← Chapters

ဆေးလုံးကြီး

Vol. 5 Ch. 68

ဆေးလုံးကြီး

Vol. 5 Ch. 68

"ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ချင်းမင်က ဘာမှမဖြစ်တာလဲ"

မြို့တော်ဝန်ချန်က ကျယ်လောင်စွာအော်ဟစ်ပြီး မေးမြန်းလိုက်သည်။

ချင်းမင်သည် အဆိပ်ဆေးလုံးကို မျိုချလိုက်ပြီးနောက် တစ်နာရီကြာသွားသည်ကို သူ စောင့်ကြည့်နေခဲ့သည်။ သို့ရာတွင် မည်သည်ကြောင့် ချင်းမင်ထံ၌ မူမမှန်မှုတစ်ခုမျှ မရှိ သနည်း။

"ငါ... ငါ မသိဘူး... ဖြစ်နိုင်တာက ချင်းမင်မှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတာများလား..."

ချန်မိသားစုခေါင်းဆောင်က ဖြူဖျော့နေသော မျက်နှာဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။

သူတို့သည် ဝှက်ဖဲတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သို့ရာတွင် အခြေအနေအရ ကြည့်လျှင် ဖြစ်နိုင်သည်မှာ သူတို့၏ဝှက်ဖဲသည် လုံးလုံးလျားလျားအသုံးမဝင်ဘဲ ရှုံးနိမ့်သွားနိုင်သည်။

ဆိုင်နှစ်ဆယ်ကို ချင်းမိသားစုထံ ရှုံးနိမ့်ရမည်ကို တွေးမိသည်နှင့် ချန်မိသားစုခေါင်းဆောင် သတိလစ်ချင်သွားသည်။

သူတို့ထံတွင် အကောင်းဆုံးဆေးဆိုင်ဟူ၍ ဆိုင်နှစ်ဆယ်ရှိသည်။ သူတို့ထံတွင် ဆေးပညာရှင်များ ရှိသောကြောင့် ဆေးဆိုင်များသည် တခြား မိသားစုများထက် အနည်းငယ်ပိုများပေ၏။

သို့ရာတွင် ချန်မိသားစုဆေးဆိုင်များသည် တခြားမိသားစုများထက် အနည်းငယ် ပိုများသော်လည်း အများကြီးမဟုတ်ချေ။

အကယ်၍ သူတို့သည် ဤဆိုင်နှစ်ဆယ်ကို ရှုံးနိမ့်သွားခဲ့ပါက ချန်မိသားစု၏စီးပွားရေးသည် ထိုးကျသွားပေမည်။

ထို့ပြင် ချင်မိသားစုသည် ဤဆိုင်များကိုရရှိသွားပြီး ဆေးပညာရှင်ကြီးနှင့် ပေါင်းလိုက်ပါက လျိုမြို့၏ဆေးလုံးဈေးကွက်တစ်ခုလုံးသည် သူတို့ချန်မိသားစုနှင့် တစိုးတစိမျှ ပတ်သက်မှုရှိတော့မည်မဟုတ်ဟု ခန့်မှန်းမိသည်။

"မြန်မြန် လုပ်ကြရအောင်... စောစော ပြီးရင် ညစာစားဖို့ အိမ်စောစော ပြန်ရမယ်... ငါ ဗိုက်ဆာနေပြီ"

ချင်းမင်က ခေါင်းခါယမ်းပြီး ပြောဆိုလိုက်သည်။

"ဒါဆိုလည်း အခုချက်ချင်း စကြတော့"

ဒိုင်လူကြီးက တိုက်ရိုက်ထုတ်ပြန်ကြေညာလိုက်သည်။

ကျီးဝူသည် ဒိုင်လူကြီး၏အသံကို ကြားပြီးနောက် စိတ်ဝိညာဉ်မြက်ပင်များ ထားရှိရာဘက်သို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းသွားလိုက်သည်။

"အိုက်ယား... အနံ့ ဆိုးလိုက်တာ... ဒါတွေ အားလုံးက မင်းကြောင့်ပဲ...ကျီးဝူ... မင်းက စိတ်ဝိညာဉ်ဆေးပင်တွေကို အနံ့ဆိုးတွေ စွဲစေတာပဲ"

ချင်းမင်က ပြောဆိုသည်။

"မင်း..."

ကျီးဝူသည် ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ သူသည် အရှက်မရှိသောလူများကို မြင်တွေ့ဖူးသော်လည်း ဤမျှထိ အရှက်မရှိသူကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အကယ်၍ ချင်းမင်ကြောင့်သာ မဟုတ်ပါက သူသည် စိတ်ဝိညာဉ်ဆေးပင်များအပေါ် အနံ့ဆိုးများ စွဲစေမည်လော...

မင်းက ငါ့ကို လာစွပ်စွဲတာနေသေးတယ်...အရမ်းကောင်းတယ်....

"ဟမ့်..."

