← Chapters

လျူမိန်ရှု

Vol. 12 Ch. 158

လျူမိန်ရှု

Vol. 12 Ch. 158

အခန်း (၁၅၈) : လျူမိန်ရှု

ဝမ်ဝေ့က ခွန်အားအကုန်သုံးကာ ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားသည်။ သူ၏ လျင်မြန်သွက်လက်သော လှုပ်ရှားမှုကြောင့် အသံ၏ အလျင်နှင့် တူညီတော့မလိုအထိ ဖြစ်သွားခဲ့သည်။ မိနစ်အနည်းငယ် အကြာတွင် သိပ်မဝေးသည့်နေရာ၌ တောအုပ်တစ်ခုကို လှမ်းမြင်လိုက်သည့်အတွက် တွေဝေခြင်းမရှိဘဲ အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ထိုနေရာတွင် သူ့စားကျက်ကဲ့သို့ သဘောထားကာ ပျော်ရွှင်စွာ ရေကူးနေသည့် ခရမ်းရောင် ချီကံကောင်းမှုနဂါးကို တွေ့လိုက်ရသည်။

“ မိပြီ” ဝမ်ဝေ့က ရေရွတ်ပြီးနောက် ထို ကံကောင်းမှုနဂါး ပိုင်ဆိုင်သော လူဆီသို့ အမြန်သွားလိုက်သည်။

သို့သော် လမ်းတစ်ဝက်၌ ပျံသန်းနိုင်သော နတ်ဆိုးသားရဲများ၏ ဝင်ရောက်နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။

လက်သီးချက်အနည်းငယ်ဖြင့် ထိုနတ်ဆိုးသားရဲများက သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားကာ မြေပြင်ပေါ်သို့ တစ်စစီပြုတ်ကျသွားသည်။ သို့သော် အရေအတွက်က အရမ်းများနေသည်။ သူ ဘယ်လောက်ပဲ သတ်နေပါစေ သူ့ဆီ ဆက်ပြီး လာနေဆဲ ဖြစ်၏။

ဒီထက်ပိုဆိုးသည်က ဝမ်ဝေ့ လိုက်ဖမ်းနေသောသူက ရုတ်တရက် စတင်ထွက်ပြေးနေသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူလည်း မြေပြင်ပေါ်သို့ ဆင်းသက်ကာ ထိုလူ၏ နောက်သို့ အမြန်ပြေးလိုက်သွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် တိမ်တိုက်များ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝုန်း…

ဝမ်ဝေ့က အသံ၏ အလျင်စံချိန်ကို ချိုးသွားကာ တစ်စက္ကန့်ကို ၃၄၃ မီတာနှုန်းဖြင့် သွားနေသည်။

နက်နဲသော အလျင်ရှိနေသော်လည်း နတ်ဆိုးသားရဲများက သူ့ဆီကို ထပ်ပြီး ဦးတည်လာနေသည်။ သို့သော် ဝမ်ဝေ့က သူတို့ကို ဂရုမစိုက်သလို သူတို့နှင့် တိုက်ခိုက်ရန်အတွက် ရပ်တန့်ခြင်းလည်း မရှိပေ။ သူ၏ စွမ်းအားကြီးခန္ဓာဖြင့်သာ ထိုနတ်ဆိုးသားရဲများကို ဝင်တိုက်သွားသည်။

ထိုသားရဲများက သူ့အရေပြားဘေးတွင် ပတ်လည်ဝန်းရံနေသော ပင်ကိုယ်အငွေ့အသက်အလွှာဖြင့် ထိရိုက်မိပြီး ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားသည်။ ဝမ်ဝေ့ကတော့ သူတို့ကို လုံးဝ လှည့်မကြည့်ဘဲ ရှေ့ဆက်သွားသည်။ ထို့ကြောင့် သူ သွားသည့် လမ်းတစ်လျှောက်တွင် သတ်ဖြတ်ပွဲတစ်ခုကို ချန်ထားခဲ့သလို ဖြစ်နေသည်။

စက္ကန့်အနည်းငယ်အကြာတွင် ခေါင်းဆောင်းထားသည့် လူတစ်ယောက်က သူ့ကို စောင့်နေသည်ကို ဝမ်ဝေ့ မြင်လိုက်ရသည်။ ထိုလူက ဝမ်ဝေ့ဆီမှ လွတ်အောင် ထွက်မပြေးနိုင်သည့်အတွက် ရပ်တန့်လိုက်ပုံပေါ်သည်။

