← Chapters

ဉာဏ်အလင်းပွင့်ခြင်း

Vol. 12 Ch. 157

ဉာဏ်အလင်းပွင့်ခြင်း

Vol. 12 Ch. 157

အခန်း (၁၅၇) : ဉာဏ်အလင်းပွင့်ခြင်း

အဆုံးမဲ့လေဟာနယ်ထဲတွင် ကျန်ရှိနေသော အစစ်အမှန် အုပ်ချုပ်သူများက နတ်ဆိုးသားရဲနှစ်ကောင်ဖြစ်သည့် ကျားနှင့် ခြင်္သေ့ကို တစ်ဖက်တစ်ချပ်စီ ဝန်းရံထားသည့် လူတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ထိုနတ်ဆိုးသားရဲများက အထွတ်အထိပ်ဖိအားကို ထုတ်လွှတ်နေသည့်အတွက် အဆင့် ၉ နတ်ဆိုးသားရဲများဖြစ်သည်ဟု သိနိုင်သည်။

ထိုသူက မွေးမြူရေးတောင်ကြားမှ အစစ်အမှန် အုပ်ချုပ်သူ ဖြစ်သည်။

“ ခင်ဗျား တစ်ခုခုတော့ ရှင်းပြသင့်တယ်လို့ မထင်ဘူးလား” ကျီစုန့်၏ ယခုလက်ရှိ တာအိုစောင့်ရှောက်သူဖြစ်သော နန်းစွန့်မင်းသားကျီဟန်က ဖြေလိုက်သည်။

“ ဒီစစ်ဆေးမှုမှာ အဲဒီနည်းလမ်းကို အသုံးမပြုရဘူးလို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းမရှိတဲ့အတွက် ကျုပ် ဘာမှရှင်းပြစရာ မရှိဘူး” မွေးမြူရေးတောင်ကြား၏ အစစ်အမှန်အုပ်ချုပ်သူက ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏ နတ်ဆိုးသားရဲများကို တိုက်ပွဲအတွက် အသင့်ပြင်ပြီး ဆက်ပြောလိုက်သည်

“ ဒီစစ်ဆေးမှုမှာ ဘယ်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ဘူး” သူက ရဲတင်းစွာ ကြေငြာလိုက်သည်။

ကျန်ရှိနေသောသူများ၏ ကောင်းကင်ရွေးချယ်ခံများက ဖြုတ်ချခံလိုက်ရပြီ ဖြစ်သည့်အတွက် ဤစစ်ဆေးမှု၏ ရလဒ်ကို သိနိုင်ရန်အတွက်သာ ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူတို့က နောက်ဆုံးအနိုင်ရသူနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များအား ထောက်လှမ်းရန်အတွက်သာ ရောက်ရှိနေခြင်းဖြစ်သည်။

ဝမ်ဝေ့က သူတို့နှင့် ဆုံတွေ့ဖူးခြင်း မရှိသော်လည်း ဤစစ်ဆေးမှု၌ အနည်းငယ်ပိုများသော ကောင်းကင်ရွေးချယ်ခံတို့ ပါဝင်ခဲ့ကြသည်။ သို့သော် အများစုက ဖန်းလီကျွမ်းနှင့် ဟွမ်မင်တို့၏ ပိုင်နက်အနီးတွင် ရှိသည့်အတွက် သူတို့နှစ်ယောက်၏ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်။

ကျန်သည့်သူများက အရမ်းအားနည်းသည့်အတွက် တိုက်ပွဲတိုင်းပြည်ကမ္ဘာရှိ သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူအနည်းငယ်၏ ဖြုတ်ချခြင်းကို ခံလိုက်ရသည်။

ထို့ကြောင့် ကျီဟန်က အငြင်းပွားနေသော်လည်း သူ့ဘေးက ဘယ်သူမှ ဤစစ်ဆေးမှုကို စိတ်မဝင်စားကြတော့ပေ။ ထိုအရာကို သတိထားမိပြီး ကျီဟန်က ယန်းချန်နှင့် ထိုက်ယီနက်နဲမုခ်ဝ၏ တာအိုအစောင့်အရှောက်ကို စိုက်ကြည့်လိုက်သည်။

