မီတာ တစ်ရာ ရှည်တဲ့ မိကျောင်း ကြီးနဲ့ တိုက်ပြီ
Vol. 19 Ch. 272
“သခင် ကျွန်တော် အခုလေးတင် ၇၀ မီတာ ရှည်တဲ့ မိကျောင်းကြီးကို သတ်လိုက်ပြီ....”
လိပ်ကြီးရဲ့ မက်ဆေ့ချ်ကို လက်ခံရရှိတာနဲ့ လျူယောင် တတိယအမြင်ကို အမြန်ဖွင့် ကြည့် လိုက်ရာ ဆယ်မီတာ ရေအောက် မှာရှိတဲ့ လိပ်ကြီးကို သူ ချက်ချင်း မြင်လိုက် ရသည်။ ထို့အတူ မီတာနှစ်ရာသုံးရာ အကွာ မှာ နစ်မြုပ်နေတဲ့ မိကျောင်း အသေကြီး ကိုပါ မြင်လိုက်ရသည်။
ထိုမိကျောင်းကြီးရဲ့ ခန္ဓာကိုယ်တွင် ကြောက် မက်ဖွယ်ကောင်းတဲ့ အပေါက်ကြီး တစ်ခုရှိ ပြီး သွေးထွက် သံယိုဖြစ်နေကာ ကြည့်လို့မ ကောင်းခဲ့ပေ။
ပတ်ဝန်းကျင်က ပင်လယ်ရေများမှာလည်း အနီရောင်ဖျော့ဖျော့ကို ပြောင်းနေသည်။
မိကျောင်းသေကြီးက အပေါ်ကို မျက်နှာ မူထားပြီး ဆက်လက် နစ်မြုပ်နေဆဲပင်။ သုံးလေးကီလို မီတာ ပင်လယ် ကြမ်းပြင် အနက်ကို နစ်မြုပ်သွားမယ်လို့ ခန့်မှန်းရပြီး ငါးဗိုက်ထဲတွင် အဆုံးသတ် သွားဖွယ်ရှိ သည်။
“တော်လိုက်တာကွာ ဒီမိကျောင်းကြီးကို မင်းဘယ်လိုသတ်လိုက်လဲဆိုတာ ပြောပြပါအုံး...”
လိပ်ကြီးက အခြေအနေကို အကျဉ်းချုပ်ရှ င်းပြလိုက်ပြီး လျူယောင်လည်း အရသာ ခံကာ နားထောင်နေသည်။
" နောက်ဆုံးတော့ ကျနော့ရဲ့ ဧရာမ လှံက မိကျောင်းကြီးရဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ဝင်သွားတာပဲ..."
ချက်ချင်းဆိုသလို လျူယောင် အကြောင်း ရင်းကို သိသွားသည်။ လိပ်ကြီးရဲ့ ကိုယ်အ လေးချိန်က တန် ၅၀၀ ကျော်ရှိသည်။
သူ့ခွန်အားဂုဏ်သတ္တိမှာ ပွိုင့် ၃၀,၀၀၀ ကျော် ရှိပြီး လက်နက်က ၂၄၀ တန် အလေးချိန် ရှိသည်။ ထိုမိကျောင်းကြီးကို သူ မထိုးဖော က်နိုင်ရင် ဒါက အဓိပ္ပါယ်မရှိတော့ပေ။
ပျော်နေရင်းနဲ့ လျူယောင် အခြား မိကျောင်း ကြီးကိုလည်း မမေ့ပဲ သတိပေးလိုက်သည်။
“လိပ်ကြီး မိကျောင်းက ၂ ကောင် ရှိတယ် ...တစ်ကောင်က အကြီး.. .နောက်တစ် ကောင်က အသေး... ကျန်တဲ့ တစ်ကောင်က အနီးအနားမှာ ရှိနိုင်လောက် တယ်...မင်း ရှာကြည့်ပါအုံး..."
