တိုက်ရိုက် ထုတ်လွင့်သူ
Vol. 19 Ch. 283
လျူယောင် ခေါင်းညိတ်ပြ လိုက်သည်။
ဒီကိစ္စမျိုးကို ကြိုတင် ပြင်ဆင်ရမှာ အမှန်ပင်။
ပင်လယ်ဓားပြများက Universal မှ သင်္ဘော ဖြစ်တာကြောင့် လုယက်ခြင်းကိုလည်း လက် လျှော့မည်မဟုတ်ပေ။
ဟူဂျွန်းရှီကို ပြန်လွှတ်လိုက်ပြီးနောက် အ နောက်ပစိဖိတ်သမုဒ္ဒရာတွင် လှုပ်ရှားနေတဲ့ လိပ်ကြီးကို လျူယောင် ဆက်သွယ် လိုက် သည်။
“ငါ့ကောင်ရေ အလုပ်တစ်ခုရှိတယ်...”
ထိုစကားကို ကြားသောအခါ လိပ်ကြီးရဲ့ စိတ် ဓာတ်က အနည်းငယ် တက်ကြွလာခဲ့သည်။ သူက ဒီရက်တွေမှာ အလွန်သက်သောင့် သက်သာရှိနေသဖြင့် ပျင်းရိနေသည်။ လျူယောင်အတွက် တစ်ခုခုလုပ်ပေးရန် ကြာမြင့်စွာကတည်းက သူ ဆန္ဒရှိခဲ့သည်။
“သခင် ကျွန်တော့်ကို ဘာအလုပ် ခိုင်းစေချင် ပါသလဲ”
လိပ်ကြီး ပျော်ရွှင်စွာ မေးလိုက်သည်။
“မင်း အရင်ဆုံး ပါရှန်းပင်လယ်ကွေ့ကို သွားပြီး အဆင်သင့်နေလိုက်... အဲဒီပင်လယ်ပြင်မှာ ငါတို့ရဲ့ ရေနံတင်သင်္ဘောတွေက မင်းရဲ့ အကူ အညီ လိုအပ်နေတယ်”
“အိုကေဘာ သခင် ကျွန်တော် အခုပဲ ပါရှန်းပင် လယ်ကွေ့အနီးက ပင်လယ်ပြင်ကို သွားလိုက် ပါတော့မယ်....”
ကြီးမားတဲ့ လှံကြီးကိုကိုင်ပြီး လိပ်ကြီး ထွက်ခွာ လာခဲ့သည်။ သူ့ကိုယ်အလေးချိန်က ယခု တက် တာ နှေးနေပေမဲ့ အချိန်ကြာ လာတာ နှင့်အမျှ သူ့ ကိုယ်အလေးချိန်မှာ ၅၅၂ တန်ကို ရောက် ရှိလာသည်။ ဒါက ဆိုးရွားတဲ့ တိုးတက် မှု့နှုန်း တော့ မဟုတ်ပေ။
လိပ်ကြီးက ရေကူးနှုန်းကို ရေမိုင် ၃၀၀ ခန့်တွင် ထိန်းထားခဲ့သည်။ တစ်ဆက်တည်း ရေမိုင် ၂၀၀၀ ဒါမှမဟုတ် ၃၀၀၀ ကူးခတ်တာက ပြဿနာမရှိပေ။
ပရိုတွန်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ သူဋေး ဖြစ်သူ ရှီးဝမ်းချွမ်း ခေါင်းကိုက်နေသည်။ ပင်လယ်ဓားပြများက သူ့ကို အဝေးကနေ ဖုန်းခေါ်ဆိုထားပြီး ၄၈ နာရီအတွင်း သတ်မှတ် ထားတဲ့ အကောင့်ထဲကို အမေရိကန်ဒေါ်လာ သန်း ၅၀ ထည့်ပေးရန် ပြောခဲ့သည်။ မဟုတ် ပါက ညဘက် တစ်နာရီလျှင် သင်္ဘောသား တစ်ဦးကို သတ်မည်ဟု ခြိမ်းခြောက်ထားသည်။
ရှီးဝမ်းချွမ်း သေလောက်အောင် စိတ်ထိခိုက် နေသည်။ သူတို့ ပရိုတွန်အဖွဲ့က ကုမ္ပဏီကြီး တစ်ခု လို့ ယူဆထားပေမဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တစ်ပြိုင်နက်တည်း ထုတ်ယူရန်မှာ မဖြစ်နိုင်ပေ။
