← Chapters

တိုက်ပွဲ၏ နောက်ဆက်တွဲ

Vol. 12 Ch. 165

တိုက်ပွဲ၏ နောက်ဆက်တွဲ

Vol. 12 Ch. 165

အခန်း (၁၆၅) : တိုက်ပွဲ၏ နောက်ဆက်တွဲ

ဝမ်ဝေ့၏ ရှေ့တွင် ထွက်ပေါ်လာသောသူက ကျီစုန့်၏ အစ်ကိုကြီး ကျီစု ဖြစ်သည်။ သူ့ ညီလေး အဆိုးဆုံး အခြေအနေသို့ ရောက်ရှိသွားသည်မှ ကာကွယ်ရန် တိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။

ကျီစုက သူ့ညီလေး၏ ဆိုးရွားသည့် ပုံစံကို သက်ပြင်းချရင်း စိုက်ကြည့်လိုက်သည်။ သူ့ညီလေးက တိုက်ပွဲတစ်လျှောက်လုံးတွင် နည်းလမ်းအမျိုးမျိုးဖြင့် အသာစီးရနေခဲ့သော်လည်း ပြိုင်ဘက်မှ ခွန်အားအကုန် ထုတ်မသုံးသောကြောင့်သာ အသာစီးရနေခဲ့ခြင်းသာ ဖြစ်သည်။

ဝမ်ဝေ့က ဧကရာဇ်ငယ်တစ်ပါး ဖြစ်သည်ကို တော်တော်များများက သိထားကြပြီး ဧကရာဇ်ငယ်တိုင်းတွင် ပိုင်နက်တစ်ပိုင်း စွမ်းရည်ကိုယ်စီ ရှိကြသည်။ သို့သော် သူက တိုက်ခိုက်နေစဉ်အတွင်း ထိုစွမ်းရည်ကို တစ်ခါမျှပင် ထုတ်ပြီး မသုံးခဲ့ဖူးပေ။

သူ့ညီလေးက ထိုစွမ်းရည်နှင့် ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမည်ကို ပြင်ဆင်သွားကြောင်း ကျီစု သိသော်လည်း ထိုနည်းလမ်းက ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိကြောင်း မသေချာသလို တိုက်ပွဲ၏ ရလဒ်အပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိလည်း မသေချာပေ။

ကျီစုက သက်ပြင်းအနည်းငယ်ချပြီးနောက် သူတော်စင်ဆေးလုံးကို ယူဆောင်ကာ ကျီစုန့်ကို ကျွေးလိုက်သည်။ ဆေးလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အသက်ကို တတ်နိုင်သမျှ ကြာကြာ ထိန်းထားဖို့ ဖြစ်သည်။ ထိုကဲ့သို့ အချိန်ဆွဲထားနိုင်မှသာလျှင် အိမ်ပြန်ပြီး သေချာကုစားနိုင်မည် ဖြစ်သည်။

ကျီစုက ဝမ်ဝေ့ကို တစ်ချိန်လုံး သတိထားပြီး ကြည့်နေသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ဘယ်လိုလှုပ်ရှားမှုမျိုးမဆို သူ့ကို အလျင်အမြန် တုံ့ပြန်သွားစေလိမ့်မည်။

သို့သော် ဝမ်ဝေ့က ဂရုမစိုက်စွာ ပြုံးရင်း ပြောလိုက်သည်

“ အဲလိုမျိုး သတိကြီးနဲ့ နေစရာ မလိုပါဘူး။ ခင်ဗျားရဲ့ ထိပ်သီးအံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်နဲ့ဆိုရင်တောင် ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။ ကျုပ်သာ တစ်ခုခု လုပ်ချင်တယ်ဆိုရင် ခင်ဗျား ကျုပ်ကို ရပ်တန့်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

ထိုအကြောင်းကို ကြားပြီး ကျီစု မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှမပြောဘဲ ဆက်ပြီး သတိဖြင့် နေနေသည်။

