← Chapters

အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်

Vol. 12 Ch. 167

အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်

Vol. 12 Ch. 167

အခန်း (၁၆၇) : အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်

ရှစ်ဖူယွီက စကားလုံးများကို ပြန်စီဖို့ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်

“ အစတုန်းကတော့ လူတွေက အထူးသဖြင့် ယုံကြည်မှုခေတ်အစောပိုင်းမှာ ကျင့်ကြံဖို့အတွက် ယုံကြည်မှုစွမ်းအားတွေကို စုပ်ယူခဲ့ပေမဲ့ ယုံကြည်မှုနဲ့ ယုံကြည်မှုရဲ့ စွမ်းအားက ဆိုးကျိုးတွေ ရှိလာတယ်”

“ ဆိုးကျိုးတွေ ဟုတ်လား။ နက်နဲမုခ်ဝမှာ ရှိတဲ့ မှတ်တမ်းတွေအရ ယုံကြည်မှု ဝိညာဉ်အတွက် အင်မတန် အဆိပ်အတောက် ဖြစ်စေတယ်။ မထင်မှတ်ထားတဲ့အရာဆိုတာ အဲဒါကို ဆိုလိုတာလား” ဖုန်းဟွမ်က မေးလိုက်သည်။

“ အဲဒါက အဲလောက်ထိ မရိုးရှင်းဘူး။ ယုံကြည်မှုက အမှန်တော့ ဘာလဲဆိုတာ မင်းသိလား”

“ကျွန်တော် မသိဘူး”

“ ယုံကြည်မှုဆိုတာက မရေတွက်နိုင်တဲ့သူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စုပေါင်းထားခြင်းပဲ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ပိုပြီးတဲ့ အဆင့်မြင့်တဲ့သူကို ကိုးကွယ်မယ် ဒါမှမဟုတ် သူတို့ဆီက တစ်ခုခု တောင်းဆိုမယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းက မိုးမြေကြားမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ပြီးတော့ ယုံကြည်မှုရဲ့ စွမ်းအား ဖြစ်လာတာ”

“ အဲဒီစိတ်ဝိညာဉ်စွမ်းအားတွေရဲ့ ဆိုးကျိုးက မသန့်စင်ဘူး။ ခံစားချက်တွေ စိတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေတယ်။ ဘုန်းကြီးတစ်ပါးက ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် ရောက်ဖို့လုပ်နေတုန်း အဲဒီစွမ်းအားကို ကျောင်းဆောင်ထဲမှာ မတော်တဆ စုပ်ယူမိတာကနေ ယုံကြည်မှုရဲ့ စွမ်းအားကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ”

“ သူ့ဝိညာဉ်ကို ကမ္ဘာဦးဝိညာဉ်အဖြစ် ပြောင်းလဲပြီး စိတ်နတ်ဆိုးစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ဖို့အတွက် ယုံကြည်မှုကို ဖြတ်ကျော်ရမယ်လို့ အဲဒီဘုန်းကြီးက ရှာတွေ့သွားတယ်။ နောက်တော့ အဲဒီနည်းလမ်းကို ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြားဂိုဏ်းတွေက အဲဒီနယ်ပယ်အဆင့်ထဲကို ပိုမိုလွယ်ကူစွာရောက်ရှိနိုင်ဖို့ အသုံးပြုလာကြတယ်”

“ ပြီးတော့ ယုံကြည်မှုဆိုတာက ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေနဲ့ပဲ လုပ်ထားတာ မဟုတ်ဘူးလေ။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ထိခိုက်စေပြီး ဖိအားပေးရင်း သူတို့ရဲ့ သဘာဝကို ပြောင်းလဲပေးနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိတယ်။ အထူးသဖြင့် အဲဒီခေတ်နှောင်းပိုင်းမှာ ဗုဒ္ဓဂိုဏ်းက ယုံကြည်မှုစွမ်းအားပမာဏအများကြီး စုပ်ယူခဲ့ကြတယ်”

