← Chapters

နန်းတက်ပွဲ။ ဗစ်တိုးရီးယားမြို့၏ ဘုရင်မ။

Vol. 29 Ch. 429

နန်းတက်ပွဲ။ ဗစ်တိုးရီးယားမြို့၏ ဘုရင်မ။

Vol. 29 Ch. 429

"အရှိန်မြှင့်တင်တာလား။ ဘယ်လို လုပ်မှာလဲ။ လောကသစ်ပင်ရဲ့ ကြီးထွားမှုကို အရှိန်မြှင့်တင်လို့ ရလို့လား။ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်၊ ပိုတက်စီယမ် ပါတဲ့ ဂျင်ကဲလား ကီလို ၅,၀၀၀ လောက် စုပ်ယူခိုင်း ပြီးတော့လား။"

ဘရု အံ့အားသင့် သွားခဲ့သည်။ ၎င်းသည် သူ၏ အသိပညာထက် ကျော်လွန် နေခဲ့၏။

"အဲ့ဒီလိုမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့မှာ ပိုရှုပ်ထွေးတဲ့ တခြား နည်းလမ်းတွေ ရှိတယ်။ ငါတို့ ဖြည်းဖြည်းချင်း အစီအစဉ် ဆွဲလို့ ရပါတယ်။ ငါ အလျင် မလိုပါဘူး။"

ရှားလော့ခ်က ဆို၏။ "အဲ့ဒီ အရင်၊ ဂိမ်းမာတွေရဲ့ အတွေ့အကြုံကို တိုးတက်စေဖို့ ငါတို့ ဆွေးနွေးခဲ့တဲ့ အပ်ဒိတ်တွေကို အပြီးသတ် လိုက်ပါ။"

"ကျွန်တော် နားလည်ပါတယ်၊ အရှင်ရှားလော့ခ်။ ကျွန်တော်တို့ ဗစ်တိုးရီးယားမြို့ကို ဂရုစိုက်ဖို့ လိုအပ်သေးလား။" ဘရုက မေးလိုက်သည်။

"ပြဿနာမရှိပါဘူး၊ လီလိုက သူ ဘာလုပ်နေလဲ ဆိုတာ သိပါတယ်။" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ဆို၏။

...

"ငါတို့ ဘာလုပ်ကြမလဲ။ တစ်ယောက်ယောက်မှာ အကြံကောင်းကောင်း ရှိသေးလား။"

လီလိုသည် စားပွဲနောက်တွင် ထိုင်ရင်း သူ၏ ရှေ့မှ ဝန်ထမ်းတန်းများကို စိုက်ကြည့်ကာ မျက်မှောင် ကြုတ်လိုက်သည်။

သူတို့သည် အက်လ်ဖ် မထိမတို့နိုင်သောသူ၊ လူပု ဟေးလ်နှင့် ဘုရင်၊ မဟာမှော်အရှင် ခေါင်းပြောင်၊ သူရဲကောင်း လန်ဆလော့နှင့် သူမ၏ သစ္စာရှိ ကိုယ်ရံတော် ဟမ်းစတားများ ဖြစ်ကြသည်။

"ကျွန်တော်တို့ အရင်ဆုံး ထမင်းစားကြ ရအောင်လား။" ဝတုတ်အိုတာကုက ပျော်ရွှင်စွာ ဆို၏။

"ကျွတ်။"

ဘော့စ်အကြီးက ဝတုတ်အိုတာကုကို တံတောင်ဖြင့် တွတ်လိုက်သည်။

လန်ဆလော့ မျက်မှောင်ကြုတ်ကာ ဆို၏။ "မြို့စားကတော်၊ ခင်ဗျားက ယော့ခ်နယ်စားကြီး နဲ့ စစ်ပွဲ အကြီးအကျယ် ဆင်နွှဲပြီး သူ့ရဲ့ ပိုင်နက်တွေ၊ သယံဇာတတွေနဲ့ လူဦးရေတွေကို သိမ်းပိုက်ချင်တယ်လို့ ဆိုလိုတာလား။ အဲ့ဒါ ခင်ဗျား ဆိုလိုတာလား။"

