← Chapters

ရှားလော့ခ်၏ အစီအစဉ်

Vol. 29 Ch. 425

ရှားလော့ခ်၏ အစီအစဉ်

Vol. 29 Ch. 425

ဂိမ်းမာများနှင့် မြို့သူမြို့သားများက စူးစိုက်ကြည့်ရှု နေကြစဉ် ပက်ထရစ်စတားက အဖြစ်အပျက် တစ်ခု လုံးကို မှတ်တမ်း တင်နေခဲ့၏။ ချယ်ရီသည် မိနစ် ဆယ်ဂဏန်းမျှ ဖီလ်းတက်နေခဲ့ပြီး သူ၏ မျက်နှာမှာ လုံးဝ အစွမ်းကုန်သွားသည့် အလား ဖြစ် နေခဲ့သည်။

သို့သော် ဖီးနစ်၏ ရုပ်တုမှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။

"ဘယ်လို ဖြစ်နိုင်မှာလဲ... ဖြစ်နိုင်တာက ဒါ ငါ မဟုတ်ဘူး ထင်တယ်..."

စိတ်ဓာတ် ကျသွားသော ချယ်ရီသည် ခေါင်းငိုက်စိုက် ကျသွားပြီး အလွန် သံသယ ဝင်လာခဲ့၏။

"စုံထောက်ကြီး ချယ်ရီ။ ကြည့်လိုက်စမ်းပါ။"

သူ၏ နောက်မှ စခန်းစုံစမ်းရေးမှူးက စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ပြီး ရုပ်တုကြီး ဆီသို့ ညွှန်ပြ လိုက်သည်။

ချယ်ရီ ခေါင်းမော့ ကြည့်လိုက်ရာ မီတာ ဆယ်ဂဏန်းမျှ မြင့်မားသော ရုပ်တုကြီး၏ အောက်ခြေမှ နီရဲသော မာနာမှော်အက္ခရာများ ပေါ်ထွက် လာသည်ကို တွေ့လိုက် ရသည်။ ချော်ရည်ဂူ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါ နေခဲ့၏။

"ဒါ ငါပဲ။ ငါ တစ်ယောက်တည်းကပဲ ဖီးနစ်ကို နိုးထ စေနိုင်တာ။ ငါက မိုက်ကယ်အိန်ဂျယ်လိုနဲ့ သွေးသား တော်စပ် နေနိုင်တယ်။"

ချယ်ရီ ပျော်ရွှင်သွားပြီး မယုံနိုင် ဖြစ်သွားခဲ့၏။ သူက အဝေးရှိ မြို့ငယ်လေးမှ မြို့သူမြို့သားများကို ကြည့်လိုက်ပြီး သူ၏ ပျော်ရွှင်မှုကို မျှဝေပေးချင် နေခဲ့သည်။ အကယ်၍သာ သူက အခြား ၇၂ ပါးသော နတ်ဆိုးများကို ရှာဖွေတွေ့ ရှိပြီး သူ့ အတွက် အလုပ်,လုပ်ခိုင်း နိုင်ခဲ့မည် ဆိုလျှင်ကော။

ထိုအခါ ချယ်ရီသည် သူ၏ မျိုးရိုးသွေးဆက်အရ နောက်ထပ် မိုက်ကယ်အိန်ဂျယ်လို တစ်ယောက် ဖြစ်လာ နိုင်ပေလိမ့်မည်။

