← Chapters

လက်စားချေ တိုက်ပွဲ

Vol. 12 Ch. 159

လက်စားချေ တိုက်ပွဲ

Vol. 12 Ch. 159

အခန်း (၁၅၉) : လက်စားချေ တိုက်ပွဲ

ဝမ်ဝေ့က အာကာပြင် အက်ကွဲကြောင်းထဲ ထည့်လိုက်မိသော သူ့လက်သူ ပြန်စိုက်ကြည့်လိုက်သည်။ အဝတ်အစားများသာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီး သူကတော့ လုံးဝ အဆင်ပြေသည်။ သူ့ အရေပြားတွင် ပြတ်ရှရာလေးပင် မရှိပေ။

သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လျှို့ဝှက်အခရာလွင်ပြင်ဆီ ပြန်လာလိုက်သည်။ သူ ပြန်ရောက်သွားသည့်အချိန်တွင် လီကျွင်းက ဉာဏ်အလင်းပွင့်မှု ပြီးဆုံးနေပြီ ဖြစ်သည်။ ဝမ်ဝေ့ သေချာအနီးကပ် လေ့လာလိုက်သည်။

ယခင်ကနှင့် မတူညီသည့် တစ်ခုတည်းသောအချက်က သူ့ခန္ဓာကိုယ်မှ သဘာဝကျကျ ထုတ်လွှတ်နေသည့် သတ်ဖြတ်ခြင်းအရှိန်အဝါ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သူက လုံးဝ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသည့် သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားလို့ရဆဲ ဖြစ်သည်။ လီကျွင်းက ယခု ထိုအရာကို အလိုရှိသလို ထိန်းချုပ်လို့ ရနေလေပြီ။

လီကျွင်းကို ခေါင်းညိတ်ပြပြီးနောက် ရေများအားလုံးကို မူလဇစ်မြစ်ဖြစ်သည့် မြစ်ထဲသို့ ပြန်ပို့ရန် လူအများကို စေခိုင်းလိုက်သည်။ ထိုနတ်ဆိုးသားရဲအများစုက ရေနစ်သေသွားသည့်အချိန်တွင် တချို့ကတော့ ထူးဆန်းစွာဖြင့် သေဆုံးသွားသည်။ သူတို့က လျူမိန်ရှု၏ မူလစွမ်းရည် အခြေအနေကြောင့် သေဆုံးသွားသည်ဟု ဝမ်ဝေ့ ခန့်မှန်းလိုက်မိသည်။

ကွင်းပြင်တစ်ခုလုံး ခြောက်သွေ့သွားပြီးနောက် နတ်ဆိုးသားရဲများ၏ ခန္ဓာကိုယ်ကို အသုံးပြုရန်လိုအပ်သည့် ကြီးမားသော အစီအစဉ်ရှိနေသေးသည့်အတွက် ထိုခန္ဓာကိုယ်များကို မပုပ်သိုးအောင် ထိန်းသိမ်းရန် အမိန့်ပေးထားလိုက်သည်။ ထိုအစီအစဉ်က  သူ့ချီကံကောင်းမှု အသွင်ပြောင်းခြင်းကို နောက်ဆုံးအနေဖြင့် ကူညီပေးသည့်အရာ ဖြစ်လာနိုင်သည်။

ဝမ်ဝေ့က မဟာရှားတွင် အပျက်အစီးများကို ထိန်းသိမ်းရန် ညွှန်ကြားနေစဉ် အဆုံးမဲ့လေဟာနယ်ထဲ၌ လက်တစ်ဖက် ပြတ်နေသော လျူမိန်ရှုက သူမ၏ တာအိုစောင့်ရှောက်သူရှေ့တွင် ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင်လည်း သွေးများ ပြန့်ကျဲနေသည်။

သူမ၏ တာအိုစောင့်ရှောက်သူက သွေးထွက်နေသော လက်မောင်းကို စည်းပိတ်ရန် လက်ကို ယမ်းလိုက်ပြီး ပြောသည်

“ မင်း စိတ်ပူစရာ မလိုပါဘူး။ ဂိုဏ်းရဲ့ အကူအညီနဲ့ဆိုရင် နောက်ထပ် လက်မောင်းတစ်ဖက် ထပ်ထွက်လာဖို့က အနှေးနဲ့အမြန်ပါပဲ”

လျူမိန်ရှုက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အကြည့်ထဲတွင် အမုန်းတရားများ ကိန်းအောင်းနေသည်။ သူမမှာ အခွင့်အရေးရသည်နှင့် သူမ လက်စားချေမည်။

