီးစား စီးပွားရေးတ စ်ခုကို သူ ရလိုက်သည်။ပြီးတော့ သူ့အိမ်တံ ခါးဝ ကို လာပို့ပြီး သူ့ကိုယူဖို့ တောင်းဆို နေ သည်လေ။
ဈေးနှုန်းကို ညှိနှိုင်းလိုက်ပြီး စုစုပေါင်း ယွမ် သန်း ၅၀၀ ဖြစ်သည်။ ရှီးဝမ်ချွမ်း စိတ်သက်သ ာရာရသွားပြီး ငွေများ ပိုမိုစောစော ရောက် လာစေရန်သာ မျှော်လင့်နေသည်။
ရှီဝမ်ချွမ်း တောင်းဆိုလိုက်သည်။
“မစ္စတာလျူ ဒီနေ့ စာချုပ် လက်မှတ်ထိုးပေး လို့ရမလား.. ငွေကိုလည်း ဒီနေ့ပဲ ရောက်လာစေ ချင်တယ်...”
လျူယောင် လက်ကိုမြှောက်ပြီး အချိန်ကို ကြည့် လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“၅ နာရီ ထိုးခါနီးပြီ ဒီနေ့တော့ နောက်ကျသွားပြီ ထင်တယ်...”
ချက်ချင်းပင် ရှီးဝမ်ချွမ်း ငိုချင်စိတ် ပေါက် သွားသည်။ သူက ပြန်ရွေးဖို့ ငွေကို စောင့်နေ ခဲ့သည်။ မနက်ဖြန်ထိသာ စာချုပ် လက်မှတ် ထိုးရန် စောင့်ရမယ်ဆိုပါက အရာအားလုံး ပြီးဆုံး သွားမှာပဲ ဖြစ်သည်။
“မစ္စတာလျူ ပိုက်ဆံရဲ့ တစ်ဝက်ကိုပဲ ကျွန် တော်တို့ကို အရင်ပေးလို့ရမလား..”
သူ့ရဲ့ အသံက တဖြည်းဖြည်း အားနည်း လာသည်။သူ ဆက်မပြောရဲတော့ပေ ဒါက မဖြစ်နိုင်တာကို သိတာကြောင့်ပဲ ဖြစ်သည်။
“အခု ပိုက်ဆံတစ်ဝက်ကို ပေးတာက အဆင် ပြေပါတယ်”
ဆိုပြီး လျူယောင် ပြောလိုက်တာကို ရှီးဝမ်ချွမ်း အရမ်း အံ့သြ သွားသည်။
“ဘာ”
“ပိုက်ဆံတစ်ဝက်ကို ပေးနိုင်တာလား...”
အလှည့်အပြောင်းက အနည်းငယ် ပြင်းထန် လှ သည်။ ရှီးဝမ်ချွမ်း ခုနကမှ ငိုချင်စိတ် ပေါက် နေပေမဲ့ အခုတော့ အံ့သြစရာများဖြင့် ပြည့်နှက် နေသည်။
ရှီးဝမ်ချွမ်း အရမ်း စိတ်လှုပ်ရှားနေပြီး သူ့ မျက်နှာက အနည်းငယ်နီရဲနေ၏ ။
လျူယောင်က သူ့ရှေ့တွင် ဖုန်းခေါ် လိုက်သည်။ အခြေအနေကို အတိုချုပ်ရှင်းပြပြီးနောက် ကျိုးယန်ကို ပရိုတွန်အဖွဲ့ရဲ့ အကောင့်ကို ယွမ် သန်း ၂၅၀ ထည့်ပေးရန် အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ရှီးဝမ်ချွမ်းရဲ့ စာရင်းကိုင်ထံမှ မက်ဆေ့စ် လက်ခံရရှိခဲ့သည်။
"ငွေရောက်လာပါပြီ သူဋေး..."
ရှီးဝမ်ချွမ်း တစ်ကိုယ်လုံး စိတ်သက်သာရာ ရသွားသည်။
သူက စမ်းသပ်တဲ့အနေဖြင့် မေးလိုက်သည်။
“မစ္စတာလျူ ကျွန်တော်တို့ စာချုပ်တောင် မချုပ်ရသေးဘူးလေ.. ခင်ဗျားက ယွမ် သန်း ၂၅၀ ကို ကျွန်တော်တို့အကောင့်ထဲ ထည့် လိုက်ပြီ... ကျွန်တော်က ပြန်ဆပ်ဖို့ ငြင်းမှာ မကြောက်ဘူးလား...”
