← Chapters

ရှုပ်ပွနေသော ဆေးလုံး

Vol. 5 Ch. 65

ရှုပ်ပွနေသော ဆေးလုံး

Vol. 5 Ch. 65

ကျီးဝူသည် ချင်မင်၏ဆေးဖော်စပ်နည်းကို ကြည့်ပြီး စိတ်သက်သာရာ ရသွားလေ၏။

သူသည် အစပိုင်းတွင် အလွန် စိုးရိမ်နေခဲ့သည်။လျှို့ဝှက်လက်နက်တစ်ခု ပြင်ဆင်ထားသော်လည်း သူသည် အလွန်အမင်း စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ချင်းမင်၏ဆရာသည် သူ၏ဆရာထက် များစွာပို၍သာလွန်သော ဆေးပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

ကျီးဝူက ချွေးသုတ်လိုက်သည်။ သူ၏စိတ်နှလုံးသား တည်ငြိမ်သွားပြီး သူ၏လက်လှုပ်ရှားမှုများသည် ပိုမိုချောမွေ့လာခဲ့သည်။

"ကျီးဝူက မဆိုးဘူးပဲ... သူ့ရဲ့ဆေးဖော်စပ်နည်းကို ကြည့်ရတာ သူက ဆေးမီးဖိုတစ်ဖိုစာတည်းနဲ့ အောင်မြင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်..."

ချန်မိသားစုခေါင်းဆောင်သည် ကျီးဝူ၏အခြေအနေကို မြင်ပြီးနောက် စိတ်သက်သာရာရသွားသည်။

"ဟုတ်တယ်... ကျီးဝူက မဆိုးဘူးပဲ..." မြို့တော်ဝန်ချန်ကလည်း ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။

ချင်းမင်သည် ဆေးမီးဖိုထဲမှ အပူချိန်တက်လာသည်အထိ စောင့်ဆိုင်းပြီးနောက် သူသည် ဆေးမီးဖိုကို စတင်၍လှုပ်ယမ်းလိုက်သည်။ ကြီးမားသောဆေးအိုးကြီးသည် သူ၏လှုပ်ယမ်းမှုကြောင့် တဝုန်းဝုန်းမြည်ဟီးသွားပေ၏။

"အံ့အားသင့်စရာပဲ... ချင်းမင်ရဲ့ပုံစံကို ကြည့်ရတာ... သူက အရမ်း အစွမ်းထက်တဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်နေတဲ့ပုံပဲ... သူ့မျက်နှာက မနီဘူး... ချွေးလည်းမထွက်ဘူး... ပြီးတော့ သူ့အမူအယာက တည်ငြိမ်နေတယ်... သူက ရေထဲကနေ ဆယ်ထုတ်ထားသလို ဖြစ်နေတဲ့ ကျီးဝူနဲ့ ဘယ်နေရာမှာ သွားတူလို့လဲ..."

ပရိသတ်ထဲတွင် ရပ်နေသော လူလတ်ပိုင်းကြီးတစ်ဦးက ပြောဆိုလိုက်သည်။ သူ၏လေသံကို နားထောင်ရသည်မှာ သူသည် ချင်းမင်၏ ဆေးဖော်စပ်မှုအပေါ် စိတ်ကျေနပ်နေကြောင်း သိသာထင်ရှားပေ၏။

"ချီး..."

ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မထီမဲ့မြင်ပြုလိုက်သည်။

"ခင်ဗျားက ဘာသိလို့လဲ... ဆေးဖော်စပ်တဲ့ အချိန်မှာ ဆေးမီးဖိုကို လှုပ်ရတယ်လို့ ဘယ်သူက ပြောလဲ... ကျီးဝူရဲ့ဆေးဖော်စပ်နည်းကမှ ပုံမှန်ပဲ... ချင်းမင်က ဆေးဖော်စပ်နေတာ မဟုတ်ဘူး... ဒါက ချက်ပြုတ်နေတာပဲ..."

လူလတ်ပိုင်းကြီးက ကျောင်းတော်သားလူငယ်ကို လှမ်းကြည့်လိုက်ပြီး ပြောဆိုသည်။

"မင်းပြောတာကို ငါ နားမလည်ဘူး... ငါ သိတာက ကျီးဝူရဲ့ဆေးဖော်စပ်မှုမှာ စွမ်းအားလှိုင်း လုံးဝမရှိဘူး... ချင်းမင်ရဲ့ဆေးဖော်စပ်မှုက အနည်းဆုံးတော့ ကျီးဝူရဲ့စွမ်းအားလှိုင်းကို လုံးဝဖိနှိပ်ထားနိုင်တယ်..."

စွမ်းအားလှိုင်း...

ကျောင်းတော်သားလူငယ်သည် ဆွံ့အသွားပေ၏။

ဆေးဖော်စပ်တာက ဘယ်လို စွမ်းအားလှိုင်းမျိုး လိုအပ်လို့လဲ... ဒါက တိုက်ခိုက်နေတာမှ မဟုတ်တာ....

"သိပ်သည်းစမ်း..."

ချင်းမင်နှင့်ကျီးဝူတို့ တပြိုင်နက်တည်းနီးပါး အော်ဟစ်လိုက်ကြသည်။

ကျီးဝူက ချင်းမင်ကိုကြည့်ကာ ပြောဆိုလိုက်သည်။

"ဘာလဲ... မင်းက ဘာလို့မြန်မြန် ဖော်စပ်လိုက်တာလဲ... မင်းက ဆေးလုံးအဖြစ် မသိပ်သည်းနိုင်ဘဲ ကျရှုံးသွားမှာ မဟုတ်ဘူးလား... ဒါမှမဟုတ် ငါ မင်းကို ထပ်စောင့်ပေးအုံးမလား..."

