← Chapters

ထိပ်သီးတိုက်ပွဲ

Vol. 12 Ch. 160

ထိပ်သီးတိုက်ပွဲ

Vol. 12 Ch. 160

အခန်း (၁၆၀) : ထိပ်သီးတိုက်ပွဲ

တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ မြောက်ပိုင်းဒေသက သဘာဝအလျောက် ရေခဲနေသည့် နယ်မြေဖြစ်သည်။ ထိုနေရာတွင် နေထိုင်သည့် လူနှင့် နတ်ဆိုးသားရဲက အနည်းငယ်သာ ရှိသည်။

မရေတွက်နိုင်သော ကျင့်ကြံသူများက ရှားပါးသောဆေးပင်နှင့် သတ္တုကျောက်တုံးများကို ရှာဖွေရန် ထိုနေရာသို့ သွားလာနေကြဆဲဖြစ်သည်။ မြောက်ပိုင်း၏ ထူးခြားသော သဘာဝကြောင့် အရမ်းအေးစက်မှု သို့မဟုတ် လွန်ကဲသော ယင်ပေါ် အခြေခံထားသော ပစ္စည်းများစွာ ရှိသည်။ ထို့ကြောင့် ထိုနေရာကို ကျင့်ကြံသူများစွာအတွက် ရတနာသိုက်ဟု သတ်မှတ်လိုက်သည်။ အနည်းဆုံး ထိုနေရာတွင် အသက်ရှင်သူများအတွက် ရတနာသိုက်ဟု သတ်မှတ်နိုင်ခြင်း ဖြစ်သည်။

မြောက်ပိုင်းဒေသက များသောအားဖြင့် တည်ငြိမ်အေးချမ်းသော်လည်း ယနေ့တော့ အနည်းငယ် ကွဲပြားခြားနားပြီး သာမန်ထက် လွန်ကဲနေပုံရသည်။ ထိုကဲ့သို့ ဖြစ်နေရသည့်အကြောင်းအရင်းက တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ခု ကျင်းပတော့မည် ဖြစ်သည့်အတွက် ဖြစ်သည်။

ကျယ်ပြန့်သော ရေခဲမြေတွင် ကျီစုန့်က လက်ပိုက်ထားရင်း သူ့ရှေ့မှာ မတ်တပ်ရပ်နေသည်။ သူ့အဝတ်အစားအောက်ရှိ တောင့်တင်းနေသော ကြွက်သားများကိုပင် မြင်နေရသည်။ သူက အဖြစ်နိုင်ဆုံး အကောင်းဆုံးအနေအထားဖြင့် ရှိနေရင် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့ကြောင့် သူက ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှုထားလိုက်သည်။

သူ့ဘေးမှ လေတိုက်သံနှင့် ဤပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်သည့် ငှက်တချို့၏ သီဆိုသံတို့ကို လျစ်လျူရှုထားသည်။ သူက အသက်ရှူထုတ်တိုင်း ခံစားရသော အေးစက်သည့်လေနှင့် သစ်ရွယ်အနည်းငယ်မှ သစ်ရွက်လုံးဝ မရှိသော သစ်ပင်များအထိ လျစ်လျူရှုထားလိုက်သည်။

ကျီစုန့် ဂရုစိုက်သည်က မကြာခင်မှာ ရင်ဆိုင်ရတော့မည့် သူ စောင့်မျှော်နေခဲ့သော တိုက်ပွဲ ဖြစ်သည်။ သူ အကြာကြီး စောင့်စရာ မလိုတော့ပေ။

ကျီစုန့် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အခါ တစ်စုံတစ်ယောက်က သူ့ဆီသို့ အလျင်အမြန် ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ သူ၏ စွမ်းအားကြီး အမြင်စွမ်းရည်အရ ထိုသူက ဝမ်ဝေ့ဆိုတာကို အလွယ်တကူ မှတ်မိသွားခဲ့သည်။

မိုးမြေကြားမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ထားတဲ့ပုံစံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ

ကျီစုန့်က မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။ သူ၏ ပလ္လင်ထဲတွင် အံ့ဖွယ်သွေးကြောပေါင်း ၃၆၅ခု ရှိသည့်အတွက် တာအိုအုတ်မြစ်ရှိသော်လည်း သူ့ အုတ်မြစ်က ပြီးပြည့်စုံခြင်း မရှိသေးပေ။

