← Chapters

နောက်တစ်ကြိမ် ကျရှုံးခြင်း

Vol. 5 Ch. 69

နောက်တစ်ကြိမ် ကျရှုံးခြင်း

Vol. 5 Ch. 69

"အား...."

ကျီးဝူ၏မျက်လုံးများ နီမြန်းသွားပြီး သူ၏ ပါးစပ်ထဲမှ သွေးတစ်လုတ်အန်ထွက်လာသည်။

ပြိုင်ပွဲကိုတွေးမိသဖြင့် ကျီးဝူသည် ကျန်ရှိသော သွေးများကို ရုတ်တရက် မျိုချလိုက်၏။

ထို့နောက် ကျီးဝူသည် စိတ်ဝိညာဉ်ဆေးပင်များ ထားရှိရာနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။ သူသည် အချိန်အတော်ကြာ မတည်ငြိမ်နိုင်သော စိတ်ခံစားချက်ကို ဖိနှိပ်လိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်များကို ဂရုတစိုက် စတင် ရွေးချယ်လေသည်။

"ကျီးဝူရဲ့စိတ်အခြေအနေက ထိခိုက်သွားပုံ ရတယ်... ချင်းမင်က တိုက်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး ပိုများသွားပြီ"

ချင်းယွမ်သည် ကျီးဝူ သွေးအန်လိုက်သည်ကို မြင်တွေ့မိသည်။ ဤသည်မှာ ဆေးလုံး၏ အဆိပ်သင့်မှုကြောင့် မဟုတ်ဘဲ ကျီးဝူသည် အလွန်ဒေါသထွက်သွားသောကြောင့် သူ၏ နှလုံးသားကို တိုက်ခိုက်မိပြီး သွေးများ ပြောင်းပြန်စီးဆင်းသွားခြင်းဖြစ်ကြောင်း ချင်းယွမ်က သိရှိသွားသည်။

"အဖေ... အစ်ကို နိုင်တော့မှာလား"

ချင်းချင်းသည်လည်း ကျီးဝူ သွေးအန်သည်ကို မြင်သည့်အချိန်တွင် ဝမ်းသာသွားသည်။

"ဟုတ်တာပေါ့"

ချင်းချင်း၏စကားကို ဖြေလိုက်သူမှာ ချင်းယွမ်မဟုတ်ဘဲ ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအိုတစ်ယောက်ပင်။

"အကြီးအကဲချင်း... ခင်ဗျား ဒီကို ရောက်နေတာလား"

ချင်းယွမ်က နောက်သို့လှည့်ကာ အကြီးအကဲချင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

အကြီးအကဲချင်းက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောဆိုသည်။

"တကယ်တော့ မင်းတို့ လုံးဝစိတ်ပူဖို့ မလိုဘူး... ချင်းမင်ရဲ့ကျင့်ကြံမှုက ထူးခြားတယ်... ပြီးတော့ သူက ဆေးဆရာကြီးအဆင့်ကို ရောက်နေပြီ... ဒီတိုက်ပွဲက သူ့အတွက် ဘာအမှားအယွင်းမှ မရှိနိုင်ဘူး"

"ဆေးဆရာကြီးအဆင့်လား..."

ချင်းယွမ်က အံ့အားသင့်စွာ ပြောဆိုလိုက်ပြီးနောက် ဝမ်းသာသွားသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေးမိသဖြင့် တီးတိုးပြောဆိုလိုက်၏။

"အကြီးအကဲချင်း... ချင်းမင်က တကယ့်ကို ဆေးဆရာကြီးအဆင့်ကို ရောက်သွားပြီလား"

အကြီးအကဲချင်း၏ပါးစပ်ထောင့် တွန့်ကွေးသွားသော်လည်း သူသည် အတင်းအကြပ်သည်းခံပြီး ပြောဆိုလိုက်သည်။

"ဟုတ်တယ်...သူက ဆေးဆရာကြီးအဆင့်ကို ဒီနေ့ပဲ ရောက်သွားခဲ့တယ်"