မွေးမြူရေးတောင်ကြားမှ ကောင်းကင်ရွေးချယ်ခံနှင့် မီတာအနည်းငယ်ဝေးသောနေရာတွင် မတ်တပ်ရပ်ပြီး ဝမ်ဝေ့ ပြောလိုက်သည်

“ ဒါဆို မင်းက အဲလိုမျိုး ဆိုးရွားတဲ့အရာကိုကျ လုပ်ပြီးတော့ မျက်နှာကျ မပြရဲဘူးပေါ့”

“ အမွေခံသားတော် ဝမ်ဝေ့… ရှင် ဒေါသထွက်ရတာက ရှင့်လူတွေ နာကျင်နေလို့လား ဒါမှမဟုတ် ရှင့်ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတာတောင် နာကျင်နေရလို့လား” လှပပြီး သာယာငြိမ့်ညောင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက် မျက်နှာဖုံးကို ဖယ်လိုက်သည့်အခါ လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ ထိုအမျိုးသမီးက ရိုင်းစိုင်းမောက်မာသည့် သဘောထားမျိုး ရှိသော်လည်း သူမ၏ ဘဝတွင် တစ်ရက်မှ အလုပ်မလုပ်ဖူးသော မဟာဆန်သည့် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားသည်။ သူမ၏ ရိုင်းစိုင်းမောက်မာသော သဘောထားနှင့် တော်ဝင်ဆန်သော ဝတ်စုံက ပြီးပြည့်စုံစွာ ရောယှက်ရင်း သူမကို ဩဇာအာဏာကြီးမားစေသည်။

နောက်ထပ် ထင်သာမြင်သာ ရှိသည့်အရာက သူမ၏ မျက်လုံးများပင် ဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင် မရေတွက်နိုင်သော သားရဲများ အတူတကွ ဟိန်းဟောက်နေသည်ကို ဝမ်ဝေ့ မြင်တွေ့လိုက်ရသည်။ ဒဏ္ဍာရီလာ သားရဲများဖြစ်သည့် နဂါး၊ ဇာမဏီနှင့် ပိရှူးတို့ပင် ပါဝင်နေသည်။ ထို့နောက် သားရဲများအားလုံး တစ်သားတည်းဖြစ်သွားပုံပေါ်သည်။

“ ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီးတော့ မြန်မြန်ရှာတွေ့လဲဆိုတာ သိချင်မိသား” သူမက မေးမြန်းလိုက်သည်။

“ အဲဒါက ကွင်းပြင်ထဲမှာ ပိတ်မိနေတဲ့ သားရဲကြောင့်ပဲ။ အစတုန်းကတော့ သူတို့က စိတ်လွတ်ပြီး ဘာရည်ရွယ်မှမရှိဘဲ လျှောက်သွားနေကြပေမဲ့ ရုတ်တရက်ကြီး သူတို့ကို လှောင်ပိတ်ထားတဲ့ တံတိုင်းကို ဖြိုချဖို့အတွက် ပူးပေါင်းလုပ်ဆောင်နေကြတယ်လေ”

“ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူတို့ကို ထိန်းချုပ်နေပြီဆိုတာကို သိလိုက်ရတယ်လေ။ ဒီလိုမျိုး အသေးစိတ် ထိန်းချုပ်ဖို့ဆိုရင် မင်းက အရမ်းဝေးတဲ့နေရာမှာ ရှိမနေနိုင်တာကို သိလို့ ငါ့ရဲ့ အရိပ်အစောင့်အရှောက်တွေကို သံသယရှိစရာ ရှိလားဆိုတာ ရှာခိုင်းလိုက်တာလေ”

“ အော် အဲလို ဖြစ်သွားတာပေါ့လေ။ ရှင့်ရဲ့ မဟာရှားတိုင်းပြည်က အခုလက်ရှိ စွမ်းအားအကြီးဆုံးတိုင်းပြည်ဖြစ်နေတော့ ကျွန်မရဲ့ ကလေးလေးတွေကို ဖျက်ဆီးခိုင်းလိုက်တာ။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်ရပ်က အနည်းငယ်လောသွားတဲ့ပုံပဲ”