နှစ်အစပိုင်းတွင် သူတို့မှာ ငွေကြေး အရင်း အမြစ်များ ရှိခဲ့သည်။ အစပိုင်းတွင် စုစုပေါင်း သယ်ယူပို့ဆောင်ရေးတန်ချိန်က တန်ချိန် ၃.၅ သန်းကျော်ခဲ့သည်။ ဒါပေမဲ့ Universal ရှိခဲ့ခြင်း ကြောင့် သူတို့ရဲ့ စီးပွားရေးက ပိုမိုကျဆင်း လာခဲ့ရသည်။
သူတို့ ရုန်းကန်နေရပြီး ငွေကြေး ကျပ်တည်း လာတဲ့အခါ သင်္ဘောကြီးအချို့ကို ရောင်းချ ခဲ့ရသည်။ လက်ရှိတွင် စုစုပေါင်းတန်ချိန်က တန် ၂.၅ သန်းခန့်သာ ရှိသည်။
“ခေါင်းကိုက်လိုက်တာကွာ...”
“ငါ ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ရှာရမလဲ ဘဏ်ကနေ ချေးငွေရှာမလား. ..ဒါမှ မဟုတ် သင်္ဘောကြီး တစ်စီး၊ နှစ်စီး ထပ်ရောင်း ရမလား .."
ရှီဝမ်ချွမ်း နည်းလမ်းမျိုးစုံကို စဥ်းစား နေခဲ့ သည်။
" ဒေါက် ဒေါက် ဒေါက် "
ထိုအချိန် ရုံးခန်းတံခါးကို ခေါက်သံနဲ့ အတူ သူ့လက်အောက်ခံ ယွမ်ကွမ်းဟွေက ဝမ်းနည်း တဲ့မျက်နှာဖြင့် ဝင်လာပြီး အစီရင် ခံလိုက် သည်။
“သူဋေး အဲဒီပင်လယ်ဓားပြတွေက ထပ်ခေါ် နေပြီ ပိုက်ဆံတွေ အမြန်ပို့ဖို့ ပြောနေတယ်...”
“ မင်းxxx အမြန် အမြန် အမြန် ပိုက်ဆံရှိရင် ငါအစောကတည်းက ပို့ထားပြီးပြီ....”
ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေကို သိရှိနေတဲ့ ယွမ်ကွမ်းဟွေက ညင်သာစွာ ပြောလိုက်သည်။
“သူဋေး ပိုက်ဆံကြောင့် စိတ်ပူနေတာလား”
ရှီးဝမ်းချွမ်းမှာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေ လိုက်သည်။
“ဟူး ဟုတ်တယ် ဒီလောက်များတဲ့ငွေကို အချိန်တိုလေးနဲ့ ဘယ်ကနေရှာရမလဲ အမေရိ ကန်ဒေါ်လာ သန်း ၂၀ ဆိုရင်တောင် ငါ လုပ်နိုင် သေးတယ်”
ယွမ်ကွမ်းဟွေ အကြံတချို့ ပေးလိုက်သည်။
“သူဋေး ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းက ပိုပြီးခက်ခဲလာတယ်... အားလုံးနီးပါးကို Universal က ထိန်းချုပ်ထားတာ ဒါမှမဟုတ် ရိီရှန်းအဖွဲ့လိုပဲ ကျွန်တော်တို့လည်း တဖြည်း ဖြည်း ပြောင်းလဲပြီး လက်ထဲက သင်္ဘောကြီး အချို့ကို ရောင်းချပစ်သင့်တယ်...”
ရှီဝမ်ချွမ်း တွေဝေစွာ မေးလိုက်သည်။
“မင်းဆိုလိုတာက ငါတို့ရဲ့သင်္ဘောတွေကို Universal ကို တဖြည်း ဖြည်းရောင်း လိုက်ရမ ယ်ဆိုတဲ့ သဘောလား....”