“ အဲဒီအချိန်တုန်းက ဘုန်းကြီးအများစုက ရက်စက်ပြီးတော့ လောဘကြီးလာကြတယ်။ သူတို့က လူတွေကို အကြောင်းအရင်းမရှိ သတ်ဖြတ်ကြတယ်။ ဒီထက်ပိုပြီးအရေးကြီးတာက သူတို့က သေမျိုးတွေကို ဖိအားပေးပြီးတော့ ယုံကြည်မှုကို သူတို့ဆီ ပေးလှူခိုင်းတယ်လေ”

ရှစ်ဖူယွီက ခဏရပ်လိုက်ပြီး မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားနေသည်။

ထိုအချိန်တွင် ဖုန်းဟွမ်က အလျင်အမြန် မေးလိုက်သည်

“ ဒါဆို အဲဒီအချိန်ုတုန်းကလူတွေက ပြဿနာကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းခဲ့ကြလဲ”

ထိုမေးခွန်းက ရှစ်ဖူယွီကို အမှတ်တရများဆီမှ ဆွဲထုတ်ကာ ပြုံးရင်း ပြောလိုက်သည်

“ အဲဒီပြဿနာက ယုံကြည်မှုခေတ်ရဲ့ အစောပိုင်းအဆင့်မှာ ဖြစ်ခဲ့တာဆိုတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ တိတိကျကျ မသိဘူး”

“ ငါ သိတာတော့ အဲဒါကို ကံကြမ္မာဝဋ်ကြွေးလွတ် ဧကရာဇ်က ဖြေရှင်းသွားတယ်လို့ ပြောတာပဲ”

“ ကံကြမ္မာဝဋ်ကြွေးလွတ် ဧကရာဇ်တဲ့လား။ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး” ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။

ရှစ်ဖူယွီက ထိုအကြောင်းကို ကြားပြီး ခဏတာရပ်တန့်ပြီးနောက် သူ့တပည့်ကို သေချာစိုက်ကြည့်လိုက်သည်။

“ ဆရာ တစ်ခုခုဖြစ်လို့လား”

“ မဖြစ်ပါဘူး” ရှစ်ဖူယွီက တိတ်တဆိတ် သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

“ကံကြမ္မာဝဋ်ကြွေးလွတ် ဧကရာဇ်က ယုံကြည်မှုခေတ်ရဲ့ ပထမဆုံးဗုဒ္ဓဧကရာဇ် ဖြစ်ခဲ့တာ။ သူက ဝဋ်ကြွေးကောင်းကင်မီးတောက်ကို ဖန်တီးပြီးတော့ ကမ္ဘာဆီကို လက်ဆင့်ကမ်းပေးခဲ့တာ”

“ ဗုဒ္ဓဂိုဏ်းက အဲဒီမီးတောက်ကို အသုံးပြုပြီးတော့ ယုံကြည်မှုစွမ်းအားထဲက အညစ်အကြေးတွေကို လောင်ကျွမ်းအောင် လုပ်ပြီး စုပ်ယူရင် ပိုမိုလွယ်ကူစေတယ်လေ”

“ မီးတောက်မှာ ဝဋ်ကြွေးဆိုတဲ့ နာမည်ရှိနေမှတော့ ယုံကြည်မှုစွမ်းအားကို စုပ်ယူလိုက်တဲ့ လူတွေမှာရှိတဲ့ ဝဋ်ကြွေးကို ဆေးကြောဖို့ သုံးတာ ဖြစ်နိုင်တယ်” ဖုန်းဟွမ်က မေးလိုက်သည်။

“ မင်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုက ချီကံကောင်းမှုလိုမျိုး ကြမ္မာ ချည်နှောင်ထားတာမျိုးတော့ မဟုတ်ဘူး။ စွမ်းအားကို စုပ်ယူလိုက်တဲ့သူက သူတို့ဆီမှာ ဆုတောင်းတဲ့ လူတွေရဲ့ ဆန္ဒကို ဖြည့်စည်းပေးနိုင်ရင် ဝဋ်ကြွေးရဲ့ ချုပ်နှောင်ခြင်းကနေ လွတ်မြောက်နိုင်တယ်”

