လျူယောင်က တကယ်ချမ်း သာတာပဲ
Vol. 19 Ch. 277
မော်ရီမင်ရဲ့ ဇနီးသည်က ထိတ်လန့် နေခဲ့ သည်။
မျှော်လင့်ထားတဲ့အတိုင်း သူ့ဇနီးက လီဗာကို ဘရိတ်အဖြစ် အသုံးပြုလိုက်သည်။
"ဘရိတ် ဘရိတ်ကိုနင်း ဘရိတ်ကိုနင်းဟ .."
မော်ရီမင် စိတ်ပူပန်စွာ အော်ဟစ် သတိ ပေးလိုက်ပေမဲ့ အလုပ်မဖြစ်တာကို တွေ့တဲ့ အခါ သူ့ ဇနီးက လီဗာကို အောက်ခြေ အထိနင်းထားတယ်ထင်ပြီး သူ ထပ်ပြီး အသံကျယ်ကျယ် ထပ်ပြောလိုက်သည် ။
"မြှောက်လိုက် မင်း ခြေထောက်ကို မြှောက် လိုက်"
သူမခြေထောက်ကို မြှောက်ရန်ပြောလိုက် တာကို ကြားတဲ့အခါ တုံ့ပြန်လိုက်ပြီး သူမ ညာဘက်ခြေထောက်ကို မြှောက်လိုက်ကာ ချွေးစေးများ ပျံလာခဲ့သည်။
ဒီကားဝယ်တဲ့အခါ ဇနီးသည်က ယာဉ်မောင်း လိုင်စင်ကို အခုမှရရှိထားတာကို ထည့်သွင်း စဉ်းစားပြီး အော်တိုဂီယာစနစ်ကို မဝယ်ခဲ့ လိုက်ပေ။ဒါကို ကြည့်လိုက်တဲ့အခါ သူ မည်မျှပညာရှိတာကို တွေ့နိုင်ပေသည်။
ကံကောင်းစွာပင် ဂီယာစနစ်ဖြစ် နေသည်။
ထပ်ကံကောင်းတာက လူများစွာရှိနေပြီး ဂီယာနှစ်ခုသာ ဝင်ခဲ့သည်။ မဟုတ်ပါက စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
ထိုအချိန်တွင် ရှေ့ကမောင်းလာတဲ့ကားက မိန်းကလေးကားမောင်းသူ ဖြစ်နေတာကို ကျိန့်ကန်း တွေ့တဲ့အခါ သူ သတိထားခဲ့ သည်။
အကွာအဝေး မီတာ ၃၀ မှ ၄၀ သာရှိတဲ့အခါ တခြားတစ်ဖက်က အရှိန်မြှင့်တာကို နင်း လိုက်ပြီး ကားက ကျယ်လောင်စွာ မြည် နေခဲ့သည်။ ကျိန့်ကန်းလည်း တုန်လှုပ်သွာ းခဲ့သည်။ သူ စီယာတိုင် ကို အမြန်လှည့်ပြီး ကားကို တတ်နိုင်သမျှ ဘေးရွှေ့ကာ ဘရိတ် နင်းလိုက်သည်။
ကံကောင်းစွာဖြင့် ကားက ရပ်သွားပြီး သူ့ကို မတိုက်ခဲ့ပေ။ ကျိန့်ကန်း သက်ပြင်း ချလိုက် သည်။
" ဟူး တော်ပါသေးရဲ့ကွာ..."
ဘေးနားမှာရှိတဲ့ လူများက တုန်လှုပ်သွား ကြပြီး တစ်စုံတစ်ဦးက မော်ရီမင်ရဲ့ကားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ကြည့် မိန်းကလေးကားမောင်းသူဆိုတာ ဒါပဲ အရှိန်မြှင့်တာကို ဘရိတ်အဖြစ် အသုံး ပြုတာ ထင် ရှားတယ်..."
"ကံကောင်းလို့ မတိုက်မိတာ ဒါ ရိုးလ်ရွိုက်စ် လေ..တိုက်မိလိုက်တာနဲ့ ပျက်စီးသွားလိ မ့်မယ်..."
