← Chapters

ရမ့်စကော့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

Vol. 19 Ch. 273

ရမ့်စကော့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

Vol. 19 Ch. 273

ယခင်တစ်ကြိမ်ကလို လိပ်ကြီး ခိုးကြောင် ခိုးဝှက် တိုက်ခိုက်တာမဟုတ်ဘဲ ရန်သူကို တိုက်ရိုက်တုံ့ပြန်ခြင်းပဲ ဖြစ်သည်။

ဒီ မီတာ 100 မိကျောင်းကြီးကလည်း အလွန်မာနကြီးသည်။ လိပ်ကြီး သူ့ဆီကို အရှိန်ပြင်းပြင်း အပြေးအလွှားလာနေတာကို မြင်တဲ့အခါ ရှောင်တိမ်းခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်ရန် လိပ်ကြီးဆီကို အလျင်အမြန်ပြေးသွားခဲ့သည်။

" ဒုန်းး "

မီတာ ၂၀ မှ ၃၀ အောက်ရှိနေရာမှ ထိခတ် သံကြီး ထွက်ပေါ်လာပြီး တန် ၂၄၀ ရှိတဲ့ ဧရာမလှံက ၁၀၀ မီတာ မိကျောင်းကြီးရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးမိသွားသ ည်။

" ကလစ်..."

ဧရာမလှံ၏ ထိပ်ဖျားမှာ ၁၀၀ မီတာ မိကျောင်းကြီးရဲ့ ခေါင်းပေါ်ရှိ မာကျော တဲ့အရေပြားနှင့် ထူထဲတဲ့ မိကျောင်းအရေ ခွံကို ဖောက်ဝင်ရုံသာမကဘဲ သူရဲ့ ဦးခေါင်း ခွံကိုပါ ဖောက်ထွင်းပြီး ဦးနှောက်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။

လိပ်ကြီး၏ ဧရာမလှံက ဆယ်မီတာ ကျော် အထိ ထိုးဖောက် သွားခဲ့သည်။

နောက်ထပ် တစ်ချက်တည်းဖြင့် သေဆုံးသွား ခြင်းပင်။

မိကျောင်းကြီး သေဆုံးမသွားခင် နာကျင် နေပုံပင် မရပေ။ လျှပ်စစ်ပစ္စည်းတစ်ခုမှ ပလပ်ဖြုတ်လိုက်သကဲ့သို့ ချက်ချင်း ဆိုသလိုပင် အသက်ရှင်နေတဲ့ လက္ခဏာ မရှိတော့ချေ။

ထိုမြင်ကွင်းကို တတိယအမြင်မှတစ်ဆင့် ရှင်း လင်းစွာမြင်ရပြီး လျူယောင် အလွန် စိတ်ကျေနပ်ခဲ့သည်။

" လိပ်ကြီး... မင်းက အရမ်းတော်တာပဲ..."

“သခင်က ကျွန်တော့်အတွက် လုပ်ပေးထား တဲ့ လက်နက်အသစ်က မဆိုးဘူး ..အကြိမ် ကြိမ် စမ်းသပ်ပြီးပါပြီ.. မိကျောင်းကြီး နှစ်ကောင်လုံးကို ကျွန်တော် တစ်ချက်တည် းနဲ့ သတ်နိုင်ခဲ့တယ်...”

လိပ်ကြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

" တစ်ချက်တည်းနဲ့ သတ်ရတာ အရမ်း အရမ်း အရသာရှိတာပဲ..."

ဒီလန်းဆန်းတဲ့ ခံစားချက်က လိပ်ကြီးရဲ့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားပြီး မိကျောင်း ကြီး ၏ ပတ်ပတ် လည်တွင် အချီ ပေါင်းမျ ားစွာ လှည့်လည် ကူးခတ်နေသည်။

“သခင် ဒီမိကျောင်းကြီးက တန်တစ်ထောင် လောက် အလေးချိန် ရှိလောက်မယ် ...ဒီ ကောင်က ဘယ်လိုအရသာရှိလဲ မသိဘူး နော်...”

