← Chapters

ရှင်ခြင်းသေခြင်း

Vol. 5 Ch. 61

ရှင်ခြင်းသေခြင်း

Vol. 5 Ch. 61

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးကိုအဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးများနှင့် နှိုင်းယှဉ်၍ မရချေ။

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးသည် အကွက်ရှစ်ကွက်ပါ ချီစုစည်းခြင်းဆေးလုံးထက် ဆယ်ဆမက ပို၍တန်ဖိုးရှိပေ၏။

ပထမအချက်မှာ ရှားပါးမှုဖြစ်ပြီး ရှားပါးလေလေ ဈေးကြီးလေလေပင်။

ဒုတိယအချက်မှာ ဆေးလုံး၏အာနိသင်သည် အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးထက် များစွာပို၍ကောင်းမွန်ခြင်း ဖြစ်သည်။

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး ဆယ်လုံးသည် သာမန်သိုင်းဆရာကြီးတစ်ဦး၏ နယ်ပယ်ကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်ပြီး နောက်ထပ်နယ်ပယ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အခွင့်အရေးအနည်းငယ်ကို ရရှိစေနိုင်၏။

ထို့ကြောင့် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးသည် အဆင့်မြင့် ချီစုစည်းစုခြင်းဆေးလုံးထက် များစွာပို၍ အဖိုးတန်ခြင်းဖြစ်သည်။

ချင်းမင်သည် သူ့ထံတွင် ကာကွယ်ပေးမည့်လူ မရှိသောကြောင့် ယခင်က ထိုအရာများကို ထုတ်ယူဝံ့ခြင်းမရှိချေ။

အကယ်၍ သူသည် ယခင်က ထိုအရာများကို ထုတ်ပြလိုပါက သူ၏ကိုယ်ပိုင်အစွမ်းအစကို ထုတ်ဖော်ပြရုံသာ ရှိပေမည်။

ယခုချိန်တွင်မူ သူ၏အခြေအနေသည် ယခင်နှင့် မတူတော့ချေ။ သူ့ထံတွင် ဤပြီးပြည့်စုံသော ချီစုဆေးလုံးများကို ထိန်းသိမ်းပေးနိုင်သည့် မဟာဆေးဆရာကြီးအဆင့် ဆရာတစ်ဦး ရှိနေလေပြီ။

"ဒါတွေက ငါ့ဆရာ့ရဲ့ အမွေအနှစ်တွေပဲ... ဒါတွေကို ငါ့ရဲ့အဖိုးဆရာက ငါ့ဆရာကို ပေးခဲ့တာ... ပြီးတော့ ငါ့ရဲ့ဆရာက ငါ့ကို ပေးခဲ့တယ်... ဘယ်လိုလဲ... ဒီပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးတွေက လောင်းကြေးထပ်ဖို့ အရည်အချင်း ပြည့်မီတယ် မဟုတ်လား..."

ချင်းမင်က မြို့တော်ဝန်ချန်ကိုကြည့်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။

သူ၏လောဘကြီးသော စရိုက်အရ မြို့တော်ဝန် ချန်သည် ဤဆေးလုံးများကို လက်လွတ်ခံမည် မဟုတ်သည်မှာ သေချာပေါက်ပင်။

အမှန်တကယ်ကိုပင်...

"ကောင်းပြီလေ... ဒီဆေးလုံးတွေကို လောင်းကြေးအဖြစ် သုံးနိုင်တယ်... မင်းက ဘာကို လောင်းချင်တာလဲ..."

မြို့တော်ဝန်ချန်သည် စိတ်မရှည်တော့ချေ။

ချင်းမင်သည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ မြို့တော်ဝန်ချန်ကို ညွှန်ပြပြီး ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"ချန်မိသားစုက ခုနက လောင်းကြေးထပ်ခဲ့ပြီးပြီ... ဒါပေမဲ့ ခင်ဗျားက လောင်းကြေးမထပ်ရသေးဘူး... ငါက မြို့တော်ဝန်ရဲ့ဆေးဆိုင်နှစ်ဆယ် နဲ့ ချန်မိသားစုရဲ့ ဆေးဆိုင်ဆယ်ဆိုင်ကို လောင်းမယ်... ဆေးဆိုင်တွေရဲ့ နေရာကိုတော့ ငါ ရွေးမယ်..."