“သခင် ပြောတာက ကျွန်တော် ပြောချင် တာနဲ့ အတူတူပဲ ကျွန်တော်လည်း အဲဒီ မီတာ ၁၀၀ ရှည်တဲ့ မိကျောင်းကြီးကို ရှာချင်နေတာ....”
လိပ်ကြီး ချက်ခြင်း ပြန်ဖြေလိုက်သည်။
လိပ်ကြီး အရင်တစ်ခေါက်က ၁၀၀ မီတာ မိကျောင်းကြီးနှင့် ရင်ဆိုင်ခဲ့ ရသည်။ အဲ့တုန်းက မီတာ ၁၀၀ ရှည်တဲ့ မိကျောင်း ကြီးကို လိပ်ကြီး မသတ်နိုင်ခဲ့တာကြောင့် သူ့ရင်ထဲတွင် အားအင့်အပြည့်နဲ့ တေးမှတ် ထားခဲ့သည်။
ယခု လိပ်ကြီးရဲ့ ခွန်အားမှာ များစွာ တိုး တက်လာတာကြောင့် မီတာ 100 မိကျောင်း ကြီးကို ယှဥ်တိုက်လို့ရနေ ပြီလေ။
ဒါကြောင့် လိပ်ကြီးက မီတာ 100 ရှည်တဲ့ မိကျောင်း ကြီးကို ရှာဖွေတော့သည်။
" ဆုတောင်း "သင်္ဘောပေါ်မှာတော့ ကပ္ပတိန် စွန်းကျိုးက စိတ်မသက်မ သာဖြစ်နေပြီး မိကျောင်းကြီး ထပ်ပေါ်လာမှာကို စိုးရိမ် နေသည်။
“ကပ္ပတိန် ကျွန်တော်တို့က တစ်နာရီ ကျော်ကြာ အရှိန်အပြည့်နဲ့ ခုတ်မောင်း နေတာ..အဲဒီမိကျောင်းကြီးကို ရှောင်ပြီးပြီ ထင်ပါတယ်...ဒီလောက်မြန်တဲ့အရှိန်နဲ့ ခုတ်မောင်းဖို့ မလိုအပ်တော့ပါဘူး”
အမူ့ထမ်း တစ်ယောက်က သတိပေး လိုက် သည်။
“ဟုတ်ပါတယ် အချိန်အပြည့်နဲ့ ခုတ်မောင်း နေတာက ဆီအများကြီး ကုန်တာတင်မကဘဲ ကျွန်တော်တို့ရဲ့ ပါဝါစနစ်ကိုပါ ဝန်ပိစေပါ တယ်...”
စီးပွားရေးအရ ပုံမှန် အမြန်နှုန်းမှာ အသင့် တော်ဆုံးဖြစ်သည်။ အရှိန်အပြည့်ဖြင့် ခုတ်မောင်းပါက ပါဝါစနစ်တစ်ခုလုံးမှာ အမြင့်ဆုံးဝန်အားနီးပါးတွင် ရှိနေပြီး အချိန် အကြာကြီးကြာပြီးနောက် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ် မလာနိုင်ဘူးလို့ အာမခံရန် ခက်ခဲသည်။
စန်းကျိုးလည်း ထိုအကြောင်းကို သိနေပုံ ပေါ်သည်။ သူက ခေါင်းကို ညင်သာစွာ ညိတ်ပြပြီး အမိန့်ပေးလိုက်သည်။
“ဒါဆိုရင် အရှိန်လျှော့ပြီး ပုံမှန် အမြန်နှုန်းကို ပြန်သွားကြစို့....”
“ကျန်း ... မင်း ပင်လယ်ရေပြင်ကို သေချာ ကြည့်ထားပါ ...အဲဒီမိကျောင်းကြီး ထပ်မပေါ်လာတော့ဘူးလို့ မျှော်လင့်တယ်...”