"ခင်ဗျား ယော့ခ်ပိုင်နက် အတွက် ဆက်ခံသူ တစ်ယောက် ရှာရ ပါလိမ့်မယ်။ အကောင်းဆုံးကတော့ ယောက်ျားလေး ဆက်ခံသူ တစ်ယောက် ဖြစ်ရပါမယ်။ ပြီးရင် ခင်ဗျားက လက်ရှိ ယော့ခ်နယ်စားကြီးကို လုပ်ကြံမသတ်ခင် သူ့ကို လက်ထပ် နိုင်ပါတယ်။ ပြီးတဲ့နောက်မှာ ခင်ဗျားက သူ့ရဲ့ ဆက်ခံသူကို ရှုတ်ချပြီး ခင်ဗျားရဲ့ ဆက်ခံသူကို အသုံးချပြီး စစ်ကြေညာ နိုင်ပါတယ်။ ခင်ဗျား အောင်ပွဲ ရရှိသွားရင် ယော့ခ်ပိုင်နက်က ခင်ဗျားရဲ့ ခင်ပွန်း ပိုင်ဆိုင် သွားပါလိမ့်မယ်။ တစ်နည်းအားဖြင့် ဆိုရင် အဲ့ဒါက ခင်ဗျား ပိုင်ဆိုင် သွားမှာပါ။" လန်ဆလော့ ဆို၏။

ဤသည်မှာ မှူးမတ်များ ပိုင်နက်နယ်မြေများကို လုယူရန် အသုံးပြုလေ့ ရှိသော နည်းလမ်း တစ်ခု ဖြစ်သည်။ ဘုရင်၏ ချီးမြှင့်ခြင်းမှ လွဲ၍ လက်ထပ် ထိမ်းမြားခြင်းသည် ဘွဲ့ထူးဂုဏ်ထူး ရရှိရန် အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။

အာဏာ ရရှိရန် အတွက် ကြံစည်မှုများနှင့် ပူးပေါင်း ကြံစည်မှုများမှာ မရေမတွက်နိုင်အောင် များပြားလှ၏။ မှူးမတ် အများစုသည် အသက်ကြီး၍ သို့မဟုတ် စစ်ပွဲကြောင့် သေဆုံးခြင်း မဟုတ်ဘဲ နည်းလမ်း အမျိုးမျိုးဖြင့် အဆိပ်ခတ် ခံရခြင်း သို့မဟုတ် လုပ်ကြံအသတ်ခံရခြင်း တို့ကြောင့်သာ သေဆုံးကြရသည်။

"မှူးမတ် တစ်ယောက် သေဆုံးနိုင်သည့် နည်းလမ်း ၁၀၀" ဟူသော စာအုပ် တစ်အုပ် ရေးသားရန် လွယ်ကူ ပေလိမ့်မည်။

"ဒါပေမဲ့ ရှားလော့ခ်မှာ ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်ပိုင်ခွင့် အာဏာ မရှိဘူး။"

လီလို မျက်မှောင် ကြုတ်လိုက်သည်။

"ရှားလော့ခ်က..."

လန်ဆလော့ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူမ၏ အသက်အရွယ် နှင့် ရုပ်ရည်အရ လီလိုသည် လက်ထပ်ထိမ်းမြား ရမည့်ပုံ မပေါ်ချေ။

ဖြစ်နိုင်တာက သူမ လက်ထပ်ပြီးသား ဖြစ်နေပြီလား။

ဘော့စ်အကြီးက လီလို၏ နား,နားကပ်ကာ သတိပေး လိုက်သည်။ "အရှင်ရှားလော့ခ်မှာ အာဏာ ရှိပါတယ်ဗျ။ သူက ထာဝရတိုင်းပြည်မှာ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပိုင်ခွင့် အာဏာ ရှိပါတယ်။"