ကားအပြင်ဘက်မှ လူများ လက်ညှိုး ထိုး နေတာကို မြင်တဲ့အခါ မော်ရီမင်ရဲ့ ဇနီး သည်ဟာ မျက်နှာပူလာခဲ့ပြီး သူမက မော်ရီမင်ရဲ့ သတိပေးချက်ကို မကြိုက်သလို မပြုမူတော့ပဲ အလိုက်သင့် ဖြည်း ဖြည်းချ င်း မောင်းနှင်ခဲ့တော့သည်။
ရိုးလ်ရွိုက်စ်ကားနှစ်စီးက ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး လူအုပ်ကြားထဲမှ ဖြတ်သွ ားကာ နောက်ဆုံးတွင် မြို့နယ် အုပ်ချုပ်ရေ းရုံးရဲ့ ဝင်ပေါက်ရှိ လမ်းဆုံလမ်းခွ ကနေ ကွေ့ကာ ဒေါင်းမင်းရွာသို့ ဦးတည်တဲ့ ကွန် ကရစ်လမ်းပေါ် ရောက်ရှိသွားခဲ့သည်။
မြို့အုပ်ချုပ်ရေးရုံးရဲ့ ဂိတ်တွင် ကားအမည်း လေးတစ်စီး ရပ်ထားသည်။ အလယ်အ လတ် အရွယ်ရှိ အမျိုးသားတစ်ဦးက လူငယ် တစ်ဦးနှင့်အတူ ရှိနေကာ သူတို့နှစ်ဦးက ကားထဲ ဝင်ရန် ပြင်ဆင်နေကြသည်။
ရုတ်တရက် အလယ်အလတ်အရွယ် အမျိုး သားက ရပ်လိုက်ပြီး သူ့မျက်လုံးများမှာ ရိုးလ်ရွိုက်စ်ကားနှစ်စီးကြောင့် ဆွဲဆောင် ခြင်းခံလိုက်ရပြီး သူ သေသေချာချာ ကြည့် လိုက်သည်။
"ရှောင်ကု ဒါဘယ်သူ့ကားလဲ..."
အတွင်းရေးမှူး ရှောင်ကုက ကားနှစ်စီးကို ကြည့်ကာ စဉ်းစားပြီး ပြောလိုက်သည် ။
"မြို့တော်ဝန် အဲဒီ့လမ်းက ဒေါင်းမင်းရွာကို သွားတာပါ.. ဒါ Univrsal ရဲ့ သူဋေး ပြန် လာတာလား မသိဘူး"
အလယ်အလတ်အရွယ် အမျိုးသားက ပြန် ပြောလိုက်သည် ။
"အာ ဒါ Universal က မစ္စတာလျူ ပြန်လာတာ ဖြစ်ရမယ်..."
စကားဆုံးတဲ့အခါ သူ ချက်ချင်းပင် ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်ကာ သတင်း ပို့လိုက်သည် ။
"ခေါင်းဆောင် ကျွန်တော် ရိုးလ်ရွိုက်စ်ကားနှ စ်စီး ဒေါင်းမင်းရွာကို ဦးတည်နေတာကို တွေ့လိုက်ပါတယ်...ဒါက Universal ရဲ့ သူဋေး မစ္စတာလျူ ပြန်လာတာ ဖြစ်ရပါ မယ်"
လျူယောင် သူ့ဘာသာ အိမ်ပြန်လာခြင်းကို ဒေသခံအစိုးရက သတိထားမိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
ကားထဲတွင် ထိုင်နေပြီး တစ်နှစ်ခွဲကျော်ကြာ အသစ်ဆောက်လုပ်ထားတဲ့ ဘိလပ် မြေ လမ်းကို ကြည့်ရင်း လျူယောင် ကျေနပ်စွာ ပြောလိုက်သည် ။
"ဒီလမ်းကို ပြုပြင်ပြီးသွားတော့ လမ်းအခြေ အနေက ပိုကောင်းသွားတာပဲ"