သူ ထိပ်တိုက်ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ပေ။ ထိုတိုက်ပွဲကို မျက်မြင်ကြည့်ရှုပြီးနောက် ဝမ်ဝေ့၏ တိုက်ခိုက်မှု သို့မဟုတ် ဖျက်ဆီးနိုင်စွမ်းက ကမ္ဘာဦးဝိညာဉ် နယ်ပယ်၏ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

သို့သော် သူ၏ ခွန်အားထဲတွင် မတည်ငြိမ်မှုများစွာ ရှိနေသေးသည်။ ဖျက်ဆီးစွမ်းအားနှင့် ခုခံစွမ်းအားက ထိုအဆင့်ကို ရောက်နေသော်လည်း ခံနိုင်ရည်နှင့် အရှိန်က ထိုအဆင့်လောက်အထိ မရောက်ရှိသေးပေ။

သို့သော် ကျီစုက ထိပ်သီးအံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်တွင် ရှိနေသည့်အတွက် သူ ကျင့်စဉ်အနည်းငယ်ကို အသုံးပြုရုံဖြင့် ထိုအရှိန်ကို လိုက်မှီနိုင်သည်ဟု ယုံကြည်ထားပြီး လိုအပ်လျှင် သူ့ညီလေးနှင့်အတူ ထွက်ပြေးနိုင်သည်။

ထို့ကြောင့် သူက ခဏတာ တွေဝေစဉ်းစားပြီးနောက် ပြောလိုက်သည်

“ မင်းက ဒီတိုက်ပွဲရဲ့ အနိုင်ရသူပဲ။ ငါတို့ရဲ့ သဘောတူညီမှုအရ မဟာကျိုး ပိုင်နက်က မင်းအပိုင် ဖြစ်သွားပြီ”

ထိုစကားကို ပြောပြီးနောက် အဆောင်တစ်ခုကို ကြိတ်ချေလိုက်သည့်အခါ သူနှင့် သူ့ညီလေးက အာကာပြင် အက်ကွဲကြောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ဝမ်ဝေ့ ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်လည်း အခြေအနေ မကောင်းလှပေ။ သူ ဒဏ်ရာမရသော်လည်း နောက်ဆုံးလက်သီးချက်ကို ပစ်ခွင်းပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။ သူ့ဝိညာဉ် မောပန်းနွမ်းနယ်နေသည့်အတွက် ဆိုးရွားသည့် ခေါင်းကိုက်မှုကိုပါ ခံစားနေရသည်။

ထို့အပြင် ဝမ်ဝေ့ အတော်လေး အကြပ်ရိုက်နေသည်။ သူ ပျံသန်းနိုင်ရခြင်းက မိုးမြေကြားရှိ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ယခုလက်ရှိတွင် သူ့ဘေးပတ်လည်တွင် စိတ်ဝိညာဉ် စွမ်းအင်ဆိုသည့်အရာမျိုး မရှိပေ။

သူ၏ နောက်ဆုံးတိုက်ခိုက်မှုက ဗလာပတ်ဝန်းကျင်ကို ဖန်တီးလိုက်သည့်အတွက် စိတ်ဝိညာဉ်စွမ်းအင်လည်း မရှိသလို မြေဆွဲအားလည်း မရှိတော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ဗလာကျင်းနေသော အာကာပြင်ထဲတွင် မြောနေသည်။

သူ၏ စွမ်းအားကြီး ကြံ့ခိုင်ခန္ဓာက သူ့ကို ထိုနေရာတွင် အသက်ရှူနိုင်အောင် လုပ်ပေးထားပြီး ပင်ကိုယ်စက်ကွင်းက သူ့ကို မြောလွင့်သွားခြင်းမှ ကာကွယ်ပေးထားသည်။ သို့သော် သူ မပျံသန်းနိုင်သည့်အတွက် ထိုနေရာတွင် ရပ်တန့်နေရသည်။

ထို့အပြင် သူ ခံနိုင်ရည်နည်းပြီး ဤနေရာတွင် ရှိနေရသေးသည့်အတွက် ဝမ်ဝေ့ ရှက်မိသည်။

ထို့ကြောင့် သူ့ကို လာခေါ်ရန် တစ်စုံတစ်ယောက်ကို ဆက်သွယ်ဖို့  ဆက်သွယ်ရေးအဆောင်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ဘာမှမလုပ်ရသေးခင်မှာပင် ဝမ်ကျူက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။