လျူယောင် လွယ်လွယ်ကူကူ ပြုံးလိုက်ပြီး ရှီး ဝမ်ချွမ်းရဲ့ မျက်လုံးကို တည့်တည့် ကြည့်ကာ ပြောလိုက်သည်။
“မင်းလုပ်ရဲလား...”
အနိုင်ကျင့်တဲ့ပုံစံနဲ့ လျူယောင် ဆက်မေး လိုက်သည်။
“ငါ မင်းကို မေးမယ်... မင်း သတ္တိရှိလား...”
ရှီးဝမ်းချွမ်း တစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီး ရှက် ရွံ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် တကယ်မရဲပါဘူး”
လျူယောင် ထရပ်ပြီး အပြင်ဘက်ကို လျှောက်သွားကာ သူက အသံကျယ်ကျယ်နဲ့ ခပ်ပြတ်ပြတ် ပြောခဲ့လိုက်သည်။
“ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ သင်္ဘော သား ၁၀ ယောက်ကျော်က ယန်နိုင်ငံ သားတွေဖြစ်နေလို့သာပေါ့.. ရိုးရိုးသားသားပြေ ာရရင် ခင်ဗျားကို ကူညီချင်လို့မဟုတ်ဘူး...”
ယန်နိုင်ငံသားတစ်ယောက်အနေနဲ့ လျူယောင် သူ့နိုင်ငံသား ၁၂ ယောက်ကို ထိုပင်လယ်ဓား ပြများက အန္တရာယ်ပြုစေလိုခြင်းမရှိပေ။
လျူယောင် ထွက်ခွာသွားပြီး ရှီးဝမ်ချွမ်းက ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။
“သူဋေး ဒါက ယွမ် သန်း ၂၅၀ ပါပဲ... လျူ ယောင်က ပြေစာတောင် မယူဘူး...ကျွန် တော် တို့ လှည့်စားပြီး ပိုက်ဆံပေးဖို့ ငြင်းဆန်လိုက်ရင် သူ ဘာမှလုပ်နိုင်မယ်လို့ မထင်ဘူး”
ယွမ်ကွမ်းဟွေ့က ညင်သာစွာ အကြံ ပေးလိုက် သည်။
ဒီအကြံက ဆွဲဆောင်မှု့ရှိ၏။
ဒါပေမဲ့ ရှီးဝမ်းချွမ်း တကယ် မလုပ်ရဲပေ။
လျူယောင် သူ့ကို ယုံကြည်စိတ်ချစွာ ပိုက်ဆံ ပေးဝံ့တယ်ဆိုပါက သူ့ကို ခြယ်လှယ်နိုင်တဲ့ နည်းလမ်းပေါင်း သောင်းနှင့်ချီ ရှိတာကို သူ သိသည်။
ရှီးဝမ်ချွမ်း သက်ပြင်းချပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ပရိုတွန်အဖွဲ့က အရင်ကလို မဟုတ် တော့ဘူ းပိုက်ဆံငြင်းဆန်တဲ့ အကြံမျိုး မထားနဲ့... မဟုတ်ရင် ငါတို့ မြန်မြန် သေသွားလိမ့်မယ်”
လျူယောင်က ပြေစာတောင် မတောင်းပေမဲ့ သူ ပိုက်ဆံကို လှည့်စားဖို့ မလုပ်ရဲပေ။
လျူယောင် ရုံးခန်းကို ပြန်ရောက်လာခဲ့သည်။
သူ ထိုင်လိုက်တာနှင့် ကျိုးယန်က ပျော်ရွှင်စွာ ဝင်လာပြီး အံ့အားသင့်နေတဲ့ မျက်နှာဖြင့် မေးလိုက်သည်။
“သူဋေး ..ခင်ဗျားက ပရိုတွန်အဖွဲ့ရဲ့ 'လျန် ယောင်' နဲ့ 'လျန်ရှန်း' ကို ယွမ် သန်း ၅၀၀ နဲ့ တကယ် ဝယ်လိုက်တာလား”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် သည်။
“ဟုတ်တယ်..နက်ဖြန် မင်းက အဖွဲ့ကိုယ်စား ရှီးဝမ်ချွမ်းနဲ့ တရားဝင်စာချုပ်ချုပ်လိုက်...”
