ချန်မိသားစု၏ဆေးပညာရှင် ထွက်ပေါ်လာခြင်း
Vol. 5 Ch. 70
ဤဆေးလုံးသည် အလွန်အရသာ ရှိပေ၏။
ချင်းမင် ဆေးဖော်စပ်ခြင်းသည် ပုံစံမကျသည့်တိုင် ဤဆေးလုံးသည် ထမင်းလုံးတစ်လုံးကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းအောင် အရသာရှိသည်ကို သူ ဝန်ခံရပေမည်။
ပြိုင်ပွဲစင်မြင့်ပေါ်မှ လူများသည် ကျီးဝူ အရသာခံ၍ စားသောက်နေသည်ကို ကြည့်ရင်း အလိုအလျောက် တံတွေးမျိုချလိုက်ကြသည်။
သူတို့သည်လည်း အစားမစားရသေးချေ။ ပြိုင်ပွဲ အချိန်သည် ရှည်ကြာသဖြင့် သူတို့အားလုံး ဗိုက်ဆာနေကြသည်။ ကျီးဝူသည် ဤမျှထိ အားရပါးရ စားသောက်နေသည်ကို မြင်သောအခါ သူတို့လည်း မစားချင်ဘဲ မနေနိုင်တော့ချေ။
ကျီးဝူ ဤမျှထိ အရသာရှိရှိ စားသောက်နေရသည့် အကြောင်းအရင်းများအနက် တစ်ခုမှာ သူ အမှန်တကယ်ကို ဗိုက်ဆာနေသောကြောင့်ပင်။
လွန်ခဲ့သော တစ်နာရီအကြာက သူ၏ဗိုက်ထဲတွင် ဗလာကျင်းနေပြီး သူ ဗိုက်ဆာနေခဲ့သည်။
နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ချင်းမင် ဖော်စပ်သော ဆေးလုံးသည် အမှန်တကယ်ကို အရသာ ရှိနေပြီး သူ မစားဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ခြင်းပင်။
ချင်းမင်သည် ကျီးဝူကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်၏။ ဤသည်မှာ ကျီးဝူ၏ နောက်ဆုံးညစာပင်။ ထိုကြောင့် ချင်းမင်သည် သူ့ကို အရသာရှိသော အရာတစ်ခု ချက်ပြုတ်ကျွေးရန် ဝန်မလေးခဲ့ချေ။
ဒိုင်လူကြီးသည်လည်း တံတွေးမျိုချလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုသည်။
"ကောင်းပြီ... အခု ကျီးဝူက ချင်မင် ဖော်စပ်တဲ့ ဆေးလုံးကို သောက်သုံးပြီးပြီ... မင်းတို့ ဖြေဆေးကို စပြီးဖော်စပ်နိုင်ပြီ"
ကျီးဝူသည် ဆေးလုံး စားသုံးပြီးသည့် နောက်တွင် သူ အံ့အားသင့်နေဆဲပင်။ ဤဆေးလုံးသည် အလွန့်အလွန်အရသာရှိသည်... သို့ရာတွင် ထိုဆေးလုံးထဲတွင် မည်သည့်အဆိပ် ပါဝင်သနည်း။
မည်သည်ကြောင့် သူသည် ထိုအဆိပ်ကို လုံးလုံးလျားလျား မခံစားမိသနည်း။ အကယ်၍ ဤသည်မှာ အဆိပ်မဟုတ်ဟု ပြောပါက ကျီးဝူ ယုံကြည်မည် မဟုတ်ချေ။
ချင်မင်၏ ဆေးလုံးတစ်လုံးကို သူ မှတ်မိနေသေးသည်။ ထိုဆေးလုံးသည် သူ၏သုံးသပ်ချက်အရ အဆိပ်မဟုတ်ချေ။
သို့ရာတွင်....
လေထုအတွင်းတွင် အနံ့ဆိုးများ ရှိနေဆဲ ဖြစ်ပြီး သူ၏ဗိုက်ထဲတွင်လည်း ခပ်ရေးရေးနာကျင်မှု ရှိနေဆဲပင်။ ချင်းမင် ဖော်စပ်လိုက်သော ဆေးလုံးသည် ထူးကဲသောအာနိသင်များ ရှိပြီး အလွန်အမင်း အဆိပ်ပြင်းထန်ကြောင်း ဤအရာ အားလုံးက သူ့ကို ပြောပြနေသည်။
သူ မည်သည့်အရာအား ပြုလုပ်သင့်သနည်း....
