သံသယ
Vol. 13 Ch. 170
အခန်း(၁၇၀) : သံသယ
ဖုန်းဟွမ်က ထိုအခြေအနေကို နာရီဝက်လောက် တွေးလိုက်ပြီးနောက် အံကြိတ်ကာ “ ကောင်းပြီ ငါ လက်ခံတယ်။ တခြားဘာရှိသေးလဲ”
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ပြုံးလိုက်သည်။
“ဒုတိယတစ်ခုက တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ငါ မင်းနဲ့ တိုက်ချင်တယ် ”
“ငါနဲ့ တိုက်မှာလား ” ဖုန်းဟွမ်က နားမလည်စွာဖြင့် မေးလိုက်သည်။
“ဟုတ်တယ် … မင်းက ငါနဲ့ ညှိနှိုင်းဖို့ အဆင့်တူရဲ့လား ကြည့်ချင်တယ် ”
ထိုအရာကို ကြားပြီး ဖုန်းဟွမ်၏ အမူအရာကး ချက်ချင်း ပျက်ယွင်းသွားသည်။ အချိန်တိုအတွင်း သူ့ငြိမ်းချမ်းနေသည့် စိတ်အခြေအနေ ပြောင်းလဲသွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
သူက ဝမ်ဝေ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
သို့သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ဘဲ ပြောလိုက်သည် “ငါ့ကို လာအပြစ်တင်လို့ မရဘူးလေ။ ဘယ်သူကမှ မင်းတိုက်ခိုက်တာကို မမြင်ဖူးကြတာ … မင်းက ကျားယောင်ဆောင်နေတဲ့ သိုး မဟုတ်မှန်း ဘယ်လိုလုပ်သိမှာလဲ ”
ဖုန်းဟွမ်က အသက်ပြင်းပြင်းရှုလိုက်ပြီး “ကောင်းပြီ စိန်ခေါ်တာ လက်ခံတယ် ”
မဟာရှားမြို့တော်နှင့် မနီးမဝေး တောအုပ်အတွင်း ဝမ်ဝေ့နှင့် ဖုန်းဟွမ်တို့က တစ်ယောက်နှင့် တစ်ယောက် သိပ်မကွာဘဲ ရပ်နေကြသည်။ လူများစွာက အဝေးမှ ရပ်ကာ တိုက်ပွဲအား စောင့်ကြည့်နေကြသည်။
“ဘယ်သူနိုင်မယ် ထင်လဲ”သုံ့လီဖန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“သိသာတယ် မဟုတ်ဘူးလား” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက သူ့အစ်ကိုကြီးနှင့် ကျီစုန့်တို့ကြားမှ တိုက်ပွဲမှတ်တမ်းကို ဝမ်ကျူဆီမှ ကြည့်ပြီးသွားလေပြီ။ ထို့ကြောင့် သူက ဝမ်ဝေ့ မည်မျှအားကောင်းကြောင်း သိထားလေ၏။
ထိုတိုက်ပွဲက သူ့အတွက် ဖိအားများစွာ ယူဆောင်လာသော်လည်း သူ့အင်အားကို တိုးပွားလာစေဖို့ လှုံ့ဆော်မှုလည်း ဖြစ်လာစေသည်။ ထို့အပြင် သူက ပိုမိုသန်မာသည့် ခန္ဓာကိုယ်ကို သန့်စင်နိုင်ရန်အတွက် နယ်ရှင်လက်သီးကို လေ့ကျင့်ဖို့ ဆုံးဖြတ်ထားသည်။
ထိုစဉ် ဝမ်ဝေ့က ပြိုင်ဘက်အား ဘယ်လိုနည်းစနစ်မျိုး အသုံးပြုမလဲဟု စောင့်ကြည့်နေသည်။ တစ်ဖက်လူက သူ့ထက် ပိုစိတ်ရှည်ပုံရ၏။ ထို့ကြောင့် သူက အရင်ဆုံး စတိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့က ဖုန်းဟွမ်ရှေ့ တန်းပေါ်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း ထိုတိုက်ကွက်ကို တားဆီးဖို့ တိမ်တိုက်တစ်ခု ရုတ်ချည်း ပေါ်လာသော်လည်း မတားနိုင်ခဲ့ပေ။
ဖုန်းဟွမ်က မီတာရာချီ လွှင့်စင်သွားကာ သွေးအန်လိုက်ရသည်။ သို့သော်လည်း လမ်းတစ်ဝက်၌ သူ့ခန္ဓာကိုယ်က တိမ်တိုက်လိုမျိုး ပေါ့ပါးသွားကာ မရပ်တန့်ခင်အထိ လေထဲ ဖြည်းဖြည်းချင်း လွှင့်မျှောသွားသည်။