နိုင်ငံ ထဲတွင် နိုင်ငံပိုင် ရေကြောင်း ပို့ဆောင်ရေး အဖွဲ့နှစ်ခုမှလွဲပြီး ဒီသင်္ဘောများကို ဝယ်နိုင်တဲ့ တစ်ဦးတည်းသော သင်္ဘောကုမ္ပဏီက Universal သာ ရှိသည်။
နိုင်ငံပိုင်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ သင်္ဘော ဝယ်ယူရေးလုပ်ငန်းစဥ်မှာ ရှုပ်ထွေးလွ န်းပြီး လုပ်ငန်းစဥ်များစွာရှိသည်။ ရန်ပုံငွေ များလည်း တစ်ပြိုင်နက်တည်း မရနိုင်ပေ။
Universal ကိုသာ ရောင်းချလိုက်ပါက ရန်ပုံ ငွေလည်း တစ်ပြိုင်နက်တည်းရရှိနိုင်မှာဖြစ်ပြီး ၄၈ နာရီအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိရန်မှာ လုံးဝဖြစ်နိုင် ပေသည်။
လျူယောင် က ရုံးခန်းတွင် မရှိပေ ။ Universal တာဝါရဲ့ ဆောက်လုပ်ရေးနေရာတွင် ရှိနေ သည်။ ဒီဇိုင်းအမြင့် ၉၈ ထပ်ရှိတဲ့ မိုးမျှော် တိုက် ကြီးက ၇၂ ထပ်အထိ ဆောက်လုပ်ပြီးစီးခဲ့ ပြီဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်ရက် သုံးရက် တွင် တစ်ထပ်ပြီးစီးမှာဖြစ်ပြီး တစ်လခန့်တွင် ထိပ်ဆုံးကို ရောက်နိုင်တော့မည်ဖြစ်သည်။
လျူယောင်ရဲ့ ဘေးတွင် ကျိန့်ကန်းနဲ့ ဟီချန်း သာရှိသည်။ ကျိုးယန် ကလိုက်ပါဖို့ မလိုအပ် ပေ။
ပေါ့ပေါ့ပါးပါး အနေအထား ဖြင့် ဆောက် လုပ် ရေးလုပ်ငန်းကို အနှောင့်အယှက်ပေးရန် ရည် ရွယ်ချက်မရှိဘဲ အပြင်ကနေသာ အဆောက် အအုံကို လျူယောင် ကြည့်နေခြင်းသာ ဖြစ် သည်။
လျူယောင် ကျေနပ်စွာ ပြောလိုက်သည်။
“ဆောက်လုပ်ရေးက ကောင်းကောင်း တိုး တက်နေတာပဲ ..တစ်လလောက်ဆို ခေါင်မိုး ပြီးလောက်ပြီ...အလွန်ဆုံး နောက် ခြောက်လ လောက်အတွင်းမှာ ဒီအဆောက်အအုံကို ရုံးအဖြစ် ပြောင်းလဲနိုင်ပြီ”
ဒါက ဟွာဟိုင်းမြို့ရဲ့အထင်ကရ အဆောက် အအုံဖြစ်သည် ။ ယန်နိုင်ငံရဲ့ ထိပ်ဆုံးငါးခုတွင် ပါဝင်ပြီး A အဆင့် ရုံးအဆောက်အအုံလည်း ဖြစ်ပေသည်။
ကျိန့်ကန်းနဲ့ ဟီချန်းတို့ကလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
သူတို့သုံးယောက် အဆောက်အအုံကို မော့ ကြည့်နေစဥ် ရုတ်တရက် လူငယ်တစ်ယောက် ပြေးလာပြီး ပြောလိုက်သည်။
“အစ်ကို ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးပါဦး”
လျူယောင် ပြုံးလိုက်သည်။ သူတို့က လူငယ်စုံ တွဲဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ဖြစ်နိုင် ချေရှိသည်။
“ပြဿနာမရှိပါဘူး” သူ ပြန်ပြောလိုက်သည်။
ကောင်လေးက ဖုန်းကို ပျော်ရွှင်စွာ လျူ ယောင် ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကို ဒီအဆောက် အအုံကို နောက်ခံထားပြီး ရိုက်ပေးပါ”
ပြောပြီးနောက် သူ့ရည်းစားရဲ့ လက်ကိုကိုင်ပြီး ရပ်ကာ ပုံစံမျိုးစုံ ပေးနေသည်။
လျူယောင်လည်း သူတို့အတွက် ဖုန်းဖြင့် ဓာတ် ပုံများစွာ ရိုက်ပေးလိုက်သည်။
ကောင်လေးက ဓာတ်ပုံအနည်းငယ်ကို ကြည့်ပြီး အရည်အသွေးကောင်းတာကို မြင်တဲ့အခါ ထပ် မံကျေးဇူးတင်လိုက်သည်။
လျူယောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“Universal အဆောက်အအုံက မပြီးသေး ဘူး လေ... ဘာလို့ နောက်ခံထားပြီး ဓာတ်ပုံ ရိုက် တာလဲ...”