မြို့တော်ဝန်ချန်သည် ချင်းမင်၏လက်ညှိုးထိုး ပြောဆိုခြင်းကို ခံလိုက်ရသဖြင့် သူ၏မျက်နှာ ဖြူတလှည့်ပြာတလှည့် ဖြစ်သွားသည်။ သူသည် အဆင့်မြင့်မြို့တော်ဝန် တစ်ဦး ဖြစ်ပြီး ဤကဲ့သို့ ဆက်ဆံခံရခြင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။

သို့ရာတွင် ယနေ့၌ သူ၏လုပ်ရပ်သည် အမှန်တကယ်ကို တရားလွန်သွားခဲ့သည်။ ဤသည်ကြောင့် သူ၏နှာခေါင်းကို လက်ညှိုးဖြင့်ထိုး၍ အပြောခံရလျှင်ပင် သူ မည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။

"ကောင်းပြီလေ... ငါ မင်းကို ကတိပေးတယ်... ဒါပေမဲ့ စည်းမျဉ်းတွေကိုတော့ ပြောင်းလဲရမယ်... ဆေးဖော်စပ်တဲ့စွမ်းရည်ကို ယှဉ်ပြိုင်လို့ မရဘူး... မင်းတို့ သေခြင်းရှင်ခြင်းအတွက် တိုက်ခိုက်ရမယ်..."

မြို့တော်ဝန်ချန်က ခါးသည်းစွာ ပြောဆိုလိုက်သည်။

သေခြင်းနှင့်ရှင်ခြင်း ဆေးလုံးတိုက်ပွဲ....

လူတိုင်း ကြက်သေသေသွားကြသည်။ ယနေ့တွင် အရာအားလုံး ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

သေခြင်းရှင်ခြင်းဆေးလုံးတိုက်ပွဲ ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။

ဤတိုက်ပွဲကို စတင်ပြီးနောက် ယှဥ်ပြိုင်သူနှစ်ယောက်သည် စိတ်ဝိညာဉ်ဆေးပင်များအားလုံးအနက်မှ ရွေးချယ်ရပြီး လူတစ်ဦးစီမှ အဆိပ်ဆေးလုံးတစ်လုံးစီ ဖော်စပ်ကာ လဲလှယ်ကြရသည်။

ထို့နောက် တစ်ဦးချင်းစီသည် ဖြေဆေးကို ဖော်စပ်ရပေ၏။ အနိုင်ရသူသည် အသက်ရှင်ပြီး အရှုံးသမားသည် သေဆုံးရပေမည်။

ချင်းယွမ်သည် ဤစကားကို ကြားလိုက်ရသည့် အချိန်တွင် သူ၏လက်သီးကိုဆုပ်လိုက်ပြီး မျက်လုံးများ မီးဝင်းဝင်းတောက်လာကာ မြို့တော်ဝန်ချန်ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။

ဤမြို့တော်ဝန်ချန်သည် ချင်းမင်ကို သေစေလိုပေ၏။ ဤသည်မှာ ချင်းမိသားစု၏ အခြေခံအုတ်မြစ်ကို ဖြတ်တောက်နေခြင်းပင်။

အကယ်၍ ချင်းမင် သေဆုံးသွားပါက ချင်းမိသားစုသည် အခြေခံအုတ်မြစ် ပြတ်တောက်သွားမည် ဖြစ်ပြီး ဆေးပညာရှင်သည်လည်း သူတို့ကို ကူညီတော့မည် မဟုတ်ချေ။

ထို့နောက် ချင်းမိသားစုသည် လုံးလုံးလျားလျား ယုတ်လျော့သွားပြီး အမြစ်ပြတ်သုတ်သင်ခြင်း ခံရပေမည်။

ဤသည်မှာ အိုး၏အောက်ခြေမှ မီးကို ဆွဲထုတ်ခြင်းပင်။

"သေခြင်းရှင်ခြင်းဆေးလုံးတိုက်ပွဲ... ကျီးဝူ... မင်း သတ္တိရှိလား..."