ဝမ်ဝေ့က ဘာမှထပ်မပြောတော့ပေ။ သူမကို ပထမဆုံးမေးခွန်းတုန်းက ပြန်ဖြေခဲ့ခြင်းအကြောင်းကပင် သူမကို လေ့လာဖို့အတွက်ဖြစ်ပြီး သူ ရုတ်တရက် ထပြောလိုက်သည်

“အသင်္ချေသားရဲ ရုပ်ခန္ဓာလား”

“ မှန်တယ်”

“ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ဒီလောက်သားရဲတွေအများကြီး ထိန်းချုပ်နိုင်တာကို မအံ့ဩတော့ပါဘူး” ဝမ်ဝေ့က ရုတ်တရက် သတိထားမှုနှင့်အတူ ပြန်ဖြေလိုက်သည်။ ထိုသူက ဘယ်လိုလုပ်ပြီးတော့ အင်မတန်များပြားသည့် နတ်ဆိုးသားရဲများအား ထိန်းချုပ်နိုင်လဲဆိုတာကို အမြဲတမ်း သိချင်နေခဲ့သည်။

သူမ၏ အကြံအစည်များ လုပ်ဆောင်နိုင်ရန်အတွက် သားရဲများအားလုံးကို ထိန်းချုပ်ရန် မလိုလျှင်ပင် နတ်ဆိုးသားရဲများအားလုံးကို တစ်နည်းနည်းဖြင့် လွှမ်းမိုးနိုင်သည့် စွမ်းရည်လိုအပ်ပြီး ကိစ္စများအား လုပ်ဆောင်ရန် ယေဘုယျဦးတည်ချက်ကို ပေးအပ်ဖို့ လိုအပ်သည်။

ထို့အပြင် မွေးမြူရေးတောင်ကြားရှိ ကျင့်ကြံဆင့် မြင့်မားသောသူ တစ်ဦးတည်းကသာလျှင် ကမ္ဘာတစ်ခုလုံး၏ နတ်ဆိုးသားရဲများအားလုံးကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။

ယခု သူ အကြောင်းအရင်းကို နားလည်သွားပြီဖြစ်သည်။ ဤကောင်းကင်ရွေးချယ်ခံက အဆင့် ၃၀ ကောင်းကင်ခန္ဓာဖြစ်သည့် အသင်္ချေသားရဲ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ထိုရုပ်ခန္ဓာက အင်မတန် ထူးခြားလှသည်။

ထိုရုပ်ခန္ဓာက ပိုင်ရှင်အား နတ်ဆိုးသားရဲများနှင့် ဝိညာဉ်မှတဆင့် ဆက်သွယ်ထိန်းချုပ်လို့ ရစေသည်။ နတ်ဆိုးသားရဲများနှင့် ပတ်သက်လျှင် ကြီးမားသော အကျိုးအမြတ်ကို ရရှိစေသည့်အတွက် သေမျိုးသားရဲများ၏ တိုက်ခိုက်ခြင်းကိုပင် တားဆီးပေးနိုင်သည်။

ဒီထက်ပိုပြီးအရေးကြီးသည်က ထိုရုပ်ခန္ဓာမှ ပိုင်ရှင်အား အဆင့်နိမ့်နတ်ဆိုးသားရဲများ၏ မျိုးရိုးကို နတ်ဆိုးမျိုးနွယ်ဟုခေါ်ဆိုနိုင်လို့ ရလောက်သည်အထိ မြှင့်တင်ခွင့် ပေးသည်။

ထို့ကြောင့် ထိုရုပ်ခန္ဓာ၏ နောက်ထပ်နာမည်တစ်ခုက နတ်ဆိုးများ၏ အရှင်သခင် ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်က ထိုနာမည်ကို ရွံရှာမုန်းတီးပြီး ရှေးခေတ်အခါကတည်းက ထိုရုပ်ခန္ဓာရှိသူများကို အမဲလိုက်ခဲ့သည်။ အသင်္ချေသားရဲ ရုပ်ခန္ဓာသာ စွမ်းအားကြီး ဧကရာဇ်မျိုးရိုးထဲသို့ မဝင်ရောက်နိုင်ပါက သူတို့၏ ကံကြမ္မာက အမြဲတမ်း နတ်ဆိုးမျိုးနွယ်၏ လက်ထဲတွင် သေဆုံးခြင်း ဖြစ်သည်။