ချင်းမင်တွင်လည်း ကောင်းမွန်သောရည်ရွယ်ချက်များ ရှိခဲ့လေ၏။ သူ၏ ဖခင်ကို နောက်ထပ်စိတ်မပူစေရန်နှင့် အရည်အချင်း တချို့ပြသရန် သူသည် အကြီးအကဲချင်း၏ပါးစပ်ကို အသုံးပြု၍ ချင်းယွမ်ထံသို့ သတင်းစကားပါးလိုက်ခြင်းပင်။

"ကျွန်မရဲ့အစ်ကိုက တကယ်ပဲ ဆေးဆရာကြီးအဆင့်ကို ရောက်သွားပြီလား... ကျွန်မအစ်ကိုရဲ့ ဆေးပညာစွမ်းရည်က ပိုပြီးထူးချွန်သွားပြီလား"

ချင်းချင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"အမှန်ပဲ..."

ချင်းယွမ်က ချင်းချင်း၏ခေါင်းငယ်လေးကို ပွတ်သပ်ရင်း အပြုံးနှင့် ပြောဆိုသည်။

ချင်းချင်းသည် သွားစွယ်နှစ်ချောင်းကို ပေါ်လွင်သည်အထိ ရယ်မောပြီး ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်၏။

"ဒီလိုဆိုရင် အစ်ကို လုပ်ပေးတဲ့ သကြားလုံးတွေက ပိုပြီးတောင် အရသာ ရှိတော့မှာပေါ့"

သကြားလုံး...

အကြီးအကဲချင်း၏မျက်နှာပေါ်တွင် အမည်းရောင်အရေးအကြောင်းများဖြင့် ပြည့်နှက်သွားသည်။ ဖြစ်နိုင်သည်မှာ ဤလောကကြီးပေါ်တွင် ချင်းမင်တစ်ယောက်တည်းကသာ ဆေးလုံးများကို သကြားလုံးများအဖြစ် အသုံးပြုနိုင်ပေလိမ့်မည်။

သူသည် ဆေးဘုရင် တစ်ပါး ဖြစ်လျှင်ပင် ချီစုစည်းခြင်းဆေးဖိုတစ်ဖိုကို ဖော်စပ်ရန် အချိန်နှစ်နာရီ ကြာမြင့်မည်ဖြစ်ပြီး ဆေးလုံးဆယ်လုံးသာ ရရှိပေမည်။

ချင်းမင်သည် ဆေးညွှန်းကို ပြောင်းလဲနိုင်ရုံသာမက သူ အစောပိုင်းက ဖော်စပ်ခဲ့သော အဆင့်မဲ့ဆေးလုံးကဲ့သို့ ဆေးလုံးကို စိတ်တိုင်းကျ ဖန်တီးနိုင်သည့် စွမ်းရည်မျိုး မည်သူ့ထံ၌ ရှိမည်နည်း။

ဤဆေးလုံးမျိုးကို ချင်းမင်သည် သာမာန်ကာလျှံကာဖန်တီးလိုက်ခြင်း ဖြစ်သည်ဟု သူ ခန့်မှန်းမိသည်။

ပြိုင်ပွဲစင်မြင့်ပေါ်တွင် ကျီးဝူသည် ဆေးလုံးကို နောက်တစ်ကြိမ် စတင်၍ဖော်စပ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ စိတ်ခံစားချက်များ အားလုံးကို ဘေးဖယ်ထားလိုက်ပြီး အဆိပ်ဆေးလုံး ဖော်စပ်ခြင်းကိုသာ အာရုံစိုက်လိုက်၏။

ဤသည်မှာ သူ ကံဆိုးခြင်းကြောင့်လော သို့မဟုတ် သူ၏ ဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်မှု မလုံလောက်ခြင်းကြောင့်လောဟု မသိရသော်လည်း နောက်ဆုံးတွင် ဤဆေးမီးဖိုသည်လည်း ကျရှုံးသွားခဲ့သည်။