သို့သော် သူတို့နှစ်ယောက်လုံးက ကျီဟန်လိုမျိုး ကြိုးစားအားထုတ်မှုမျိုး မရှိကြပေ။ ဖုန်းဟွမ်၏ တာအိုစောင့်ရှောက်သူ စိတ်အနှောင့်အယှက် မဖြစ်ရသည့်အကြောင်းမှာ သူက တာအိုဘာသာမှာ လှုပ်ရှားမှုနည်းခြင်း နောက်ဆုံးအဆင့်ဖြစ်ပြီး အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နဲ့တူတဲ့ ထိုက်ရွှမ်ဥပေက္ခာပြုမှုကို ရောက်ရှိနေသောကြောင့် ဖြစ်သည်။

ဝူမင်ဟု ခေါ်သော အစစ်အမှန်အုပ်ချုပ်သူအတွက် သူ့ကို စိတ်အနှောင့်အယှက် ပေးနိုင်သည်က အရမ်းရှားပါးလှသည်။ မိုးမြေ ဖျက်ဆီးခံလိုက်ရလျှင်ပင် တာအို၏ သဘာဝစက်ဝန်းဟု သဘောထားကာ ငြိမ်းချမ်းသောစိတ်ဖြင့် လက်ခံလိမ့်မည်။

ထို့ကြောင့် သူက မွေးမြူရေးတောင်ကြား၏ ကောင်းကင်ရွေးချယ်ခံ ဘာပဲလုပ်လုပ် ဂရုမစိုက်ခြင်း ဖြစ်သည်။ သူ၏ တာအိုသားတော်က ဤကပ်ဘေးမှာ အသက်ရှင်နိုင်သည့် နည်းလမ်းကို ရှာတွေ့ခြင်းက သူ အရည်အချင်းရှိသည်ကို ပြသနေသည်။ သူ ကျရှုံးသွားလျှင်လည်း သူ့ အရည်အချင်းများက ဒီလောက်သာ ရှိသည်ဟု ပြောရမည်။

ရလဒ်က ဘာပဲဖြစ်နေပါစေ ကြီးမားသော ထောင်ချောက်ဆင်မှုကြားတွင် ရလဒ်က တစ်ယောက်ချင်းစီအတွက်သာ အရေးပါသည်။ ဖုန်းဟွမ် အောင်မြင်ပါက ပျော်ရွှင်မှုကို ပိုင်ဆိုင်ရလိမ့်မည်။ သူ ကျရှုံးသွားလျှင် စိတ်မကောင်းဖြစ်လို့ ရသလို အတွေ့အကြုံမှလည်း သင်ခန်းစာယူနိုင်သည်။

ယန်းချန် ဂရုမစိုက်ရခြင်းအကြောင်းက ဝမ်ဝေ့အပေါ် အဆုံးမသတ်နိုင်သော ယုံကြည်မှု ရှိနေသည့်အတွက် ဖြစ်သည်။ ဤစစ်ဆေးမှုတစ်ခုလုံးတွင် သခင်လေး၏ ရင့်ကျက်မှု၊ ဉာဏ်ကောင်းမှုနှင့် အမြော်အမြင်ရှိမှုတို့ကို မြင်တွေ့ခဲ့ရသည်။

စစ်ဆေးမှုတစ်လျှောက်တွင် မှန်ကန်သည့်နည်းလမ်းကို လိုအပ်သည့်နေရာတွင် ကွက်တိ အမြဲတမ်း အသုံးပြုနေခဲ့သည်။ သူ၏ လွှမ်းမိုးနိုင်သောခွန်အားကို အသုံးပြုဖို့ လိုအပ်ချိန်တွင်လည်း ထုတ်သုံးသည်။ ပြဿနာဖြေရှင်းရန်အတွက် ဉာဏ်သုံးဖို့လိုလျှင် သုံးသည်။ သခင်လေးက ဖြစ်လာသော အခြေအနေအပေါ် မူတည်ပြီး အကျိုးသက်ရောက်မှု အများဆုံးဖြစ်မည့် နည်းလမ်းကို အမြဲတမ်း အသုံးပြုလေ့ရှိသည်။