ချယ်ရီ၌ မြေအောက်လောက,ကို သိမ်းပိုက်ရန် အစီအစဉ် တစ်စုံတစ်ရာမျှ မရှိခဲ့ပါ၊ သူသည် မိမိကိုယ်ကို အားကောင်း လာစေရန်နှင့် သူ့ကို အထင်သေးသူများကို အနိုင် ယူရန်သာ လိုလား ခဲ့သည်။ ထို့နောက် သူသည် ဒန်ဂျင်အရှင် တစ်ပါး ဖြစ်လာပြီး ၇၂ ပါးသော နတ်ဆိုးများကို သာမန်လူများအဖြစ် အယောင်ဆောင် စေကာ လိုအပ်သည့် အခါမှ သူ၏ အစွမ်းအစကို ပြသ ပေလိမ့်မည်။ သူ၌ သူနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်လိုသော စေ့စပ်ထားသူ တစ်ဦး ရှိခဲ့၏။ သူက သူ၏ စေ့စပ်ထားသူကို ကံကြမ္မာ စက်ဝိုင်းသည် ပြောင်းလဲ တတ်ကြောင်းနှင့် သူမ သူ့ကို အထင်မသေး ခဲ့သင့်ကြောင်း သိစေ ချင်ခဲ့သည်။ ချယ်ရီသည် မိမိကိုယ်ကို ပို၍ ပို၍ အားကောင်းလာအောင် ပြုလုပ် ပေလိမ့်မည်...

ဤအခိုက်အတန့်တွင် သူသည် မိမိကိုယ်ကို ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိ နေသည်ဟု စိတ်ကူးယဉ် နေခဲ့သည်။

"စခန်းစုံစမ်းရေးမှူး။ ကျွန်တော် လုပ်နိုင် ခဲ့ပြီ။ ကျွန်တော် လုပ်နိုင် ခဲ့ပြီ။"

ချယ်ရီသည် ဂနိုမ်း စခန်းစုံစမ်းရေးမှူး ထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထား ချင်နေခဲ့သည်။ သို့သော် သူက ချယ်ရီကို လက်ခံရန် သူ၏ လက်များကို ဖြန့်ကားထားခြင်း မရှိခဲ့ချေ။ စခန်းစုံစမ်းရေးမှူးသည် ချယ်ရီကို မဟုတ်ဘဲ ဖီးနစ်ကိုသာ ပျော်ရွှင်စွာ ကြည့်နေ ခဲ့သည်။ ချယ်ရီက သူ့ကို အော်ခေါ်လိုက်သောအခါ သူက ခေါင်းညိတ်ကာ ဆို၏။ "ဟုတ်တယ်၊ မင်းက ‌ေ*ွးကောင်စုတ်၊ မင်း နောက်ဆုံးတော့ လုပ်နိုင် ခဲ့ပြီပဲ။ ငါက မင်းကို ဆောင်းတောင်ကုန်းမြို့ရဲ့ ထူးချွန်တဲ့ စုံထောက် တစ်ယောက်လို့ ထင်ခဲ့တာ၊ ဒါကြောင့် ငါ သိပ်ပြီး သိသိသာသာ မလုပ်ရဲခဲ့ဘူး။ ငါ လျှို့ဝှက် သဲလွန်စတွေ အများကြီး ပြင်ဆင် ထားခဲ့တယ်။ ဒါပေမဲ့ ငါ ဘယ်လိုပဲ လုပ်လုပ် မင်းက အဲ့ဒါတွေကို လျစ်လျူရှု ခဲ့တယ်။ ငါက သဲလွန်စတွေကို မင်း မျက်နှာ ရှေ့တည့်တည့် ထိုးပေးမှပဲ မင်းက ရှာတွေ့ နိုင်ခဲ့တယ်။ အကယ်၍သာ မင်းက ဖီးနစ်ရဲ့ တံဆိပ်ကို ဖယ်ရှားဖို့ သော့ချက်ဆိုတာ ငါ မသိခဲ့ရင် ငါ မင်းကို ဓားနဲ့ ဆယ်ခါပြန် ထိုးသတ် ပစ်ပြီးလောက်ပြီ။ ဒါပေမဲ့ အခုတော့ အရာအားလုံးက ငါ့ အစီအစဉ်အတိုင်း ဖြစ်ပျက်နေပြီလေ။"

စခန်းစုံစမ်းရေးမှူး စိတ်အေးလက်အေး ဖြစ်သွားပြီး သူ၏ လက်များကို ဖြန့်ကာ ဆို၏။ "ငါတို့ ခံနေရတဲ့ ကျိန်စာက နောက်ဆုံးတော့ ပယ်ဖျက်လို့ ရတော့မယ်။ ဖီးနစ် နိုးထ လာနေပြီ။ သူက ငါတို့ရဲ့ ကျွန် ဖြစ်လာပြီး ငါတို့အတွက် တိုက်ခိုက် ပေးလိမ့်မယ်။"

