ဝန်ထမ်းအိမ်ရာကို သွားကြည့် ခြင်း
Vol. 19 Ch. 274
လက်ရှိအချိန်တွင် Universal ၏ လုပ်ခလ စာအဆင့်က နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီနေသည်။
ဥပမာအားဖြင့် ကပ္ပတိန်များနဲ့ အင်ဂျင်နီယာ ချုပ်များရဲ့ လစဉ်ဝင်ငွေမှာ ယေဘုယျအ ားဖြင့် သိန်း ၂၀+ ဖြစ်သည်။
ပထမအရာရှိနှင့် ပထမအင်ဂျင်နီယာတို့ရဲ့ လစဉ်လုပ်ခမှာ ၈ သိန်းခန့်ဖြစ်ပြီး ဒုတိယအ ရာရှိနှင့် ဒုတိယအင်ဂျင်နီယာတို့ရဲ့ လစဉ် လုပ်ခမှာလည်း ၆ သိန်းခန့်ဖြစ်သည်။ သာ မန်သင်္ဘောသားများနဲ့ စက်ပြင်ဆရာ များ ပင်လျှင် လစဉ်လုပ်ခမှာ နှစ်သောင်းမှ သုံးသောင်းခန့် ရှိသည်။
အဓိကအချက်မှာ Universal ရဲ့အကျိုးခံ စားခွင့်များက အလွန်ကောင်း မွန်ခြင်း ကြောင့် ဖြစ်သည်။ အမျိုးမျိုးသော ဆုကြေး ငွေများကို ဖော်ပြရန် မလိုပေ။ ဆောက်လု ပ်ဆဲ ဝန်ထမ်းအိမ်ရာဝင်းဖြစ်တဲ့ ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာဝန်ထမ်း အိမ်ရာက လည်း မကြာမီ ပြီးစီးတော့မည်။
ဟွာဟိုင်း လို မဟာမြို့ကြီးတွင် အိမ်တစ် လုံး ရှိပြီး အိမ်ရှေ့တွင် မြေအောက် ရထားရှိနေခြ င်းက အလွန်ဆွဲဆောင်မှု့ရှိနေဆဲ ဖြစ်သည်။
လျူယောင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံခြားသာ းများအား သူတို့အတွက် အလုပ်လုပ်စေဖို့ တစ်ချက်လောက် စမ်းကြည့်လိုက်မယ် လို့ တွေးလိုက်သည်။
ကျိုးယန် အစီရင်ခံ လိုက်သည်။
“အကိုလျူ ကျွန်တော်တို့ရဲ့ ဟွာဟိုင်း အပြ ည် ပြည်ဆိုင်ရာဝန်ထမ်းအိမ်ရာက မကြာ ခင်မှာ အပ်တော့မှာပါ… “
“ အခုဆိုရင် အပြည့်အ၀ ပြုပြင် မွမ်းမံနေပါ တယ်...နောက်လမှာ အိမ်တွေကို စပြီး အပ်ဖို့ စီစဉ်ထားပါတယ်...ဝန်ထမ်းတွေလည်း တစ်လှည့်စီ ပြောင်းရွှေ့နေ ထိုင်နိုင်ပါပြီ ...ခဗျ..”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် သည်။
“အင်း ငါ အဲဒီ့ကို သွားမကြည့်တာ တစ်လ ကျော်ပြီပဲ...အခုသွားကြည့်ရမယ်...”
“ သူဋေး ကျွန်တော်ရော လိုက်ဖို့ လိုအပ်ပါ သလား ခဗျ..”