“ ဆရာ ပြဿနာကို ဖြေရှင်းပြီးသွားတယ်ဆိုရင် တခြားသူတွေက ဘာလို့ အဲဒီစွမ်းအား အသုံးပြုတာကို ရပ်တန့်လိုက်တာလဲ”

“ ဘာလို့လဲဆိုတော့ ကျင့်ကြံသူအများစုက ယုံကြည်မှုတာအိုကို ရိုးရာနဲ့ ဆန့်ကျင်တဲ့အရာအဖြစ် ခေါင်းစဉ်တပ်ကြလို့လေ။ ဗုဒ္ဓဂိုဏ်းတွေပဲ ဝဋ်ကြွေးကောင်းကင် မီးတောက်ကို ရနိုင်တယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး”

“ ပြီးတော့ မီးတောက်က ပြဿနာကို အပြည့်အဝ မဖြေရှင်းနိုင်ဘူး။ အစတုန်းကတော့ အရာအားလုံး အဆင်ပြေနေပေမဲ့ ဗုဒ္ဓဂိုဏ်းတွေက သူတို့ရဲ့ နယ်နိမိတ်ကို ချဲ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်”

“ သူတို့က ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်တွေကို ဟောကြားရုံတင် မကဘဲနဲ့ အဲဒီကမ္ဘာတွေကို အသုံးချပြီးတော့ ယုံကြည်မှု ပမာဏအများအပြားကို စုဆောင်းခဲ့ကြတယ်။ ဒါပေမဲ့ စွမ်းအင်ပမာဏ အများအပြားကြောင့် ဝဋ်ကြွေးမီးတောက်တွေတောင် မသန့်စင်မှုတွေအကုန်လုံးကို မဖယ်ရှားနိုင်ခဲ့ဘူး”

“ အဲဒီအချိန်တုန်းက ဗုဒ္ဓဂိုဏ်းက အတွင်းရေးပြဿနာကြောင့် စတင်ပြိုကွဲလာတယ်”

" အချင်းချင်း တိုက်ခိုက်တာကို ဆိုလိုချင်တာလား" ဖုန်းဟွမ်က အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

“ ဟုတ်တယ်။ ဗုဒ္ဓဂိုဏ်းဆိုတာက ဗုဒ္ဓရဲ့ သင်ကြားမှုတွေကို လေ့ကျင့်တဲ့ အဲဒီခေတ်ရဲ့ မတူညီတဲ့ ဂိုဏ်းတွေအားလုံးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကို ခေါ်တာလေ။ ဧကရာဇ်မျိုးရိုးတွေ အများကြီး အတူတူပေါင်းစည်းထားတာဆိုတော့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အရာတွေ ရှိမယ်ဆိုတာကို မင်း စိတ်ကူးကြည့်လို့ရပါတယ်”

“ ဒါဆိုရင် ဘာက သူတို့ကို ခွဲလိုက်တာလဲ”

“ ဂိုဏ်းတစ်ခုက ယုံကြည်မှုစွမ်းအားရဲ့ ထိခိုက်စေတဲ့ သဘာဝကြောင့် အသုံးပြုတာကို ရပ်တန့်ချင်တယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အများကြီး မစုပ်ယူချင်တော့တာမျိုးပေါ့”

“ တခြားဂိုဏ်းတွေက ရန်မူပြီးတော့ ရပ်တန့်ဖို့ ငြင်းဆန်လိုက်တယ်။ အဲလိုမျိုး လုပ်လိုက်တာက ဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားကို များစွာ ကျဆင်းစေလိမ့်မယ်လို့ သူတို့က ယုံကြည်ကြတယ်လေ”

“ ဒါဆိုရင် အဆုံးသတ်မှာ ဘယ်ဂိုဏ်းက အနိုင်ရသွားတာလဲ” ဖုန်းဟွမ်က စိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်။