"နေဦး၊ ခင်ဗျား ဘာတွေ ပြောနေ တာလဲ၊ စခန်းစုံစမ်းရေးမှူး။ အဟွတ် ဟွတ်။ သတင်းထောက်က ဒီမှာ ရှိနေတုန်းပဲလေဗျာ။"

ချယ်ရီ နားမလည်နိုင် ဖြစ်သွားခဲ့၏။ စခန်းစုံစမ်းရေးမှူး ရူးနေသလား ဆိုသည်ကို သူ မသိခဲ့ချေ။ သူက စခန်းစုံစမ်းရေးမှူးကို အသံတိုးတိုးဖြင့် သတိပေး လိုက်သော်လည်း စခန်းစုံစမ်းရေးမှူးက သူ၏ လက်ကို ရိုင်းစိုင်းစွာ တွန်းဖယ် လိုက်သည်။

"သွားစမ်း၊ မင်းက ‌ေ*ွးကောင်စုတ်။ ဘေးမှာ ရပ်ပြီး မင်း သေမယ့် အချိန်ကို စောင့်ရင်း အော်ငို နေလိုက်တော့။"

စခန်းစုံစမ်းရေးမှူးက ချယ်ရီကို ဒေါသတကြီး အော်ဟစ်လိုက်ရာ ချယ်ရီ ဒေါသထွက်သွားပြီး နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူက စခန်းစုံစမ်းရေးမှူးကို မေးခွန်းထုတ်ရန် ပြင်လိုက် စဉ်မှာပင် သူ၌ အင်အား တစ်စုံတစ်ရာမျှ မရှိတော့ကြောင်း တွေ့ရှိ လိုက်ရသည်။ လေထုထဲတွင် ထူးဆန်းသော ဓာတ်ငွေ့ တစ်မျိုးဖြင့် ပြည့်နှက် နေခဲ့၏။

ပက်ထရစ်စတားလည်း သူ၌ အင်အား မရှိတော့ကြောင်း တွေ့ရှိလိုက် ရသည်။

ပက်ထရစ်စတား မြေပြင်ပေါ်သို့ လဲကျ သွားခဲ့သည်။ သူက ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ ခြေထောက်များကို ဖမ်းဆွဲလိုက်ပြီး အော်ပြော လိုက်သည်။ "အဆိပ်။ လေထဲမှာ အဆိပ် ခတ်ထားတယ်။"

မည်သူမျှ သူ့ကို ဂရုမစိုက်ခဲ့ကြချေ။ ချယ်ရီ ဖီးနစ်၏ ရှေ့တွင် ဖီးလ်းတက်နေစဉ် ကတည်းက ဂိမ်းမာများ တိတ်ဆိတ် နေခဲ့ကြသည်။ မည်သူမျှ လှုပ်ရှားခြင်း သို့မဟုတ် စကားပြောခြင်း မပြုခဲ့ကြချေ။

"ဟားဟားဟား။ အသုံးမဝင်တော့ပါဘူး၊ မင်းတို့ အပြင်လူတွေ အားလုံး ဒီနေ့ သေရလိမ့်မယ်။"

အဝေးရှိ မြို့ငယ်လေး၏ မြို့တော်ဝန်က လျှောက်ထွက် လာခဲ့ပြီး မြို့သူမြို့သားများက သူ၏ နောက်မှ လိုက်ပါ လာခဲ့ကြသည်။ လားရာပေါင်းစုံမှ ရောက်ရှိ လာကြသော ဝတ်ရုံရှည်များ ခြုံထားသည့် သတ္တဝါများလည်း ရှိနေ ခဲ့သည်။

