မင်းကို ကြီးမားတဲ့ ပရောဂျက် တစ်ခု ပေးမယ်
Vol. 19 Ch. 278
" ဆောက်ထားတာ တကယ် ကိုကောင်း တာပဲ.."
ဗိလာမှာ အတွင်းဘက်ဖြစ်စေ အပြင်ဘက် ဖြစ်စေ ဓာတ်ပုံထဲတွင် မြင်ရတာထက် ပိုမိုလှပပြီး နွေးထွေးပြေပြစ်တဲ့ခံစားချက်ကို ပေးခဲ့သည်။
လျူယောင်ရဲ့ မျက်နှာထားကို သတိထား မိတော့ ကျိုးကျင်းကန် ပြောလိုက်သည် ။
"ဘယ်လိုလဲ ကျွန်တော်လုပ်ခဲ့တဲ့ ပရောဂျက် က အဆင်ပြေလား..."
လျူယောင် ကျေနပ်ကာ ပြန်ပြောလိုက် သည် ။
"အရာအားလုံးက ကောင်းမွန်ပြီး အံ့အား သင့်စရာကောင်းတဲ့ ခံစားချက်ကို ငါ ရခဲ့ တယ်"
ဒီစကားကို ကြားတဲ့အခါ ကျိုးကျင်းကန်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။
ဒီဗီလာကို ဟွာဟိုင်းမြို့မှ နာမည်ကြီး ဒီဇိုင်း ကုမ္ပဏီတစ်ခုက ဒီဇိုင်းဆွဲခဲ့သည်။ ပုံကြမ်းမျ ားကို ရရှိပြီးနောက် ကျိုးကျင်း ကန်က သူ့အဖွဲ့ကို ဦးဆောင်ပြီး ဆောက် လုပ်ခဲ့ရာ လအနည်းငယ်ကြာပြီးနောက် ဗီလာကြီးက နောက်ဆုံးတော့ ပြီးစီးသွားခဲ့သည်။
သူက လျူယောင်ကို ဗီလာတစ်ခုလုံးကို ပတ်ပြီး သေချာကြည့်ရှုစေခဲ့သည်။ အပေါ် အောက်ကြည့်ပြီးနောက် သူတို့နှစ်ဦးသား နောက်ဖေးခြံကို ထပ်မံသွားခဲ့သည်။
ဗီလာရဲ့နောက်ဖေးတွင် တံတားငယ်များ၊ ရေတံခွန်အတုများ၊ ရေကန်ငယ်များနဲ့ ကိုယ် ပိုင်ဥယျာဉ်တစ်ခုဖြစ်ပြီး သစ်ပင်စိုက်ပျိုး ခြင်း ကိုလည်း ကောင်းမွန်စွာ ဆောင်ရွက် ထား သည်။
ကျောက်တုံးလမ်းပေါ်တွင် လမ်းလျှောက်နေ တဲ့အခါ လျူယောင်က ပတ်ဝန်းကျင်ရှိအ ရာအားလုံးကို ခံစားနိုင်ပြီး ဥယျာဉ်တစ်ခုထဲ ဝင်ရောက်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင် ခဲ့သည်။
သူတို့နှစ်ဦးသား နောက်ဖေး ဘက်ရှိလေသာ ဆောင်တွင် ထိုင်လိုက်ကြပြီး လျူယောင်က ပြောလိုက်သည်။
"သူငယ်ချင်း မင်းရဲ့စွမ်းရည်က မဆိုးဘူးလို့ ငါ ထင်တယ် မြို့ကြီးတွေက ဆောက်လုပ် ရေးအဖွဲ့တွေထက် မနိမ့်ပါဘူး..."
ကျိုးကျင်းကန်း ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ အတွေ့အ ကြုံက တခြားသူတွေထက် မနိမ့်ပါဘူး.. ကျွန်တော်တို့မှာ တိုးတက်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ လိုအပ်ပါ တယ်.. ကျွန်တော် ဟွာဟိုင်းမြို့ကို သွားပြီး အကြိမ်များစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့စိတ်ကူးခဲ့ဖူးပါတယ်..ဒါပေမဲ့ ကျွန်တော့်မှာ ဆောက်လုပ်ရေး ကုမ္ပဏီ မရှိတာကြောင့် လက်လျှော့ဖို့ပဲ ရွေးချယ် ခဲ့ပါတယ်..."