"ကျွန်တော့်မှာ အတွေးအခေါ် အသစ် တစ်ခု ရှိတယ်။ ဘယ်သူမှ မတွေးမိတဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ် တစ်ခုပဲ။" ဒုတိယဘော့စ်က ဘေးမှ အော်ပြော လိုက်သည်။

"ပထမဆုံး၊ ကျွန်တော်တို့ ယော့ခ်ပိုင်နက် အတွက် အမျိုးသမီး ဆက်ခံသူ တစ်ယောက် အရင် ရှာမယ်။ ပြီးရင် အဲ့ဒီ အမျိုးသမီး ဆက်ခံသူနဲ့ မဟာမှော်အရှင် ခေါင်းပြောင်ကို လက်ထပ်ခိုင်းမယ်။ ပြီးတဲ့နောက်မှာ လက်ရှိ ယော့ခ်နယ်စားကြီးကို လုပ်ကြံ သတ်ဖြတ်မယ်။ ကျွန်တော်တို့က သူ့ရဲ့ ဆက်ခံသူကို ရှုတ်ချပြီး အမျိုးသမီး ဆက်ခံသူကို အသုံးချပြီး ယော့ခ်နယ်စားကြီး အသစ်ကို စစ်ကြေညာ နိုင်တယ်။ အောင်ပွဲ ရရှိပြီးတဲ့ နောက်မှာ မဟာမှော်အရှင် ခေါင်းပြောင်က ယော့ခ်နယ်စားကြီး ဖြစ်လာလိမ့်မယ်။ မဟာမှော်အရှင် ခေါင်းပြောင်က ကျွန်တော်တို့ရဲ့ ဝန်ထမ်းပဲ၊ ဒါကြောင့် သူ့ရဲ့ ပိုင်နက်က မြို့စားကတော် လီလို ပိုင်ဆိုင်သွားမှာပဲ။"

ဘော့စ်အကြီး၊ ဝတုတ်အိုတာကုနှင့် လီလိုတို့ လက်ခုပ်တီး ကြိုဆိုကြသည်။ သူတို့သည် သူ၏ ဉာဏ်ပညာကို အံ့ဩလေးစား နေကြ၏။

"နေဦး။ အဲ့ဒါက ကျွန်တော် ပြောတာနဲ့ ဘာများကွာလို့လဲ။ ပြီးတော့ ပြဿနာတွေ အများကြီး ရှိတယ်၊ မြို့စားကတော်။" လန်ဆလော့က ချက်ချင်း ပြန်လည် ချေပလိုက်သည်။

"အမျိုးသမီး ဆက်ခံသူ တစ်ယောက် ရှိ၊ မရှိကို ကျွန်တော်တို့ မဆွေးနွေး ကြသေးဘူး။ အမျိုးသမီး ဆက်ခံသူ အများစုက စေ့စပ်ပြီးသားတွေ ချည်းပဲ။ ဒါ့အပြင် မဟာမှော်အရှင် ခေါင်းပြောင်က လက်ထပ်လို့လည်း မရဘူး။ အကယ်၍ ခင်ဗျားရဲ့ လက်အောက်ငယ်သားက ပိုင်နက် တစ်ခု ရရှိသွားရင် ခင်ဗျားရော ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေပါ မြို့စားနဲ့ မြို့စားကတော်အဆင့် ဖြစ်နေတဲ့ အတွက် သူက လွတ်လပ်တဲ့ အုပ်ချုပ်သူ ဖြစ်သွားလိမ့်မယ်။ သူ့ပိုင်နက်က ခင်ဗျား ပိုင်ဆိုင်မှာ မဟုတ်ဘူး။"

"ပြဿနာ မရှိပါဘူး။ ငါက မြို့စားကတော် မလုပ်တော့ဘူး၊ ငါက ဘုရင်မ လုပ်မှာပေါ့။ ငါ့ရဲ့ မြို့စားကတော်ဘွဲ့က အခု ဘုရင်မ ဗစ်တိုးရီးယား ဖြစ်သွားပြီ။" လီလိုက သူမ၏ လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ဆို၏။

"မြို့စားကတော်၊ ဘုရင်မဘွဲ့က ဒီလို ချီးမြှင့်တာ မဟုတ်ဘူး.."