သူတို့သည် ထူးဆန်းသော ပုံသဏ္ဍာန်များ ရှိကြ၏။ အချို့မှာ အရပ်ရှည်ကြပြီး အချို့မှာ ဝဖြိုးကြကာ အချို့မှာ အရပ်ပု ကြသည်။ ဝတ်ရုံကို စိုစွတ်စေသော ရွှံ့ဗွက် မွန်းစတား တစ်ကောင်လည်း ရှိနေ ခဲ့၏။

သူတို့သည် ဖီးနစ်ကို ဝန်းရံထားသော နေရာသို့ လျှောက် သွားကြပြီးနောက် ဝတ်ရုံများကို ဆွဲချွတ်ကာ သူတို့၏ မျက်နှာများကို ဖော်ပြ လိုက်ကြသည်။ ချယ်ရီက သူတို့ကို သေချာစွာ ကြည့်လိုက်၏။ သူတို့ အားလုံးသည် အဝေးရှိ မြို့ငယ်လေးမှ မြို့သူမြို့သားများသာ ဖြစ်ကြသည်။

"သန့်ရှင်းရေးအဒေါ်ကြီး။ ခင်ဗျားကိုး၊ ခင်ဗျားက ကျွန်တော့် ရုံးခန်း စားပွဲပေါ်မှာ စာကို တင်ထား ခဲ့တာလား။" ချယ်ရီက မယုံနိုင်စွာ အော်ပြော လိုက်သည်။ သူသည် အနက်ရောင် ဝတ်ရုံရှည် ခြုံထားသော ဂနိုမ်း အဘွားအို တစ်ဦးကို ကြည့်ရင်း မြေပြင်ပေါ်သို့ အားလျော့စွာ ဒူးထောက် ကျသွားခဲ့၏။

"မင်းက ဘာသတိလေးမှ မရှိဘူး။ ငါ မင်း ရုံးခန်းထဲ ဝင်သွားပြီး ပြတင်းပေါက်တွေ၊ တံခါးတွေ အားလုံးကို ပိတ်လိုက်ပြီးမှ စာကို မင်း ရုံးခန်းစားပွဲပေါ် တင်ထားခဲ့တာ။ အစိမ်းရောင် သင်္ကေတတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတဲ့ သတ္တဝါတွေတောင် ငါ ဘာလုပ်နေလဲဆိုတာ မေးဖို့ သိကြသေးတယ်။" ဂနိုမ်းအဒေါ်ကြီးက မထီမဲ့မြင် ပြုသည့် လေသံဖြင့် ဆို၏။

"နေဦး၊ ခင်ဗျားက... ၁+၁ ဟိုတယ်ရဲ့ ပိုင်ရှင်။"

ချယ်ရီက ဂနိုမ်းအဒေါ်ကြီးကို ဆူပူကြိမ်းမောင်း ချင်နေခဲ့သော်လည်း သူ မော့ကြည့်လိုက်ရာ ဘဏ်ကို စုံစမ်း စစ်ဆေးရန် သူ့အား သတင်း အချက်အလက် ပေးခဲ့သော ဆိုင်ရှင်ကို တွေ့လိုက် ရသည်။

ဘဏ်ဥက္ကဋ္ဌ၊ သူ့အား မနက်စာ ရောင်းချခဲ့သော သူဌေး၊ အိမ်သာ သန့်ရှင်းရေး ဦးလေးနှင့် လမ်းပေါ်တွင် ကျောက်ခဲလုံးများ ကန်ကျောက် နေကြသော ကလေးများ အားလုံး ဤနေရာတွင် ရှိနေကြသည်။

မြို့သူမြို့သား အားလုံး ဤပူးပေါင်းကြံစည်မှုတွင် ပါဝင် နေကြပုံ ရ၏။

"ဘာဖြစ်နေ တာလဲ။ ဆောင်းတောင်ကုန်းမြို့ ကုန်သည်အဖွဲ့..." ချယ်ရီက ခက်ခဲစွာ မေးလိုက်သည်။