ကျီးဝူက အေးစက်စက်နှာမှုတ်လိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်များထံသို့ ဖြည်းညှင်းစွာ ရွှေ့လျားသွားသည်။ သူသည် လက်ရှိတွင် အားနည်းနေသည်။ ထို့ကြောင့် သူ ဆေးလုံး မည်သို့ ဖော်စပ်ရမည်ကို စဉ်းစားရပေမည်။

အကယ်၍ သူသာ ချင်မင်နှင့် ထပ်မံ၍ စကားပြောနေပါက အလွန်အမင်းဒေါသထွက်ရသဖြင့် သေဆုံးသွားပေလိမ့်မည်။

ယခင်အတိုင်းပင် ချင်းမင်သည် စိတ်ဝိညာဉ်ဆေးပင်များကို ရွေးချယ်လိုက်ပြီး သူ၏ ဆေးမီးဖိုဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ချင်းမင်၏ အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်များကို ကြည့်ရင်း ကျီးဝူ၏မျက်နှာ ဖြူဖျော့သွားသည်။

ချင်းမင်သည် အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်များဖြင့် ဆေးလုံးဖော်စပ်လိုက်ရုံမျှဖြင့် သူ့ကို တစ်နာရီကြာ ဝမ်းသွားစေခဲ့သည်။ သူ၏ ဝမ်းဗိုက်ထဲတွင် ဗလာကျင်းနေပြီး ယခုအချိန်ထိ သူ လေလည်နေတုန်းပင်။

ယခုချိန်၌ ချင်းမင် မည်သည့်အရာအား ဖော်စပ်လိုသည်ကို သူ မသိချေ။

သို့ရာတွင် သူ၏လျှို့ဝှက်လက်နက်ကို တွေးမိသည့်အချိန်တွင် သူ စိတ်အေးသွားသည်။

သူ ခံစားရသော အရှက်တရားသည် မည်ငည့်အရာ ဖြစ်သနည်း။ နောက်ဆုံးတွင် သူ အနိုင်ရနိုင်သမျှ ကာလပတ်လုံး မည်မျှပင် အရှက်ရစေကာမူ အရေးမကြီးချေ။

ဤသို့ တွေးမိသဖြင့် ကျီးဝူသည် စိတ်ဝိညာဉ်ဆေးပင်များကို ဂရုတစိုက် စတင်ရွေးချယ်လေ၏။

"ဟိုက် ယား..."

ချင်းမင်က အော်ဟစ်လိုက်ပြီး သူ၏လက်ဝါးဖြင့် ဆေးမီးဖိုကို စတင် ရိုက်နှက်လိုက်သည်။ ဤသည်မှာ သူ ချက်ပြုတ်နေသည့်အလားပင်။

"ဟားဟား... ကောင်းတယ်...ယောက်ျားတွေက ဒီလိုပဲ ဖြစ်သင့်တယ်"

လူလတ်ပိုင်းကြီးတစ်ဦးသည် ချင်းမင်၏ပုံပန်းသဏ္ဌာန်ကို မြင်သည့်အချိန်တွင် သူ၏မျက်လုံးများ တောက်ပလာပြီး ပြောဆိုလိုက်သည်။

သူ၏ဘေးမှ ကျောင်းတော်သားလူငယ်မှာမူ စကားမပြောဘဲ ချင်းမင်ကို မထီမဲ့မြင် ကြည့်နေခဲ့သည်။

"သိပ်သည်းစမ်း...."

ချင်းမင်သည် ဆေးလုံးတစ်လုံးကို သာမာန်ကာလျှံကာ သိပ်သည်းလိုက်ရာ ဆေးရည်များသည် အခဲ ဖြစ်သွားသည်။

ထို့နောက် သူသည် ဆေးမီးဖိုကို ဖွင့်လိုက်ပြီး ကြီးမားသော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

ဒါက...

ဒိုင်လူကြီးသည် ချင်းမင်၏လက်ထဲမှ ဆေးလုံးကိုကြည့်ရင်း ဆွံ့အသွားသည်။

ဤဆေးလုံးသည် ယခင်တစ်လုံးထက် ပို၍ လုံးဝန်းသည်။ သို့သော် ဤသည်မှာ အလွန် ကြီးမားလွန်းပေ၏။

"ဒါက ဆေးလုံး ဟုတ်လို့လား"

"ငါ ဝန်မခံချင်ပေမဲ့ ဒါက တကယ့်ကို ဆေးလုံးတစ်လုံးပဲ"

ပရိသတ်များ စတင်၍ တိုင်ပင်ဆွေးနွေးကြသည်။ သူတို့သည် ဤမျှထိကြီးမားသော ဆေးလုံးမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

သို့ရာတွင် ဤသည်မှာ ဆေးမီးဖိုထဲမှ ထုတ်ယူခဲ့ခြင်း ဖြစ်ပြီး အခဲပုံသဏ္ဍာန် အဖြစ်လည်း သိပ်သည်းသွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို ဆေးလုံးတစ်လုံးပင်။

ဤမျှထိ ကြီးမားသော ဆေးလုံးမျိုးကို သူတို့ မြင်တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။

ကျီးဝူသည် ချင်းမင်၏လက်ထဲမှ ဆေးလုံးကို ကြည့်ရင်း စိုးရိမ်ပူပန်စပြုလာသည်။ ရလဒ်အနေဖြင့် သူ အာရုံမစိုက်မိသည့် အချိန်တွင် ဆေးမီးဖိုထဲမှ မီးတောက်သည် ချက်ချင်းမှားယွင်းသွားပြီး ဆေးလုံးကို တိုက်ရိုက်ပျက်စီးသွားစေခဲ့သည်။

All Chapters