လိပ်ကြီးက တကယ့် အစား အသောက် သမား ပုံစံမျိုးဖြစ်နေသည်။ သူက ဒီ မိကျောင်းသေကြီးကို မြင်တဲ့အခါ အဲ့တာကို စားချင်နေသည်။

“အခု ဒါက မင်းရဲ့ ဆုဖလားပဲ ...အရသာ မြည်းကြည့်ရင် မင်း သိလိမ့်မယ်”

လိပ်ကြီးက ပါးစပ်ကို ဟပြီး မိကျောင်း ကြီးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီ းနောက် ချက်ချင်းပင် ထွေးထုတ်ကာ ညည်းလိုက်သည်။

“ထွီး လုံးဝစားကောင်းဘူး... ကျွန်တော့်ကို ပျော်ရွှင်စေတာက အလကားပဲ… နောက်ရက်အနည်း ငယ်အတွက် အစာ လုံလောက်မယ် ထင်နေတာ”

ပြောပြီးနောက် လိပ်ကြီးက ရွံရှာတဲ့ မျက်နှာဖြင့် မိကျောင်းကြီးကို ကြည့်ကာ ဧရာမလှံကို ဆွဲထုတ်လိုက်တာကြောင့် မိကျောင်းကြီးကပင်လယ်ကြမ်းပြင်အောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။

လိပ်ကြီး ဖြစ်ပျက်နေပုံကို မြင်တဲ့အခါ လျူယောင် ရီချင်နေမိသည်။

........

လျှို့ဝှက်ကျွန်းတစ်ခုတွင် ရှိသော Fast ကုမ္ပဏီတွင်....

သူတို့ အချက်ပေးသံကို ရှင်းလင်းပြီး မကြာမီတွင် ဧရာမထိန်းချုပ်ခန်းမှ အချက်အလက်ပြသတဲ့ ဖန်သားပြင်များက နောက်ဆုံးတွင် အစိမ်းရောင်ကို ပြန်ရောက်လာပြီး ကိရိယာအားလုံးရဲ့ အချက်ပြမီးများမှာလည်း အစိမ်းရောင်ကို ပြောင်းသွားသည်။

လူများစွာ တိတ်တဆိတ် သက်ပြင်း ချလိုက် ကြပြီး အချို့က ဖြေသိမ့်ကာ ပြောလိုက် သည်။

“နံပါတ် ၂ က သေသွားပေမဲ့ အနည်းဆုံး တော့ နံပါတ် ၁ ကတော့ ရှိနေသေးတယ်...”

နံပါတ် ၁ က ပိုကြီးပြီး ပိုသန်မာပေသည်။ သူ့ရဲ့ တည်ရှိမှု့က ဒီသုတေသန ပရောဂျက်တွင် အောင် မြင် ခဲ့ကြောင်း ညွှန်ပြနေသည်။

ယခု စက္ကရင်များအားလုံးတွင် မီတာ 100 ရှည်တဲ့ မိကျောင်းကြီးရဲ့ အချက် အလက်မျ ားကို ပြသနေသည်။ အချက်အလက် များကို ကြည့်လိုက်တဲ့အခါ သိပ္ပံပညာရှ င်အချို့က စိတ်ကျေနပ်မှု့ရသွားပြီး နံပါတ် ၂ ရဲ့ ကိစ္စကို မေ့ပစ်လိုက်ပုံ ရသည်။

" ဒီ ဒီ ဒီ ဒီ .."

