← Chapters

ဒဏ်ရာရနေသော အမ်ပီစီလော။

Vol. 29 Ch. 430

ဒဏ်ရာရနေသော အမ်ပီစီလော။

Vol. 29 Ch. 430

"မင်းတို့ သတင်းကြားမိကြရဲ့ လား။ ယော့ခ်နယ်စားကြီးက ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက် တော့မယ်တဲ့။"

"ဘာလဲ။ ဗစ်တိုးရီးယားမြို့တဲ့လား။ ငါ ဒီနာမည်ကို အရင်က မကြားဖူးဘူးရော။"

"မင်း အရင်က မကြားဖူးဘူးလား။ အဲ့ဒါ ဗစ်တိုးရီးယား တောအုပ်ထဲမှာ နေထိုင်တဲ့ အရိုင်းအစိုင်း အုပ်စုတစ်စုပဲ။ သူတို့က သူတို့ မြင်တဲ့ လူတွေဆီကို စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ပြေးသွားတတ်ကြတယ်။"

"အဲ့ဒီလိုမျိုး... ရှားပါးတဲ့ အမျိုးအစားပေါ့။"

"အာ၊ ငါ နားလည်ပြီ။"

...

ဤသည်မှာ ဂိုးလ်ရှိုင်းယားမြို့မှ မြို့သူမြို့သားများ တီးတိုးပြောဆို နေကြသည့် အရာ ဖြစ်သည်။

ဤသည်မှာ လူကြိုက်များသော ခေါင်းစဉ် တစ်ခု ဖြစ်သည်၊ အကြောင်းမှာ သူရဲကောင်း ၃,၀၀၀ ဤလူသူအရောက်အပေါက် ခေါင်ပါးသော နေရာသို့ ရောက်ရှိလာပြီး တောအုပ်အတွင်းမှ အရိုင်းအစိုင်းများကို ဝိုင်းရံ တိုက်ခိုက်ရန် အသင့် ဖြစ်နေ သောကြောင့်ပင်။

မြို့သူမြို့သားများသည် ဗစ်တိုးရီးယားမြို့အပေါ် အလွန် စာနာ သနား မိကြသည်။ ယော့ခ်နယ်စားကြီး၏ ရန်သူများသည် ကောင်းမွန်သော အဆုံးသတ်များ မရရှိ ခဲ့ကြချေ။

ဂိုးလ်ရှိုင်းယားမြို့တွင် ဝတ်ရုံရှည် ခြုံထားသော ပိန်လှီသော လူသား တစ်ဦး သည် တီးတိုး ပြောဆိုသံများကို နားထောင်နေပြီး သူ၏ ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ထွက်ခွာ သွားခဲ့သည်။

ပိန်လှီသော လူသားသည် ဂိုးလ်ရှိုင်းယားမြို့မှ ထွက်ခွာသွားပြီး အဝေးရှိ ဗစ်တိုးရီးယား တောအုပ်ဆီသို့ အပြေး သွားခဲ့သည်။

...

လူသားအချို့ တောအုပ်ကြီးထဲအတွင်း အရှိန်ပြင်းစွာ ခရီးနှင် နေကြသည်။

ခေါင်းဆောင်မှာ သွေးနီရောင်ဓားကို ကိုင်စွဲထားသော နဂါးမျိုးနွယ်သား ဖြစ်သည်။

သူသည် သူ၏ ကိုယ်ကို နှိမ့်ချကာ သစ်ပင်များကြားတွင် အလျင်အမြန် ခရီးနှင် နေခဲ့သည်။ သူ၏ မျက်လုံးများသည် ရှေ့တည့်တည့်ကို စူးစိုက်ကြည့်နေပြီး သူ၏ တည်ငြိမ်သော အမူအရာမှာ ကြောက်မက်ဖွယ်ပင် ကောင်းလှ၏။

"နဂါး..."

လှံထိုးခံရသူ စကားပြောရန် ပြင်ဆင် နေစဉ်မှာပင် ဆော့ဖ်တီက သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး သူ့အား တိတ်ဆိတ်နေရန် လက်ဟန် ပြလိုက်သည်။ သူမသည်လည်း နဂါးမျိုးနွယ်သား ကဲ့သို့ပင် တည်ငြိမ် နေခဲ့သည်။

နဂါးမျိုးနွယ်သား နောက်သို့ တစ်ချက် လှည့်ကြည့် လိုက်ပြီး တိတ်ဆိတ်နေကာ ရှေ့တည့်တည့်ကို စူးစိုက် ကြည့်နေခဲ့သည်။