ယန်းချန်ကို ပီတိဖြစ်သွားစေသည့်အချက်က သူ့သခင်လေးသည် သူကိုယ်တိုင် ပြီးပြည့်စုံခြင်း မရှိကြောင်းကို လက်ခံထားသည့်အချက် ဖြစ်သည်။ သခင်လေးက အမြဲတမ်း အမှားကို ဝန်ခံပြီး ထိုအမှားမှ သင်ယူတတ်သည်။ သူက ကိုယ့်ကိုယ်ကို တိုးတက်စေရန် အသစ် အသစ်များကို ဘယ်သူ့ဆီကမဆို အမြဲတမ်း သင်ယူချင်စိတ် ရှိသည်။

အပြီးပြည့်စုံသော ဥပမာတစ်ခုကို ပေးရလျှင် ဤကမ္ဘာရှိ ကိုယ်ခံပညာရပ်များ ဖြစ်သည်။ ကောင်းကင်ရွေးချယ်ခံ အများစုက ထိုအရာ၏ ဤစစ်ဆေးမှုတွင် အရေးပါမှုကို လျစ်လျူရှုထားသော်လည်း ဝမ်ဝေ့က ထိုအရာကို စစ်တပ်နှင့် မြို့သူမြို့သားများတွင် အကောင်းဆုံး အားသာချက်အဖြစ် အသုံးပြုခဲ့သည်။

တစ်ခုတည်းသော ခြွင်းချက်က မဟာကျိုးတိုင်းပြည်ဖြစ်ပြီး ကျီစုကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့က လုပ်သင့်သလောက် အားစိုက်ထုတ်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် မဟာရှားစစ်တပ်များက တခြားတိုင်းပြည်၏ စစ်တပ်များက ပိုမိုစွမ်းအားကြီးနေခြင်း ဖြစ်သည်။ သူတို့အတွက် အထူးပြုလုပ်ထားသော ကိုယ်ခံပညာရပ်များကို လေ့ကျင့်ခဲ့သည့်အတွက် ပိုမိုကျန်းမာပြီး သန်မာသည်။

အဆုံးသတ်တွင် ယန်းချန်က ကမ္ဘာ၏ လက်ရှိအခြေအနေကို ဂရုမစိုက်တော့ပေ။ သူက မွေးမြူရေးတောင်ကြားမှ လူများ၏ နည်းလမ်းများကို သဘောမကျသော်လည်း သူ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

သူ့အတွက် ထိုအရာက ဝမ်ဝေ့ကို စိတ်တည်ငြိမ်အောင်လုပ်ရန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

ဒါက စစ်ဆေးမှုရဲ့ မူလရည်ရွယ်ချက်ထဲက တစ်ခုဆိုရင် သူ့အနေနဲ့ ဘာလို့ ဝင်ရောက်စွက်ဖက်နေရမှာလဲ

ယန်းချန်က တစ်စုံတစ်ခုအတွက် စိတ်ပူမိနေဆဲ ဖြစ်သည်။ ဝမ်ဝေ့၏ ကံကောင်းမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိထားမိသည်။ ထိုကဲ့သို့ ဖြစ်လာရခြင်းက ၁၃ လွှာမြောက် တံတိုင်းအလွှာကို ချိုးဖျက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း သူ သိသည်။ သို့သော် သခင်လေးက ဤပြဿနာအား ဖြေရှင်းရမည့်နည်းလမ်းကို ရှာတွေ့လိမ့်မည်ဟု ယန်းချန် ယုံကြည်ထားသည်။

ကျီဟန်က ကျန်ရှိနေသော အစစ်အမှန်အုပ်ချုပ်သူများသည် သူနှင့် တစ်ဖက်တည်းမှာ မရပ်တည်ကြောင်း မြင်လိုက်ပြီးနောက် ထိုအကြောင်းကို ထပ်မပြောတော့ဘဲ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထိုအချိန်တွင် မဟာရှားတိုင်းပြည်ရှိ လျှို့ဝှက်အခရာလွင်ပြင်ထဲ၌ ဝမ်ဝေ့တို့အဖွဲ့က မရပ်မနားဖြင့် ရက်ပေါင်းများစွာ နတ်ဆိုးသားရဲများကို သတ်ဖြတ်နေသည်။

ကြာရှည်သော တိုက်ပွဲကို ထောက်ပံ့ရန်အတွက် မရေတွက်နိုင်သော အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်။ သို့သော် ရုတ်တရက် တိုက်ပွဲ၏ လှိုင်းကို ပြောင်းလဲသွားစေသည့် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။