လူငယ်လေးက ပြန်ဖြေလိုက်သည်။
“အစ်ကို Universal အဆောက်အအုံက အခု အရမ်းနာမည်ကြီးနေပြီ.. ဒီနေရာက အင်တာ နက်ဆယ်လီတွေ ဓာတ်ပုံလာရိုက်တဲ့နေရာပါ... မပြီးခင် ဓာတ်ပုံရိုက်ထားတာက အမှတ်တရ တစ်ခု ဖြစ်နေမှာပေါ”
လျူယောင် ပြုံးလိုက်သည်။ ဒီနေရာက အင်တာ နက် ဆယ်လီများ ဓာတ်ပုံရိုက်တဲ့ နေရာ ဖြစ် လာမယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
လျူယောင် ဂရုတစိုက် ကြည့်လိုက်ပြီး နောက် ကွဲပြားမူ့ အချို့ကို တွေ့ရှိလိုက်ရသည်။ ဒီနေ ရာတွင် ဓာတ်ပုံရိုက်နေသူ အတော်များများမှာ အချို့က ဖုန်းများဖြင့်၊ အချို့က ပရော်ဖက် ရှင်နယ် ကင်မရာများနဲ့ ဖြစ်ပြီး အချို့က ဆောက်လုပ်နေတဲ့ အဆောက်အအုံကို ရိုက်ကြသည် ။
အချို့က အဆောက်အအုံနှင့် ဓာတ်ပုံတွဲ ရိုက် ကြပြီး အချို့ကမူ ဒီနေရာတွင် တိုက်ရိုက် ထုတ် လွှင့်ပြီး ပရိသတ်များနဲ့ စကားပြောနေကြသည်။
လျူယောင်ကို ပို အံ့သြစေတာက လှပပြီး အသက် ၂၀ ကျော်ခန့်ရှိတဲ့ မိန်းကလေး တစ်ယောက်က သူ့ အနား ရောက်လာသည်။ သူမက အလွန်ဖက်ရှင်ကျတဲ့ အဝတ်အစားများ ဝတ်ဆင်ထား၏ ။
သူမက ဖုန်းတိုင်ကို ကိုင်ပြီး ဖုန်းရဲ့ကင်မရာကို သူ့ကိုယ်သူနှင့် အဆောက်အအုံဘက်ကို ချိန်ထားသည်။
ဆောက်လက်စ အဆောက်အအုံကို နောက်ခံထ ားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ကာ ပရိသတ်များနှင့် စကားပြောနေခြင်းပဲ ဖြစ် သည်။
“ကဲ အားလုံးက Universal အဆော်အအုံ ရှေ့မှာ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ ပြောနေကြလို့ ဒီနေ့တော့ အားလုံးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးပါ့မယ် ကြည့်ပါဦး Universal ဆိုတာ နောက်က ဆောက်လုပ်နေတဲ့ဟာပါပဲ”
သူမက ပရိတ်သတ်တွေကို တိုက်ရိုက် ပြသနေ သည်။
အကွာအဝေးက နီးတာကြောင့် လျူယောင် ရှင်းလင်းစွာ ကြားရပြီး သူ ပြုံးလိုက်ကာ စိတ်ထဲကနေ တွေးလိုက်မိသည်။
“ယူနီဗာဆယ်အဆောက်အအုံက တကယ်ကို အင်တာနက် ဆယ်လီတွေ လာရောက်ဓာတ်ပုံ ရိုက်တဲ့နေရာ ဖြစ်လာပြီး အချို့က ဒီမှာ တိုက်ရိုက်ထုတ်လွှင့်ကြတာပဲဟ....”