လျူယောင်ရဲ့ နှလုံးသားက လှုပ်ရှား သွားခဲ့သည်။
သူက ကျိုးကျင်းကန်ကို ယုံကြည်ပြီး ပရောဂျက်ကို ပုံအပ်ထားရာတွင် အလွန်စိတ်အေးချမ်းသာမူ့ ရှိခဲ့သည်လေ။
"သူငယ်ချင်း ငါတို့ကုမ္ပဏီက ဝန်ထမ်းတွေ အတွက် လူနေအိမ်ရာတွေကို ဆောက်လုပ် ထားတယ်... ပထမအဆင့်ကတော့ အခြေခံ အားဖြင့် ပြီးစီးသွားခဲ့ပြီ၊ ဒုတိယ အဆင့်ကို စတင်တော့မယ်...ငါ့ကို အိမ်ဆောက်ရာမှာ မင်း လာကူညီပေးပါလား"
"တကယ်လား အကိုယောင်..."
ကျိုးကျင်းကန်း အံ့သြစွာဖြင့် လျူယောင် ကို ကြည့်လိုက်သည်။
"ဒီလိုကောင်းတာမျိုး ရှိပါ့မလား.."
လျူယောင်က အနည်းငယ်ပြုံးပြီး ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာအိမ်ယာကို အတို ချုပ် မိတ်ဆက်ပေးခဲ့ပြီး ဒုတိယအဆင့်ရဲ့ ရင်းနှီး မြှုပ်နှံမှု့ပမာဏယွမ် ၁ ဘီလီယံ ကျော် ကြောင်းလည်း ပြောပြခဲ့သည်။
"ဘုရားရေ.. ဒီလောက်ကြီးတဲ့ ပရောဂျက် လား.."
ကျိုးကျင်းကန်း အံ့သြစွာဖြင့် ပါးစပ်အ နည်းငယ် ဟပြီး လျူယောင်ကို စိုက်ကြည့် နေခဲ့သည်။
သူ သတိပြန်ဝင်လာရန် အချိန်အတော် ကြာ ခဲ့ ပြီး အနည်းငယ် တုန်ယင်စွာဖြင့် ပြောလိုက်သည် ။
"အစ်ကိုယောင်...မင်းတကယ်ပဲ ဒီလို ကြီးမ ားတဲ့ပရောဂျက်မှာ ပါဝင်ဖို့ ကျွန်တော့်ကို ခွင့်ပြုမှာလား.."
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက် သည်။
"ဟုတ်တယ်...မင်း တတ်နိုင်သလောက်တော့ လုပ်ပေါ့ ..ငါ့ ရဲ့ အထွေထွေမန်နေဂျာ ကျိုးယန် ကို မင်းနဲ့ အသေးစိတ်ဆွေးနွေးဖို့ ငါ ပြောလိုက်ပါ့မယ်..."
"ဟုတ်ကဲ့ အရမ်းကောင်းတာပဲ..."