"ကုန်သည်အဖွဲ့လား။ မင်းက ဒန်ဂျင်အမြုတေကို အစောင့်အကြပ် လိုက်ပါလာတဲ့ လူမိုက် အယောက် ၂,၅၀၀ကို ရည်ညွှန်း နေတာလား။ သူတို့တွေက တခြားမိုက်မဲတဲ့ ခရီးသွားတွေလိုပဲ ဘာမှ မဖြစ်ဘဲ ဖြတ်သွား နိုင်ခဲ့ကြမှာပါ။ ငါတို့က ချော်ရည်ဂူတွေက အသက်အန္တရာယ် ရှိတယ်လို့ ကောလာဟလတွေ ဖြန့်ထားခဲ့တယ်၊ ဒါမှ သူတို့ မဝင်ရဲမှာပေါ့။ ဒါပေမဲ့ အဲ့ဒီ လူမိုက် ၂၅၀၀ ယောက်က သူတို့မှာ လူအင်အား ရှိတယ်လို့ ထင်ပြီး ပျော်ပွဲစား ထွက်ဖို့ ချော်ရည်ဂူတွေထဲ ဝင်လာ ခဲ့ကြတယ်။ မင်း ယုံနိုင်မလား။ အစောင့်တွေက သူတို့ ကုန်ပစ္စည်းတွေကို သေချာ မစောင့်ကြပ်ဘဲ ပျော်ပွဲစားထွက်ဖို့ ဂူတွေထဲ ဝင်လာခဲ့ကြတယ် တဲ့လေ။ အဲ့ဒီ အချိန်က မီးတောင်သေ ကာလ ဖြစ်လို့ မီးဘီလူးကြီး မရှိခဲ့ဘူး၊ ဒါကြောင့် သူတို့က ဖီးနစ်ရဲ့ ရုပ်တုနဲ့ တံဆိပ်ကို ဖယ်ရှားဖို့ လျှို့ဝှက်ချက်ကို တွေ့ရှိ သွားခဲ့ကြတယ်။ သူတို့ သေကို သေရမယ်။" စခန်းစုံစမ်းရေးမှူးက ရက်စက်စွာ ဆို၏။

"နေဦး၊ အဲ့ဒီ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်ဆီးသွားတဲ့ ဂနိုမ်း နှစ်ယောက်..." ချယ်ရီက သူ၏ နောက်ဆုံး အင်အားဖြင့် မေးလိုက်သည်။

"အိုး၊ အဲ့ဒီ ဂနိုမ်း နှစ်ယောက်လား။ သူတို့က မင်းရဲ့ ဆောင်းတောင်ကုန်းမြို့က လုပ်ဖော်ကိုင်ဖက်တွေပဲ။ သူတို့တွေက အရေအတွက် အရမ်း များလွန်းတယ်။ သူတို့ကို ငါ အဆိပ်ခတ်ခဲ့ပေမယ့် လူနည်းနည်းတော့ လွတ်မြောက် သွားခဲ့ကြတယ်။ အသက်ရှင် ကျန်ရစ်သူ တချို့ကို တွေ့ရှိ ခဲ့ပေမယ့် ငါ့ အဆိပ်က အစွမ်းထက်တယ်။ သူတို့ စကားပြောခွင့် မရခင်မှာပဲ နာကျင်စွာ သေဆုံး သွားခဲ့ကြတယ်။ အဲ့ဒီ ဂနိုမ်းနှစ်ယောက်က မင်းကို ငါတို့ ထောင်ချောက် ဆင်ထားတဲ့ သဲလွန်စတွေကို မတွေ့ရှိအောင် တားဆီးဖို့ ကြိုးစား ခဲ့ကြတာ။ သူတို့က မင်းကို ကယ်တင်ဖို့ ကြိုးစား နေခဲ့ကြတာ။ ဒါပေမဲ့ အားလုံးက ငါတို့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေ ခဲ့တယ်။ သူတို့ရဲ့ သေဆုံးမှုက မင်းကို ထောင်ချောက် ဆင်ထားတဲ့ သဲလွန်စတွေကို ပိုပြီး တွေ့ရှိ သွားစေခဲ့တယ်။ ဟားဟားဟား။"