ထိုရုပ်ခန္ဓာ ထူးခြားရခြင်းအကြောင်းက ထိုစွမ်းရည်များကြောင့် မဟုတ်ပေ။ အကြောင်းအရင်း အစစ်အမှန်က ရုပ်ခန္ဓာ၏ ပိုင်ရှင်အား နတ်ဆိုးသားရဲ သို့မဟုတ် နတ်ဆိုးမျိုးနွယ်တိုင်းဆီမှ သွေးအဆီအနှစ်ကို စုပ်ယူကာ သူတို့၏ သွေးမျိုးဆက်အရည်အချင်းများ ရရှိရုံသာမက စွမ်းအားကြီးကြံ့ခိုင်ခန္ဓာကိုလည်း ကျင့်ကြံနိုင်သည်။

ထို့ကြောင့် အသင်္ချေသားရဲ ရုပ်ခန္ဓာရှိသူများကလည်း နတ်ဆိုးမျိုးနွယ်၏ တော်ဝင်မျိုးရိုးပါရှိသော ကောင်းကင်ရွေးချယ်ခံများကို အမဲလိုက်ပြီး သူတို့၏ သွေးအရင်းအမြစ်ကို စုပ်ယူကာ သူတို့၏ အရည်အချင်းများကို ခိုးယူလေ့ ရှိကြသည်။

ထို့ကြောင့် အသင်္ချေသားရဲ ရုပ်ခန္ဓာပိုင်ရှင်များနှင့် နတ်ဆိုးမျိုးနွယ်တို့ကြားတွင် ရှည်လျားသော ပဋိပက္ခ ဖြစ်နေခဲ့သည်။

ထိုရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်က လျှို့ဝှက်နယ်ပယ်ထဲရှိ ဇာမဏီသွေးအဆီအနှစ် အနည်းငယ်ကို ရရှိခဲ့သည်။ မွေးရာပါ သက်ရှိပုံစံများဖြစ်သည့် နဂါးနှင့် ဇာမဏီက အသင်္ချေအင်ပါယာကမ္ဘာတွင် ဘယ်တုန်းကမှ ထွက်ပေါ်လာခြင်း မရှိခဲ့သည့်အတွက် ရှားပါးသည့်အရာ ဖြစ်သည်။

မှတ်တမ်းများနှင့် ကျန်ရှိနေသော လျှို့ဝှက်နယ်ပယ်အဆင့် အနည်းငယ်မှ ထိုစွမ်းအားကြီးနတ်ဆိုးမျိုးနွယ်များက ဗလာခေတ်မတိုင်ခင်မှာသာ တည်ရှိခဲ့ပြီး မျက်မှောက်ကာလတွင် မရှင်သန်နိုင်ခဲ့ဟု ကျင့်ကြံသူများ သိရှိခဲ့ရသည်။

အသင်္ချေသားရဲ ရုပ်ခန္ဓာနှင့် ပတ်သက်ပြီး သူ သိထားသော အကြောင်းများကို ပြန်လည်စဉ်းစားပြီးနောက် ဝမ်ဝေ့ အသိစိတ်ပြန်ဝင်လာကာ လက်ရှိအခြေအနေကို ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။

“ ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ပေးပါရစေ” မွေးမြူရေးတောင်ကြား၏ ကောင်းကင်ရွေးချယ်ခံက ရုတ်တရက် ထပြောလိုက်သည်။

“ ကျွန်မရဲ့ နာမည်က လျူမိန်ရှုပါ။ မွေးမြူရေးတောင်ကြားမှာ မျိုးဆက်ရဲ့ သားရဲသခင်မလေးပါ”

“ ပုံမှန်အတိုင်းသာဆိုရင်တော့ ဘယ်လိုလှပတဲ့အမျိုးသမီးကိုမဆို တွေ့ရတာ ဝမ်းသာမိမှာပါ။ဒါပေမဲ့ ဒီလိုအခြေအနေမှာ ငါက မင်း ဘယ်သူဆိုတာ ဂရုစိုက်နေမယ် ထင်လား”