“ဟုတ်ကဲ့ .. ပြဿနာမရှိပါဘူး..သူဋေး..."
ကျိုးယန် ဝမ်းသာအားရ ဆက်ပြော လိုက် သည်။
“သူဋေး ကျွန်တော် ဒီသင်္ဘောနှစ်စင်းကို သိပါတယ်..သူတို့က သင်္ဘောကြီးတွေပါ... ရေနံစိမ်းတန်ချိန် ၁ သိန်း ၂ သောင်းအထိ တင်နိုင်ပါတယ်... အရင်တုန်းက ပရိုတွန်အဖွဲ့က ဒီသင်္ဘောတွေကို ရောင်းဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး...”
“အဲဒီတုန်းက မရောင်းခဲ့ပေမဲ့ အခုတော့ ငါတို့ အိမ်တံခါးဝအထိ လာပို့ပေးနေပြီလေ”
လျူယောင် ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
ကျိုးယန် ထွက်သွားပြီးနောက် လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။
“ပရိုတွန်အဖွဲ့က ပြန်ပေးဆွဲခံရတဲ့ သင်္ဘော သားတွေ အဆင်ပြေသွားမှာပါ”
ပင်လယ်ဓားပြအဖွဲ့က စျေးဆစ်စရာမလိုဘဲ အမေရိကန်ဒေါ်လာ သန်း ၅၀ တောင်းဆို ခဲ့သည်။ သူတို့က သာမန်ပင်လယ်ဓားပြများ မဟုတ်ဘဲ နောက်ကွယ်တွင် ကြီးမားတဲ့ အဖွဲ့အ စည်းတစ်ခု ရှိနိုင်တယ်လို့ ခန့်မှန်းရသည်။
သူတို့က ဆိုမာလီပင်လယ်ဓားပြများ မဖြစ်နိုင် ပေ။ ဘာကြောင့်လဲဆိုတော့ ပရိုတွန်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံရတဲ့ သင်္ဘောက ပါရှန်း ပင်လယ် ကွေ့အနီးတွင်ရှိပြီး အေဒင်ပင်လယ်ကွေ့တွင် မဟုတ်ပေ။ ဆိုမာလီယာပင်လယ်ဓားပြများက ထိုမျှဝေးလံစွာ ခရီးသွားမည် မဟုတ်လောက် ပေ။
လျူယောင် သူ့ကုလားထိုင်တွင် ထိုင်ပြီး များစွာ စဥ်းစားနေကာ ပါရှန်းပင်လယ်ကွေ့ အနီး နားတွင် သူ့ ကုမ္ပဏီက သင်္ဘောများ ရှိမရှိ စစ်ဆေးနေသည်။
တကယ်တော့ ပါရှန်းပင်လယ်ကွေ့ဘက်ကို ရွက်လွှင့်နေတဲ့ Universal ၏ ရေနံတင် သင်္ဘောကြီးတစ်စင်း ရှိနေသည်။ မနက်ဖြန်တွင် ပါရှန်းပင်လယ်ကွေ့ အပြင်ဘက်ရေပြင်ကို ဝင်ရောက်တော့မယ်လို့ ခန့်မှန်းရသည်။
ပါရှန်းပင်လယ်ကွေ့နားတွင်လည်း Universal ရဲ့ ရေနံတင်သင်္ဘောကြီးနှစ်စင်းရှိပေသည်။ သူတို့က အရှေ့အလယ်ပိုင်းက အကြီးဆုံး ရေနံ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး ရေနံစိ မ်းများ တင်နေသည်။သင်္ဘောက နှစ်ရက် သုံးရက်အ တွင်း ရွက်လွှင့်ထွက်ခွာမယ်လို့ ခန့်မှန်းရသည်။
ပါရှန်းပင်လယ်ကွေ့အနီး ရေပြင်ကို ဝင်ရောက် တော့မဲ့ ရေနံတင်သင်္ဘော ရှီးချွမ် က လိပ်ကြီးရဲ့ အစောင့်အရှောက်ကို အလိုအပ်ဆုံးပဲ ဖြစ် သည်။
ရှီချွမ်းက ချီဒုံသင်္ဘောကျင်းမှ တည်ဆောက်ထ ားတဲ့ ရေနံစိမ်း ၁.၅ သန်းတင်ဆောင်နိုင်တဲ့ ရေနံတင် သင်္ဘောကြီးတစ်စင်းပဲ ဖြစ်သည်။ဒါ က သူတို့အတွက် ပထမဆုံး ခရီးစဥ်ဖြစ်ပြီး ရေနံစိမ်းတင်ဆောင်ရန်အတွက် ထောင်နှင့်ချီတဲ့ ရေမိုင်ခရီးကို သွားရောက်ခဲ့ရသည်။