နောက်တစ်ခဏမှာပင် ရှေ့တွင် လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ် လာခဲ့သည်။ နဂါးမျိုးနွယ်သား အော်ပြော လိုက်သည်။ "အခုပဲ လှုပ်ရှားကြ။"

နဂါးမျိုးနွယ်သား ရှေ့သို့ တဟုန်ထိုး ပြေးဝင်လိုက်ပြီး သူ၏ သွေးနီရောင်ဓားဖြင့် ရှေ့မှ သစ်ပင်များကို ခုတ်ပိုင်း လိုက်သည်။ သွေးနီရောင်ဓား၏ ထိပ်ဖျားသည် လင်းလက်သွား ခဲ့သော်လည်း သူ လွဲချော် သွားခဲ့သည်။ ယုန်ငယ်လေး တစ်ကောင်သည် တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ရှောင်တိမ်း လိုက်ပြီး အခြား ချုံပုတ် တစ်ခု ဆီသို့ ပြေးဝင် သွားခဲ့သည်။ ၎င်း၏ ပန်းတိုင်သို့ မရောက်မီမှာပင် မြားတစ်စင်း ပျံသန်း လာခဲ့သည်။

ဆော့ဖ်တီက နဂါးမျိုးနွယ်သား၏ နောက်မှ မြားကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ မြားသည် နဂါးမျိုးနွယ်သား၏ နားနားမှ ပွတ်တိုက် ဖြတ်သန်း သွားပြီး ယုန်ငယ်လေးဆီသို့ ပျံသန်း သွားခဲ့ရာ လက်မ အနည်းငယ်မျှဖြင့် လွဲချော်သွားပြီး ချုံပုတ်ထဲသို့ ကျရောက် သွားခဲ့သည်။

"အရမ်း နီးကပ်သွားတာပဲ။ ငါ အစ်ကို နဂါးမျိုးနွယ်သားကို ပစ်မိတော့မလို့။"

ဆော့ဖ်တီ ကြောက်လန့် သွားခဲ့သည်။ နဂါးမျိုးနွယ်သား ရပ်တန့်လိုက်ပြီး ချုံပုတ်များကို စူးစိုက်ကြည့်နေပြီးနောက် ဆော့ဖ်တီထံသို့ ခေါင်းလှည့်ကာ အော်ပြော လိုက်သည်။ "မင်း လူတစ်ယောက်ကို ပစ်လိုက်တာ။ မဟုတ်ဘူး... မင်း အမ်ပီစီ တစ်ယောက်ကို ပစ်လိုက်မိတာ။"

...

လန်ဆလော့သည် ဗစ်တိုးရီးယားမြို့၏ လမ်းများ ပေါ်တွင် လျင်မြန်စွာ လျှောက်လှမ်း နေခဲ့သည်။ မိုး ဘယ်အချိန်က စတင် ရွာသွန်းခဲ့သည်ကို မသိရသော်ငြား လမ်းများ ရွှံ့ဗွက်ထ နေခဲ့သည်။

လမ်းများ ခင်းရန် အဆိုပြုလွှာ တင်သွင်းထားပြီး ဖြစ်သော်လည်း ဂိမ်းမာများ ပြီးမြောက် အောင်မြင်ရန် အလုပ်များစွာ ရှိနေခဲ့သည်။ ထာဝရတိုင်းပြည်မှ ထောက်ပံ့ ပေးသော ကျောက်တုံးများမှာလည်း အရေအတွက် ကန့်သတ်ချက် ရှိနေပြီး ဂိမ်းမာများသည် ကျောက်တုံးများ တူးဖော်ရန် အားထုတ်မှုများစွာ ပြုလုပ် ခဲ့ကြရသည်။ ထို့ကြောင့် လမ်းများ ခင်းခြင်းမှာ နှောင့်နှေး နေခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ဂိမ်းမာများသည် လမ်းများ ခင်းခြင်းထက် အိမ်များ ဆောက်လုပ်ရခြင်းကို ပို၍ နှစ်သက်ကြခြင်းပင်။

လန်ဆလော့၏ ဦးတည်ရာမှာ ကိုယ်ပိုင်အိမ် တစ်လုံး ဖြစ်သည်။

သူ့ အတွက်မူ ၎င်းသည် ကိုယ်ပိုင်အိမ် တစ်လုံး ဖြစ်သည်။ ဂိမ်းမာများ အတွက်မူ ၎င်းသည် အစည်းအရုံး တစ်ခု၏ ခံတပ် တစ်ခု ဖြစ်သည်။