လန်ဆလော့က ရာဇပလ္လင်သည် ဘုရားကျောင်း၏ မြင့်မြတ်သော နန်းတက်ပွဲ အပါအဝင် လူတိုင်း၏ အသိအမှတ် ပြုမှုကို ရရှိ ရမည် ဖြစ်ကြောင်း ရှင်းပြရန် ပြင်ဆင်နေစဉ် မှာပင် မဟာမှော်အရှင် ခေါင်းပြောင်က စိတ်လှုပ်ရှားစွာ ဆို၏။ "မဟာမြို့စားကတော်။ ကျွန်တော် နန်းတက်ပွဲကို ဆောင်ရွက်ပေးဖို့ ဆန္ဒ ရှိပါတယ်။ ကျွန်တော် တစ်ချိန်က ဘုန်းတော်ကြီး တစ်ပါး ဖြစ်ခဲ့ဖူးပါတယ်။"

"အကယ်၍ ဒါက မြင့်မြတ်သော အရှင်သခင်ရဲ့ အလိုတော် ဖြစ်ပြီး ခင်ဗျားကို မြင့်မြတ်သော တိုင်းပြည်ကို ဖန်တီးစေချင်တယ် ဆိုရင် ကျွန်တော် ခင်ဗျားကို ကူညီဖို့ ဆန္ဒ ရှိပါတယ်။ ခင်ဗျားက အံ့ဩဖွယ်ရာတွေ အများကြီး ပြသခဲ့ ပြီးပါပြီ။ ပြန်လည် ရှင်သန်လာတဲ့ လူသားတွေက အကောင်းဆုံး သက်သေပါပဲ။ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့ တမန်တော်တွေ သာလျှင် သူတို့ကို ပြန်လည် ရှင်သန် စေနိုင်မှာပါ။"

"နန်းတက်ပွဲ အတွက် ဘုန်းတော်ကြီး တစ်ပါး လိုအပ်တယ်လား။ နန်းတက်ပွဲကို ချက်ချင်း ဆောင်ရွက်လိုက်ပါ။ ငါ အခု ဘုရင်မ ဖြစ်တော့မှာ။"

မဟာမှော်အရှင် ခေါင်းပြောင်က ဆို၏။ "ပြဿနာ မရှိပါဘူး။ ခင်ဗျားရဲ့ ရဲတိုက်ကို ဖွင့်ပေးပါ၊ ဒါမှ ခင်ဗျားရဲ့ နိုင်ငံသားတွေက ခင်ဗျားရဲ့ နန်းတက်ပွဲ အခမ်းအနားကို ကြည့်ရှု နိုင်မှာပါ။"

"အဲ့ဒါရော လိုအပ်လို့လား။"

လီလို သတိကြီးစွာ ထားနေသော်ငြား သူမက ဟမ်းစတား သုံးကောင်ကို ရဲတိုက်တံခါး ဖွင့်ရန် အမိန့်ပေး လိုက်သည်။

အလုပ်,လုပ် နေကြပြီး စစ်ပွဲ အတွက် ပြင်ဆင်နေကြသော ဂိမ်းမာများသည် ရဲတိုက်တံခါး ဖွင့်လာသည်ကို မြင်တွေ့ လိုက်ကြရသည်။ ဟမ်းစတားများက အော်ဟစ် နေကြသည်။ "နန်းတက်ပွဲ အခမ်းအနားကို ကြည့်ဖို့ အထဲကို ဝင်ခဲ့ကြပါ။ မြို့စားကတော် ဗစ်တိုးရီးယားက ဘုရင်မ ဗစ်တိုးရီးယား အဖြစ် နန်းတက် တော့မှာပါ။"