“ ဟားဟား… ရှင့်အကြောင်းက တကယ်မှန်တာပဲ” လျူမိန်ရှုက လက်ယမ်းပြရင်း ပြန်ဖြေလိုက်သည်။ ထို့နောက် ဘေးပတ်လည်တွင်ရှိနေသော သားရဲအားလုံး သွေးဆာလောင်လာကာ ဝမ်ဝေ့ကို စတင်တိုက်ခိုက်ကြတော့သည်။

သေချာရှင်းလင်းစွာ ပြောရလျှင် သူတို့က သူ့ကိုဆန့်ကျင်ပြီး ပေါက်ကွဲသတ်သေခြင်းများ စတင်ပြုလုပ်လာကြသည်။ မရေတွက်နိုင်သော နတ်ဆိုးသားရဲများ အတူတူ စတင်ပေါက်ကွဲလာပြီး ဧရာမ ချိတ်ဆက်တုံ့ပြန်မှုတစ်ခုကို ဖန်တီးလိုက်သည်။

ဝုန်း…

ပေါက်ကွဲမှုများအားလုံး စုပြုံသွားသည့်အခါ ဝမ်ဝေ့ကို ဗဟိုပြုပြီး ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်ဝေ့၏ ပတ်လည် ကီလိုမီတာအနည်းငယ်အထိ ပေါက်ကွဲမှုက အကျိုးသက်ရောက်မှု ရှိနေသည်။

ထိုအချိန်တွင် ပျံသန်းနေသော ငှက်တစ်ကောင်ပေါ်ရှိ လျူမိန်ရှုက အဖြစ်အပျက်များအားလုံးကို ကြည့်ပြီးနောက် လက်များဖြင့် လှုပ်ရှားမှုအနည်းငယ်ကို ပြုလုပ်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သည်။ ထို့နောက် ထူးခြားသော စွမ်းအင်တစ်ခု ပျံ့လွင့်သွားကာ တောအုပ်ထဲတွင် အသက်ရှင်နေဆဲဖြစ်သော နတ်ဆိုးသားရဲများဆီသို့ ရောက်ရှိသွားသည်။

ထို့နောက် ထိုလှိုင်းက နတ်ဆိုးသားရဲများ၏ မျိုးရိုးကို ဖြတ်သန်းသွားသည့်အတွက် ဤကမ္ဘာ၏ နေရာတိုင်းဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ မဟာရှားဖြစ်စေ၊ မဟာကျိုးဖြစ်စေ၊ မဟာရှုဖြစ်စေ၊ အနောက်ပိုင်းကန္တာရဖြစ်စေ၊ မြောက်ပိုင်းရေခဲမြေဖြစ်စေ စွမ်းအင်လှိုင်းက ထိုနေရာများရှိ နတ်ဆိုးသားရဲများအားလုံးဆီသို့ ရောက်ရှိသွားသည်။ အကျိုးသက်ရောက်မှု မကျရောက်သွားသည့် တစ်ခုတည်းသောနေရာက တောင်ပိုင်းဒေသ ဖြစ်သည်။

လျူမိန်ရှု၏ မူလစွမ်းရည်ကြောင့် နတ်ဆိုးသားရဲများအားလုံး ရုတ်တရက် ကောင်းကင်သို့ ဟိန်းဟောက်ကာ သူတို့ကိုယ်သူတို့ ပေါက်ကွဲသွားစေသည်။ သည်လိုနှင့် သားရဲကပ်ဘေးက ဤကမ္ဘာကို အဆုံးသတ်သွားအောင် ဖျက်ဆီးကြသည်။

ဝမ်ဝေ့မှလွဲပြီး ကမ္ဘာတစ်ဝန်းရှိ လူများက ဘာတွေဖြစ်ပျက်နေမှန်း မသိသည့်အတွက် သူတို့၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ပေါက်ကွဲမှုအပြီးတွင် သူ လုံးဝ အဆင်ပြေနေဆဲ ဖြစ်သည်။ ထိုတိုက်ခိုက်မှုက သူ့ကို ကာကွယ်ထားသော ပင်ကိုယ်စက်ကွင်းကိုပင် မချိုးဖျက်နိုင်ပေ။ သို့သော် သူ မီတာရာချီဝေးသည့် နေရာထိရောက်အောင်တော့ တွန်းထုတ်ခံလိုက်ရသလို ဖြစ်သွားသည်။