လန်ဆလော့သည် ‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’ ဟု ခေါ်သော အစည်းအရုံးမှာ မည်သို့သော အရာ ဖြစ်သည်ကို မသိခဲ့ချေ။ ၎င်းသည် အလုပ်သမားသမဂ္ဂ တစ်ခုလော။ ကုန်သွယ်မှု အစည်းအရုံး တစ်ခုလော။ သူ နားလည်နိုင်ခြင်း မရှိခဲ့ပေ။

လန်ဆလော့ တံခါးဝသို့ လျှောက်သွားပြီး တံခါး ခေါက်လိုက်သည်။

သူ၏ နောက်တွင် ဖြစ်ပေါ်လာတော့မည့် ဇာတ်လမ်းကို စပ်စုနေသော ဂိမ်းမာအချို့ လေ့လာကြည့်ရှု နေခဲ့ကြသည်။

"ကျွီ..."।

သစ်သားတံခါး ပွင့်လာပြီး ဂိမ်းမာ အချို့ ထွက်လာကြသည်။ သူတို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်ပြီး ဆို၏။ "ငါတို့က မထိမတို့နိုင်သောသူကို တောင်းဆိုထားတာလေ။ လန်ဆလော့က ဘာလို့ ဒီကို ရောက်လာတာလဲ။ သူ ကုသပေးနိုင်လို့လား။"

နားမလည်နိုင် ဖြစ်နေသော ဂိမ်းမာ တစ်ဦးက လန်ဆလော့အား သူ ကုသနိုင်၊ မကုသနိုင် မေးလိုက်သည်။

"ကျွန်တော် ကြည့်လိုက်ပါဦးမယ်။ ကျွန်တော် အခြေခံ ရှေးဦးသူနာပြု ကုသနည်း တချို့တော့ သိပါတယ်။" လန်ဆလော့ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက် သွားခဲ့သည်။

အိမ်အတွင်းတွင် ဂိမ်းမာ များစွာ ရှိနေခဲ့ပြီး လေထုမှာ မသန့်ရှင်းချေ။ လန်ဆလော့ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ် နေခဲ့သည်။ လေထုထဲတွင် သူ မခံမရပ်နိုင်သော အနံ့အသက် အမျိုးမျိုးဖြင့် ပြည့်နှက် နေခဲ့သည်။

သို့သော် သူ မျက်မှောင်ကြုတ်ကာ ဝင်ရောက် သွားခဲ့သည်။ သူသည် အလွန် ညစ်ပတ်နေသော အိပ်ရာ တစ်ခု ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရ လူတစ်ဦးကို တွေ့မြင် လိုက်ရသည်။

ဒဏ်ရာရလူ၏ ရင်ဘတ်တွင် အကောင်းတိုင်း ရှိနေသော မြားတစ်စင်း စိုက်ဝင်နေခဲ့ပြီး လတ်ဆတ်သော သွေးများဖြင့် စွန်းထင်း နေခဲ့သည်။ ဂိမ်းမာများသည် ဒဏ်ရာကို လုံးဝ ကုသပေးထားခြင်း မရှိခဲ့ကြချေ။

ဖြူဖျော့နေသော ဒဏ်ရာရလူသည် အနက်ရောင် ဝတ်ရုံရှည် ခြုံထားခဲ့သည်။ သူမ၌ ဖြူဖွေးသည့် အသားအရေ ရှိပြီး အလွန် ငယ်ရွယ်သော မိန်းကလေး တစ်ဦးနှင့် တူနေခဲ့သည်။

"သူ ဒဏ်ရာရနေတာ ဘယ်လောက် ကြာပြီလဲ။"

လန်ဆလော့ သူ၏ ချပ်ဝတ်ကို ချွတ်လိုက်ပြီး ရေဇလုံ တစ်ခု ဆီသို့ လျှောက်သွားခဲ့သည်။ ညစ်ပတ်နေသော ရေကို မြင်လိုက်သော အခါတွင် သူ အံ့အားသင့် သွားခဲ့သည်။ သူ လက်မဆေးတော့ရန် ဆုံးဖြတ် လိုက်သည်။

"နာရီဝက်လောက်တော့ ရှိပါပြီ။"

"ဝါး၊ မင်း ဟုတ်ကော ဟုတ်ရဲ့လား။ ငါတို့ရဲ့ ဇာတ်ကောင်ကို မသတ်ပစ်လိုက်နဲ့နော်။"

"ဒါက ထူးဆန်းအံ့ဖွယ်ကြုံတွေ့မှု တစ်ခု ဆိုတာ မင်း ဘယ်လို သိလဲ။ ဖြစ်နိုင်တာက ဒါက တိုက်ဆိုင်မှု တစ်ခုပဲ။"