“ အစတုန်းကတော့ ငြိမ်းချမ်းတဲ့ဂိုဏ်းမှာ အကျိုးပိုရှိတာပေါ့။ ပြီးတော့ ဗုဒ္ဓဘာသာက ကိုယ့်အပေါ်ကိုယ် အာရုံစိုက်ထားပြီး ဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် လုပ်ရင်း နိဗာနကို ရောက်အောင်လုပ်တဲ့နေရာမှာ အာရုံစိုက်ထားတဲ့ ဂိုဏ်းလေ။

အဲဒီအချိန်တုန်းက ဗုဒ္ဓကျင့်ကြံသူအများစုအတွက် ယုံကြည်မှုစွမ်းအားဆိုတာ ဉာဏ်အလင်းပွင့်တဲ့နေရာမှာ ပိုမိုမြန်ဆန်ဖို့နဲ့ ဒုက္ခကနေ လွတ်မြောက်အောင် ကူညီပေးဖို့ပဲ ရည်ရွယ်ထားတာ”

“ ဒါပေမဲ့ ကိစ္စတွေက အလျင်အမြန် ပြောင်းလဲသွားတယ်။ မူလအရင်းအမြစ်ဂိုဏ်းက စွမ်းအားရှင်တစ်ယောက် ယုံကြည်မှုစွမ်းအားများများ အသုံးပြုတဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့တယ်။ အဲဒီစွမ်းအားရှင်က အဲဒီဂိုဏ်းကို အနောက်ပိုင်းသန့်စင်ကောင်းချီးနယ်မြေ ဒါမှမဟုတ် ဗုဒ္ဓကမ္ဘာနဲ့ ချီးမြှင့်ခဲ့တယ်”

“ နေဦး အနောက်ပိုင်း သန့်စင်ကောင်းချီးနယ်မြေ ဟုတ်လား။ ဆရာပြောနေတာက တားမြစ်ကုန်းမြေခြောက်ခုထဲက တစ်ခုမလား” ဖုန်းဟွမ်က ထိတ်လန့်စွာဖြင့် မေးလိုက်သည်။

ရှစ်ဖူယွီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်

“ အခုတော့ တားမြစ်နယ်မြေလို့ သတ်မှတ်လို့ရပေမဲ့ အရင်တုန်းကတော့ မဟုတ်ဘူး”

“အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေက ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်တဲ့ နယ်မြေတစ်ခုပဲ။ အဲဒီမှာ မတ်တပ်ရပ်နေရုံနဲ့တင် စွမ်းအားကြီး ဗုဒ္ဓရွတ်ဆိုသံကို ကြားရပြီးတော့ နားလည်မှုနဲ့ ဉာဏ်အလင်းပွင့်မှုကို တိုးမြှင့်လာစေတယ်”

“ အလယ်တည့်တည့်မှာ ဧကရာဇ်အဆင့်ထက် သာလွန်တဲ့ အရမ်းစွမ်းအားကြီး စိတ်ဝိညာဉ်သစ်ပင်ဖြစ်တဲ့ မေတ္တယျဗောဓိပင် ရှိတယ်။ အဲဒီအပင်အောက်မှာ တရားထိုင်တဲ့သူတိုင်းကို မေတ္တယျဗုဒ္ဓမယ်တော်ကိုယ်တိုင် တာအိုအကြောင်း ရှင်းပြတယ်တဲ့”

“ သူမရဲ့ မြင့်မြတ်မှုကို စကားလုံးနဲ့တင် ဖော်ပြလို့မရနိုင်လောက်အောင် စိတ်ကူးမယဉ်နိုင်လောက်တဲ့သူမျိုးပဲ။ အံ့ဖွယ်ဗုဒ္ဓမယ်တော်ရဲ့ အံ့ဖွယ်တည်ရှိမှုကတင် ဘယ်ဘုန်းကြီးကိုမဆို နိဗ္ဇာန်အစစ်အမှန်က ဘာလဲဆိုတာ အချိန်တိုအတွင်း သိမြင်လာစေတယ်။ အဲဒီအခိုက်အတန့်ကလည်း သူတို့ရဲ့ တစ်ဘဝလုံးကို ပေးအပ်ရမယ်ဆိုရင်တောင် အလိုရှိတဲ့ အချိန်ခဏတာပဲ” ရှစ်ဖူယွီက တောက်ပစွာ ကြည့်ရင်း ပြောလိုက်သည်။