ကျိုးယန် မေးလိုက်သည်။
“မလိုပါဘူး မင်း ...ဒီမှာပဲ လုပ်စရာရှိတာ လုပ်လိုက်ပါအုံး ကျိန့်ကန်းနဲ့ ဟီချန်း တို့နဲ့ဆို လုံ လောက်ပါတယ်”
ခဏအကြာတွင် ဟွာဟိုင်း အပြည်ပြည် ဆိုင်ရာ ဝန်ထမ်းအိမ်ရာသို့ လျူယောင် ထွက်လာခဲ့သည်။
ပြီးခဲ့တဲ့ တစ်ခေါက်ကလို သူ ဘတ်စ် ကားစီးခြင်းမရှိဘဲ Rolls-Royce ကို ဟီချန်းက မောင်းပြီး ကျိန့်ကန်းက ခရီးသ ည်ထိုင်ခုံတွင် ထိုင်လိုက်လာသည်။
လျူယောင် မျက်လုံးများကိုမှိတ်ပြီး အနား ယူလိုက်သည်။ သူက လိပ်ကြီးနှင့် ဆက် သွယ်နေကာ တတိယအမြင်ကို ဖွင့်ထား သည်။ လိပ်ကြီးဘက်မှ အခြေအနေမှာ ရှင်းလင်းပြတ်သားလှသည်။
လိပ်ကြီးက တုံဂါချောက်နက်ကို မပြန်သေး ဘဲ အနောက်ပစိဖိတ်သမုဒ္ဒရာတွင် လှုပ်ရှား နေဆဲဖြစ်သည်။
အခုဆို ဒီကောင်က တန် ၃၀ ကျော်လေးတဲ့ ဝေလငါးကြီးတစ်ကောင်ကို သတ်ပစ် လိုက် ပြီး အမည်မသိကျွန်းရဲ့ ကမ်းခြေပေါ်တွင် ပါးစပ်အပြည့် စားနေသည်။
ဧရာမလှံကို ကမ်းခြေ မလှမ်းမကမ်းတွင် ထားရှိထားတာကြောင့် ပင်လယ်ရေက ဧရာမလှံကို အကြိမ်ကြိမ် ဆေးကြော နေပေသည်။
“လိပ်ကြီး မင်းအတွက် ကောင်းသောနေ့ပဲ... ဒီလောက်ကြီးတဲ့ ဝေလငါးကို ဖမ်းမိထား တာပဲ...”
လိပ်ကြီးက ပါးစပ်အပြည့် စားနေရင်းနဲ့ လျူယောင်ကို ပြန်ပြောလိုက်သည်။
“ဒါ တစ်ကောင်တည်း မလုံလောက်ဘူး ကျွန်တော် စားပြီးရင် ..နောက်ထပ် နှစ်ကောင် ထပ်ဖမ်းရမယ်....”
သူ တစ်နပ်စာကို အစာတန်ချိန် ၁၀၀ ခန့်စာ းရန် ဝေလငါးကြီး ၃ ကောင် လိုအပ်သည်။ ဒီအစားစားနူန်းက အံ့မခန်းပင် ဖြစ်သည်။
လျူယောင် နောက်ပြောင်ပြော ဆိုလိုက် သည်။
“မင်းက တစ်နပ်ကို အများ ကြီးစားနိုင်တယ် ...တော်သေးတာပေါ့ မင်း အစာကို ကိုယ့်ဘာသာ ရှာစားနိုင်လို့ ...မဟုတ်ရင် ငါက မင်းကို တကယ် မမွေးနိုင်ဘူး...”
“သခင်ရ...ခင်ဗျား အရမ်းချမ်းသာတာ ကို.. ကျနော် သိပါတယ်...ကျွန်တော်က ...ခင်ဗျာ းကို ဆင်းရဲသွားစေမှာကို ..ခင်ဗျားက ကြောက်နေတုန်းလား....”
“သခင် ..ခင်ဗျားက အမဲသားနဲ့ သိုးသားကို စားရတာ ကြိုက်တယ်လို့ သိရတယ်...အဲ့ဒါ ဘယ်လိုအရသာရှိလဲ... ခင်ဗျားရဲ့ အမဲသားနဲ့ သိုးသားတွေကို ကျွန်တော့်ကို မြည်းစမ်းဖို့ ဘယ်တော့ ရနိုင်မလဲ....”
“သွားစမ်းပါကွာ...မင်းအတွက် ငါးကိုပဲ ပုံမှန် စားစမ်းပါ..”
လျူယောင် ပြုံးပြီး ဆူလိုက်သည်။
လိပ်ကြီး စကားပြောရတာက ပျော်စရာ ကောင်းတယ်လို့ သူ ခံစားရပြီး ခဏကြာ စကားပြောပြီးနောက် ကျိန့်ကန်းရဲ့ အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။
“သူဋေး ကျွန်တော်တို့ ဟွာဟိုင်း အပြည် ပြည်ဆိုင်ရာ ဝန်ထမ်းအိမ်ရာကို ရောက် ပါပြီခဗျ....”