ဂိမ်းမာ အုပ်စု ရဲတိုက်ထဲသို့ လှိုင်းလုံးများ အလား တိုးဝင် သွားကြသည်။ လီလို ဘုရင်မအဖြစ် နန်းတက်တော့မည် တဲ့လား။ ဤမျှ စိတ်လှုပ်ရှားစရာ ကောင်းသော ဇာတ်လမ်းကို သူတို့ မည်သို့ လက်လွှတ် ခံနိုင်မည်နည်း။

ဂိမ်းမာများသည် တစ်ချိန်တည်းမှာပင် မြို့စားကတော်၏ ရဲတိုက်ကို လုယက် နိုင်ပေလိမ့်မည်။ ယခင်က လီလိုသည် ဂိမ်းမာများကို ရဲတိုက်ထဲ ဝင်ရောက်ခွင့် တားမြစ် ထားခဲ့သည်။

သို့သော် ဂိမ်းမာများ ရဲတိုက်ထဲသို့ ဝင်ရောက်သော အခါတွင် ပစ္စည်းများမှာ အပြန်အလှန် တုံ့ပြန်မှု မရှိခဲ့ချေ။ စနစ်သည် ဂိမ်းမာများကို ခုခံတားဆီးရန် ပြင်ဆင် ထားခဲ့သည်။

ဂိမ်းမာ အများစု ရောက်ရှိလာသော အခါတွင် မဟာမှော်အရှင် ခေါင်းပြောင်က ဆို၏။ "ခင်ဗျား ဗစ်တိုးရီးယား တိုင်းပြည်နဲ့ နိုင်ငံသားတွေကို အုပ်ချုပ်ဖို့၊ သူတို့ရဲ့ မြေယာတွေကို စီမံခန့်ခွဲဖို့၊ ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေကို လေးစားဖို့ သစ္စာဆိုပါသလား။"

လီလို ခေါင်းညိတ် လိုက်သည်။

"ခင်ဗျားမှာ ကရုဏာတရားနဲ့ တရားသူကြီးအလား ဥပဒေနဲ့ တရားမျှတမှုကို ကိုင်တွယ် ဖြေရှင်းဖို့ ဆန္ဒ ရှိပါသလား။"

လီလို ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းခါကာ ဆို၏။ "ငါ့ အမိန့်က ဥပဒေပဲ။"

"နေဦး၊ နေဦး ခဏလေး။ မဟာမြို့စားကတော်၊ ကျေးဇူးပြုပြီး ဟန်ဆောင် လိုက်ပါဦး..."

လန်ဆလော့က လီလိုအား သတိပေးလို ခဲ့သော်လည်း မဟာမှော်အရှင် ခေါင်းပြောင်က ဖြတ်ဆို၏။ "မြင့်မြတ်သော အရှင်သခင် ခင်ဗျားကို ကောင်းချီးပေးပါစေ။ ဉာဏ်ပညာနဲ့။ တော်ဝင်ဥပဒေနဲ့။ မြင့်မြတ်သော သတင်းကောင်းနဲ့။ ခင်ဗျား ဘုရင်မ ဗစ်တိုးရီးယား ဖြစ်လာ ပါလိမ့်မယ်။"

မဟာမှော်အရှင် ခေါင်းပြောင် စကားဆုံးသွားသော အခါတွင် သူက သူ၏ အိတ်ကပ်ထဲမှ ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူ လိုက်သည်။ ပုလင်းထဲတွင် မြင့်မြတ်သော ဆီ ပါဝင်နေခဲ့ပြီး ၎င်းသည် ကြည်လင်၍ အရောင်လဲ့နေသော အရည် တစ်မျိုး ဖြစ်သည်။

မဟာမှော်အရှင် ခေါင်းပြောင်က မြင့်မြတ်သော ဆီအချို့ကို လီလို၏ ဦးခေါင်းပေါ်သို့ အစက်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်သည်။ ထို့နောက် သူက စက္ကူစ တစ်ခုဖြင့် သရဖူ တစ်ခုကို ဖန်တီးလိုက်ပြီး လီလို၏ ဦးခေါင်းပေါ်သို့ တင်ပေး လိုက်သည်။