ဒီနေ့မှစပြီး သူ ချမ်းသာတော့မှာကို ကျိုး ကျင်းကန်း သိနေခဲ့သည်။
သူ စိတ်လူပ်ရှားနေကာ လျူယောင်နဲ့ ခဏ ကြာ စကားပြောခဲ့ပြီးနောက် ဗီလာရဲ့ ရှေ့ကို ရောက်ရှိလာခဲ့သည်။
ရှေ့ခြံတွင် ပိုလို့ပင် စည်ကားနေခဲ့သည်။
လျူယောင် ပြန်ရောက်လာတာကို ကြားတဲ့ အခါ ရွာဆယ်ရွာနှင့် ရွာရှစ်ရွာမှ လူများ သတိထားမိလာကြပြီး ရွာသားများစွာရဲ့ မိသားစုဝင်များက Universal တွင် လုပ်ကိုင်နေကြပြီး အဲ့ဒီ့ မိသားစုဝင်များက အပြေးအလွှား လာကြတာပဲ ဖြစ်သည်။
သူတို့ရဲ့ မျက်လုံးများထဲတွင်လျူယောင်က သူတို့ရဲ့ ကျေးဇူးရှင်ကြီး ဖြစ်သည်။
သူတို့ရဲ့ ခင်ပွန်းများ ဒါမှမဟုတ် သားများ၊ ညီအစ်ကိုများက Universal တွင် သင်္ဘောသားများအဖြစ် လုပ်ကိုင်နေကြပြီး တစ်လလျှင် ယွမ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ရကြ ကာ အချို့က အင်ဂျင်နီယာချုပ် ဒါမှမဟုတ် သင်္ဘောအရာရှိချုပ်များအဖြစ်ပင် လုပ်ကိုင် ကြပြီး ပိုမို မြင့်မားတဲ့ လစာများ ရရှိကြ သည်။
အရည်အချင်းနိမ့်တဲ့ အချို့လူများလည်း ရှိနေကြသည်။ သူတို့အတွက် အခွင့်အ ရေးရှိမရှိကို စုံစမ်းရန် လာခဲ့ကြသည်။
"ကျန့်ကျွင်း မင်းသားက အလားအလာရှိတာ ပဲ...သူက ဒုတိယအရာရှိဖြစ်သွားတယ်လို့ ကြားတယ်...တစ်လကို ယွမ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်ရတယ်နော်..."
"မင်းမိသားစုက ကောင်လေးလည်း မဆိုး ပါဘူး...ကောလိပ်ကျောင်းပြီးတော့ အခု အင်ဂျင်နီယာချုပ်တောင် ဖြစ်နေပြီ.."
…
လူတိုင်းက ဒီလို့ နှုတ်ဆက်လေ့ ရှိကြပြီး အလွန်ပျော်ရွှင်နေကြသည်။သူတို့ရဲ့ ဘိုး ဘွားအုတ်ဂူကနေ မီးခိုးတွေ ထွက် လာသလိုပင်။ အရင်က အပြင်မှာ ငါး ထောင်၊ ခြောက်ထောင် လုပ်ခဲ့ကြရာ အခုတော့ ငါးသောင်း၊ ခြောက်သောင်း ဖြစ်နေသည်။
"လျူယောင်ဆီမှာ အလုပ်လုပ်ရင် တိုက်ခန်း ရနိုင်တယ်လို့ ကြားတယ် ဒါအမှန်လား..."
"ဟုတ်တယ်...ကျွန်တော့်သားက နောက်လ မှာ အိမ်ခွဲပေးမယ်လို့ ပြောတယ်..သူက ၉၀ စတုရန်းမီတာကျော် ကျယ်တဲ့အိမ်ကြီးကို ရနိုင်မယ် ထင်တယ်..."
"ဟုတ်တယ် ဒါအမှန်ပဲ.. ကျွန်မခင်ပွန်း က လည်း ဒီလိုပဲပြောတယ်.. သူက ကျွန်မတို့ရဲ့ တတိယအမေကို ဟွာဟိုင်းမြို့ကို ခေါ်သွားချ င်တယ်တဲ့... မြို့ကြီးမှာနေရလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ .အိပ်မက် မမက်ဖူးဘူး"
…
စိတ်လှုပ်ရှားမှု့များစွာ ရှိခဲ့ပြီး လူတိုင်းက ဝမ်းသာအားရ စကားပြောနေကြစဥ် တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။
"ဟေး ကြည့်လိုက်ဦး ကားတွေအများကြီး ရောက်လာပြီ"
လူတိုင်းက ဗီလာ၏ဂိတ်အပြင်ဘက်ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက် ကြရာ ကားများစွာက ကွန်ကရစ်လမ်း ပေါ် ကနေ မောင်းလာတာကို တွေ့လိုက်ကြသည်။
ကားများက ဗီလာရဲ့ဂိတ်ဝကို ရောက်တဲ့ အထိ မရပ်ခဲ့ပေ။ လူတစ်စု ကားထဲမှ ဆင်းလာကြပြီး သူတို့က အရာရှိ အဖွဲ့တစ်ဖွဲ့ ဖြစ်ပုံရသည်။
"ကြည့် အဲဒါ ခရိုင်အုပ်ချုပ်ရေးမှူးဝမ်ပဲ "
"ဟုတ်တယ် အဲဒါ ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်ပဲ ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်တောင် ရောက် လာတယ်..."