ရုတ်တရက် မမျှော်လင့်ဘဲ မူလက တိတ် ဆိတ်နေတဲ့ ထိန်းချုပ်ခန်းက အချက်ပေ းသံများ မြည်လာပြီး စက္ကရင်ပေါ်မှာ မူလက ပြသထားတဲ့ အစိမ်းရောင် အချက်အလက်များ အားလုံးက ရုတ်တရက် အနီရောင်သို့ ပြောင်းလဲသွားသည်။

အချက်ပြမီးများက မူလတွင် အစိမ်း ရောင်ဖြစ်ပေမဲ့ ရုတ်တရက် အနီရောင် ဒါမှမဟုတ် အဝါရောင် စုပေါင်း ပြောင်းသွ ားပြီး လင်းလိုက်မှိတ်လိုက်ဖြစ်နေရာ လူများကို ထိတ်လန့်သွားစေရန် လုံလောက် သည်။

ရမ်စကော့က အပြင်းထန်ဆုံး တုံ့ပြန်ခဲ့ သည်။ သူ ချက်ချင်း ထရပ်လိုက်ပြီး

" ဘာတွေ ဖြစ်နေတာလဲ " လို့ အော်မေးလိုက်သည်။

ဒီ ပရောဂျက်ရဲ့ သိပ္ပံပညာရှင်ချုပ် ဘိတ် အီဝမ် က ဝမ်းနည်းတဲ့မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“ အကြီးအကဲ ကျွန်တော်တို့ရဲ့ နံပါတ် ၁ လည်း ပြီးသွားပါပြီ... ဘာကြောင့်လဲ မသိဘူး သူက သေနေပြီ...”

"ဘာ .."

"ဘယ်လောက်ကြာသေးလို့လဲ "

နံပါတ် ၂ သေဆုံးပြီးနောက် လူတိုင်း မျှော်လင့်ထားတဲ့ နံပါတ် ၁ ကလည်း သေဆုံးသွားခဲ့သည်။ ရုတ်တရက်ဆိုသလို လူအများအပြား အံ့အားသင့်သွားကြသည်။

ဒါက ၁၀ ဘီလီယံကျော် ကုန်ကျပြီး ၅ နှစ်ကျော်ကြာတဲ့ ပရောဂျက်တစ်ခုပင်။ ထိပ်တန်းစီမံခန့်ခွဲသူနဲ့ ဘုတ်အဖွဲ့ကို သူ ဘယ်လိုရှင်းပြရမလဲ။ ရမ်စကော့ သေချင်စိတ်ပေါက်သွားသည်။

ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပြီး ထိန်းချုပ်ခန်းထဲမှ ပြင်းထန်တဲ့ ဥဩသံများကို လျစ်လျူရှုကာ သူ့ရုံးခန်းကို တွေဝေစွာ ရမ်စကော့ ပြန်သွားခဲ့သည်။

သူ ဖုန်းကို ဦးစွာကောက်ကိုင်ပြီး အခြေအနေ ကို သတင်းပို့ပြီးနောက် သူ့စားပွဲအံဆွဲကို ညင်သာစွာဆွဲဖွင့်ကာ ထိုအံဆွဲထဲမှ ပစ္စတိုတစ်လက်ကို ထုတ်ယူလိုက်သည်။

အန္တရာယ်ကင်းတဲ့ လုံခြုံရေးသော့ခတ်မှု့ကို ဖွင့်ကာ ကျည်ဆန်ကို သေနတ်ပြောင်းထဲ တွန်းသွင်းလိုက်သည်။ ရမ်စကော့ရဲ့ မျက်နှာဖြူဖျော့သွားပြီး သူ့ ဉီးခေါင်းကို သေနတ်ပြောင်းဖြင့် ချိန်ကာ ခလုတ်ကို ဆွဲလိုက်သည်။

" ဒိုင်းး "

သေနတ်သံနှင့်အတူ ရမ်စကော့ ရဲ့ဦးနှောက် က ဖရဲသီးပေါက်ကွဲသွားသလို ပေါက်ကွဲသွ ားပြီး အနီနဲ့ အဖြူရောင်များက စားပွဲတစ်ခု လုံးနဲ့ နံရံပေါ်ကို စင်သွားခဲ့သည်။

တစ်စုံတစ်ဦးက သေနတ်သံကိုကြားတဲ့အခါ သူတို့ရဲ့နှလုံးခုန်နှုန်း မြန်သွားပြီး ရမ်စကော့ ရဲ့ ရုံးခန်းရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

...........