စခန်းစုံစမ်းရေးမှူး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ မြေပြင်ပေါ်တွင် သတိလစ်လု နီးပါး ဖြစ်နေသော ချယ်ရီက မေးလိုက်သည်။ "သူတို့ရဲ့ ကုန်ပစ္စည်း၊ ဒန်ဂျင်အမြုတေက ဘယ်မှာလဲ။"

"ဒါပေါ့၊ ငါ့ အိမ်မှာပေါ့။ ငါ အဲ့ဒါကို ရောင်းပြီး မြေအောက်လောက,ကို သိမ်းပိုက်ဖို့ ရန်ပုံငွေအဖြစ် သုံးတော့မှာ။ ဖီးနစ်က ငါ့ရဲ့ အကြီးမြတ်ဆုံး စစ်သည်တော် ဖြစ်လာ လိမ့်မယ်။ ငါက ဒုတိယမြောက် မိုက်ကယ်အိန်ဂျယ်လို ဖြစ်လာ တော့မှာ ။" စခန်းစုံစမ်းရေးမှူးက သူ၏ လက်များကို ဖြန့်ကားရင်း စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည်။ ထိုစဉ်မှာပင် သူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေ့ရှိ လိုက်ရ၏။

ချယ်ရီ သတိလစ် နေခဲ့သည်၊ သို့ဆိုလျှင် ခုနက မေးခွန်းကို မည်သူက မေးလိုက်သနည်း။

စခန်းစုံစမ်းရေးမှူး နားမလည်နိုင် ဖြစ်နေစဉ်မှာပင် ပုံရိပ် တစ်ခုက ချယ်ရီ၏ ဘေးတွင် ပေါ်ထွက် လာခဲ့သည်။

မျက်နှာ၏ တစ်ခြမ်းသည် ပို၍ နီရဲလာသော ရုပ်တုကြီးမှ ထွက်ပေါ်နေသော အနီရောင် အလင်းပြန်မှုဖြင့် လင်းထိန် နေခဲ့သည်။

"မင်းက ... ရှားလော့ခ်။ ထာဝရတိုင်းပြည်က ဒန်ဂျင်အရှင် ရှားလော့ခ်။"

စခန်းစုံစမ်းရေးမှူးက ရှားလော့ခ်ကို မှတ်မိသွားခဲ့သည်။

"မှန်ပါတယ်၊ ကျွန်တော်က ရှားလော့ခ်ပါ။ အားလုံးပဲ မင်္ဂလာပါ။"

ရှားလော့ခ်က လူတိုင်းကို လက်ပြ နှုတ်ဆက်လိုက်ရာ သူတို့သည် အထက်တန်းစား နတ်ဆိုးတစ်ပါးကို မြင်တွေ့ လိုက်ရသဖြင့် ထိတ်လန့်စွာ နောက်သို့ ဆုတ်သွားကြသည်။

သူသည် မကြာသေးမီက သတင်းစာများတွင် ထပ်ခါတလဲလဲ ပါဝင်ခဲ့သော အထက်တန်းစား နတ်ဆိုးပင်။ ၇၂ ပါးသော နတ်ဆိုးများထဲမှ တစ်ပါး ဖြစ်သော ဆာမေးလ် ပင်လျှင် သူ့ထံ ရှုံးနိမ့် ခဲ့ရသည်။

၎င်းသည် ကိုယ်ပွား တစ်ခုသာ ဖြစ်သော်ငြား ဆာမေးလ် အစစ်ပင် ဖြစ်ခဲ့သည်။

ထာဝရမီးလျှံ၏ ဒုတိယနှင့် တတိယမြောက် ဆက်ခံသူများသည်လည်း ရှားလော့ခ်ကြောင့် ဘန်ကာဇီယာတွင် အကျဉ်းကျ ခံနေကြရသည်။ ဤမျှ အစွမ်းထက်သော နတ်ဆိုး တစ်ပါးကို မည်သူက မကြောက်ရွံ့ဘဲ နေနိုင် မည်နည်း။