"ဒီလမ်းက တကယ်ကိုကောင်းပါတယ် ...အရှားပါးဆုံးကတော့ လမ်းနှစ်ခုရှိလို့ ကားမောင်းရတာ ပြဿနာမရှိတော့ဘူး "
ကျိန့်ကန်းက ပြန်ဖြေလိုက်သည်။
"ဒီလမ်းက ဒေါင်းမင်းရွာကို ဦးတည်နေ တာပဲ"လျူယောင် ကျေနပ်စွာ ပြန်ပြောလိုက် သည်။
ထိုအချိန်တွင် ဒေါင်းမင်းရွာက အလွန် အသက် ဝင်နေခဲ့သည်။
ရွာအဝင်ဝတွင် လူအနည်းငယ် ရပ်နေကြပြီး အားလုံးက ရွှင်လန်းနေကြသည်။ ရွာခေါင်း ဆောင် လျူကျန့်ဖိန်နှင့် ဌာနခွဲအတွင်းရေးမှူး လျူဝင်ကန်တို့လည်း ဒီနေရာတွင် ရှိနေကြ သည်။
ရွာအဝင်ဝ လမ်းရဲ့ဘေးနှစ်ဖက်တွင် မီးရှူးမီ းပန်းများနှင့် မီးပန်းများစွာရှိနေသည်။ ရွာထဲမှ နဂါးနှင့် ခြင်္သေ့အဖွဲ့များ၊ ပုံမှန်တူရိ ယာအဖွဲ့များ အားလုံး ရောက်ရှိလာ ကြ သည်။
ရွာသူကြီး လျူကျန့်ဖိန်က အချိန်ကို ကြည့်ရ န် သူ့လက်ကို မြှောက်လိုက်ပြီး အသံကျယ် ကျယ်ဖြင့် ပြောလိုက်သည် ။
"မစ္စတာလျူက မကြာခင် ရောက်လာတော့မ ယ်အားလုံး ပြင်ဆင်လို့ရပြီ..."
မီးရှူးမီးပန်းနှင့် မီးပန်းများကို ပစ်လွှတ်ရန် တာဝန်ရှိသူများက နေရာများတွင် ရှိနေ ကြပြီး နဂါးနှင့် ခြင်္သေ့အဖွဲ့၊ ပုံမှန်တူရိယာ အဖွဲ့နှင့် အခြားသူများကလည်း ဖွဲ့စည်းပုံ အမျိုးမျိုးဖြင့် ရပ်နေကြသည်။
ခဏအကြာတွင် လျူကျန့်ဖိန်က အသံကျယ် ကျယ်ဖြင့် ပြောလိုက်သည် ။
"ဒီကိုရောက်လာပြီ သူတို့ ဒီကိုရောက် လာပြီ... စုစုပေါင်း ကားနှစ်စီးရှိတယ်..."
လျူယောင်၏ အမြင်အာရုံက ကောင်းတာ ကြောင့် ရွာအဝင်ဝမှ မြင်ကွင်းကို မြင်လိုက် ရသည်။ သူ ပြုံးရယ်လိုက်မိသည်။ရွာ တစ် ရွာလုံးနီးပါး လာကြိုမယ်လို့ သူ မမျှော်လင့် ခဲ့ပေ။
သူ့မျက်နှာက တကယ်ပင် လုံလောက်စွာ ကြီးမားလှသည်။
ကား နှစ်စီးမှာ ပိုနီးလာခဲ့ပြီး မီးရှူးမီးပန်းများ နှင့် မီးပန်းများဆီမှ အသံထွက်လာကာ နဂါးနှင့် ခြင်္သေ့အကသမားများ၊ ပုံမှန်တူရိ ယာအဖွဲ့များနှင့် တူရိယာသံမျိုးစုံ နဲ့ အလွန်စည်ကားနေခဲ့သည်။
ထိုမြင်ကွင်းကို မြင်တဲ့အခါ လျူယောင် အလွန်ပျော်ရွှင်ရသည်။
ကားက ရွာအဝင်ဝကို ရောက်လာတဲ့အခါ ကျိန့်ကန်းကို ရပ်ရန် သူ တောင်းဆို လိုက် သည်။ လျူယောင် ကားထဲမှ ဆင်းပြီးလူတို င်းနှင့် ယဉ်ကျေးစွာနဲ့ လက်ဆွဲနှုတ်ဆက် ခဲ့သည်။