ဒါက မတော်တဆမှု့ မဟုတ်တာကြောင့် လျူယောင် လိပ်ကြီးကို ဆက်သွယ်လိုက်ပြီး ရှီးချွမ် ရေနံတင်သင်္ဘောကို ပါရှန်းပင်လယ် ကွေ့ရဲ့ အပြင်ဘက်ရေပြင်ကနေ ဘေးကင်းစွာ ဖြတ်သန်းပြီး ပါရှန်း ပင်လယ်ကွေ့ထဲ ချောမွေ့စွ ာ ဝင်ရောက်နိုင်ဖို့ အစောင့်အရှောက်ပေးရန် အမိန့်ပေးလိုက်သည်။
သင်္ဘောက ပါရှန်းပင်လယ်ကွေ့ထဲ ဝင်ရောက် တာနဲ့ ပုံမှန်အားဖြင့် လုံခြုံပြီး ပြဿနာ မရှိတော့ ပေ။
ဒီအချိန်တွင် လိပ်ကြီးက မလက္ကာ ရေလက် ကြားကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကို ရောက် ရှိနေပြီဖြစ်သည်။ မနက်ဖြန်တွင် ပါရှန်းပင်လယ် ကွေ့ကို ရောက်ရှိမှာဖြစ်လို့ ပြဿနာကြီးကြီးမား မားတော့ မရှိနိုင် လောက်ပေ။
....
ဝိုအမ်နိုင်ငံက အရှေ့အလယ်ပိုင်း၏ ရေနံထုတ် လုပ်တဲ့နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပြီး အရှုပ် ထွေးဆုံးနိုင်ငံများထဲမှ နိုင်ငံ တစ်နိုင်ငံပင် ဖြစ်သည်။
ထိုနေရာတွင် အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး အစိုးရဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့များရှိ ပြီး အဲ့ဒီ့လက်နက်ကိုင်အဖွဲ့က အရှေ့အလယ် ပိုင်းရဲ့ အကြီးဆုံး အကြမ်းဖက် အဖွဲ့အစည်း လည်းဖြစ်သည်။
ဝိုင်အမ်အဖွဲ့၏ လျှို့ဝှက်စခန်းတစ်ခုတွင်...
ခေါင်းဆောင် အဲဖရက်က အောင်ပွဲခံနေ သည်။ဒီလူက ဝိုင်အမ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သူက ပရိုတွန်အဖွဲ့ရဲ့ ရေနံတင်သင်္ဘောကို ပြန်ပေး ဆွဲရန် စီစဥ်ခဲ့ကာ သူ့လက်အောက်ငယ်သား များကို ပြန်ပေးဆွဲငွေ တောင်းခိုင်းခဲ့သည်။
“ဟားဟား..စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ငါတို့ အကောင့်ထဲ ရောက်လာပြီ။ ဒီတစ်ခါ ငါ အရမ်းကောင်းတဲ့ အလုပ်တစ်ခု လုပ်လိုက် တာပဲကွာ…”
သူ ပျော်ရွှင်စွာ တွေးလိုက်ပြီး တစ်ချိန်တည်း တွင် ရေနံရောင်း၍ ပိုက်ဆံရှာခြင်းထက် ပိုမြန်ဆန်တယ်လို့ သူ ခံစားနေရသည်။
"ဒီလိုမျိုး အကျိုးအမြတ်များတဲ့ ကိစ္စမျိုးကို နောက်ထပ်အကြိမ်အနည်းငယ်လောက် လုပ် သင့် လား... အင်း ယန်နိုင်ငံက သင်္ဘောတွေ ကို စတင်ရှာဖွေရအောင်"
အဲဖရက် က ငွေတွင်းကြီး မြင်သလိုမျိုး ကျေ နပ်စွာဖြင့် အမိန့်ပေးလိုက်သည်။
“ရော့ဘတ် မင်း မနက်ဖြန် ပါရှန်းပင်လယ်ကွေ့ အနီးက ပင်လယ်ပြင်ကို လူတွေနဲ့ ဆက်သွားပါ.. အဲဒီ့မှာ နိုင်ငံတကာရေလမ်းကြောင်းရှိတယ် သင့်လျော်တဲ့ ရေနံတင်သင်္ဘောတစ်စင်းကို ရှာပြီး ထပ်လုပ်လိုက်...”