ဝမ်ဝေ့က သူမကို မြင်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွားကာ သူ့ကို ခေါ်သွားဖို့ ပြောလိုက်သည်။ ဝမ်ကျူကလည်း ပျော်ရွှင်စွာဖြင့် လုပ်ဆောင်ပေးလိုက်သည်။ သူမက သူ့ကို ကျောကုန်းပေါ်တွင် သယ်ဆောင်ကာ အလယ်ပိုင်းဒေသဆီသို့ ပျံသန်းသွားသည်။

“ ဒါက ခင်ဗျား ကျုပ်ကို သယ်ပြီး နေရာအနှံ့သွားခဲ့တဲ့ အချိန်တွေကို သတိရစေတယ်” ဝမ်ဝေ့က ဆေးလုံးများကို ပါးစပ်ထဲထည့်ရင်း ပြောလိုက်သည်။

“ အခု သခင်လေးမှာ ပျံသန်းနိုင်တဲ့ စွမ်းရည် ရှိနေပြီဆိုတော့ သခင်လေးကို နေရာအနှံ့ခေါ်သွားဖို့ ဒီအစေခံကို မလိုတော့ဘူးပေါ့”

“ ကျုပ်က အမြဲတမ်း ခင်ဗျားကို တစ်နည်းနည်းနဲ့ လိုအပ်နေတာပါပဲ” ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သူမ၏ ကျောပေါ်တွင် နားရင်း ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ပုံမှန်အားဖြင့် တည်ငြိမ်နေသော ဝမ်ကျူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

ဝမ်ကျူက အစောပိုင်းအံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်သာ ရှိသေးသည့်အတွက် ဗလာအာကာပြင်ထဲတွင် ပျံသန်းရန် အနည်းငယ် ခက်ခဲသည့်အတွက် ခရီးက အနည်းငယ် ရှည်လျားနိုင်သည်။

သို့သော် လမ်းတစ်ဝက်၌ သူမ၏ ဘေးပတ်လည်ရှိ အာကာပြင်က တွန့်လိမ်သွားပြီးနောက် မဟာရှားတိုင်းပြည်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထိုအရာက အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်၏ လုပ်ရပ်ဖြစ်နိုင်သည့်အတွက် သူမ ကောင်းကင်ကို မော့ကြည့်ကာ အရိုအသေပေးပြီးနောက် တော်ဝင်နန်းတော်ဆီ ဦးတည်သွားလိုက်သည်။

ဝမ်ဝေ့နှင့် ကျီစုန့်တို့ နှစ်ယောက်လုံးက သတိထားမိစရာကောင်းသည့်သူများ ဖြစ်သည့်အတွက် သူတို့၏ တိုက်ပွဲက ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်။

အသင်္ချေအင်ပါယာကမ္ဘာ၏ လူများ၊ ဂိုဏ်းများနှင့် အုပ်စုများက ထိုတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့ ထိတ်လန့်သွားကြသည်။ ဝမ်ဝေ့၏ စွမ်းအားကြောင့်သာမက ကျီစုန့်၏ ခွန်အားကြောင့်လည်း ပါဝင်သည်။

ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံက သူတို့၏ အထက်ရှိ မဟာနယ်ပယ်အဆင့်သုံးခုကို တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိကြောင်း ဤတိုက်ပွဲက ပြသလိုက်သည်။ ယခင်မျိုးဆက်တွင် ထိုကဲ့သို့သော အရာမျိုးကို လုပ်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူက ဝမ်ထျန်းတစ်ယောက်တည်းသာ ရှိသော်လည်း သူ အကြွင်းမဲ့ ပိုင်းဖြတ်ခြင်းဓားကျမ်းကို ဖန်တီးပြီး ထိပ်သီး သဘာဝလွန် နယ်ပယ်အဆင့် မရောက်ခင်အထိ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဓားကျင့်ကြံသူများက သူတို့၏ လွန်ကဲသော တိုက်ခိုက်နည်းများအတွက် လူသိများသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျီစုန့် ဖြစ်စေ၊ ဝမ်ဝေ့ ဖြစ်စေ သူတို့နှစ်ယောက်လုံးက အသင်္ချေအင်ပါယာကမ္ဘာ၏ ဂိုဏ်းအားလုံးမှ စောင့်ကြည့်ခြင်းကို ခံနေရသည်။