လျူဟုန်ဖူနဲ့ ကျိုးရှူယင်းတို့ကလည်း ပျော်ရွှင်စွာ ပြုံးပြကြပြီး လူတိုင်းကို ကားထဲမှ ဆေးလိပ်နှင့် သကြားလုံးများကို ဝေငှပေးလိုက်သည်။
လျူယောင် ရွာအဝင်ဝတွင် အနည်းဆုံး တစ်ဆယ့်ငါးမိနစ်မှ မိနစ်နှစ်ဆယ် အထိ နေပြီး ကားပေါ် တက်ကာ ဖြည်း ဖြည်းချင်း မောင်းနှင်ခဲ့ပြီးနောက် အသစ်ဆောက်လုပ် ထားတဲ့ ဗီလာအဝင်ဝကို ရောက်လာ ခဲ့သည်။
ကားနှစ်စီးက ဗီလာကြီးရဲ့တံခါးရှေ့ကို ရောက်ရှိလာကာ နောက်မှ ရွာသားများစွာ လိုက်ပါလာခဲ့ကြသည်။
ကျိုးကျင်းကန်းက ဗီလာရဲ့အဝတွင် စောင့် ဆိုင်းနေပြီး ကြမ်းပြင်ပေါ်တွင် ကော်ဇောနီခ င်းထားကာ ဗီလာရဲ့ဂိတ်တံခါးကို ဖွင့်ထား သည်။
ကားနှစ်စီးက ဂိတ်ဝမှတစ်ဆင့် မောင်းဝင် လာပြီး အလွန်ကျယ်ဝန်းတဲ့ ဗီလာကြီးရဲ့ ရှေ့တွင်ရပ်လိုက်သည်။
လျူယောင် ကားထဲမှဆင်းလာတဲ့အခါ သူ ဗီလာကြီးထဲကို မဝင်သေးဘဲ ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျေနပ်မှု့တစ်ခုကို ခံစားခဲ့ ရသည်။
ဒီဗီလာကြီးက ကျိုးကျင်းကန်း ပို့ထားတဲ့ ဓာတ်ပုံများ ထဲကနဲ့ အတူတူပင်ဖြစ်ပြီး တ ကယ့်မြင်ကွင်းက ဓာတ်ပုံများထက် ပိုလှပေသည်။
လျူယောင် ကျေနပ်နေတာကို မြင်တဲ့အခါ ကျိုးကျင်းကန်း ပျော်ရွှင်စွာဖြင့် လျှောက် လာခဲ့သည်။
" အကိုယောင် ကျေနပ်ရဲ့လား..."
"အင်း သူငယ်ချင်း မဆိုးဘူး တကယ် ကောင်းတယ်... စိတ်ပူမနေနဲ့"
လျူယောင် ကျေနပ်နေတာကို မြင်တဲ့အခါ ကျိုးကျင်းကန်း လုံးဝစိတ်အေးသွားခဲ့သည်။
ဗီလာရဲ့ရှေ့တွင် အလွန်အသက်ဝင်နေခဲ့ပြီး လူအနည်းဆုံး တစ်ရာခန့်ရှိနေသည်။ လူတိုင်းက ဒီလို ခမ်းနားတဲ့ဗီလာကို မြင်တဲ့ အခါ အားကျနေကြပြီး ချီးကျူးစကား များ ဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒီဗီလာက တကယ်ကို ခမ်းနားတာပဲကွာ.. ဒီလိုဗီလာမျိုး ဒီတစ်ခရိုင်လုံးမှာ ဒုတိယ တစ်လုံး ရှိမှာမဟုတ်ဘူးဆိုတာ ငါအာမခံတယ်..."
"တစ်ခရိုင်လုံးကို မပြောနဲ့ မြို့တစ်မြို့ လုံးမှာတောင် ဒီတစ်လုံးပဲ ရှိတယ်... ဒီဗီလာကို ဆောက်ဖို့ ယွမ်သန်း ၃၀ ကနေ ၄၀ အထိ ကုန်ကျတယ်လို့ ငါကြားတယ်..."