ဆေးမီးဖိုအတွင်းမှ အမှိုက်ဆေးလုံးကို ကြည့်ရင်း ကျီးဝူသည် မျက်ရည်မကျဘဲ ငိုချင်နေမိသည်။

ဆေးဖော်စပ်ခြင်းသည် ကျရှုံးမှုနှုန်း မြင့်မားသော်လည်း ဤပြိုင်ပွဲတွင် ကျရှုံးခြင်းထက် အရေးကြီးသည်မှာ အချိန်အနည်းငယ်သာ ကျန်တော့ခြင်းပင်။ သူသည် ဆေးလုံးကို ဆက်လက် ၍ဖော်စပ်ရန် အချိန်မရှိတော့ချေ။

ဒိုင်လူကြီးသည် ကျီးဝူကို ကြည့်လိုက်ပြီး သူ၏ ရှေ့သို့ လျှောက်လှမ်းသွားကာ မေးမြန်းလိုက်၏။

"ကျီးဝူ... အခု ပြိုင်ပွဲပြီးဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်... မင်း ဆေးဖော်စပ်တာကို ဆက်လုပ်အုံးမှာလား"

ဒိုင်လူကြီးသည်လည်း ကျီးဝူ အချိန်အတော်ကြာ မလှုပ်ရှားဘဲ ထိုနေရာတွင် မတ်တတ်ရပ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် သူ ထိုသို့မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ကျီးဝူက ခေါင်းခါယမ်းလိုက်သည်။

"ဒါဆိုရင် ဆေးလုံးလဲလှယ်တာကို စလိုက်တော့"

ကျီးဝူသည် မည်သည့်ဆေးလုံးကိုမျှ မဖော်စပ်နိုင်ခဲ့ချေ။ ထိုကြောင့် သူသည် ချင်းမင်ကို အဆိပ်ဆေးလုံး မပေးနိုင်ခဲ့ပေ။

ချင်းမင်သည် သူ ဖော်စပ်ထားသော ကြီးမားသည့် ဆေးလုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ကျီးဝူထံသို့ လျှောက်လှမ်းသွားသည်။

"စား..."

သူ၏ရှေ့မှ ဆေးလုံးကို ကြည့်ရင်း ကျီးဝူ၏ စိတ်နှလုံးသား မွန်းကြပ်သွားသည်။

အစောပိုင်းက သူ စားခဲ့သော ဆေးလုံးသည် သူ၏မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။ သူ၏ ရှေ့မှ ဆေးလုံးသည် မည်သည့် နည်းနှင့်မျှ ကောင်းသောအရာတစ်ခု မဟုတ်နိုင်ချေ။ ဤသည်မှာ အစောပိုင်းက ဆေးလုံးထက်ပင် ပို၍ထူးဆန်းနေနိုင်သည်။

သို့ရာတွင် ဤသည်မှာ သေခြင်းရှင်ခြင်းဆေးလုံးတိုက်ပွဲပင်။

ကျီးဝူသည် ထိုဆေးလုံးကို ထပ်မံ၍ မစားလိုလျှင်ပင် သူ စားရပေမည်။

ထိုကြောင့် သူသည် ချင်းမင် လက်ကမ်းပေးသော ဆေးလုံးကိုယူပြီး စတင်၍ကိုက်စားလိုက်သည်။

ဆေးလုံးသည် အလွန်ကြီးမားသောကြောင့် ကျိဝူသည် ထိုအရာကို အကြိမ်ပေါင်းများစွာ ကိုက်စားပြီးမှသာ ကုန်ဆုံးသွားခဲ့ပေ၏။

မူလက သူသည် ဤဆေးလုံးသည် ယခင် တစ်လုံးကဲ့သို့ ထူးဆန်းသောအရသာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သူ မည်သို့ တွေးထင်မိမည်နည်း... ဤဆေးလုံးသည်...

All Chapters