ထိုအချိန်တွင် ယန်းချန်နှင့် ကျီဟန်တို့က မဲ့ပြုံးပြုံးရင်း လျူမိန်ရှု၏ တာအိုစောင့်ရှောက်သူကို စိုက်ကြည့်နေကြသည်။ ထို့ကြောင့် သူမ နှာခေါင်းရှုံ့ကာ အာကာပြင်လမ်းကြောင်းကို ဖွင့်ပြီး လျူမိန်ရှုနှင့်အတူ အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်သွားသည်။

ထိုအချိန်တွင် မဟာကျိုးတိုင်းပြည်၌ သူတို့တိုင်းပြည်တွင် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်သွားသည်များကို အမှုထမ်းများက တင်ပြသည့်အတွက် ကျီစုန့်၏ မျက်နှာ မသာမယာဖြစ်နေသည်။

“ အရှင်မင်းမြတ် ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက တိုင်းပြည်ဆီ ရောက်ရှိလာတဲ့ သဘာဝကပ်ဘေးတွေ အများကြီး ရှိတယ်။ မိုးခေါင်တာ၊ ငလျင်လှုပ်တာ၊ မြစ်ရေလျှံတာနဲ့ ပိုးကောင်လှိုင်းတွေတောင် ရှိခဲ့တယ်”

“ ကျွန်တော်တို့ရဲ့ သီးနှံတွေ ပျက်စီးသွားတဲ့အတွက် ငတ်မွတ်ခြင်းဒဏ်ကို ခံရပါတော့မယ်။ ကံကောင်းစွာနဲ့ပဲ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ တော်တော်လေး များသေးပေမဲ့ လအနည်းငယ်လောက်ပဲ တောင့်ခံနိုင်မယ်”

“ အဲဒီနတ်ဆိုးသားရဲတွေအားလုံးကို သတ်ဖို့အတွက် တိုင်းပြည်ရဲ့ ချီကံကောင်းမှုကို အသုံးပြုပြီး ရက်အနည်းငယ်အကြာမှာပဲ များပြားတဲ့ ကပ်ဘေးတွေက တစ်စုတစ်ဝေးထဲ ရောက်ရှိလာခဲ့တာပဲ” ကျီစုန့်က ပြောလိုက်သည်။

ထို့နောက် ပလ္လင်၏ အစွန်းကို ချေမွကာ ပြောလိုက်သည်

“ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ချီကံကောင်းမှုကို အသုံးပြုပြီးခါကျမှ နတ်ဆိုးသားရဲတွေအားလုံးက ဘာလို့ သေသွားရတာလဲ”

“ အဲဒါက မွေးမြူရေးတောင်ကြားက ကောင်းကင်ရွေးချယ်ခံရဲ့ အကြံအစည် ဖြစ်ဖို့ များတယ်” ကျီစုက ပြန်ဖြေလိုက်သည်။

“ ငါ အစီအစဉ်အတိအကျကိုတော့ မသိနိုင်ပေမဲ့ အဲဒီလူက သူ စီစဉ်ထားတာထက် အစီအစဉ်ကို ရှေ့တိုးလိုက်ရတဲ့ပုံပဲ”

“ အခု အဲဒါတွေက အရေးမကြီးတော့ပါဘူး။ အခုအရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ဘယ်လိုပြင်ဆင်ရမလဲနဲ့ မပြိုလဲသွားအောင် ကြိုတင်ကာကွယ်ရမလဲဆိုတာပဲ အရေးကြီးတယ်”

“ ဒါက ငါတို့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတော့ ဒါက ငါ့ရဲ့ အစီအစဉ်ပဲ” ကျီစုက ပြန်ဖြေလိုက်သည်။

ရက်အနည်းငယ်အကြာတွင် မဟာရှုတိုင်းပြည်၌ ဖုန်းဟွမ်က ပျော်ရွှင်သော မျက်နှာပေးဖြင့် လမ်းလျှောက်လာသည်။ ထိုကဲ့သို့ ဖြစ်နေရသည့် အကြောင်းအရင်းက ပြိုင်ဘက်များဆီမှ သူလျှိုများကို ဖမ်းမိထားသောကြောင့် ဖြစ်သည်။