သူ ပလ္လင်ပေါ်တွင် နောက်ဆုံးသွေးကြောကို ထွင်းပြီးသွားသည့်အခါ အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ထိုအရာကို ပြုပြင်ရန်အတွက် လျှို့ဝှက်နည်းလမ်းကို အသုံးပြုဖို့ လိုအပ်သည်။

ထို့ကြောင့် အထူးသဖြင့် စိတ်ဝိညာဉ်စွမ်းအင် အဆင့်နိမ့်သော ကမ္ဘာငယ်လေးမျိုးတွင် သာမန်တာအိုအုတ်မြစ်သာ ရှိသူက ပျံသန်းနိုင်သည့် အခြေအနေထိရောက်ရန် ဝိညာဉ်ချီကို ထိန်းချုပ်ရန် ဘယ်လောက်ထိခက်ခဲလဲဆိုတာ ကျီစုန့် သိပေသည်။ အနည်းဆုံးတော့ ယခုလက်ရှိ သူ့ဆီမှာ ထိုစွမ်းရည် မရှိပေ။

သို့သော် စိတ်ဝိညာဉ်စွမ်းအင် ထိန်းချုပ်နိုင်ခြင်းက တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးနိုင်ခြင်း မဟုတ်သည့်အတွက် ကျီစုန့် မကြောက်လန့်သွားပေ။ ထိုအရာက သူ့ပြိုင်ဘက်သည် သူ့ထက် အနည်းငယ် အရေးသာပြီး တိုက်ပွဲက စဉ်းစားထားသည်ထက် ပိုမိုပြင်းထန်နိုင်ကြောင်းသာ သက်သေပြပေးနိုင်သည်။

ဝမ်ဝေ့က ကျီစုန့်နှင့် သိပ်မဝေးသည့်နေရာတွင် ဆင်းသက်လိုက်ပြီး သူ့ကို သေချာစိုက်ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ် သူ့ကိုမြင်ခဲ့စဉ်က တစ်ကိုယ်လုံး သွေးများဖြင့်ပေကျံနေပြီး မြေပြင်ပေါ်တွင် တုန်လှုပ်နေသည့်ပုံစံသာ မြင်ခဲ့ရသည်။

သို့သော် ယခု ကျီစုန့်က လုံးဝ အဆင်ပြေနေပုံပေါ်သည်။ မဟုတ်သေးဘူး အဆင်ပြေနေသည်ထက် ပိုသည်။ ဝမ်ဝေ့၏ အာရုံခံစားစိတ်ပြင်းပြသော ဝိညာဉ်က ကျီစုန့်၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသည့် ထူးဆန်းသော စွမ်းအားကို ခံစားမိသည်။ ထို့အပြင် ထိုစွမ်းအားက သူ ယခင်က တစ်နေရာရာတွင် တွေ့ဖူးထားသလိုမျိုး ရင်းနှီးနေသည်။

သို့သော် ခံစားချက်က အတော်လေး ဝိုးတိုးဝါးတားဖြစ်နေသည့်အတွက် ထိုအရာက ဘာလဲဆိုတာ သေချာမသိနိုင် ဖြစ်နေသည်။ သို့သော် ထိုတိုက်ပွဲက ရိုးရှင်းမည် မဟုတ်ကြောင်းကိုတော့ ဝမ်ဝေ့ သေချာသိနေသည်။

သူတို့နှစ်ယောက် အချင်းချင်း စစ်ဆေးပြီးနောက် ကျီစုန့်က အရင် ပြောလိုက်သည်။

“ ငါ ဒီတိုက်ပွဲကို စောင့်နေတာ နှစ် ၅၀ ကျော်နေပြီ။ နောက်ဆုံးတော့ မင်း ငါ့ကို စိတ်ဝိညာဉ်ခရီးလမ်းမှာ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်စားချေခွင့်ရပြီပဲ”

ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်

“ အဲဒီအချိန်တုန်းက ငါက သေမျိုးတစ်ယောက်လိုမျိုး အားနည်းနေတာတောင် မင်းကို အနိုင်ရခဲ့တယ်နော်။ အခု မင်းဆီမှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ ထင်နေသေးတာလား”

ကျီစုန့်က လက်ကို အကြောဆန့်ကာ အပေါ်ပိုင်းကို အကြောဖြေပြီးနောက် ပြန်ဖြေလိုက်သည်

“ မကြာခင် ဒီမေးခွန်းရဲ့ အဖြေကို သိရမှာပါ မဟုတ်ဘူးလား”