…………

ချီလင် အလယ်ပိုင်းကုန်းမြေ၊ ဖန်းမိသားစုပိုင်နက်ဖြစ်သော အင်မတန်ကြီးမားသော စံအိမ်ထဲတွင်…

ဖန်းလီကျွမ်းက တိုက်ပွဲကို ကြည့်ပြီးနောက် တိတ်တဆိတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ထိုနှစ်ယောက်နှင့် ယှဉ်လိုက်လျှင် သူမ ဂုဏ်ယူနေခဲ့သည့် ခွန်အားက လုံးဝ ဟာသပြက်လုံးမျှသာ ဖြစ်နေခဲ့သည်။ ကံကောင်းစွာဖြင့် သူမအတွက် မျှော်လင့်ချက် ရှိနေသေးသည်။

ထိုအကြောင်းကို စဉ်းစားပြီး သူမ၏ လက်ထဲရှိ အဆောင်ကို စိုက်ကြည့်ကာ သူမ၏ အေးစက်သောအကြည့်တို့ လင်းလက်သွားသည်။ သူမသာ ဤအဆောင်ကို သေချာလေ့လာနိုင်ပြီး သူမအတွက် ခွန်အားကို စုပ်ယူနိုင်ပါက ကိုယ်ပိုင်တာအိုကို ဖန်တီးသွားနိုင်မည်ဖြစ်ပြီး သူမ မျိုးရိုး၏ ချုပ်နှောင်မှုကို ဖြတ်တောက်နိုင်လိမ့်မည်။

ထို့ကြောင့် ဖန်းလီကျွမ်းက သူမ၏ မျက်လုံးများကို မှိတ်ကာ ဤအဆောင်ကို စတင်နားလည်အောင် ဆင်ခြင်လိုက်သည်။

……………

ဟွမ်မိသားစုပိုင်နက်ရှိ ဟွမ်မင်က ကြောက်စရာကောင်းသော တိုက်ခိုက်ပွဲကို ယခုလေးတင် ကြည့်လို့ ပြီးသွားသည်။ သူ့မျက်နှာက အင်မတန် ဖြူဖျော့နေပြီး မသာမယာဖြစ်နေသည်။

ထို့နောက် သူက အစေခံတစ်ယောက်ကို ချက်ချင်း ခေါ်ကာ မေးလိုက်သည်

“ ရလဒ်ဘယ်လိုနေလဲ”

“ သခင်လေး ဖန်းမျိုးနွယ်က ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို လက်ခံရမလားဆိုတာ တွေဝေနေခဲ့တာ။ ဒါပေမဲ့ ရုတ်တရက် သူတို့ စိတ်ပြောင်းသွားပြီးတော့ ကျွန်မတို့ရဲ့ ဟွမ်မျိုးနွယ်နဲ့ စစ်ဖြစ်ရမယ်ဆိုရင်တောင် ဖန်းလီကျွမ်းကို တတ်နိုင်သမျှ ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်”

ဟွမ်မင်က ထိုစကားကို ကြားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

“ ငါတို့ ဟွမ်မျိုးနွယ်ရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ”

“ မျိုးနွယ်စုကတော့ ဖန်းမျိုးနွယ်နဲ့ စစ်ဖြစ်ချင်တဲ့ပုံ မပေါ်ဘူး”

“ ဘယ်လိုလုပ်ပြီးတော့ အဲလို ဖြစ်သွားရတာလဲ”

“ သခင်လေးရဲ့အဖေ ... မျိုးနွယ် ခေါင်းဆောင်က ဖန်းမျိုးနွယ်နဲ့ တိုက်ခိုက်ချင်ပေမဲ့ မဟာအကြီးအကဲက အပြင်းအထန် ကန့်ကွက်နေတယ်”