မြင့်မားသောတံတိုင်းများ၏ ထိပ်တွင် ဝမ်ဝေ့ တံတိုင်း၏ ဦးတည်ရာတစ်ခုကို စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် နတ်ဆိုးသားရဲများက တံတိုင်း၏ နေရာတစ်ခုကို အာရုံစိုက်ကာ တိုက်ခိုက်နေကြောင်း သိလိုက်ရသည်။ သူတို့က ထွက်ပြေးရန်အတွက် တံတိုင်းကို ဖြိုချချင်နေပုံပေါ်သည်။

နောက်ဆုံးတော့ မိပြီ

ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်မိသည်။

မိနစ်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်က သူ့ဆီ ရောက်ရှိလာပြီး ပြောလိုက်သည်

“ အရှင် အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ”

ဝမ်ဝေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်

“ ဆက်လုပ်လိုက် စလို့ရပြီ”

ခဏအကြာတွင် လွင်ပြင်ကို ဝန်းရံထားသော တံတိုင်းများထဲတွင် အပေါက်များတချို့ ထွက်ပေါ်လာပြီး ဘေစင်တစ်ခုထဲသို့ ရေဖြည့်နေသလိုမျိုး လွင်ပြင်တစ်ခုလုံးထဲသို့ ရေများ စတင်ဝင်ရောက်လာတော့သည်။ ထို့နောက် ကျင့်ကြံသူများအားလုံးထံ ထိုနေရာထဲသို့ ရေဖြည့်ရန် မိုးအခြေခံဂါထာများ အသုံးပြုဖို့ အမိန့်ရရှိခဲ့သည်။

နတ်ဆိုးသားရဲများအားလုံးကို သီးသန့်လွင်ပြင်ထဲသို့ ထည့်ထားရန် ရွေးချယ်လိုက်ရသည့် အကြောင်းအရင်း ဝမ်ဝေ့မှာ ရှိနေသည်။ ဤနေရာနှင့် သိပ်မဝေးသည့်နေရာတွင် နက်စောက်ပြီး ရှည်လျားသော မြစ်တစ်စင်း ရှိသည်။ ထို့ကြောင့် ဝမ်ဝေ့က မြစ်နှင့် ဤကွင်းပြင်ကို ဆက်စပ်သည့် လမ်းကြောင်းများဖန်တီးရန် မြေဓာတ်အခြေခံဂါထာများ အသုံးပြုစေခဲ့သည်။

သူ့အကြံအစည်က အင်မတန် ရိုးရှင်းလှသည်။ နတ်ဆိုးသားရဲများအားလုံးကို တစ်နေရာတည်းတွင် ပိတ်လှောင်ထားကာ အားလုံးကို ရေနှစ်သတ်ပစ်ခြင်း ဖြစ်သည်။

နာရီအနည်းငယ်အကြာတွင် ရေ၏ အမြင့်က အင်မတန် မြင့်တက်လာခဲ့သည်။ ထို့ကြောငင့် သားရဲအများစု ချက်ချင်း ရေနစ်ကုန်ကျသည်။ ရေကူးတတ်သော သားရဲများကိုတော့ စစ်တပ်က သတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင် သေဆုံးသွားသော နတ်ဆိုးသားရဲများကို ကြည့်ကာ လီကျွင်းက စတင်စဉ်းစားလိုက်သည်။

လူတွေအများကြီးကို မတူညီတဲ့နည်းလမ်းနဲ့ သတ်နိုင်စွမ်း ရှိတာက သတ်ဖြတ်ခြင်း အဓိပ္ပာယ်မလား …

ငါက သတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံနေတာဆိုတော့ မိုးမြေကြားမှာရှိနေတဲ့ ဘယ်အရာကိုမဆို သတ်ဖြတ်နိုင်တဲ့ စွမ်းရည် ရှိသင့်တယ်။ ဒါပေမဲ့ အဲဒါက လုံလောက်ရဲ့လား။