ထိုစကားကို ပြောပြီး သူ ဝမ်ဝေ့ဆီ အရှိန်ဖြင့် သွားကာ အားပြင်းသော လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးတစ်ချက်က လေထဲတွင် ကျယ်လောင်သော အသံကို ဖြစ်ပေါ်သွားစေပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စိတ်ဆန္ဒနှင့် ခွန်အားကို ပြသနေသည်။

သို့သော် ဝမ်ဝေ့က သူ့ထက် ဘယ်သူ့ကိုမှ အသာစီးရခွင့် မပေးပေ။ သူက ကြံ့ခိုင်သောခန္ဓာ၏ ခွန်အား အားလုံးကို စုစည်းကာ ကျီစုန့်၏ လက်သီးချက်ကို ပြန်လည်ထိုးနှက်လိုက်သည်။

ဝုန်း…

လက်သီးထိုးချက်နှစ်ခု တွေ့ဆုံသွားသည့်အခါ စွမ်းအားကြီးသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်သွားသော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျီစုန့်က တိုက်ခိုက်မှု၏ အားအင်ကို ပယ်ပျက်စေရန် ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

သူ ထိုအချက်ကြောင့် ဒေါသထွက်သွားပြီး ခွန်အားကို ပိုမိုတိုးမြှင့်ကာ လက်သီးများကို အဆက်မပြတ်ထိုးကြိတ်တော့သည်။ ကံမကောင်းစွာဖြင့် ဘာ အကျိုးသက်ရောက်မှုမှ မရှိပေ။

သူ ဘယ်လောက်ထိ ထိုးကြိတ်နေပါစေ ဝမ်ဝေ့၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ လက်သီးချက် ဒါဇင်ပေါင်းများစွာ ထိုးနှက်ပြီးနောက် ဝမ်ဝေ့က သွေးပူလေ့ကျင့်ခန်း လုပ်ရသည်ကို ငြီးငွေ့လာပြီး ခွန်အားနှင့် အရှိန်ကို မြှင့်တင်လိုက်သည်။

ဝုန်း…

အားပြင်းသော လက်သီးချက်တစ်ချက်နှင့်အတူ ကျီစုန့်က မီတာအနည်းငယ်ဝေးသော နေရာသို့ လွင့်ထွက်သွားသည်။ သူ့အတွက် ကံကောင်းစွာဖြင့် တိုက်ခိုက်မှုကို ဟန့်တားရန် လက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်လိုက်နိုင်သည်။ မဟုတ်လျှင် တိုက်ပွဲအစကတည်းက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

မီတာအနည်းငယ် အဝေးတွင် ဆင်းသက်ပြီးနောက် ကျီစုန့်က ဒဏ်ရာရသွား၍ အနီရောင်ပြောင်းသွားသည့် လက်နှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ သူ့လက်မောင်းမှ ပြင်းထန်သော နာကျင်မှုနှင့် အရိုးအနည်းငယ် အက်သွားသည်ကို ခံစားလို့ရနိုင်သည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူ့အရိုးများက သူ့ဘာသာသူ ကုစားသွားသည်။ သို့သော် ကျီစုန့် မပျော်ရွှင်ပေ။

အကြမ်းခံပုဆိန်ခန္ဓာဖြင့် မွေးဖွားလာသော လူတစ်ယောက်ဖြစ်သည့်အတွက် သူက ခန္ဓာကိုယ်နှင့် ပတ်သက်လာလျှင် သဘာဝအရ ကောင်းချီးပေးခံထားရခြင်း ဖြစ်သည်။ စွမ်းအားကြီးခန္ဓာသန့်စင်ခြင်းကျင့်စဉ်များ ပါဝင်သည့် ဧကရာဇ်အဆင့်ကျင့်စဉ်ပါ ထည့်ပေါင်းလိုက်လျှင် ခန္ဓာကိုယ်ခွန်အားချည်း ရင်ဆိုင်သည့်အခါ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပေ။

သို့သော် ယနေ့ သူ ရှုံးနိမ့်ခဲ့သည်။

သည်ထက် ပိုပြီးအရေးကြီးသည်က ကျီစုန့်က ရုတ်တရက် စိတ်ဝိညာဉ်ခရီးလမ်းအကြောင်းကို စဉ်းစားလိုက်မိသည်။ ထိုအချိန်တုန်းက သူ၏ လက်ရှိပြိုင်ဘက်က သူတို့ရင်ဆိုင်နေစဉ်အတွင်း တစ်ခါမှ ထိခိုက်ခွင့် မပြုရဲခဲ့ပေ။