ပတ်ဝန်းကျင်မှ သက်ပြင်းရိူက်သံများ ထွက်ပေါ်လာခဲ့သည်။
အားကျတဲ့ အကြည့်အချို့က လျူယောင့်ဆီ ကျရောက်လာခဲ့သည်။ အဲ့အချိန်တွင် လျူယောင်က အသစ်ဆောက်လုပ်ထားတဲ့ ဗီလာကြီးကို ကြည့်ရန် ကျိုးကျင်းကန်းနဲ့အ တူ ဗီလာကြီးထဲ သွားနေခဲ့သည်။
လျူဟုန်ဖူနှင့် ဇနီးသည်တို့ကသည် ပါးစပ် ကို နားရွက်ထိမတတ် ပြုံးရယ်နေကြပြီး ရွာသားများကို နွေးထွေးစွာ နှုတ်ဆက် လိုက်ကြသည်။ ရိုးလ်ရွိုက်စ်ကားတစ်စီးရဲ့ ခေါင်းခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ အထဲတွင် ပစ္စည်းများ ပြည့်နေခဲ့သည်။
ကျုံးဟွာ ဆေးလိပ်ဘူးများနှင့် မောက် ထိုက်ဝိုင်သေတ္တာများက အလွန်ဆွဲ ဆောင်မှု့ရှိနေခဲ့သည်။
လျူဟုန်ဖူက သေတ္တာတစ်လုံးကို ဖွင့်ပြီး ဆေးလိပ်အများအပြားကို ထုတ်ယူကာ လျူကျန့်ဖိန်နှင့် လျူဝင်ကန်တို့အား ပေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် ။
"ဆေးလိပ်သောက်ကြပါဦး..."
စကားဆုံးတဲ့အခါ လျူဟုန်ဖူက တစ်ဘူးကို သူကိုယ်တိုင် ဖွင့်ပြီး တစ်ထုပ်စီ ခွဲပေးလိုက် သည်။ စကားပြောနေကြတဲ့လူတိုင်း ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး မြင်သမျှလူတိုင်းက တစ်ထုပ်စီ ရရှိခဲ့သည်။
လျူဝင်ကန်က ကျုံးဟွာဆေးလိပ်ထုပ်ကို ဖွင့်ပြီးနောက် တစ်ယောက်ချင်းစီ သုံးလိပ်စီ ဝေငှချင်ပေမဲ့ လျူဟုန်ဖူ လုပ်တာကို မြင်တဲ့အခါ သူ တုန်လှုပ်သွားခဲ့ပြီး အထုပ် လိုက် ဝေငှရန် အမြန်သင်ယူခဲ့ရသည်။
သူ သက်ပြင်းချလိုက်ပြီး အားကျစွာ ပြောလိုက်သည်။
"လျူယောင်က တကယ်ကို ချမ်းသာတာပဲ ဒီကျုံးဟွာဆေးလိပ်တစ်ထုပ်ကို ဝေငှဖို့ အတွက် ငွေအများကြီး ကုန်ကျနိုင်တယ်...."
လျူယောင်သာ လျူဝင်ကန်ရဲ့ အတွေးများ ကို သိပါက သူ သေချာပေါက် ရယ်လိမ့်မ ည်။ဒီ ပမာဏက သူ့အတွက် ပင်လယ် ရေတစ်စက်ပင် မဟုတ်ပေ။
"ငါ့မှာ နောက်ထပ်ကားတစ်စီးထဲမှာ ကျုံး ဟွာနဲ့ မော်တိုင်းတွေ အပြည့်ရှိနေသေးတယ်' ဆိုပြီး ရယ်ကာ ပြောမိလိမ့်မည်။
ထိုအချိန်တွင် လျူယောင်က ကျိုးကျင်း ကန်းနှင့်အတူ ဗီလာကြီးထဲ ဝင်ရောက်လာ ခဲ့ပြီး ဝင်လိုက်တာနဲ့ သူ့မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။