“ ဟင် ဧကရာဇ်အဆင့်ထက် သာလွန်တယ် ဟုတ်လား။ ဆရာ အဲလိုအရာမျိုး ရှိလို့လား” ဖုန်းဟွမ် စိတ်ရှုပ်ထွေးသွားသည်။

ရှစ်ဖူယွီက သူ့တပည့်ကို ကြည့်ရင်း သူ မလုပ်သင့်သည့်အရာတစ်ခုကို လုပ်မိသွားသည်ကို သတိထားမိသွားကာ ချက်ချင်းပြန်ပြောလိုက်သည်

“ မင်း လုပ်နိုင်တဲ့ ဘောင်ရဲ့ အပြင်မှာရောက်နေတဲ့ အရာတွေအကြောင်းကို မင်း စဉ်းစားစရာ မလိုဘူး”

ဖုန်းဟွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင် ရှိနေသေးသည်။ ထိုပုံစံကို မြင်ပြီးနောက် ရှစ်ဖူယွီက ဘာမှမပြောဘဲ သူ ထုတ်ပြောလိုက်မိသည့် အချက်အလက်ကို သူ့တပည့်အား ဖြည်းဖြည်းချင်း စဉ်းစားနိုင်သည့် အခွင့်အရေးကို ပေးထားလိုက်သည်။

ထိုအရာက နာရီအနည်းငယ် ကြာမြင့်သွားသည်။

ထို့နောက် ဖုန်းဟွမ်က စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်

“ ဆရာ ဒါဆိုရင် ဂိုဏ်းနှစ်ခုကြားက ပြဿနာကရော ဘယ်လိုဖြစ်သွားလဲ။ အဲဒါတွေက ကျွန်တော်ရဲ့ ဘိုးဘေးဖြစ်တဲ့ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နဲ့ ဘာဆိုင်လို့လဲ”

ရှစ်ဖူယွီက သူ့တပည့်ကို သေချာစိုက်ကြည့်လိုက်သည်။ သူ စိတ်ငြိမ်သွားသည်ကို သတိထားမိမှ ဆက်ပြောလိုက်သည်

“ အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေကို ဝင်ခွင့်ရသွားပြီးတော့ မူလရင်းမြစ်ဂိုဏ်းကနေ ကျန်တဲ့ ဂိုဏ်းတွေကို ဆန့်ကျင်တယ်လို့ အမည်တပ်ပြီးတော့ သူတို့ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တာ။ ကံကောင်းစွာနဲ့ ငြိမ်းချမ်းရေး ဂိုဏ်းက ကံကြမ္မာဝဋ် ကောင်းကင်မီးတောက်ကို ထိန်းချုပ်နိုင်တယ်ဆိုတော့ သူတို့က အသက်ရှင်ဖို့ နည်းလမ်း ရှိတုန်းပဲ”

“ ဆရာ နေပါဦး တကယ်လို့ ငြိမ်းချမ်းတဲ့ ဂိုဏ်းက ဝဋ်ကြွေးမီးတောက်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် တခြားဂိုဏ်းက သူတို့ရဲ့ ယုံကြည်မှုစွမ်းအားကို ဘယ်လိုမျိုး သန့်စင်လဲ”

“အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေမှာလည်း အဲဒီစွမ်းရည်ရှိတော့ သူတို့ မလိုအပ်ဘူးလေ”

ဖုန်းဟွမ်က ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်

“ ဒါဆိုရင် အဆုံးသတ်မှာ ဗုဒ္ဓဘာသာရဲ့ ပျက်စီးမှုက ဘာကြောင့် ဖြစ်သွားရတာလဲ။ စောစောပြောတဲ့ ကောင်းကင်မျိုးနွယ်ဆိုတာကရော ဘာလဲ”