ကျန်းပေါ်တောင်းက မှန်ပြောင်းကိုယူပြီး စိတ်အေးလက်အေး မျက်နှာဖြင့် ပြန်ဖြေ လိုက်သည်။
“ကျွန်တော်တို့က ဒီလောက်ကံမဆိုးပါဘူး .. အဲဒီ့ကြောက်စရာကောင်းတဲ့ မိကျောင်း ကြီးကို အဝေးကြီး မှာ ချန်ထားခဲ့လောက် ပါပြီဗျာ..”
သူက မှန်ပြောင်းကိုကိုင်ပြီး ပင်လယ် ရေပြင် ပေါ်ရှိ အခြေအနေကို ကြည့်လိုက်သည်။
ကပ္ပတိန်စွန်းကျိုးက နောက်ဆုံးတော့ အနား ယူခွင့်ရခဲ့ပြီး ရေနွေးနဲ့ လက်ဖက် ရည် တစ်ခွက် ဖျော်ပြီး ထိုင်လိုက်ကာ ဖြည်းဖြည်း ချင်း သောက်နေလေသည်။
သုံးငါးမိနစ်ခန့်ကြာပြီးနောက် သူ လက်ဖက် ရည်ခွက်မှ နှစ်ငုံမျှ သောက်ဖို့ အချိန်မရ သေးခင်တွင် ကျန်းပေါ်တောင်းက ရုတ်တ ရက် အော်လိုက်သည် ။
“ဘုရားရေ နောက်ထပ် မိကျောင်း ကြီး တစ်ကောင်ပဲ ပြီးခဲ့တဲ့တစ်ကောင်ထက် အများကြီး ပိုကြီးတယ်...ကပ္ပတိန် လာကြည့်ပါအုံး...”
စွန်းကျိုးက သူ့ လက်ဖက်ရည်ခွက်ကို အမြန်ချထားပြီး ခြေလှမ်းအနည်းငယ်ဖြင့် ပြေးသွားကာ မှန်ပြောင်းကိုယူပြီး ကျန်းပေ ါ်တောင်း ညွှန်ပြတဲ့ဘက်ကို ကြည့်လိုက် သည်။
ဆုတောင်းသင်္ဘောရဲ့ ဘေးမှ သုံးလေး ရာမီတာခန့်တွင် မီတာ100 ရှည်ပြီး တန် ၁,၀၀၀ ကျော်လေးနိုင်တဲ့ ကြောက်မက်ဖွယ် မိကျောင်းကြီးတစ်ကောင်က ဖြည်းဖြည်း ချင်း ရေကူးနေသည်။
ကပ္ပတိန်စွန်းကျိုးရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
ဒါက အလွန်ကြီးမားတဲ့ မိကျောင်း ဖြစ် ကြောင်း သူ လုံးဝ သံသယ ရှိစရာ မလိုပေ။ ထိုသတ္တဝါသာ သင်္ဘောကို တိုက်ခိုက်ပါက ချက်ချင်း အပေါက်ကြီးတစ်ပေါက် ဖြစ်သွား စေနိုင်လိမ့်မည်။
“ဘုရားရေ..."
“ဒီလောက်ကြီးတဲ့ မိကျောင်းမျိုးကို ငါ့ တစ်သက် တစ်ခါမှ မမြင်ဖူးဘူး... "
သူ့ဘေးနားမှ ပထမအင်ဂျင်နီယာ၊ ဒုတိယအင်ဂျင်နီယာ၊ ဒုတိယအရာရှိ၊ သင်္ဘောအုပ် တို့ကလည်း မှန်မှတစ်ဆင့် အပြင်ဘက် ပင်လယ်ရေပြင်ပေါ်က မိကျောင်းကြီးကိုသာ ကြည့်နေကြသည်။
လူတိုင်း ကြောက်ရွံ့ကြပြီး အချို့ သတ္တိ နည်းသူများက မျက်နှာဖြူ ဖွေးသွားကြ သည်။
" ဘုရားရေ ဒီကောင်ကြီးက အရမ်းကြီး လွန်းတယ်...."