မဟာမှော်အရှင် ခေါင်းပြောင် နောက်သို့ ဆုတ်လိုက်ပြီး စိတ်လှုပ်ရှားနေပုံ ရ၏။

ဂိမ်းမာများ အော်ဟစ်စ ပြုလာကြသည်။ "ဘုရင်မ ဗစ်တိုးရီးယား။ ဘုရင်မ ဗစ်တိုးရီးယား။"

ဟေးလ်နှင့် ဘုရင်တို့က သူတို့ ဘုရင်မ ဗစ်တိုးရီးယား အတွက် အလှပဆုံး သရဖူနှင့် ရာဇလှံတံကို ဖန်တီးပေးမည်ဟု ဆိုကြသည်။ အက်လ်ဖ် မထိမတို့နိုင်သောသူ ပင်လျှင် အလှပဆုံး အပင်အခြေခံ ဝတ်စုံကို ဖန်တီးပေးမည်ဟု ကတိပြုခဲ့သည်။

လန်ဆလော့ အတွေးနက် နေခဲ့သည်။

မဟာမှော်အရှင် ခေါင်းပြောင်က ဆို၏။ "ကြီးမြတ်သော ဘုရင်မ ဗစ်တိုးရီးယား၊ ကျွန်တော် လက်ထပ်လို့ မရပါဘူး၊ ဒါပေမဲ့ သူရဲကောင်း လန်ဆလော့ကတော့ လက်ထပ် နိုင်ပါတယ်။ အကယ်၍ ခင်ဗျားက လန်ဆလော့နဲ့ မှူးမတ် အမျိုးသမီး တစ်ယောက်ကို လက်ထပ်ပေးဖို့ စီစဉ်ချင်တယ် ဆိုရင် ခင်ဗျား သူ့ကို ဘွဲ့ထူးဂုဏ်ထူး တစ်ခု ချီးမြှင့် ရပါလိမ့်မယ်။"

ဂိမ်းမာများ အရမ်းကို ပျော်ရွှင်စွာ အော်ဟစ်ကြိုဆို ကြသည်။

"ဂလာမော်ဂန်။ ဂလာမော်ဂန်။ ငါတို့ သူ့ အတွက် ဂလာမော်ဂန် တစ်ယောက် ဆွဲပေးမယ်။"

"ငါ သူ့ကို ဂလာမော်ဂန် မြို့စားအဖြစ် အမည်စာရင်း တင်သွင်းတယ်။"

"ငါ ထောက်ခံတယ်။"

...

"အရမ်း ကောင်းတယ်။ ငါ မင်းကို ဂလာမော်ဂန်မြို့စား၊ မြို့စား လန်ဆလော့ဘွဲ့ ချီးမြှင့်မယ်။" လီလိုက ဂုဏ်ယူစွာ ခေါင်းမော့ကာ လန်ဆလော့အား ဆိုလိုက်၏။

...

ဗစ်တိုးရီးယား တောအုပ် အပြင်ဘက်မှ ဂိုးလ်ရှိုင်းယားမြို့။

သူရဲကောင်း အုပ်စု တစ်စု မြို့ငယ်လေးတွင် အနားယူ နေကြစဉ် သူရဲကောင်းများ၏ အစေခံများက သူတို့၏ မြင်းများကို ပြုစု စောင့်ရှောက် နေခဲ့ကြသည်။ အကြီးဆုံး အခန်း တစ်ခန်းတွင် တပ်မှူးက တိုက်ပွဲ အတွက် အစီအစဉ် ဆွဲနေခဲ့သည်။

ဤသည်မှာ မူလက ဂိုးလ်ရှိုင်းယားမြို့၏ မြို့တော်ဝန်အိမ် ဖြစ်ခဲ့သည်။

"ဒါက ဗစ်တိုးရီးယားမြို့ပဲ။"

ခမ်းနားထည်ဝါသော ချပ်ဝတ် ဝတ်ဆင် ထားသည့် ရွှေရောင် ဆံပင်နှင့်လူ တစ်ဦးက သဲစားပွဲပေါ်မှ ဗစ်တိုးရီးယား တောအုပ်၏ တည်နေရာကို ညွှန်ပြ လိုက်သည်။