ဖုန်မှုန့်တိမ်တိုက်များနှင့်အတူ ဒီဂရီ ၅ထောင်ထက်ပိုသော အပူများ ကျဆင်းသွားပြီးနောက် ဝမ်ဝေ့က လျူမိန်ရှု ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။ သူ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည့်အတွက် သူမဆီ အမြန်သွားလိုက်သည်။ သို့သော် သူမ၏ ရှေ့တွင် ပုံရိပ်ထင်နေသော ရွှေရောင်ဒိုင်းကာ၏ တွန်းလှန်ခုခံခြင်းကို ခံလိုက်ရသည်။

ထို့နောက် ဝမ်ဝေ့က သူ့ဘေးပတ်လည်တွင် စွမ်းအားကြီးဆန္ဒတစ်ခု ကိုယ်ထင်ပြလာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများက လျူမိန်ရှု၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

“ ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးမှုလား” ဝမ်ဝေ့က ရေရွတ်ပြီးနောက် အစစ်အမှန်အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ရွှေရောင်အလင်းတန်းကို စုပ်ယူပြီးနောက် မိန်ရှု၏ ချီနဂါးက ခရမ်းရောင်မှ ခရမ်းရွှေရောင်သို့ ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။

ထို့နောက် ကောင်းကင်မှ သေးငယ်သော ရွှေရောင်အစက်အပြောက်လေး ဆင်းသက်လာကာ သူမ၏ လက်ထဲသို့ ကျဆင်းသွားသည်။ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ အရမ်းနည်းတဲ့ ကုသိုလ်တဲ့လား။ ကောင်းပြီလေ လက်ရှိအခြေအနေနဲ့တော့ အကူအညီပေးနိုင်မှာ မဟုတ်ဘူး”

သူမ၏ မူလအစီအစဉ်အရဆိုလျှင် နတ်ဆိုးသားရဲများအနည်းငယ် ပိုပြီး ဖျက်ဆီးပြီးသွားသည်အထိ နေပြီးမှ နတ်ဆိုးသားရဲများကို သတ်ဖို့ လုပ်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် ဝမ်ဝေ့၏ ရောက်ရှိလာမှုက သူမ၏ အစီအစဉ်များကို ရှေ့တိုးလိုက်ရသည်။

သူမ၏ အသွင်ပြောင်းမှု ပြီးဆုံးသွားသည့်အခါ လျူမိန်ရှုက ကုသိုလ်ကို သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးနောက် အဆောင်တစ်ခုကို လက်ထဲတွင် ချေမွလိုက်သည်။ ထို့နောက် အာကာပြင်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာကာ သူမကို ဝါးမျိုသွားသည်။

ထိုအချိန်တွင် ဝမ်ဝေ့က သူမ၏ ထွက်ပြေးလွတ်မြောက်မှုကို သတိထားမိသွားကာ သူမဆီ အမြန်ပြေးသွားသော်လည်း သူ ရောက်သွားသည့်အချိန်တွင် အာကာပြင် အက်ကွဲကြောင်းက ပိတ်ဆို့သွားပြီဖြစ်သည်။ သို့သော် သူ လက်မလျှော့ပေ။

သူ့လက်ကို အာကာပြင် အက်ကွဲကြောင်းထဲသို့ ထည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို လှမ်းဆွဲလိုက်မိသည်။ သူ ကျင်းပေါင်းသန်းချီနေသည့် အားကို အသုံးပြုကာ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။

ဝမ်ဝေ့က ရုတ်တရက် စူးရှရှအော်သံတစ်ခုကို ကြားလိုက်ရပြီး အာကာပြင် အက်ကွဲကြောင်းထဲမှ လှပသော လက်တစ်ခုကို ဆွဲထုတ်လာလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ကို ကြည့်ကာ ရေရွတ်လိုက်သည်

“လျူမိန်ရှုလား။ ငါက အချိန်အကြာကြီး အငြိုးထားတဲ့သူဆိုတာ မင်း သိထားသင့်တယ်” ထို့နောက် သူက အနာဂတ်တွင် အသုံးချနိုင်ဖို့ မျှော်လင့်ရင်း သူမ၏ လက်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

All Chapters