ရော့ဘတ်က အသင့်အနေအထားဖြင့် မတ်တပ် ရပ်ပြီး အသံကျယ်ကျယ်နဲ့ အာမခံကာ ပြော လိုက်သည်။
“ပြဿနာမရှိပါဘူး ခေါင်းဆောင်... ကျွန်တော် မနက်ဖန် ...မနက်စောစောမှာ ညီအစ်ကိုတွေနဲ့ ထွက်သွားပါမယ်...ခင်ဗျားကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး”
ရော့ဘတ်ရဲ ပခုံးကို အဲ့ဖရက်က ကျေနပ်စွာ ပုတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီ မင်းရဲ့ သတင်းကောင်းကို ငါ စောင့် နေမယ်..”
ရော့ဘတ်နှင့် အခြားသူများက ပါရှန်း ပင်လယ် ကွေ့အနီးက ပင်လယ်ပြင်ကို စောစောစီးစီး ထွက်လာခဲ့ကြသည်။
နံနက်နေရောင်အောက်တွင် ကြီးမားတဲ့ ရေနံ တင်သင်္ဘောတစ်စင်းက ပင်လယ်ပြင်ပေါ်တွင် ရွက်လွှင့်နေသည်။ ဒါက Universal ရဲ့ ရှီချွမ်း ရေနံတင်သင်္ဘောဖြစ်ပြီး ပါရှန်းပင်လယ်ကွေ့ကို ဦးတည် သွားနေသည်။
ရှီချွမ်း၏ ကပ္ပတိန် ထန်ရွှီမင်က စောစော နိုးနေ သည်။ ရက် ၂၀ ကျော်ကြာ ရွက်လွှင့်ပြီးနောက် သူတို့က နောက်ဆုံးတွင် ပါရှန်းပင်လယ် ကွေ့ အနီးက ရေပြင်ကို ရောက်လာခဲ့သည်။ မနက် ဖြန် မနက်စောစောတွင် ပါရှန်းပင်လယ်ကွေ့ထဲ ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရသည်။
ကပ္ပတိန်ထန်ရွှီမင်က ဆိပ်ကမ်းကို စောစော ရောက်ပြီး ရက်အနည်းငယ်အနားယူကာ ရေနံ အပြည့်နှင့် ပြန်လာရန်သာ မျှော်လင့်နေမိသည်။
ဒါက ရှီချွမ်းရဲ့ ပထမဆုံး ခရီးစဥ်ဖြစ်ပြီး အရှေ့ အလယ်ပိုင်းကို ရေနံတင်ဆောင်ရန် ပထမဆုံး အကြိမ် ခရီးသွားခြင်းပဲ ဖြစ်သည်။ ဒါကြောင့် သူ ဘာမတော်တဆမှု့မှ မဖြစ်ချင်ပေ။
နံနက်ပိုင်းတွင် ဘာမှမဖြစ်ပဲ လေက ငြိမ်သက် နေသည်။ နေ့လယ်ပိုင်းတွင် ရှီချွမ်းက ပါရှန်းပ င်လယ်ကွေ့၏ ရေပြင်ကို လုံးလုံးလျားလျား ဝင်ရောက်သွားသည်။ သင်္ဘောက ပါရှန်း ပင်လယ်ကွေ့ ဝင်ပေါက်မှ ရေမိုင် ၂၀၀ ခန့်သာ ဝေးတော့သည်။
ကပ္ပတိန်ထန်ရွှီမင် သက်ပြင်းချလိုက်ပြီး စိတ် ထဲကနေ ရေရွတ်လိုက်သည်။
“ဟူး ...ဒီခရီးစဥ်က ချောမွေ့မှာပါ... ပါရှန်း ပင်လယ်ကွေ့နဲ့လည်း သိပ်မဝေးတော့ပါဘူး”