“ တုံးအတဲ့ ဦးလေးပဲ။ သူက ဘာလို့ အချိန်တိုင်း အဖေ့ကို ဆန့်ကျင်နေရတာလဲ” နဖူးတွင် သွေးကြောများ ထောင်နေသော ဟွမ်မင်က ပြန်ဖြေလိုက်သည်။

“ သူက စစ်ပွဲကို တားဖို့အတွက် ဘယ်လိုအကြောင်းပြချက်မျိုးကို အသုံးပြုခဲ့တာလဲ”

ထိုမေးခွန်းကို ကြားပြီးနောက် အစေခံက ခေါင်းငုံ့ကာ ပြောလိုက်သည်

“ မျိုးနွယ်စုအနေနဲ့ စစ်တိုက်ဖို့ရယ် များပြားတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ဖို့ မထိုက်တန်ဘူးလို့ မဟာအကြီးအကဲက ပြောတယ်…”

“ အချည်းအနှီးဖြစ်တဲ့ လူတစ်ယောက်အတွက် မထိုက်တန်ဘူးလို့ ပြောချင်တာမလား” ဟွမ်မင်က နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

“ သူတို့ရဲ့မျိုးရိုးကို ဖျက်ဆီးလိုက်တဲ့သူက အလကားလူပဲ ဟုတ်တယ်မလား”

အစေခံက ခေါင်းငုံ့ကာ ဘာမှထပ်မပြောတော့ပေ။ ထို့ကြောင့် ဟွမ်မင်က သူမကို ထွက်သွားရန် လက်ပြလိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ဟွမ်မင်၏ အခန်းထဲသို့ ရောက်ရှိလာသည်။ ထိုသူက သူ့အဖေ ဖြစ်၏။ ထို့ကြောင့် ဟွမ်မင်က မျှော်လင့်ချက်အပြည့်ပါသော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။

သို့သော် သူ့အဖေက သက်ပြင်းချကာ ခေါင်းကိုယမ်းလိုက်မိသည်။ ထိုအပြုအမူက ဟွမ်မင်ကို မျက်နှာမသာမယာဖြစ်သွားစေသည်။

ထို့နောက် သူ့အဖေက ပြောလိုက်သည်

“ ဖန်းမျိုးနွယ်ကို ကြည့်ရတာ ဒီတစ်ခေါက် မျိုးဆက်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် အပြတ်အသတ် ထောက်ပံ့ပေးထားတဲ့ပုံပဲ”

“ ဒါပေမဲ့ ဘာဖြစ်လို့လဲ။ ဟိုနှစ်ယောက်ကြားက တိုက်ပွဲကို သူတို့ မမြင်ဘူးလား။ ဖန်းလီကျွမ်မှာ အခွင့်အရေးတစ်ခုခု ရှိမယ်လို့ သူတို့က ထင်နေတာလား”

“ ဘယ်သူသိမှာလဲ” သူ့အဖေက ပုခုံးတွန့်ပြရင်း ပြောလိုက်သည်

“ ဒီမျိုးဆက်မှာ ထာဝရဧကရာဇ် ထွက်ပေါ်လာမှာမလို့ သူတို့က အခွင့်အရေးယူချင်နေတာလည်း ဖြစ်နိုင်သလို ဒီစစ်ဆေးမှုမှာ ဖန်းလီကျွမ်းက သူတို့ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ တစ်စုံတစ်ခုကို ရခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်။ အဆုံးသတ်မှာတော့ သူတို့က သူမကို ကာကွယ်ဖို့အတွက် ငါတို့နဲ့ စစ်ဖြစ်ချင်တာထက်ပိုတယ်ဆိုတဲ့ သဘောပဲလေ”

ဟွမ်မင်က သူ့အဖေအား နီရဲနေသော မျက်လုံးများဖြင့် စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်

“ ကျွန်တော့်သွေးမျိုးဆက်ကိစ္စကရော ဘယ်လိုလဲ”

ထိုမေးခွန်းကို ကြားပြီးနောက် ဟွမ်မင်၏ အဖေက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်