သို့သော် ယခု ဝမ်ဝေ့က သူနှင့် ရင်ဆိုင်တိုက်ခိုက်ရုံသာမက အနိုင်ရသူတစ်ယောက်ပါ ဖြစ်နေသည်။ ကျီစုန့်အတွက် ထိုအရာက သူ၏ အဆင့် ၂ ကောင်းကင်ခန္ဓာအတွက် အရှက်ရစရာတစ်ခု ဖြစ်၏။

သို့သော် သူ အလျင်စလို မပြုမူခဲ့ပေ။ သူ့ကိုယ်သူ စိတ်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူ့ခြေထောက်အောက်ရှိ ရေခဲနေသော မြေက ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ဆီသို့ ပျံတက်လာပြီး ဧရာမကျောက်တုံးချပ်ဝတ်တန်ဆာကို ဖန်တီးပေးနေသည်။ ကျီစုန့်၏ ၃မီတာလောက် ရှိသော ခန္ဓာကိုယ်က ၁၀ မီတာထက်ပိုမြင့်သော ကျောက်တုံးခန္ဓာတစ်ခု ဖြစ်လာသည်။

သူက ဝမ်ဝေ့ကို စိုက်ကြည့်ကာ သူ့ဆီသို့ ချက်ချင်း အမြန် ပြေးသွားလိုက်သည်။ သူ၏ ပြောင်းလဲသွားသော အရွယ်အစားက သူ့အရှိန်ကို လျော့ကျသွားစေတာမျိုး မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ပိုပြီးတော့ပင် မြန်ဆန်လာသည်။

ကျီစုန့်က အားကောင်းသော လက်သီးတစ်ချက် ပစ်ခွင်းပြီးနောက် “ကမ္ဘာမြေစွမ်းအား” ဟု အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ဝေ့က ကျီစုန့်တစ်ယောက်တည်းနှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ သူ့ခြေထောက်အောက်ရှိ ကမ္ဘာမြေနှင့်ပါ ရင်ဆိုင်နေရကြောင်း ဝမ်ဝေ့ ရုတ်တရက် ခံစားလိုက်မိသည်။ သူက မြောက်ပိုင်းဒေသတစ်ခုလုံး၏ စွမ်းအား၊ မိခင်ကမ္ဘာမြေ၏ ခွန်အားကို ရင်ဆိုင်နေရပုံပေါ်သည်။

ဝမ်ဝေ့၏ အကြည့်တို့ လင်းလက်သွားကာ ထိုလက်သီးချက်နှင့် ရင်ဆိုင်ရန် တွေဝေမနေပေ။

ဝုန်း…

လေထုပေါက်ကွဲသွားကာ ရေခဲအပိုင်းအစများလည်း နေရာတိုင်းသို့ လွင့်ထွက်သွားသည်။ အားပြင်းသောလှိုင်းက ထိတိုက်မှုဖြစ်သွားသည့်နေရာမှ ကီလိုမီတာထောင်ကျော်အထိ ပျံ့နှံ့သွားသည်။ မြောက်ပိုင်းဒေသတွင်နေထိုင်သော သက်ရှိတချို့က အားပြင်းသော ငလျင်ကို ရုတ်တရက် ခံစားလိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။

မရေတွက်နိုင်သော တိရစ္ဆာန်များလည်း ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ သူတို့က တွေဝေခြင်းမရှိ သူတို့၏ သဘာဝအရ နေထိုင်ရာဒေသမှ စွန့်ခွာကာ အလယ်ပိုင်းဒေသရှိရာ တောင်ဘက်သို့ ဦးတည်သွားသည်။

ဝမ်ဝေ့က တိုက်ခိုက်မှုအပြီး မီတာအနည်းငယ် နောက်ဆုတ်သွားရသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ခုပင် မရှိပေ။ ထိုအရာကို ကျီစုန့် သတိထားမိသွားသည်။

ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီးနောက် ဝမ်ဝေ့ ချက်ချင်း စိတ်လှုပ်ရှားလာကာ သူ့ပြိုင်ဘက်ဆီ ပြေးသွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ယခုတစ်ခေါက်တွင် သူက သန်းချီနေသော ကျင်းအင်အားကို အသုံးပြုလိုက်သည်။