Universal ကုမ္ပဏီတွင်…

ခြိမ်းခြောက်မူ့နှစ်ခုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့ သင်္ဘောများက ပစိဖိတ်သမုဒ္ဒရာတွင် လုံခြုံစွာ ရွက်လွှင့် နိုင်ခဲ့သည်။

စားပွဲပေါ်တွင် ကျိုးယန် ပို့ထားတဲ့ စာရွက် စာတမ်းတစ်ခုရှိနေပြီး ဒါက Universal ရဲ့ သင်္ဘောများအားလုံးရဲ့ စာရင်းဖြစ်သည်။

လျူယောင် သူဋေးကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ ထိုစာရွက် စာတမ်းကို လှန်ကြည့်လိုက်သည်။

သင်္ဘောတစ်စီးချင်းစီရဲ့ နံပါတ်၊ အမည်၊ တန်ချိန်နှင့် အခြေခံမိတ်ဆက်မှု့များမှာ ရှင်းလင်းပြတ်သားလှပြီး ဓာတ်ပုံများပင် ပါရှိသည်။

လျူယောင် ဒါတွေကို အပြီးကြည့်ရန် ဆယ်မိနစ်ကျော် အချိန်ပေးခဲ့သည်။ သူ အလွန်ကျေနပ်နေပြီး အောင်မြင်တဲ့ ခံစားချက်ကို ခံစားရသည်။

ယခုအချိန်အထိ Universal တွင် သင်္ဘော ၈၃ စီးရှိပြီး ၈၀ ရာခိုင်နှုန်းကျော်မှာ တန် ၁၀၀,၀၀၀ ဒါမှအဟုတ် ထို့ထက်ပိုကြီးတဲ့ သင်္ဘောကြီးများဖြစ်ပြီး စုစုပေါင်း သင်္ဘော ၂၁ စီးက တန် ၂၀၀,၀၀၀ ကျော်ရှိသည်။

တန် ၁၀၀,၀၀၀ အောက် သင်္ဘောမှာ ၁၂ စီးသာရှိပြီး တန် ၅၀,၀၀၀ အောက် သင်္ဘောက ၂ စီးသာရှိသည်။

စုစုပေါင်း တန်ချိန် ၁၀ သန်းကျော်ရှိတဲ့ သင်္ဘော ၈၃ စီးဖြင့် တန် ၁၀ သန်း ကလပ်သို့ တရားဝင် ဝင်ရောက်သွားခဲ့ပြီး လက်ရှိ စုစုပေါင်း တန်ချိန်အရ Universal က ကမ္ဘာပေါ်တွင် အဆင့် ၈ နေရာတွင် ရှိနေသည်။

လျူယောင် စာရွက်စာတမ်းကို ပိတ်လိုက် ပြီးနောက် စိတ်ထဲကနေ တွေးလိုက်သည်။

“အင်း ကမ္ဘာပေါ်မှာ နံပါတ် ၁ နေရာကို ယူနိုင်တဲ့အချိန်ကျရင် အရမ်းကောင်းမှာ ပဲ...”