အဲဒါက ငါ့ရဲ့ လမ်းစဉ်လား…

သတ်ဖြတ်ခြင်းတာအိုရဲ့ အသန့်စင်ဆုံးပုံစံက ဘာရည်ရွယ်မှ မရှိတဲ့ သတ်ဖြတ်ခြင်းမျိုး ဖြစ်ရမယ်။ ကံမကောင်းစွာနဲ့ပဲ အဲလိုမျိုး သတ်ဖြတ်ခြင်းရဲ့ အသန့်စင်ဆုံးပုံစံက လူတစ်ယောက်ကို ခံစားချက် မရှိတဲ့ လူသတ်စက် ဖြစ်သွားစေနိုင်တယ်

မဟုတ်ဘူး … ငါ့ရဲ့ သတ်ဖြတ်ခြင်းတာအိုက မတူဘူး။ အကျဉ်းချုံးပြောရရင် ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နဲ့ ပန်းတိုင်တွေ ရှိသင့်တယ်

ထိုအကြောင်းကို စဉ်းစားပြီးနောက် လီကျွင်းက ယန်းလီလင်းကို ပထမဆုံးစိုက်ကြည့်လိုက်သော်လည်း ခေါင်းယမ်းကာ ဝမ်ဝေ့ကို ထပ်မံ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များ လင်းလက်သွားသည်။

ငါ့ဘဝမှာ တစ်ခါဦးညွှတ်ပြီးသွားရင် နောက်ဆုံးထွက်သက်အထိ အစ်ကိုကြီး ဝမ်ဝေ့အတွက် တိုက်ခိုက်သွားမယ် … ဒါဆိုရင် ငါ့ရဲ့ သတ်ဖြတ်ခြင်းတာအိုနဲ့ အစ်ကိုကြီးရဲ့ ဧကရာဇ်လမ်းစဉ်တစ်လျှောက်မှာ ရှိနေမဲ့ ရန်သူတွေကို သုတ်သင်ရှင်းလင်းပစ်သင့်တယ်

ငါ့ရဲ့ ကန့်သတ်ထားတဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလိုအလုပ်မျိုးကို ပြီးမြောက်အောင် မလုပ်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြိုးစားရင်း သေသွားလို့လည်း ရပါတယ်။

ငါက အစ်ကိုကြီးဝမ်ဝေ့၏ လက်ထဲက သတ်ဖြတ်ခြင်းဓားသွား ဖြစ်လာရမယ် …

လီကျွင်း ထိုအကြောင်းများကို စဉ်းစားနေစဉ် ဧရာမ အနီရောင်ဓားသွားက မိုးမြေကြားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားသွားတွင် မရေတွက်နိုင်သော ဝိညာဉ်များ လှည့်ပတ်နေကာ ဘေးပတ်လည်ရှိ ကောင်းကင်ကလည်း အနီရောင်သန်းနေပြီး ဓားသွားထဲမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်တွင် ရှိနေသော သေမျိုးများက ဖိအားပေးခံရသည့်အတွက် ဒူးထောက်ကျသွားကြသည်။ ထို့အပြင် အားနည်းသော ကျင့်ကြံသူများကလည်း ပုံရိပ်ယောင်များ စတင် မြင်ယောင်လာသည်။

“ ဉာဏ်အလင်းပွင့်ခြင်းလား” ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ရေရွတ်ကာ အကြည့်များ တောက်ပသွားပြီး အစီအရင်အလံများကို ထုတ်ကာ လီကျွင်း၏ ဘေးပတ်လည်တွင် အစီအရင်တစ်ခု လုပ်ပေးလိုက်သည်။ သူ့ညီလေး၏ ရှားပါးသော ဉာဏ်အလင်းပွင့်သည့်အချိန်မျိုးတွင် ဘယ်သူမှ ဝင်ပြီး နှောင့်ယှက်တာမျိုး မဖြစ်စေချင်ပေ။

လီကျွင်း ဉာဏ်အလင်းပွင့်အခြေအနေသို့ ရောက်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ဝမ်ဝေ့၏ နားထဲသို့ တီးတိုးလာပြောသွားသည်။ သူက လီကျွင်းကို ကာကွယ်ရန် ယန်းလီလင်းနှင့် ဝမ်ကျူကို အချက်ပြသွားပြီးနောက် ဘာရှင်းပြချက်မှ မရှိဘဲ ကောင်းကင်ထဲ ပျံသန်းသွားလေသည်။

All Chapters