နောက်ထပ်ပေါက်ကွဲမှုနှင့်အတူ သူတို့နှစ်ယောက် ထပ်မံပြီး ထိပ်တိုက်တွေ့ကြပြန်သည်။ သို့သော် သူတို့နှစ်ယောက် ယခု လက်ရည်တူညီစွာဖြင့် တိုက်ခိုက်နိုင်နေသည်။

ဝမ်ဝေ့က သူ၏ ကြံ့ခိုင်ခန္ဓာနှင့် ယှဉ်နိုင်သော ပြိုင်ဘက်ကို တွေ့လိုက်ရသောကြောင့် အကြည့်တို့ တောက်ပသွားသည်။ ထို့ကြောင့် သူစိတ်လှုပ်ရှားပြီး လက်သီးချက်များစွာ ထိုးနှက်နေခြင်း ဖြစ်သည်။

ဝုန်း…ဝုန်း…ဝုန်း…

မရေတွက်နိုင်သော ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။ မူလက ကျီစုန့်က ဝမ်ဝေ့နှင့် တိုက်ခိုက်နိုင်သော်လည်း လက်သီးချက်ပေါင်း ရာချီလာသောအခါ ခုခံသည့်အခြေအနေသို့ ရောက်ရှိသွားသည်။ သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် လက်ကို ကြက်ခြေခတ် ပုံစံ လုပ်ထားရသည်။

ထိုအချိန်တွင် တိုက်ပွဲဝန်းကျင် ကီလိုမီတာ ရာချီနေသော နေရာရှိ မြေအားလုံး ဖျက်ဆီးခံထားရသည်။ နေရာတိုင်းတွင် တစ်စစီဖြစ်နေသော ရေခဲများကို မြင်နိုင်သည်။ ရေခဲနေသော သစ်ပင်များလည်း တစ်စစီ ဖြစ်နေသည်။ ကောင်းကင်ရှိ တိမ်တိုက်များပင် သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုလှိုင်းကြောင့် လွင့်ပြယ်သွားသည်။

ကျီစုန့်ကို လက်ဝှေ့အိတ်အဖြစ် အသုံးပြုပြီး မိနစ်အနည်းငယ်အကြာတွင် ဝမ်ဝေ့ တစ်ခါ ထပ်မံပြီး ငြီးငွေ့လာပြန်သည်။ ထို့ကြောင့် သူက သာမန်လက်သီးထိုးချက်များအစား ကျင့်စဉ်တစ်ခုကို ထုတ်သုံးလိုက်သည်။

သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးကို လျင်မြန်စွာ တုန်လှုပ်စေကာ ထိုတုန်လှုပ်မှုကို ထိန်းချုပ်ပြီး လက်သီးသို့ ပို့ပြီးနောက် ထိုးလိုက်သည်

“ ငလျင်လက်သီး”

ရုတ်တရက် စွမ်းအားကြီးတုန်ခါမှုက သူ့ကို တိုက်ခိုက်နေသည်ကို သတိမထားမိခင် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးတုန်ခါလာသည်ကို ကျီစုန့် စတင်ခံစားလာရသည်။

သူ၏ ကျောက်တုံးချပ်ဝတ်တန်ဆာ တစ်စစီဖြစ်သွားကာ သူလည်း ကီလိုမီတာအနည်းငယ်သို့ လွင့်ထွက်သွားသည်။ ဒီထက်ပိုပြီးဆိုးရွားသည်က ထိုတုန်လှုပ်မှုက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို စတင် ဖျက်ဆီးနေပြီဖြစ်သည်။

အရေပြား၊ ကြွက်သား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါအချို့တို့ ပါဝင်သည်။ ထို့ကြောင့် သူ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် သွေးများအန်ထွက်ကုန်သည်။

သို့သော် ကျီစုန့်က လျင်မြန်စွာ ပြုမူလှုပ်ရှားလိုက်သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့်တစ်ပြိုင်နက် လေကို ရှူသွင်းလိုက်သည်။ ရုတ်တရက် မြေပြင်မှ အစိမ်းရောင်အလင်းများက သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားကာ သူ့ ဒဏ်ရာများကို ချက်ချင်း စတင်ကုသပေးနေသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကျီစုန့် မြေပြင်ပေါ်မှထကာ အရာအားလုံး ကုစားပြီးနောက် တိုက်ပွဲကို နောက်ထပ်တစ်ကြိမ် စတင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုကျင့်စဉ်ကို အသုံးပြုရန်အတွက် မူလချီများစွာကို အသုံးပြုလိုက်သည်။

All Chapters