"ဒါက ထူးဆန်းအံ့ဖွယ်ကြုံတွေ့မှု တစ်ခုပဲ ဖြစ်ရမယ်။ မင်း အရင်က အမ်ပီစီ တစ်ယောက်ကို ပစ်ခတ်ဖူးလို့လား။"

"ထာဝရတိုင်းပြည်မှာ တစ်ယောက်က ဖိုးဉာဏ်ကျယ်နဲ့ ရှားလီကို ပစ်ခဲ့ဖူးတယ်။"

"အလိုလေး၊ အဲ့ဒီ ဂိမ်းမာက အရမ်း မိုက်တာပဲ။ သူ ကြွားနေတာလား။"

ဂိမ်းမာများ အရမ်းကို ပျော်ရွှင်စွာ စကားပြောဆိုစ ပြုလာကြသည်။

လန်ဆလော့သည် အခြေအနေ မည်သို့ပင် ဖြစ်စေ အခွင့်အရေးတိုင်းကို အသုံးချ၍ စကားပြောဆိုလေ့ ရှိသော ဤဂိမ်းမာများနှင့် အသားကျ နေခဲ့ပြီ ဖြစ်သည်။

သူတို့သည် အေးစက်သော နှလုံးသားမဲ့သူများတော့ မဟုတ်ကြချေ။ လန်ဆလော့ သူတို့၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးသည်။ သူတို့သည် သူတို့၏ ကိုယ်ခန္ဓာများကို တံတိုင်းသဖွယ် အသုံးပြု၍ လန်ဆလော့အား ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုများမှ ကာကွယ် ပေးခဲ့ကြသည်။

သူ နားမလည်နိုင် ဖြစ်နေရုံသာ ဖြစ်သည်။

လန်ဆလော့ ခေါင်းညိတ် လိုက်ပြီး နောက်ထပ် မစောင့်ဆိုင်း နိုင်တော့ချေ။ အကယ်၍ သူ သွေးထွက်နေခြင်းကို မရပ်တန့်ခဲ့ပါက ထိုမိန်းကလေး သေဆုံးသွားရ ပေလိမ့်မည်။ သူ အလျင်အမြန် ပြုလုပ်ရပေမည်။

လန်ဆလော့ မိန်းကလေးထံသို့ လျှောက်သွားပြီး ဘေးမှ ဂိမ်းမာများကို ဆို၏။ "မင်းတို့ အရင် ထွက်သွားကြပါ။ သူက မိန်းကလေး တစ်ယောက်၊ ပြီးတော့ မျက်လုံးတွေ အရမ်း များလွန်းတယ်။ သူမ နောက်ကျရင် ရှက်နေရလိမ့်မယ်။"

ဂိမ်းမာများ မကျေမနပ်ဖြစ် သွားကြသည်။

"ဘာလဲဟ။ မင်းကျ ကြည့်လို့ရပြီး ငါတို့ကကျ မကြည့်ရဘူးလား။"

"သောက်ကျိုးနည်းဟေ။ အသက် ၁၈ နှစ်အောက် မကြည့်ရတဲ့လား။"

"ဂိမ်းထဲမှာ ဒီလို ကန့်သတ်ချက်မျိုး ရှိလို့လား။"

"ဘာလဲ။ ဒီလောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလို့လား။"

"သူက ရင်ဘတ်ပြားတယ်။ ကြည့်စရာ ဘာရှိလို့လဲ။"

"မြန်မြန် လုပ်စမ်းပါ။ ငါ မမြင်ဖူးတဲ့ မိန်းကလေး ဘယ်သူ ရှိလို့လဲ။ အဓိပ္ပာယ်မရှိတာတွေ မလုပ်နဲ့။"

ဂိမ်းမာများသည် သူ၏ ညွှန်ကြားချက်များကို လိုက်နာကာ အိမ်ထဲမှ ထွက်ခွာ သွားကြသည်။ မထွက်ခွာလိုသူများ ကိုမူ သူတို့၏ ရဲဘော်များက ဆွဲထုတ် သွားခဲ့ကြသည်။ ၎င်းသည် ထူးဆန်းအံ့ဖွယ် ကြုံတွေ့မှု အမ်ပီစီ တစ်ဦး ဖြစ်သောကြောင့် ဂိမ်းမာ အားလုံး အလွန် စိုးရိမ်ပူပန် နေခဲ့ကြသည်၊ အထူးသဖြင့် ဆော့ဖ်တီပင်။