လျူယောင် မျက်လုံးဖွင့်လိုက်ပြီး ကားပေါ်မှ ချက်ချင်းဆင်းလိုက်ရာ သူ့ရှေ့မှ ဝန်ထမ်းအိ မ်ရာဝန်းကို မြင်လိုက်ရသည်။
ပြီးခဲ့တဲ့တစ်လကျော်ကျော်ခန့်က ဆောက်လု ပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်ပြီး ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု နှင့် တူပေမဲ့ အခုတော့ လုံးဝကွဲပြားခြားနား သွားပြီ ဖြစ်သည်။
အဆောက်အအုံရဲ့ ခမ်းနားတဲ့ တံခါးကို ဆောက် လုပ်ပြီးစီးနေပြီး လုံခြုံရေးအ စောင့်များလည်း ရှိသည်။အဆောက်အအုံ ကို ကြည့်လိုက်တဲ့အခါ စိမ်းလန်းစိုပြေမှု့ကို လျူယောင် ခံစားလိုက်ရသည်။
ဒီတိုးတက်မှု့က အံ့ဩစရာပင် ဖြစ်သည်။
လျူယောင် စိတ်ဝင်စားလာပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“လာ ငါတို့ အထဲကို သွားကြည့်ရအောင်...”
တံခါးဝတွင် လုံခြုံရေးများရှိပြီး အလုပ်လ က်မဲ့များကို ဝင်ခွင့်မပြုပေ။ ဒါပေမဲ့ Universal မှ ဝန်ထမ်းများမှာ ပြဿနာမရှိဘဲ သူတို့ရဲ့ အလုပ်ကဒ်များကို ပွတ်ဆွဲပြီး ဝင်ရောက်နိုင်သည်။
အထဲ ဝင်ရောက်ပြီးနောက် လျူယောင် ပန်း များနဲ့သစ်ပင်အများအပြား စိုက်ပျိုးထား တာကို တွေ့ရသည်။ မြက်ခင်းပြင်များ စွာကိုလည်း ခင်းထားခဲ့သည်။ စိုက်ပျိုးရေး လုပ်သားအချို့ အလုပ်ရှုပ်နေတာကိုလည်း သူ တွေ့ရပြီး အချို့နေရာများတွင် စိုက်ပျိုးမှု့ များ မပြီးသေးပေ။
ဒီ ဝန်ထမ်းအဆောက်အအုံတွင် ၃၂ ထပ် မြင့်တဲ့ ဓာတ်လှေကာ ၈ လုံး ရှိပြီး အလွန် ခေတ်မီပြီး လှပနေသည်။
ပြီးခဲ့တဲ့လက အပြင်ဘက်တွင် ထောင်ထား သော စင်များဖြင့် ဆောက်လုပ်ဆဲဖြစ်ပေမဲ့ ယခုအခါ အားလုံးကို ဖြုတ်ချထားပြီး အပြင်ဘက်နံရံများ၊ တံခါးများနှင့် ပြတင်း ပေါက်များပေါ်ရှိ ကြွေပြားအားလုံးကို တပ်ဆင်ပြီးစီးခဲ့ပြီ ဖြစ်သည်။
သုံးယောက်သား အဆောက်အအုံအမှတ် ၂ ရဲ့ တံခါးဝကို လျှောက်လာကြကာ အထဲ ဝင်ဖို့ ပြင်လိုက်ချိန်တွင် လူခုနစ်ရှစ် ယောက် ခန့် ထွက်လာကြသည်။ သူတို့အားလုံးက Universal မှ ဝန်ထမ်းများဖြစ်ကြပြီး စကားပြောဆိုရင်း ပြုံးရယ်ကာ အပြင် ထွက်လာကြသည်။
“ဒီအလှဆင်တာ တကယ်ကောင်းတယ် အရမ်းလှတာပဲ ငါကြိုက်တယ်..."
“ဒါက အိပ်မက်တစ်ခုလိုပဲ... ဒီမှာ အိမ်တစ် လုံးရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး..."