အချိန်နှစ်ပေါင်းများစွာနှင့် အရင်းအမြစ်များစွာကို အသုံးပြုပြီးနောက် သူ အားလုံးကို ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဖုန်းဟွမ်က ယုံကြည်မှုစွမ်းအား ဘယ်မှာရှိနေလဲဆိုတာကို စိတ်ပူစရာ မလိုတော့သည့်အတွက် စိတ်အေးချမ်းသာစွာဖြင့် အနားယူနိုင်နေပြီဖြစ်သည်။

လမ်းတစ်ဝက်တွင် တစ်စုံတစ်ယောက်က သူ့ကို စာတစ်စောင် လာပေးသည်။ သူ ဖွင့်ဖတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ကျီစုန့်က ငါနဲ့ ပြိုင်ဆိုင်တိုက်ခိုက်ချင်တယ်တဲ့လား။ အနိုင်ရသူက ရှုံးသွားတဲ့သူရဲ့ ပိုင်နက်ကို အကုန်ရမယ်တဲ့လား”

စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းဟွမ်က စာလာပေးသည့်သူ့ကို ပြန်ပြောလိုက်သည်

“ သူ့ကို မဖြစ်နိုင်ဘူးလို့သာ ပြန်ပြောလိုက်ပါ”

ထိုစကားကို ပြောပြီးနောက် ဖုန်းဟွမ်က အရာအားလုံးကို ချန်ထားခဲ့ပြီး ထောင်ထဲ ဝင်သွားသည်။ ထိုနေရာက သူလျှိုများအားလုံးကို ဖမ်းချုပ်ထားသည့်နေရာ ဖြစ်သည်။

မြေအောက်ခန်းတစ်ခုသို့ ချဉ်းကပ်သွားသည့်အခါ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရနေသည့် ငါးယောက်ထက် ပိုသောသူများကို တွေ့လိုက်ရသည်။ သူတို့ ထွက်ပြေးခြင်းကို တားမြစ်ရန် သူတို့၏ ကျင့်ကြံခြင်းအပေါ်တွင် စွမ်းအားကြီးသော စည်းများပိတ်ထားသည်။

သူက တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်

“ မင်းတို့နဲ့ စကားအများကြီး ပြောဖို့ အချိန်မရှိဘူး။ သူတို့ကို ဘယ်မှာ ဝှက်ထားလဲဆိုတာ ငါ့ကို ပြောလိုက်”

“ ဘာတွေပြောနေတာလဲ” အကျဉ်းသားတစ်ယောက် ပြောလိုက်သည်။ သို့သော် ခဏအကြာတွင် နောက်ထပ်တစ်ယောက်က စကားပြောနေသည့်သူကို တွန်းတိုက်လိုက်သည်။

“ ငါက ယုံကြည်မှုစွမ်းအားအကြောင်း ပြောနေတာ။ မင်းတို့ ဘယ်မှာ ဝှက်ထားလဲ”

ထိုအကြောင်းကို ကြားပြီး အကျဉ်းသားအားလုံး မျက်မှောင်ကြုတ်သွားသော်လည်း ဘယ်သူမှ သူ့ကို စကားပြန်မပြောသည့်အတွက် ဖုန်းဟွမ်၏ မျက်နှာ ပိုပြီး မသာမယာဖြစ်လာသည်။ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာအားလုံးကို သဘာဝအတိုင်း ဖြစ်နေသည်ဟု သတ်မှတ်ထားကာ လျစ်လျူရှုထားတတ်သည့် သူ့လို တာအိုအရှင်တစ်ယောက်အတွက် ယခုလို မသာမယာဖြစ်သွားခြင်းက အင်မတန် ရှားပါးလှသည်။

သူက စိတ်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ မင်းတို့အပေါ်မှာ ဝိညာဉ်ရှာဖွေရေး နည်းလမ်း သုံးရအောင် မလုပ်နဲ့နော်။ မင်းတို့ သိတဲ့အတိုင်း ငါက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်မှာပဲ ရှိနေသေးပြီး နတ်ဘုရားအသိစိတ်ကို မဖွင့်ရသေးဘူးနော်။ ဖြစ်စဉ်က မင်းတို့ရဲ့ ဝိညာဉ်တွေကို တစ်ရာ ရာခိုင်နှုန်း ပျက်စီးသွားမှာနော်”

ထိုစကားကို ကြားပြီးနောက် သူလျှိုအားလုံး တုန်လှုပ်သွားကြသည်။ သူတို့က သေခြင်းတရားကို မကြောက်လန့်ရန်အတွက် လေ့ကျင့်ပေးခြင်း ခံထားရသော်လည်း သူတို့အတွက် ဝိညာဉ်ပျက်စီးခြင်းက သေခြင်းထက် ပိုပြီးဆိုးရွားသည်။ သို့သော် သူတို့က အစပိုင်းတွင် ကြောက်လန့်သွားသော်လည်း တိတ်တဆိတ်နေဖို့သာ ရွေးချယ်လိုက်ကြသည်။