သင်္ဘောတစ်စီးလုံး တိတ်ဆိတ်နေသည်။
လူတိုင်းက မိကျောင်းကြီး သတိပြုမိသွားပြီး သူတို့ သင်္ဘောကို လာ တိုက်ခိုက်မှာ စိုးရိမ် နေကြသည်။
ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေ ပုံရ သည်။
ပင်လယ်ရေပြင်ပေါ်မှ မိကျောင်းကြီးက သင်္ဘော နဲ့ သိပ်မဝေးပေ။သို့သော်လည်း မိကျောင်းကြီးကမျက်စိမှိတ်ပြီး သုံးလေးရ ာမီတာအကွာမှ ဆုတောင်းသင်္ဘောကို ဖြတ်ကျော်သွားသည်။
တဖြည်းဖြည်းနဲ့ မိကျောင်းကြီး ပျောက် ကွယ်သွားပြီး သင်္ဘောပေါ်က လူများ လည်းစိတ်သက်သာရာရသွားကြသည်။
“အရမ်းကြောက်ဖို့ ကောင်းတာပဲ... ဒီလောက်ကြီးတဲ့ မိကျောင်းကြီးက ထိလို က်တာနဲ့ ငါတိုသင်္ဘော ပျက်စီးသွားနို င်တယ်”
“မြန်မြန် မြန်မြန် ငါတို့.. အရှိန်အပြည့်နဲ့ မောင်းရမယ် တကယ်လို့ ထပ်ဖမ်းမိရင် ခက်ခဲ ကုန်လိမ့်မယ်...”
ဆုတောင်းသင်္ဘောက ပုံမှန် အမြန်နှုန်း ကနေ မကြာမီတွင် အရှိန်ထပ် တင်လိုက်သ ည်။ကပ္ပတိန် စွန်းကျိုးက ဒီနေရာမှ အမြန် ဆုံးနှင့် အဝေးဆုံးသို့ ရောက်ရန်သာ မျှော်လင့်ခဲ့သည်။
.....
လိပ်ကြီးက မီတာ 100 ရှည်တဲ့ မိကျောင်း ကြီးကို ချက်ချင်းမတွေ့သေးဘဲ ရှာဖွေ နေခဲ့သည်။
မကြာမီတွင် လျူယောင်ထံမှ မက်ဆေ့ချ် တစ်ခုကို လိပ်ကြီး လက်ခံရရှိခဲ့သည်။
“လိပ်ကြီး လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က အဲဒီ မီတာ ၁၀၀ ရှည်တဲ့ မိကျောင်းကြီးက ငါတို့ရဲ့ 'ဆုတောင်း' သံသတ္တု သယ် ယူပို့ဆောင်ရေးကုန်တင်သင်္ဘောကြီးရဲ့ ဘေးကို ဖြတ်သွားခဲ့တယ်...”
" အိုကေဘာသခင် ကျနော် ချက်ခြင်းသွား ကြည့်လိုက်မယ်..."