“ ကုမ္ပဏီက ..စောစောစီးစီး အိမ်ဝေဖို့ မျှော် လင့်တယ်ဟယ် ...ကုမ္ပဏီရဲ့အိမ်ကို ကြည့်ပြီ းတော့ အဲဒီငှားထားတဲ့အိမ်မှာ မနေချင်တေ ာ့ဘူး..."
ဒီ စကားများကိုကြားတဲ့အခါ လျူယောင် အနည်းငယ်ပြုံးလိုက်မိသည်။ လူတိုင်း ဒီနေရာက အိမ်နှင့်ပတ်သက်ပြီး အလွန် ကျေနပ်နေပုံရသည်။ဒါ့ကြောင့် သူ အထဲကို အရမ်း ဝင်ကြည့်ချင်နေသည်။
အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ လျူယောင် မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။ အလှဆင်ထားတာက အမှန်တကယ် ကောင်းလှသည်။
ကြမ်းပြင်နဲ့နံရံ များတွင် ကြွေပြားများကို ကပ်ထားပြီး အထူးသဖြင့် ကြမ်းပြင်မှ ကြွေပြားများမှာ ကောင်းမွန်နေပုံရပြီး သူတို့၏ အရိပ်များကိုပင် မြင်နေရသည်။
ဓာတ်လှေကားလည်း ရနိုင်ပြီး ယူနစ် တစ်ခုတွင် ပုံမှန် ဓာတ်လှေကားနှစ်လုံးနှင့် မိသားစု ငါးစုရှိသည်။
သုံးယောက်သား ဓာတ်လှေကားတစ်စီးထဲ ဝင်လိုက်၍ လျူယောင်က အမှတ် ၂၀ ခလုတ်ကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။
ဓာတ်လှေကားက အထပ် ၂၀ ကို ရောက် ရှိသွားပြီး ထွက်တာနဲ့တစ်ပြိုင်နက် ကြွေပြာ းများနှင့် ကြွေပြားကပ်ရန် ကော်လိုမျိုး ဆောက်လုပ်ရေးပစ္စည်းအချို့ကို တွေ့လိုက် ရကာ အလှဆင်ရေးလုပ်သား အချို့ကိုလ ည်း တွေ့လိုက်ရသည်။
ဒီအထပ်တွင် အခန်း ၅ ခန်းရှိပြီး ၃ ခန်းကို ပြုပြင်ပြီးစီးပြီဖြစ်၍ ၂ ခန်းမှာ ပြင်ဆင် နေဆဲဖြစ်သည်။ ဒါကို ပြီးစီးရန် ရက်အန ည်းငယ်ကြာမည်လို့ ခန့်မှန်းရသည်။
လျူယောင်က ပြုပြင်ပြီးတဲ့ အိမ်များထဲမှ တစ်ခုထဲသို့ ဦးဆောင် ဝင်သွားခဲ့သည်။ အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းနှစ်ခုရှိပြီး ဧရိယာ ၁၄၂ စတုရန်းမီတာ၊ ဧည့်ခန်းကျ ယ်ကြီး၊ ထမင်းစားခန်းကျယ်ကြီးနှင့် အိပ်ခန်းကြီး ၄ ခန်းရှိပေသည်။
ကောင်းမွန်သော အလှဆင်မှု၊ လှပတဲ့ ဒီဇိုင်း၊ သူတို့အား ပထမတစ်ချက် ကြည့်လိုက်တ ာနှင့် ချစ်မိသွားစေမဲ့ အမျိုးအစားပင် ဖြစ်သည်။
ကုမ္ပဏီမှ မန်နေဂျာအ ဆင့်အထက်ရှိသူ များသာ ဒီလိုအိမ်မျိုးတွင် နေနိုင်ပြီး နံပါတ် ၁ နှင့် နံပါတ် ၂ အဆောက်အအုံတွင်သာ ဒီလို ပုံစံရှိသည်။ လက်ရှိအချိန်တွင် အိမ် ၁၀၀ ကျော်ရှိနေပြီး အခြေခံအားဖြင့် လုံလောက်သည်။
“ဝါး ဒါက တကယ် ပြတင်းပေါက်ပဲ..."