တစ်ယောက်မှလွဲ၍ တိတ်တဆိတ်နေဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုလူက မသေချင်သလို ဝိညာဉ်ပျက်စီးနေသော ကျင့်ကြံသူလည်း မဖြစ်ချင်ပေ။ ထို့ကြောင့် သူက ချက်ချင်း ပြောလိုက်သည်

“ ခင်ဗျား လိုချင်တာ ပြောပြနိုင်ပေမဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်”

“ ဘာ”

“ ကျွန်တော် ခင်ဗျားရဲ့ လက်အောက်ခံလူ ဖြစ်လာချင်တယ်”

ကျန်ရှိနေသော ငါးယောက်က ရုတ်တရက် ထိတ်လန့်သွားကာ ထိုလူကို သစ္စာဖောက်ဟု စတင် ခေါ်ဆိုနေကြသည်။ သို့သော် သူက အားလုံးကို လျစ်လျူရှုလိုက်သည်။ လက်ရှိတာအိုသားတော်ဆီမှာ ရှုံးနိမ့်ထားသည့်အတွက် အရှုံးသမားဟု သတ်မှတ်ထားသည့် ယခင်သခင်အပေါ် ထားသည့် သစ္စာတရားထက် သူ့အသက်က ပိုပြီး တန်ဖိုးရှိသွားသည်။

ထိုအချိန်တွင် ဖုန်းဟွမ်က ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်

“ မင်းရဲ့ တောင်းဆိုချက်ကို လက်ခံတယ်”

သစ္စာဖောက်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်

“ ကိစ္စရဲ့ အမှန်တရားက ကျုပ်တို့က ယုံကြည်မှုစွမ်းအားကို မယူခဲ့ဘူး”

သစ္စာဖောက်က ဖုန်းဟွမ်၏ မျက်နှာထားကို သတိထားမိပြီး ရှင်းပြလိုက်သည်

“ ယုံကြည်မှုစွမ်းအားနဲ့ ပတ်သက်လာရင် နက်နဲမုန်ခ်ဝက အရမ်းပြင်းထန်တာကို အားလုံး သိကြတာပဲလေ။ အဲလိုအရာမျိုးကို ကျွန်တော်တို့က ဘယ်လိုလုပ် ကိုင်တွယ်နိုင်ပါ့မလဲ။ ကျွန်တော်တို့ရဲ့ တာဝန်က ခင်ဗျားတို့တိုင်းပြည်ရဲ့ အမိန့်ကို အဖျက်အမှောင့်လုပ်ပြီးတော့ ခင်ဗျားကို ဒီစစ်ဆေးမှုမှာ မဖြတ်ကျော်နိုင်အောင် လုပ်ရမှာပါ”

“ ပြီးတော့ အကြီးအကဲချုပ်ဝူမင်က စစ်ဆေးမှုတစ်ခုလုံးကို စောင့်ကြည့်နေခဲ့တာဆိုတော့ ကျုပ်တို့က ဘယ်လိုလုပ်ပြီးတော့ ယုံကြည်မှုစွမ်းအားနဲ့ ပတ်သက်ပြီး စနောက်နိုင်ပါ့မလဲ။ ကျုပ်တို့ကို မယုံရင် ကျုပ်တို့ရဲ့ သိုလှောင်လက်စွပ်တွေကို စစ်ဆေးနိုင်ပါတယ်။ အဲလောက်နဲ့ မယုံကြည်သေးဘူးဆိုရင် ကျန်တဲ့ လေးယောက်ရဲ့ ဝိညာဉ်ကို စစ်ဆေးကြည့်လို့ရပါတယ်”

ထိုစကားကို ကြားပြီးနောက် ဖုန်းဟွမ်၏ အကြည့်တို့ တောက်ပသွားသည်။

အစစ်အမှန် အုပ်ချုပ်သူက ဒီစစ်ဆေးမှုကို စောင့်ကြည့်နေတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။ ပြီးတော့ အဲဒီလူကလည်း သူ့ရဲ့ တာအိုစောင့်ရှောက်သူပဲလေ