လိပ်ကြီး ဝမ်းသာအားရဖြင့် ဧရာမလှံကို ဆုပ်ကိုင်ကာ ဆုတောင်းသင်္ဘောဆီသို့ လှည့်ပြီး ကူးခတ် လာခဲ့သည်။
ခဏအကြာတွင် လိပ်ကြီးက ဆုတောင်း သင်္ဘောကို မြင်လိုက်ရပြီး ထို့နောက်တွင် ၁၀၀ မီတာ ရှည်တဲ့ မိကျောင်းကြီးကို ရှာဖွေတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် မီတာ 100 ရှည်တဲ့ မိကျောင်းကြီးကို လိပ်ကြီး တွေ့လို က်ရသည်။ဒီကောင်က ခရီးသွားနေပုံရပြီး ဆုတောင်းသင်္ဘောနဲ့ ပိုဝေးတဲ့နေရာမှာ ရောက်နေသည်။ လိပ်ကြီးက တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ခြင်း လိုက်ပါသွားသည်။
လျင်မြန်စွာရွေ့လျားနေတဲ့ ဒီ မီတာ 100 ရှည်တဲ့ မိကျောင်းကြီး ရှာဖွေတွေ့ရှိမှာကို လိပ်ကြီး မကြောက်ပေ။ အခုလေးတင် မီတာ ၇၀ ရှည်တဲ့ မိကျောင်းကြီးကို သန့်ရှင်းသပ်ရပ်စွာ တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်လေ။
မီတာ 100 ရှည်တဲ့ မိကျောင်းကြီးနှင့် ရင်ဆိုင်ရာတွင် လိပ်ကြီး ယုံကြည်မှု့ အပြည့်ရှိနေသည်။
လိပ်ကြီး ရဲ့ အရှိန်က မီတာ ၁၀၀ မိကျေ ာင်းကြီးထက် များစွာပိုမြန်ပြီး သူ့ကို အလျင်အမြန်ပင် မှီသွားခဲ့သည်။လိပ်ကြီးက ဒီတစ်ခေါက် မျက်နှာ ချင်းဆိုင် တိုက်ခိုက် ချင်ပြီး သူ က ခိုးကြောင် ခိုးဝှက် တိုက်ခို က်ရန် မရည်ရွယ်ထားခဲ့ပေ။
သူက ရပ်တန့်ပြီး မိကျောင်းကြီး လာတာကို စောင့်နေသည်။
အကွာအဝေးက တဖြည်းဖြည်း ပိုပြီး နီးကပ်လာသည်။
မိကျောင်းကြီးက နောက်ဆုံးတွင် လိပ်ကြီး ကို ရှင်းလင်းစွာ မြင်လိုက်ရပြီး မှတ်မိ နေပုံရသည်။ ဒါပေမဲ့ သူ့ရဲ့ ဦးနှောက်စွမ် းရည်က အကန့်အသတ်ရှိနေတာကြောင့် ချက်ချင်းမလှည့်နိုင်သေးပေ။
" ငါ...ဒီကောင့် ကို အရင်တ စ်ကြိမ်တွေ့တုန် းက ဒီလောက် မကြီးဘူးလေ ဒါပေမယ့် ခုကျ ဘာလို ဒီလောက်ကြီးမားလာရတာလဲ "
မိကျောင်းကြီးက စိတ်ရူပ်ထွေး နေပုံရသည်။
လိပ်ကြီး က မိကျောင်းကြီး သူလှည့်နိုင် သည်ဖြစ်စေ မလှည့်နိုင်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူက မရပ်တန့်ဘဲ ၁၀၀ မီတာ မိကျောင်းကြီးဆီကို တိုက်ရိုက် ကူးခတ် သွားသည်။
လိပ်ကြီးက တိုက်ရိုက် ရေကူးလာတာကို မြင်တဲ့ အခါ မီတာ ၁၀၀ ရှည်တဲ့ မိကျော င်း ကြီး ဒေါသထွက်သွားပြီး လိပ်ကြီးဆီကို အပြေးအလွှား သွားလေသည်။
လိပ်ကြီးကလည်း ယဉ်ကျေးစွာ မဆက်ဆံ ခဲ့ပေ။မိကျောင်းကြီးနဲ့ ထိပ်တိုက် တွေ့ဆုံရ ာတွင် ဧရာမလှံကိုကိုင်၍ လှံထိပ်ဖျားဖြင့် မိကျောင်းကြီးရဲ့ ဧရာမခေါင်းထိပ်ကို ချိန်ထားကာ တဟုန်ထိုးပြေးခြင်းစွမ်းရည် ကို စတင် အသုံးပြု လိုက်တော့သည်။