“ မျိုးနွယ်စုအနေနဲ့ လုပ်နိုင်တာ ဘာမှမရှိမှာ စိုးရိမ်မိတယ်။ မင်းအပေါ်မှာ အသုံးပြုထားတဲ့ ဆေးပင်က အင်မတန်ရှားပါးပြီး မျိုးတုန်းနေတဲ့အရာပဲ။ အဲဒါကြောင့် ဖြေဆေးလုပ်ဖို့ လိုအပ်တဲ့ ဆေးပင်ကလည်း မျိုးတုန်းသွားတာ အတော်လေး ကြာနေပြီ။”

“ အဆိပ်ဆေးပင်ကို တိုက်ပွဲတိုင်းပြည်ကမ္ဘာမှာ တွေ့နိုင်မှတော့ ဖြေဆေးကိုလည်း အဲဒီနေရာမှာ တွေ့နိုင်တယ် မဟုတ်လား”

“ ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးလေ” ဟွမ်မင်၏ အဖေက သက်ပြင်းချရင်း ပြောလိုက်သည်

“ ငါတို့ရဲ့ သဘောတူညီမှုအရဆိုရင် စစ်ဆေးမှုရဲ့ နောက်ဆုံးအနိုင်ရသူက ကမ္ဘာငယ်တစ်ခုလုံးကို အုပ်စိုးနိုင်သွားလိမ့်မယ်”

“ အခုလိုအခြေအနေမျိုးနဲ့ဆိုရင်တော့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေခံသားတော်က နောက်ဆုံးအနိုင်ရသူဖြစ်မှာ သေချာတာပဲ။ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့ ဟွမ်မျိုးနွယ်ကို သူတို့ပိုင်နက်ထဲမှာ ရှိတဲ့ အဖိုးတန်းဆေးပင်တွေကို ယူခွင့်ပြုပါ့မလား”

“ ဆေးပင်တွေ ရမယ်ဆိုရင်တောင် ဘယ်သူက မင်းအတွက် ဖြေဆေး ဖော်စပ်ပေးမှာလဲ။ ငါတို့မျိုးနွယ်ထဲက စွမ်းအားကြီး ဆေးပညာရှင်က မင်းတို့ ဦးလေးရဲ့ ဂိုဏ်းမှာပဲ ရှိတာလေ”

“ ဒါဆိုရင် ကျွန်တော်က ဘာလုပ်ရတော့မှာလဲ”

ဟွမ်မင်၏ အဖေက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်

“ မင်းအနေနဲ့ စိတ်ပူစရာမလိုပါဘူး။ အဖေနဲ့ အတူတူရှိနေရင် မင်းဘာမှဖြစ်လာမှာမဟုတ်သလို ဘဝကို စိတ်ပူပန်မှု မရှိဘဲ နေသွားလို့ရတယ်”

ထိုစကားကို ပြောပြီးနောက် ဟွမ်မင်၏ အဖေက ထွက်သွားသည်။ သူ လမ်းလျှောက်သွားနေရင်း ပစ္စည်းများ ဖျက်ဆီးပစ်သံ၊ ပစ်ချသံများကို ကြားလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီးနောက် သူ့လမ်းသူ ဆက်သွားသည်။

……………

ထိုအချိန်တွင် မွေးမြူရေးတောင်ကြား၌ လျူမိန်ရှုက ကျီစုန့်နှင့် ဝမ်ဝေ့ကြားမှ တိုက်ပွဲကို ကြည့်ရှုလို့ ပြီးသွားသည်။ သူမလည်း ပြိုင်ဘက်များ၏ ပြင်းထန်သော စွမ်းအားကြောင့် အင်မတန် အံ့အားသင့်သွားရသည်။

ထို့ကြောင့် တိုက်ပွဲပြီးဆုံးသွားပြီး မိနစ်အနည်းငယ်ကြာသည်အထိ မျက်မှောင်ကြုတ်ထားရင်း လှောင်ရယ်ကာ ပြောလိုက်သည်

“ ငါ စစ်ဆေးမှုကနေ ထွက်လိုက်တာနဲ့တင် အရာအားလုံး ပြီးသွားပြီလို့များ ထင်နေတာလား”

All Chapters