မျက်မြင်သက်သေရှိနေသည့်အတွက် ဂိုဏ်းမှ သူ၏ ရိုးသားမှုကို ယုံကြည်ပေးလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ဖုန်းဟွမ် ရုတ်တရက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး မရှိတော့သလို ခံစားလိုက်ရသည်။ သို့သော် လုံခြုံမှု ရှိစေရန်အတွက် သစ္စာဖောက်၏ အကြံအတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖုန်းဟွမ်က ပုံမှန်အားဖြင့် အသက်ကို ကယ်တင်ဖို့အတွက် သခင်ဖြစ်သူကို လွယ်လွယ်ကူကူ သစ္စာဖောက်တတ်သည့်သူကို ဘယ်တော့မှ ယုံမည် မဟုတ်ပေ။ သို့သော် သူက ထိုလူကို အသုံးချပြီး ထိုက်ယီနက်နဲမုခ်ဝရှိ ပြိုင်ဘက်များ၏ သတင်းအချက်အလက်ကို ပိုမိုစုဆောင်းနိုင်သေးသည်။

…………

ထိုအချိန်တွင် မဟာကျိုးတိုင်းပြည်၌ ကျီစုန့်က ပလ္လင်ပေါ်တွင်ထိုင်ရင်း ညီလာခံကျင်းပနေစဉ် သူ့အစ်ကိုကို မေးလိုက်သည်

“ သူက ဘာပြောလိုက်လဲ”

“ ငါတို့ရဲ့ စိန်ခေါ်မှုကို ငြင်းဆိုလိုက်တယ်” ကျီစုက သက်ပြင်းချကာ ပြောလိုက်သည်။ သို့သော် ကျီစုန့်က ကြိုတင်မျှော်လင့်ထားသည့်ပုံစံဖြင့် မအံ့ဩဘဲ မေးလိုက်သည်

“ နောက်ထပ်ရော”

“ ငါတို့ ဒုတိယ အစီအစဉ်အတိုင်း လုပ်ရမယ်” ကျီစုက သက်ပြင်းချရင်း ပြောလိုက်သည်။ ထိုအရာက မဖြစ်နိုင်မှန်းသိသော်လည်း ဖြစ်လာမည့်အရာကို ရပ်တန့်ဖို့ ကြိုးစားနေသည်။

ရက်အနည်းငယ်အကြာတွင် မဟာရှားတော်ဝင်ပလ္လင်အခန်း၌ ဝမ်ဝေ့က စာတစ်စောင်ကိုကိုင်ထားပြီး ပြုံးရင်း ရေရွတ်လိုက်သည်

“ ငါတို့တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ စိန်ခေါ်တာတဲ့လား။ အဲဒါက ငါ့အတွက်တော့ အရမ်းကောင်းတဲ့ အကြံတစ်ခုပဲ”

တစ်နေ့တည်းမှာပင် ရိုးရှင်းသော စကားလုံးတချို့ပါဝင်သည့် အရေးကြီးစာတစ်စောင်ကို ပျံဝဲဇာမဏီယာဉ်မှတဆင့် ကျီစုန့်ဆီသို့ ပြန်ပို့ပေးလိုက်သည်

“ အချိန်နဲ့နေရာကို ပြောလိုက်”

ထိုစာကို မြင်ပြီးနောက် ကျီစုန့် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ တစ်နည်းအားဖြင့် သူနှင့် ဝမ်ဝေ့က တူညီသောသူ ဖြစ်နေသည်။ သူတို့က သဘာဝအရ ရန်လိုပြီး စိန်ခေါ်မှုအတွက် အမြဲတမ်း အသင့်ဖြစ်နေသည်။

ကျီစုန့်က စိတ်ဝိညာဉ်ခရီးလမ်းတွင် ဖြစ်ပျက်ခဲ့သည့်အရာနှင့် ဘိုးဘေးကျီရှန့်၏ စတေးမှုအတွက် ပြန်လည်တိုက်ယူရမည့် လက်စားချေမှု ဖြစ်သည့်အတွက် ကျီစုန့် စိတ်လှုပ်ရှားနေမိသည်။

အချိန်နှင့် ရက်စွဲကို ရွေးပြီးနောက် ယခုမျိုးဆက် ကောင်းကင်ရွေးချယ်ခံ တိုက်ပွဲ၏ စံနမူနာဖြစ်လာမည်ကို ကြိုမြင်နေသည့်အတွက် ကျီစုန့်က စိတ်လှုပ်ရှားစွာဖြင့် စောင့်စားနေလိုက်သည်။

All Chapters