မင်း သတ္တိရှိလား...

မင်း သတ္တိရှိလား...

ချင်းမင်၏စကားလုံးများသည် ကျီးဝူကို ထိုးစိုက်လိုက်သော အပ်တစ်ချောင်းအလားပင်။ ယနေ့ကိစ္စသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ အနည်းငယ်မျှ တွေးထင်မထားခဲ့ချေ။

သူသည် ဆေးပညာရပ်ကို သင်ယူရန်သာ စိတ်အားထက်သန်သော လက်ထောက်ဆေးပညာရှင်တစ်ဦးသာဖြစ်သည်။ သူ၏ဘဝတလျှောက်လုံးတွင် ဆေးလုံးများဖော်စပ်ရန် လေ့ကျင့်ခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ သူသည် သေရေးရှင်ရေးအခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။ ယခုချိန်တွင်မူ သူ့အား ရုတ်တရက် သေခြင်းရှင်ခြင်းဆေးလုံးတိုက်ပွဲကို တိုက်ခိုက်ခိုင်းနေပေ၏။

ချန်မိသားစုခေါင်းဆောင်သည် ကျီးဝူ၏ဖြူဖျော့နေသော မျက်နှာကို မြင်တွေ့မိသည်။ ထို့နောက် သူသည် ကျီးဝူ၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ကာ ချင်းမင်ကိုကြည့်ပြီး ပြောဆိုသည်။

"ချင်းမင်... ငါက ကျီးဝူကိုယ်စား သဘောတူလိုက်ပြီ... မနက်ဖြန် မွန်းတည့်ချိန်ကစပြီး တိုက်ပွဲတွင်းမှာ သေခြင်းနဲ့ရှင်ခြင်းပဲ ရှိမယ်... တခြားဘာကိုမှ ဂရုမစိုက်ဘူး..."

"သွားကြစို့..."

ဤသို့ ပြောဆိုပြီးနောက် ချန်မိသားစုခေါင်းဆောင်သည် သူ၏လူများနှင့်အတူ ထွက်ခွာသွားလေ၏။

ယနေ့သည် သူတို့အတွက် အရှက်ရဖွယ် နေ့တစ်နေ့ပင်။

ကျီးဝူသည် အသုံးမကျသူတစ်ဦး ဖြစ်ခဲ့ကာ ဆေးပညာကို အချိန်ကြာမြင့်စွာ မလေ့လာရသေးသော ချင်းမင်သည် သတ္တိရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ဤကျီးဝူသည် ဆေးပညာကို အချိန်ကြာမြင့်စွာ လေ့လာခဲ့ပြီး ဖြစ်သော်လည်း သူသည် သေခြင်းတရားကြောင့် ကြောက်လန့်သွားခဲ့သည်။

ဤဆေးလုံးတိုက်ပွဲတွင် သူ ရှုံးနိမ့်သွားပါက အသက်ရှင်နိုင်မည် မဟုတ်ကြောင်း ကျီးဝူ တွေးတောမိခြင်းဖြစ်ပေမည်။

ချန်မိသားစုခေါင်းဆောင်သည် သူ့ကို သနားကြင်နာမှုဖြင့် အလွတ်ပေးလိုက်လျှင်ပင် မြို့တော်ဝန်ချန်က အလွတ်ပေးမည် မဟုတ်ချေ။

လျိုမြို့တွင် ဆေးဆိုင်အနည်းငယ်သာ ရှိပြီး အကောင်းဆုံးဆေးဆိုင်လေးဆယ်ကို ရှုံးနိမ့်သွားပါက ချင်းမိသားစုသည် သူတို့ကို တိုက်ခိုက်ရန် မ ည်သည့်အရာကို အသုံးပြုနိုင်မည်နည်း။

ဤတိုက်ပွဲအတွင်းတွင် ကျီးဝူ ရှုံးနိမ့်သွားပါက သူ၏အသက်ဖြင့် ရင်းရပေမည်။ ထိုကြောင့် သူ မသေဆုံးစေရန်အတွက် တဖက်လူကို သတ်ဖြတ်နိုင်ရန် အကောင်းဆုံးကြိုးစားရပေမည်။

All Chapters