ဒီအဖွဲ့က ပုံမှန်မဟုတ်ဘဲ ကြီးမားလှသည်။ ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်ဦး ဆောင်လာတဲ့ လူတစ်ဒါဇင်ကျော် ပါဝင်တဲ့ အရာရှိအားလုံး က ဗီလာကြီးထဲ ဝင်လာခဲ့ကြသည်။
လျူယောင်ကလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်ကို မှတ်မိသွားပြီး စိတ်အားထက်သန်စွာ ခြေလှမ်းနှစ်လှမ်း ရှေ့တိုးပြီး သူ့ညာလက် ကို ကိုယ်တိုင်ဦးဆောင်ပြီး ထုတ်ပေး ခဲ့ သည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်က အလျင်အမြန် လျှောက်လာပြီး လျူယောင့်ရဲ့လက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။
"မစ္စတာလျူ.အိမ်ပြန်လာတာကို ကြိုဆိုပါ တယ်ခရိုင်အတွင်းရှိ လူဦးရေ ၅၆၀,၀၀၀ ကိုယ်စား ကျွန်တော် ကြိုဆိုပါတယ်...."
လျူယောင် ပြုံး၍ ပြောလိုက်သည်။
" အုပ်ချုပ်ရေးမှူးဝမ် ကျွန်တော့်ကို ကြိုဆို တာ ကျေးဇူးတင်ပါတယ်"
သူတို့နှစ်ဦးသား ခဏတာ ယဉ်ကျေးစွာ နှုတ်ဆက်စကားပြောဆိုခဲ့ကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဝမ်က လျူယောင်ကို အခြားအရာရှိများနဲ့ မိတ်ဆက်ပေးခဲ့သည်။
လူတိုင်းက တစ်ယောက်ချင်းစီ ယဉ်ကျေးစွာ ရှေ့ကိုလျှောက်လာပြီး လျူယောင်နဲ့ တစ် ယောက်ချင်းစီ လက်ဆွဲနှုတ် ဆက်ခဲ့ကြ သည်။
ရွာသားများက ဒီမြင်ကွင်းကို မြင်တဲ့အခါ အံ့အားသင့်သွားကြသည်။ သူတို့စိတ်ထဲတွင် ဒီလူအားလုံးက ရာထူးမြင့်တဲ့အရာရှိများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ခရိုင်အုပ်ချုပ် ရေး ဝမ်က ရာထူးမြင့်တဲ့ အရာရှိတစ်ဦး ဖြစ်သည်။
ဒီအရာရှိများထဲတွင် တခြားသူများက ခရိုင်အုပ်ချုရေးမှူးဝမ် ထက် ပိုမို မြင့်မားတဲ့ ရာထူးရှိပုံရသည်။
ခရိုင်အတွင်းရှိ လူဦးရေ ၅၆၀,၀၀၀ ကိုယ် စား လျူယောင် အိမ်ပြန်လာခြင်းကို ကြို ဆိုခြင်းအပြင် ခရိုင်အုပ်ချုပ်ရေးမှူး ဝမ် ကိုယ်တိုင်လာရတဲ့ တခြား ရည်ရွယ်ချက် လည်း ရှိသည်။
ရှေ့ခြံတွင် လျူယောင်နှင့် ခရိုင်အုပ်ချုပ်ရေး မှူး ဝမ်က ထိုင်လိုက်ကြပြီး တခြားလူများက ပတ်ပတ်လည်တွင် ရပ်နေကြသည်။
သူတို့နှစ်ဦး စိတ်လှုပ်ရှားစွာ စကား ပြောခဲ့ ကြသည်။
"မစ္စတာလျူ ကျွန်တော်တို့ခရိုင်မှာ သင်္ဘော သား ၃၅၂ ယောက်ကို ခန့်အပ်ပေးပြီး အလုပ်ရာပေါင်းများစွာကို ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကားအချို့ ပြောပြီးနောက် သူ ထပ်မံမေးလိုက်သည်။
"ကျွန်တော်တို့ခရိုင်မှာ လူငယ်တွေအများ ကြီးရှိတယ်...မစ္စတာလျူက သင်္ဘော သားအသစ်တွေ ထပ်ခေါ်ဖို့ အစီအစဉ်ရှိ သေးလား...."