“လှလိုက်တာ လှလိုက်တာ ကျွန်တော် စိတ် ကူးထားတာထက်တောင် ပိုလှသေးတယ်...”
ကျိန်ကန်းနဲ့ ဟီချန်းတို့ရဲ့ မျက်နှာများတွင် အံ့သြမှု့များ ပြည့်နှက်နေ သည်။သူတို့ လည်း ဒီလို ကြီးမားတဲ့ အိမ်မျိုးကို အမှန်တကယ် နှစ်သက်ကြပေသည်။
တစ်ချိန်တည်းမှာပဲ နှစ်ယောက်သား မနာလို ဖြစ်သွားကြကာ စိတ်ထဲကနေ တပြိုင်နက် တည်း တွေးလိုက်ကြသည်။
“ဟူး ...ငါတို့သာ ကုမ္ပဏီရဲ့ မန်နေဂျာတွေ ဖြစ်ရင် ကောင်းမှာပဲ....”
လျူယောင်ကတော့ ဟိုဘက် ဒီဘက် တစ် ချက် ကြည့်ရင်း ဒီဇိုင်းကိုကြည့်တဲ့အပြင် အလှဆင်မှု့နဲ့ အရည်အသွေးကိုလည်း ဂရုတစိုက် ကြည့်ခဲ့သည်။
ကြည့်ပြီးနောက် သူ အလွန်စိတ် ကျေနပ်သွ ားသည်။ ဒီဇိုင်းက လှပပြီး ခေတ်မီရုံ သာမကဘဲ အလှဆင်မှု့ အရည်အသွေး ကလည်း ကောင်းမွန်ပြီး အသုံးပြုထားတဲ့ ပစ္စည်းများအားလုံးကလည်း နာမည်ကြီး အမှတ်တံဆိပ်များပင် ဖြစ်သည်။
လျူယောင် ပျော်ရွှင်ကာ ပြောလိုက်သည်။
“အခြေခံပရိဘောဂတွေနဲ့ အိမ်သုံးပစ္စည်း တွေကို ထည့်လိုက်ရင် ပိုကောင်းပြီး ပိုလှလာ လိမ့်မယ်...”
“ဟုတ်တယ်... ပိုလှလာမှာပါ... ဒါမှ အိမ်လို ခံစားရမှာ..." ကျိန့်ကန်းလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
အခြေခံအိမ်သုံးပစ္စည်းများနဲ့ပရိဘောဂအားလုံးကို အခန်းတစ်ခုစီတွင် ထည့်သွင်းရန် လျူယောင် ဆုံးဖြတ်ခဲ့သည်။
ဒါမှသာ ဝန်ထမ်းများက နေ့စဉ်သုံးပစ္စည်း အချို့ကိုသာ ဝယ်ယူရန် လိုအပ်ပြီးသူတို့ရဲ့ အိတ်များကို ယူဆောင်ကာ အဆင်သင့် ပြောင်းရွှေ့နေထိုင်နိုင်သည်။
ကျိန့်ကန်းနဲ့ ဟီးချန်တို့ရဲ့ မနာလိုဖြစ်နေတာ ကို သတိပြုမိပြီး လျူယောင် ပြုံးရယ်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ ဒီလိုအိမ်မျိုးက မဆိုးဘူးလား.. “
နှစ်ယောက်သား တစ်ချိန်တည်း ခေါင်းညိတ် ပြပြီး တပြိုင်နက်တည်း ပြန်ဖြေလိုက် သည်။
“မဆိုးရုံတင်မဟုတ်ဘူး ဒါက ကျွန်တော်တို့ အိပ်မက်တွေထဲက အိမ်ကြီး လိုမျိုးပဲ”
လျူယောင် ပြုံးရယ်ပြီး ဆက်မေး လိုက် သည်။
“မင်းတို့ ဒီလိုအိမ်မျိုးမှာ နေချင်ကြလား...”
နှစ်ယောက်သား တစ်ခုခုကို သိသွားပုံရပြီး နှလုံးခုန်သံများက မျှော်လင့်ထားထက် ပို မို မြန်ဆန်လာကာ သူတို့ရဲ့ အသက်ရှု သံများ ပင် အနည်းငယ် နှေးသွားကြသည်။