"မလိုဘူး..."

ချင်းမင်က တည်ငြိမ်စွာပြောဆိုသည်။

ထိုအချိန်မှာပင် ဒိုင်လူကြီးသည် သူတို့နှစ်ယောက်ကြားသို့ လျှောက်လှမ်းလာပေ၏။

"မင်းတို့နှစ်ယောက်လုံး ဖော်စပ်ပြီးပြီလား... ဆေးဖော်စပ်တာကို ထပ်ပြီးပြင်ဆင်ချင်တဲ့သူ ရှိသေးလား..."

အကြောင်းအရင်းမှာ တစ်နာရီ မပြည့်သေးသောကြောင့် သူတို့သည် ဆေးဖော်စပ်ခြင်းကို ထပ်မံ၍ပြင်ဆင်နိုင်သောကြောင့်ပင်။

"မရှိပါဘူး..."

ချင်းမင်နှင့်ကျီးဝူတို့က တုံ့ပြန်အဖြေပေးလိုက်ကြသည်။

ဒိုင်လူကြီးက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒီလိုဆိုရင်... မင်းတို့က ဆေးလုံးတွေကို စပြီးလဲလှယ်နိုင်ပြီ..."

ကျီးဝူက အေးစက်စွာပြုံးလိုက်ပြီး သူ၏လက်ထဲမှဆေးလုံးကို ပြသလိုက်သည်။

"မြွေစိမ်းအဆိပ်ဆေးလုံး..."

လူအုပ်အကြားမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"မြွေစိမ်းအဆိပ်ဆေးလုံးက ဘာကြီးလဲ..."

"မင်းက မြွေစိမ်း အဆိပ် ဆေးလုံးကိုတောင် မသိဘူးလား... ဒါက အဆင့်တစ်ဆေးလုံးတွေထဲမှာ နာမည်ကျော်ကြားတဲ့ ဆေးလုံးတွေထဲက တစ်ခုပဲ... ဖော်စပ်နည်းထဲမှာ မြွေစိမ်းမြက်လို့ ခေါ်တဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်မျိုး ပါတယ်... ဒီဆေးလုံးကိုသောက်လိုက်ရင် မြွေစိမ်းတစ်ကောင်ရဲ့ အဆိပ်လိုပဲ... ဒါကြောင့် နာမည်အရမ်းကျော်ကြားတယ်..."

"ဒါက မြွေစိမ်းအဆိပ်ပဲ... နာရီဝက်အတွင်းမှာ ဖြေဆေးမရှိရင် လူကို အဆိပ်သင့်စေတယ်... ကျင့်ကြံသူတွေတောင် အဲ့ဒီမြွေစိမ်း ကိုက်တာခံရရင် အခြေခံအားဖြင့်တော့ သေဆုံးသွားကြတယ်... မြွေစိမ်းရဲ့သည်းခြေနဲ့ ဖြေဆေးဖော်စပ်နိုင်တာကလွဲရင် တခြားဘာဆေးမှမရှိဘူး..."

"ဒါဆိုရင် ချင်းမင် အန္တရာယ်များနေပြီ... အနည်းဆုံးတော့ အဆင့်တစ်ဆေးလုံးထဲမှာ ဖြေဆေးရှိမှာ မဟုတ်ဘူး..."

ချင်းမင်သည် ဤအဆိပ်ဆေးလုံးကို မြင်သည့် အချိန်တွင် သူ ပြုံးရုံသာပြုံးလိုက်ပြီး သူ၏ လက်ထဲမှ ဆေးလုံးကို ပြသလိုက်သည်။

ချင်းမင်၏လက်ထဲမှ ဆေးသည် တစ်စိတ်တစ်ပိုင်း ဖြူနေပြီး တစ်စိတ်တစ်ပိုင်း မည်းနေကာ တစ်စိတ်တစ်ပိုင်း နီနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ရှုပ်ပွနေပြီး ဆေးလုံးတစ်လုံးနှင့် အနည်းငယ်မျှ မတူညီချေ။

"ဒါက ဘာကြီးလဲ..."

ကျီးဝူသည် ဤထူးဆန်းသောဆေးလုံးကို မြင်တွေ့ချိန်၌ မမေးမြန်းဘဲ မနေနိုင်တော့ချေ။

ချင်းမင်က ကျီးဝူကိုကြည့်ပြီး အကြင်နာကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

"ဘာပဲဖြစ်ဖြစ်...မင်း သောက်ရမယ်.."

"ဟမ့်... ချင်းမင်...ဒီနေ့က မင်း သေဆုံးရမယ့်နေ့ပဲ... မင်း ဘာတွေ ဒီလောက်ထိ မောက်မာနေတာလဲ... မင်း ဒူးထောက်ပြီး အသနားခံတောင်းပန်တာကို ငါ စောင့်ကြည့်နေမယ်..."

ကျီးဝူသည် ချင်းမင်၏စကားကို ကြားသည့် အချိန်တွင် ဒေါသထွက်လာပေ၏။ ချင်းမင် ဖော်စပ်လိုက်သောဆေးလုံးမှာ အလွန်ရုပ်ဆိုးသည်။

All Chapters