ယခင် မေးခွန်းများကို ရှားလော့ခ်က မေးမြန်းခဲ့ခြင်း ဖြစ်သည်၊ သို့တည်းမဟုတ် ပို၍ တိကျစွာ ဆိုရလျှင် ရှားလော့ခ်က ချယ်ရီကို ထိုမေးခွန်းများ မေးမြန်း ခိုင်းခဲ့ခြင်း ဖြစ်သည်။

"ရှားလော့ခ်၊ မင်း ငါတို့ရဲ့ အစီအစဉ်ကို သိရင်တောင် ငါတို့ မင်းကို မကြောက်ဘူး။ ဖီးနစ်... ဖီးနစ် နိုးထလာနေပြီ။ မင်း ဖီးနစ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ အကယ်၍ မင်း ငါတို့ဆီ လက်နက်ချရင် ငါတို့ မင်းကို ငါတို့နဲ့ ပူးပေါင်းခွင့် ပေးမယ်။"

စခန်းစုံစမ်းရေးမှူး စိုးရိမ်ထိတ်လန့် နေခဲ့သော်လည်း သူ သိပ်ကြောက်ရွံ့ပုံ မပြခဲ့ချေ။

"ခင်ဗျားက ချယ်ရီကို သုံးပြီး ဖီးနစ်ကို ထိန်းချုပ် မလို့လား။" ရှားလော့ခ်က မြေပြင်ပေါ်တွင် လဲနေသော ချယ်ရီကို ညွှန်ပြ လိုက်သည်။

"ဒါပေါ့... အဲ မဟုတ်ဘူး၊ သူက ဖီးနစ်ကို နိုးထစေဖို့ သော့ချက် တစ်ခုပဲ။" စခန်းစုံစမ်းရေးမှူး အော်ပြော လိုက်သည်။

"အာ၊ ဒါဆို ကောင်းတာပေါ့။ ဖီးနစ်က နိုးထလာတာနဲ့ ထွက်ပြေးသွားရင် ကျွန်တော် သူ့ကို လိုက်ဖမ်း နိုင်မှာ မဟုတ်ဘူး။" ရှားလော့ခ်က ခေါင်းညိတ်ကာ မိမိကိုယ်ကို တိုးတိုးလေး ရေရွတ် လိုက်သည်။ စခန်းစုံစမ်းရေးမှူးက ရှားလော့ခ် ဘာပြောနေသည်ကို နားမလည်ခဲ့ချေ။

ရှားလော့ခ်၏ နောက်မှ ရုပ်တုကြီးသည် ၎င်း၏ အပြင်ခွံကို စတင်၍ ခွာချ နေခဲ့ပြီ။ နီရဲသော အလင်းရောင်သည် ပို၍ တောက်ပ လာခဲ့သည်။

ရှားလော့ခ်က သူ၏ လက်ထဲမှ ချယ်ရီသီးနီများကို လွှင့်ပစ် လိုက်ပြီး သူ၏ ကြွက်သားများနှင့် အရိုးအဆစ်များကို ဖြေလျှော့စ ပြုလိုက်သည်။

"အဲ့ဒါ ဘာလဲ။"

စခန်းစုံစမ်းရေးမှူးက မြေပြင်ပေါ်တွင် လိမ့်နေသော ချယ်ရီသီးနီများကို စိုက်ကြည့်ရင်း နောက်သို့ ဆုတ်သွား ခဲ့သည်။

"အိုး၊ အဲ့ဒါတွေက ချယ်ရီသီးတွေလေ၊ မြေပေါ်ကမ္ဘာမှာ တွေ့ရတဲ့ အသီး တစ်မျိုးပေါ့။ ဖီးနစ်က အဲ့ဒါတွေကို အရမ်း ကြိုက်တယ်လေ။ ခင်ဗျား မမြင်ဖူးတာက ပုံမှန်ပါပဲ။" ရှားလော့ခ်က ပြုံးလျက် ဆို၏။

ရှားလော့ခ်၏ နောက်မှ ငှက်တစ်ကောင်၏ စူးရှသော အော်မြည်သံကို ကြားလိုက် ရသည်။ ဖီးနစ်သည် မှော်တံဆိပ်မှ လွတ်မြောက် သွားခဲ့လေပြီ။

All Chapters