ကျီးဝူသည် နည်းလမ်းတစ်ခုကို အသည်းအသန် စဉ်းစားနေခဲ့သည်။
သူ့ထံ၌ တခြားရွေးချယ်စရာနည်းလမ်းမရှိတော့သဖြင့် တစ်ခုတည်းသော နည်းလမ်းမှာ ဖြေဆေးတစ်လုံးကို ကြုံရာကျပန်းဖော်စပ်လိုက်ရန်သာ ကျန်ရှိတော့သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ရရှိနိုင်ပေမည်။
ဤသို့တွေးမိသဖြင့် ကျီးဝူသည် စိတ်ဝိညာဉ်ဆေးပင်များ ထားရှိရာနေရာသို့ ချက်ချင်း လျှောက်သွားပြီး စိတ်ဝိညာဉ်ဆေးပင်များကို စတင်၍ရွေးချယ်လေ၏။
ကျီးဝူ၏အမူအယာသည် အလွန်တည်ကြည်လေးနက်နေသည်။ ဤကိစ္စသည် သူ၏သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူ အလေးအနက်မထားဘဲ မနေနိုင်ခဲ့ချေ။
ချင်းမင်သည် သီချင်းတစ်ပုဒ်ကို ညည်းလိုက်ရင်း ကျီးဝူကို တည်ငြိမ်စွာ ကြည့်နေသည်။
"ကျီးဝူက သူ ဘာအဆိပ် မိသွားလဲ ဆိုတာ သိရဲ့လား"
မြို့တော်ဝန်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ကျီးဝူကိုကြည့်ကာ ချန်မိသားစုခေါင်းဆောင်ကို မေးမြန်းလိုက်၏။
ချန်မိသားစုခေါင်းဆောင်က ခေါင်းခါယမ်းပြီး မရေရာသောလေသံဖြင့် ပြောဆိုသည်။
"ငါ မသိဘူး... ဒါပေမဲ့ ကျီးဝူရဲ့ဆရာ ဒီမှာ ရှိနေတယ်... ငါတို့ သူ့ကို မေးလို့ ရတယ်"
ကျီးဝူ၏ဆရာသည် ထပ်ခိုးမှ စောင့်ကြည့်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူသည် ဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေ၏။ ထို့ကြောင့် လျိုမြို့မှ အင်အားစုများ၏တိုက်ပွဲတွင် ပါဝင်ရန် အဆင်မပြေချေ။
ယခုလက်ရှိတွင် သူသည် အပြင်လူ တစ်ဦး ဖြစ်ပြီး ချန်မိသားစုအတွက် ဆေးဖော်စပ်ပေးရန်သာ တာဝန်ရှိသည်။
လျိုမြို့မှ ဆေးလုံးဈေးကွက်ရှိ ဤတိုက်ပွဲတွင် မည်သူ အနိုင်ရသည် ဖြစ်စေ သူနှင့် တစ်စုံတစ်ရာမျှ ပတ်သက်မှုရှိမည် မဟုတ်ချေ။ အကြီးမားဆုံးကိစ္စမှာ သူ့အတွက် အရှင်သခင်အသစ်တစ်ဦး ပြောင်းလဲသွားခြင်းသာ ဖြစ်ပေမည်။
အကယ်၍ သူသာ လျိုမြို့၏ဆေးလုံးတိုက်ပွဲတွင် ပါဝင်ခဲ့ပါက ဆေးပညာမဟာမိတ်အဖွဲ့က သူ့ကို အကာအကွယ် ပေးမည် မဟုတ်ချေ။ ထိုအချိန်ကျပါက သူသည် ချန်မိသားစု၏သူခိုးသင်္ဘောပေါ်သို့ ရောက်ရှိသွားပေမည်။
သာမာန်လူများထက် သာလွန်သော ဆေးပညာရှင်တစ်ယောက်အတွက် ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်။
ယခုချိန်၌ ပြိုင်ပွဲပြီးဆုံးခါနီးပြီ ဖြစ်သောကြောင့် သူသည် အမှတ်တမဲ့သဘောဖြင့် လာရောက် ကြည့်ရှုခြင်းသာ ဖြစ်သည်။ သူသည် ဤပြိုင်ပွဲကို အနှောင့်အယှက်မပေးမည့်အပြင် မည်သည့်မှတ်ချက်စကားကိုမျှ ပြောဆိုမည် မဟုတ်ပေ။
ကျီးဝူ၏ဆရာသည် နားရွက်ကားကားနှင့် လူလတ်ပိုင်းအရွယ် လူတစ်ဦးပင်။
သူသည် ချန်မိသားစုခေါင်းဆောင်ထံသို့ လျှောက်လှမ်းသွားလိုက်၏။ ထို့နောက် မြို့တော်ဝန်နှင့် ချန်မိသားစုခေါင်းဆောင်ကို ခေါင်းညိတ်ပြကာ တစ်ဖက်မှ လူအိုကြီးကို ကြည့်လိုက်သည်။
သူသည် ချင်မိသားစု၏ဆေးပညာရှင်ကြီးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော်လည်း ဤသည်မှာ ဒဏ္ဍာရီလာ ဆေးပညာရှင်တစ်ယောက်ဖြစ်မည်ဟု သူ ဝိုးတဝါး ခံစားနေရဆဲပင်။
သူသည် စိတ်မထိန်းနိုင်တော့ဘဲ နှုတ်ဆက်သည့်
အနေဖြင့် လူအိုကြီးကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
လူအိုကြီးချင်းသည်လည်း ချန်မိသားစု၏ဆေးပညာရှင်ကို သတိပြုမိသွားပြီး ထိုနေရာသို့ လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြ၏။
"ဒီလူအိုကြီးရဲ ဆေးပညာကျွမ်းကျင်မှု ငါ့ထက် အများကြီး မြင့်မားနေပုံပဲ... ဒီတစ်ခါတော့ ကျီးဝူ သေပြီထင်တယ်"
ချန်မိသားစုဆေးပညာရှင်နှင့် အကြီးအကဲချင်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့၏စိတ်နှလုံးသားများထဲတွင် သုံးသပ်ချက်တစ်ခု ရှိသွားကြသည်။
ဤလူအိုကြီးသည် ဆေးပညာရပ်၌ ထူးချွန်သော ဆေးပညာရှင်တစ်ဦးဖြစ်မည်မှာ သေချာပေါက်ပင်။ ထို့ပြင် ဤလူအိုကြီး၏အရှိန်အဝါသည် သူ၏ဆရာထက်ပင် ပို၍ပြင်းထန်ပေ၏။