“ စိတ်ရှည်ရှည်ထားပါ ပြောပြပါ့မယ်ကွာ”

“ သူတို့ရဲ့ ပြိုင်ဘက်တွေကို နှိမ်နင်းပြီးတဲ့နောက် ဗုဒ္ဓဂိုဏ်းက အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေကို ပိုပြီးစွမ်းအားကြီးအောင်လုပ်ဖို့ ယုံကြည်မှုကို မူလအရင်းအမြစ်ဖြစ်တဲ့ နည်းလမ်းတွေနဲ့ စတင်ပြီးတော့ စုဆောင်းလာကြတယ်”

“ သူတို့က ငါတို့ရဲ့ အသိုင်းအဝိုင်းထဲမှာရှိတဲ့ ကမ္ဘာငယ်တွေကို အဓိကပစ်မှတ်ထားခဲ့တယ်။ သူတို့က ကပ်ဘေးဖန်တီးပြီး ကမ္ဘာကို ကယ်တင်ဖို့အတွက် ဗုဒ္ဓစေတမန်တွေ စေလွှတ်ခဲ့တယ်။ အဲဒါကြောင့် သူတို့က အရမ်းသန့်စင်တဲ့ ယုံကြည်မှုစွမ်းအားကို စုဆောင်းနိုင်သွားတယ်လေ”

“ အဲဒီအချိန်တုန်းက ဗုဒ္ဓဧကရာဇ်တစ်ပါး တာအိုကို သက်သေပြနိုင်တဲ့အချိန်တိုင်း ကမ္ဘာတစ်ခုကို ဦးဆောင်ပြီးတော့ တခြားကမ္ဘာတွေကို သိမ်းပိုက်ရင်း ပိုပြီးများတဲ့ ယုံကြည်မှုတွေကို စုဆောင်းလို့ရတယ်။ အဲဒီခေတ်မှာ မွေးဖွားလာတဲ့ ဧကရာဇ်တိုင်းကတော့ ဗုဒ္ဓဂိုဏ်းက မဟုတ်ဘူး”

“ တခြားဂိုဏ်းတွေလည်း အဲဒီတုန်းက ဧကရာဇ် တစ်ယောက်၊ နှစ်ယောက်လောက် မွေးထုတ်နိုင်ကြပါတယ်။ အဲဒီဧကရာဇ်တွေက ဗုဒ္ဓဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့က လုံလောက်အောင် သန်မာမှု မရှိခဲ့သလို အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေရဲ့ အကာအကွယ်ရှိနေတော့ ပိုဆိုးတယ်”

“ အဲဒီအချိန်တုန်းက ပြန်ပြီး ခြိမ်းခြောက်နိုင်ခဲ့တဲ့သူက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ရှေးဟောင်းခန္ဓာသန့်စင် ဧကရာဇ်တစ်ယောက်တည်းပဲ ရှိခဲ့တာ။ ဒါပေမဲ့ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တချို့ဝဋ်ကြွေးလေးတွေ ရှိနေတော့ သူက သူတို့ကို တိုက်ခိုက်ရမဲ့အစား သူ့ရဲ့ ကြားနေဝါဒအတွက် အပြန်အလှန်အနေနဲ့ သူ့ဂိုဏ်းကို ဘာမှမလုပ်ဖို့ သဘောတူညီမှု ရယူခဲ့တယ်”

“ အဲဒီလုပ်ရပ်က ကမ္ဘာပေါ်က ဂိုဏ်းအားလုံးကို အမျက်ဒေါသထွက်သွားစေပေမဲ့ ဗုဒ္ဓဂိုဏ်းတွေရဲ့ စွမ်းအားကြီးမှုကြောင့် အားလုံးက မျက်လုံးမှိတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ ငါတို့ တစ်ကမ္ဘာနိဗာန အစီအစဉ်ကို ဖန်တီးလိုက်တဲ့အချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်”

All Chapters