လန်ဆလော့က အမျိုးသမီး ဂိမ်းမာအချို့ကို အကူအညီ ပေးနိုင်ရန် အတွက် ကျန်နေစေခဲ့သည်။

ရွေးချယ်ခြင်း မခံရသော ဂိမ်းမာများက အမျိုးမျိုး အော်ဟစ်ကြတော့သည်။

"အလိုလေး။ ငါ အမျိုးသမီး အကောင့် တစ်ခု ဖန်တီး ခဲ့သင့်တာကို။"

"အမှိုက်၊ မင်း ဘာလို့ အမျိုးသမီး အကောင့် တစ်ခု မဖန်တီးတာလဲ။"

"ငါက ယောက်ျားလေး ဇာတ်ကောင် အဖြစ် သရုပ်ဆောင်ရတာကို ကြိုက်တယ်လေ။"

"လက်ထပ်ထိမ်းမြားခြင်း စနစ် အကောင်အထည် ဖော်လိုက်တာနဲ့ မင်း ဒုက္ခရောက်တော့မှာ သေချာတယ်။"

လန်ဆလော့သည် အမျိုးသမီး ဂိမ်းမာအချို့၏ အမူအရာများ ထူးဆန်း နေသည်ကို သတိပြုမိ လိုက်သည်၊ သူတို့ တစ်စုံတစ်ခုကို မျှော်လင့်နေကြသည့် အလားပင်။

သူတို့ ဘာကို မျှော်လင့် နေကြသနည်း။

လန်ဆလော့ နားမလည် ခဲ့သော်လည်း သူ သိပ်ပြီး များများစားစား မစဉ်းစားခဲ့ချေ။

"သူမကို ဖိထားလိုက်ပါ။" လန်ဆလော့ ဆို၏။ သူသည် ဒဏ်ရာကို သန့်စင်ပြီး သွေးထွက်ခြင်းကို မရပ်တန့်မီ မြားကို အရင်ဦးဆုံး နုတ်ယူရပေမည်။

ထို့နောက် သူက သူမကို ကုသခြင်း မာနာစွမ်းရည်များ ရှိသော တစ်ဦးတည်းသောသူ ဖြစ်သည့် အက်လ်ဖ် မထိမတို့နိုင်သောသူ သို့မဟုတ် မြို့စားကတော် လီလိုထံသို့ လွှဲပြောင်းပေး ပေလိမ့်မည်။ မဟုတ်ဘူး၊ သူမ အခု ဘုရင်မ ဗစ်တိုးရီးယား ဖြစ်နေလေပြီ။ ဖြစ်နိုင်တာက သူမလည်း ကုသခြင်း မာနာစွမ်းရည်များ သိရှိ နေပေလိမ့်မည်။ သို့သော် ဘုရင်မတစ်ပါး အတွက် သူစိမ်း တစ်ဦးကို ကုသပေးရန် မသင့်တော်ချေ။

သူ သူမ၏ အဝတ်အစားများကို ချွတ်ပစ်ရပေမည်။ သူ တောင်းပန်စကား တစ်ခွန်းကို တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ အဝတ်အစားများကို ဆွဲဖြဲ လိုက်သည်။

ပြားချပ်ချပ်။

လန်ဆလော့ ခေါင်းထဲ တွေးမိလိုက်သည်။

သူ ခေါင်းခါလိုက်ပြီး အခြား အတွေး အားလုံးကို ဖယ်ရှားကာ မိန်းကလေးငယ်ကို ကယ်တင်နိုင်ရန် အာရုံ စိုက်လိုက်သည်။

သူသည် ရှေးဦးသူနာပြုစုခြင်း၏ ပထမဆုံး အခြေခံအဆင့် အနည်းငယ်ကို လုပ်ဆောင်ပေးခဲ့သည်။ ကျန်ရှိသော လုပ်ငန်းစဉ်များကိုမူ အက်လ်ဖ်က လုပ်ဆောင်ရပေမည်။ သူမ သတိရလာသော အခါတွင် သူ သူမအား မေးခွန်းများ မေးမြန်း ရပေလိမ့်မည်။ "မင်း ဘာလို့ ဗစ်တိုးရီးယားမြို့နားကို ချဉ်းကပ် လာခဲ့တာလဲ။ ကိုယ်ပိုင် ပိုင်နက်နယ်မြေရဲ့ သတိပေး ဆိုင်းဘုတ်တွေကို မင်း မမြင်ခဲ့ဘူးလား။" ဆိုတာတွေပေါ့...

All Chapters