" ဒေါက် ဒေါက် ဒေါက်... "

ထိုအချိန် တံခါး ခေါက်သံ ကြားပြီးနောက် ကျိုးယန်က ပျော်ရွှင်စွာ ဝင်လာကာ ဝမ်းသာအားရ ပြောလိုက်သည်။

“သူဋေး ဂုဏ်ယူပါတယ် ကျွန်တော်တို့ ရီရှန်း ဆီကနေ တန် ၁၆၀,၀၀၀ ရှိတဲ့ ရေနံတင်သ င်္ဘောကြီးတစ်စင်းကို ထပ်ဝယ်လိုက်ပါပြီ အဲဒါက စုစုပေါင်း ရေနံစိမ်း တစ်သန်းကျော် တင်ဆောင်နိုင်ပါတယ်”

“အိုး ကောင်းတာပေါ့ ငါတို့ရဲ့ကုမ္ပဏီက တန်ချိန် ၁၆၀,၀၀၀ ထပ်တိုးလာတာ ကမ္ဘာပေါ်မှာ နံပါတ် ၁ ဖြစ်လာဖို့ နောက်တ စ်ဆင့် တက်လှမ်းလိုက်တာပါပဲ...”

နှစ်ယောက်သား ထိုင်ပြီး ကုမ္ပဏီအကြောင်း ခဏတာ စကားပြောကြသည်။

ဒီရက်များအတွင်း ကျိုးယန်က ကုမ္ပဏီ ကိုယ်စား ရီရှန်းဆီမှ သင်္ဘောကြီး ၁၂ စီးကျော်ကို ဆက်တိုက်ဝယ်ယူခဲ့ ပြီး Universal ရဲ့ သင်္ဘောလုပ်ငန်းကို ပိုမိုတိုးချဲ့ခဲ့သည်။

သင်္ဘောကြီးတွေ ထပ်ဝယ်လိုက်တာကြောင့် နောင်တွင် သင်္ဘောသား အများအပြား လိုအပ်လာတော့မည်။

ကျိုးယန်က ရီရှန်းမှ သင်္ဘောသားအားလုံးကို လက်မခံဘဲ စိစစ် အကဲဖြတ်ပြီးနောက် အဲ့ထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ ရွေးချယ် ခဲ့သည်။

“သူဋေး ကျွန်တော်တို့မှာ အင်ဂျင်နီယာချုပ်၊ သင်္ဘောအုပ်၊ လျှပ်စစ်ပညာရှင်၊ တတိယအ ရာရှိ၊ တတိယအင်ဂျင်နီယာတို့လို အတွေ့ အကြုံရှိတဲ့ လူ တွေ လိုအပ်နေပါ သေးတ ယ်...”

​လျူယောင် လက်ဝှေ့ယမ်းပြပြီး ပြန်ဖြေလိုက်သည်။

“ခေါ်ယူဖို့ မင်း ကြေညာလိုက်ပါ ...ငါတို့ ကုမ္ပဏီက လုပ်ခကောင်းကောင်း ပေးမယ်ဆိုပြီး ဒါဆို လိုအပ်တဲ့လူတွေကို ခေါ်ယူနိုင်လိမ့်မယ်...”

ကျိုးယန် သဘောတူကာ ခေါင်းညိတ် လိုက်သည်။

“ကျွန်တော်လည်း ဒီလိုပဲ တွေးနေတာပါ ဝန်ထမ်းတွေကို ကမ္ဘာတစ်ဝန်းကနေ ခေါ်ယူဖို့ စီစဉ်ထားပါတယ်...”

" ကမ္ဘာတစ်ဝန်း ကနေလား.. "

လျူယောင် အနည်းငယ် အံ့အားသင့် သွားပြီးနောက် ပြုံးလိုက်သည်။

လက်ရှိ Universal ရဲ့ အတိုင်းအတာနှင့် ဆိုရင် ကမ္ဘာတစ်ဝန်းမှ လူများကို ခေါ်ယူနိုင်တာက အမှန်ပင်ဖြစ်သည်။

" အင်း နိုင်ငံခြားသားအချို့ကို ခေါ်ယူတာ အဆင်ပြေပါတယ် ... နိုင်ငံခြားသားတွေကို ငါတို့အတွက် အလုပ်လုပ်စေတာလည်း မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး...”

လျူယောင် စိတ်ထဲကနေ ကျေနပ်ကာ တွေးလိုက်မိသည်။

All Chapters