Universal တွင် သင်္ဘောသားအဖြစ် လုပ် ကိုင်ခြင်းမှာ ချိုမြိန်တဲ့ အရာ တစ်ခုပဲ ဖြစ်သည်။
လူများစွာက Universal တွင် သင်္ဘောသာ းတစ်ဦးအဖြစ် လုပ်ကိုင်ရန် အိပ်မက်မက် နေကြသည်။
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်သည်။
"ကျွန်တော်တို့ သင်္ဘောကြီးတစ်ဒါဇင်ကျော် ဝယ်ထားပါတယ်... ကျွန်တော်တို့အဖွဲ့ရဲ့ စုစုပေါင်းရေကြောင်းကုန်တင်နိုင်မှု့က တန် ချိန် ၁၀ သန်းကျော်သွားပြီမို့... သင်္ဘော သားအများအပြားကိုလည်း ကျွန်တော်တို့ လိုအပ်နေပါသေးတယ်"
"တန်ချိန် ၁၀ သန်း ကျော်လား..."
"ဒါ ဘယ်လိုအယူအဆမျိုးလဲ... "
ခရိုင်အုပ်ချုပ်ရေးမှူးဝမ် အံ့သြသွားပုံရပြီး ဒါက သူ့စိတ်ကူးထားတာထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။ Universal အဖွဲ့က ဒီလောက်ကြီးမားပြီး အစွမ်းထက်တာကို သိလိုက်ရသည်။
"ဒါက သင်္ဘောသားအသစ် အတွက်အ ဆင်ပြေတာပဲ "
ခရိုင်အုပ်ချုပ်ရေးမှူး ဝမ် ဝမ်းသာအားရ ဖြစ်သွားပြီး အမြန်မေးလိုက်သည် ။
"ဒါဆိုရင် ကျွန်တော်တို့ခရိုင်ကနေ လူဘယ် နှစ်ယောက်လောက် ခေါ်ဖို့ စီစဉ်ထား ပါသ လဲ..."
လျူယောင် ဖြေလိုက်သည်။
"ဒေါင်းမင်းရွာက အယောက် ၃၀ ခရိုင်တ စ်ခုလုံးမှာ နောက်ထပ် အယောက် ၂၀၀ စုစုပေါင်း ၂၃၀ လောက် ခေါ်ပါမယ်...."
"အိုး..၂၃၀ ယောက်..."
"မဆိုးဘူး အရမ်းကောင်းတယ်..."
အုပ်ချုပ်ရေးမှူးဝမ်က အရမ်းပျော်ရွှင်သွား ပြီး ကျေးဇူးတင်လိုက်သည် ။
"မစ္စတာလျူ ကျေးဇူးတင်ပါတယ် အရမ်း ကို ကျေးဇူးတင်ပါတယ်ဗျာ "
ပတ်ပတ်လည်ရှိလူများကလည်း အလွန် ပျော်ရွှင် သွားကြသည်။ အထူးသဖြင့် ဒေါင်းမင်းရွာမှလူများက သင်္ဘော သားအ သစ် အယောက် ၃၀ ထပ်မံခေါ် ယူမှာ ဖြစ်တာကြောင့် သူတို့အတွက် ဒါဟာ အလွန်ကောင်းတဲ့ သတင်းပဲ ဖြစ်သည်။
အချို့ မိသားစုဝင်များက သင်္ဘောသား အဖြစ် မဝင်ရောက်ရသေးတဲ့ သူတို့ မိသား စုဝင်များကို ဒီလိုကောင်းတဲ့ သတင်း ကို ပြောပြရန်အတွက် သူတို့ရဲ့ ဖုန်းများကို နှိပ်ပြီး အမြန် ခေါ်လိုက် ကြသည်။