" ဒီ မိန်းခလေးက ငါ့ ဘေးမှာပဲ...ကင်မရာထဲ ငါ ပါသွားမလား ..နည်းနည်းလောက် ဖယ်ပေးသ င့်လား...”
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အမျိုးသမီးကို ကြည့် ပြီး လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။
လျူယောင် တကယ်ပဲ ကင်မရာထဲပါသွားခဲ့ သည်။ လျူယောင်အပြင် အခြားလူအချို့ လည်း ပါသွားကြသည်။
ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှု့တွင် အခြား သူများက လမ်းသွား လမ်းလာများဖြစ်သည်။ ပရိသတ်များရဲ့ အာရုံက ဒီလှပတဲ့ အမျိုးသမီးလေးပေါ်တွင်သာ ရှိနေသည်။
ထို လှပသောအမျိုးသမီးက နာမည် အနည်း ငယ် ရှိပုံရပြီး သူမရဲ့ အင်တာနက်နာမည်က ရှောင်ချင်းယာဖြစ်ပြီး ပရိသတ် ၁၀ သန်း ကျော် ရှိပေသည်။ သူမကို နာမည်ကြီး အင် တာနက် ဆယ်လီတစ်ယောက်လို့ သတ်မှတ်နိုင်သည်။
သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်အားထက် သန်စွာ လုပ်ဆောင်နေပြီး ပတ်ဝန်းကျင်အခြေ အနေကို ပိုမိုရှင်းလင်းစွာ ရိုက်ကူးနိုင်ရန်အတွက် အချိန်ကြာလာတာနှင့်အမျှ ကင်မရာထောင့်ကို ပြောင်းလဲပေးခဲ့သည်။
ပရိသတ်များက ပြောလာသည်။
“ Universal အဆောက်အအုံက တကယ် မိုက်တာကွာ ... ဒီလောက်မြင့်အောင်တောင် ဆောက်ပြီးပြီပဲ အနည်းဆုံး အထပ် ၇၀ မြင့် တယ်...”
“ငါတို့ ဟွာဟိုင်းမြို့ရဲ့ အထင်ကရ အဆောက် အအုံဖြစ်တာနဲ့အညီပဲ ..အမြန်ဆုံး ပြီးစီးဖို့ တကယ်မျှော်လင့်တယ်...”
ပရိသတ်များရဲ့ အာရုံက ပုံမှန်အားဖြင့် ဆောက် လုပ်နေတဲ့ အဆောက်အအုံပေါ်တွင်သာ ရှိသ ည်။ ရုတ်တရက် အချိုု့လူများက ကင်မရာထဲ ဝင်လာတဲ့ လျူယောင်ကို သတိထားမိကြသည်။
“ဟေး အဲဒီ့ လူချောက ဘယ်သူလဲ... တကယ်ကို ချောတာပဲ..”
“အရမ်း ချောတဲ့ကောင်လေးပဲ ရှောင်ချင်း ကင်မရာကို အဲဒီ့ ချောတဲ့ကောင်လေးဘက်ကို ချိန်ပေးပါလား ငါတို့ အဲဒီ့ ချောတဲ့ကောင်လေး ကို ကြည့်ချင်တယ်...”
ပရိတ်သတ်များက တောင်းဆို နေကြသည်။
ပရိသတ်များရဲ့ စကားကို သတိပြုမိတဲ့ ရှောင် ချင်းယာလည်း ဘေးနားမှ ချောတဲ့ ကောင်လေး က သူမ ကင်မရာထဲ ဝင်လာတာကို သတိထား မိသွားသည်။