ဂိုးလ်ရှိုင်းယားမြို့သည် ဗစ်တိုးရီးယား တောအုပ်မှ နှစ်ရက် ခရီး အကွာတွင် ရှိနေခဲ့သည်။

ဗစ်တိုးရီးယား တောအုပ်၏ အလယ်ပိုင်းကို ရှင်းလင်းထားပြီး အဆောက်အအုံများ ရှိနေသည်ကို ကိုယ်စားပြုရန် အတွက် အိမ်ငယ်လေး တစ်လုံးဖြင့် အစားထိုး ဖော်ပြ ထားခဲ့သည်။

"မဟုတ်ဘူး၊ ဧရိယာက နှစ်ဆလောက် ပိုကြီးတယ်။" ယော့ခ်နယ်စားကြီး၏ အကြံပေး အရာရှိက သူ၏ လက်ကို ဆန့်တန်းကာ တောအုပ် အမှတ်အသားများကို ချဲ့ထွင်ရင်း ဆို၏။

"ဘာလဲ။ သူတို့က တစ်လ မပြည့်ခင်မှာတင် နှစ်ဆ ချဲ့ထွင်လိုက်ကြတာလား။" ဘေးမှ သူရဲကောင်းက မယုံနိုင်စွာ မေးလိုက်သည်။

"အရှင် ဒုတိယအကြိမ် အဲ့ဒီကို သွားခဲ့တယ်ဆိုတာ ကျွန်တော် သိတယ်၊ ဒါပေမဲ့ အဲ့ဒါ မှန်ကော မှန်ရဲ့ လား။ ပထမအကြိမ် သွားရောက်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ အဆိုအရတော့ ဧရိယာက အဲ့ဒီ လောက် မကြီးဘူးတဲ့။"

"ဒါက ယုံရခက်တယ် ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ အမှန်ပဲ။ အပြင်ဘက် နယ်နိမိတ်မှာ တံတိုင်း တစ်ခု ရှိနေတယ်။" အခြား သူရဲကောင်း တစ်ဦးက စက်ဝိုင်း တစ်ခု ဆွဲရင်း ဆို၏။

ဗစ်တိုးရီးယားမြို့၏ ဧရိယာသည် သုံးဆ ချဲ့ထွင် ခံခဲ့ရသည်။

"ပြဿနာ မရှိပါဘူး။" ရွှေရောင် ဆံပင်နှင့်သူရဲကောင်းက သူ၏ လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းကာ ဆို၏။ "အကယ်၍ နှစ်ဆ ချဲ့ထွင်ခဲ့ရင်တောင် ငါတို့မှာ သူရဲကောင်း ၃,၀၀၀ ရှိတယ်။ ငါတို့ သူတို့ကို အနိုင်ယူပစ်မယ်။"

"မှန်ပါတယ်။ ငါက သူရဲကောင်း ၅၀၀နဲ့ ရှေ့တန်းကနေ အယောင်ပြ တိုက်ခိုက်မယ်၊ ကျန်တဲ့ သူတွေက အပြင်ဘက် တောအုပ်ထဲမှာ ချောင်းမြောင်း တိုက်ခိုက်ဖို့ ပြင်ဆင် ထားကြ။ သူတို့ ငါတို့ကို တောအုပ် အပြင်ဘက် အထိ လိုက်ဖမ်းတဲ့ အခါမှာ မင်းတို့ သူတို့ကို ဝိုင်းရံ ပစ်လိုက်။ သတိရပါ၊ ဘယ်သူ့ကိုမှ မလွတ်စေနဲ့။ သူတို့ကို သတ်ပစ် ဒါမှမဟုတ် ဖမ်းဆီးလိုက်။ ဒါက ယော့ခ်နယ်စားကြီးရဲ့ အမိန့်ပဲ။" ရွှေရောင် ဆံပင်နှင့် သူရဲကောင်းက အေးစက်စွာ ဆို၏။

All Chapters