ဖုန်းဟွမ်က နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ကာ ယခင်ရက်ပိုင်းမှ တစ်ဖက်လူ၏ တိုက်ပွဲကို ကြည့်ရှုထားခဲ့သော်လည်း လျော့တွက်မိသွားကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူက အလေးအနက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူ့လက်တစ်ချက်အဝေ့တွင် အနီရောင်တိမ်တိုက်များက လေထုထဲ စုဝေးလာကာ ဝမ်ဝေ့ပေါ် ရွာချလာသည်။
သို့သော် လေထုထဲ လက်သီးတစ်ချက် ထိုးချလိုက်သည့်အခါ အားကောင်းသည့် လှိုင်းတစ်ခုက ထိုတိမ်တိုက်များကို ချေဖျက်လိုက်၏။ ထို့နောက် ဝမ်ဝေ့က တစ်ဖက်လူဆီ ချက်ချင်း ပျံလာကာ ကန်ချလိုက်သည်။
ဝုန်း
ဖုန်းဟွမ်က အားပြင်းပြင်း လွှင့်စင်သွားကာ နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အတွက် ကံကောင်းသည်က သူ့ရှေ့တွင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာကာ တိုက်ခိုက်မှုတချို့ကို ကာဆီးပေးထားလေသည်။
ဤသည်မှာ သာမန်တိမ်တိုက် မဟုတ်ဘဲ သတ္တုနီးပါး သိပ်သည်းနေသည့်အရာအဖြစ် ပြောင်းလဲထားခြင်း ဖြစ်၏။ သို့သော် ဝမ်ဝေ့၏ ကန်ချက်အောက်တွင် အသုံးမဝင်ပေ။
ဖုန်းဟွမ်အတွက်မူ ထင်ထားသလိုမျိုး သူက မြေပေါ်ါ် လွှင့်ထွက်မသွားပေ။ သူက ယခင်နည်းစနစ်အတိုင်း သူ့ခန္ဓာကိုယ်ကို တိမ်တိုက်အဖြစ် ပေါ့ပါးစေကာ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
ဖုန်းဟွမ်က ကောင်းကင်ထဲမှ ဝမ်ဝေ့အား မျက်မှောင်ကြုတ်ကြည့်ကာ နောက်ထပ် တိုက်ကွက် ထုတ်သုံးလိုက်သည်။
ဤတစ်ကြိမ် တိမ်တိုက်များက မီးခိုးရောင်အဖြစ် ပြောင်းသွားကာ ဝမ်ဝေ့ဆီ ချီတက်လာသည်။ ထိုတိမ်တိုက်က ဝမ်ဝေ့အပေါ် ခြစ်ရာတစ်ခုမှ မဖြစ်စေသော်လည်း ထင်ထာသလောက် မရိုးရှင်းပေ။ အကြောင်းမှာ ဝမ်ဝေ့က ရွံ့စရာကောင်းသည့် စွမ်းအားတစ်ခု သူ့ဝိညာဉ်အထိ ထိုးဖောက်ကာ တိုက်စားပစ်ဖို့ ကြိုးစားနေကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုစွမ်းအားက ချက်ချင်းဆိုသလို အငွေ့ပျံသွားလေသည်။
ထို့နောက် သူက ဖုန်းဟွမ်အား ကြည့်လိုက်ပြီး “ယင်ယန်တာအိုကို စိတ်ဝင်စားစရာကောင်းအောင် အသုံးပြုထားတာပဲ။ ရေဓာတ်သဘာဝ တိမ်တိုက်ကို မီးသဘာဝနဲ့ ပေါင်းထားတာပဲ … အဲဒီနောက် အားနည်းတဲ့ အရာကနေ သတ္တုလိုမျိုး ခိုင်မာတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒါက ယင်ကနေ ယန်အဖြစ် ကူးပြောင်းတာနဲ့ အတူတူပဲ။
နောက်ဆုံးတိုက်ကွက်မှာ လွန်ကဲယင်သဘာဝ ပါနေတာဆိုတော့ ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်လို့ ရတယ် … ဒါပေမဲ့ မင်းဆီမှာ ဒီလောက်ပဲ တတ်နိုင်တယ်ဆိုရင်တော့ ဒီနေ့တိုက်ပွဲက မင်းဘဝမှာ အဆိုးဆုံးနေ့ရက် ဖြစ်သွားလိမ့်မယ် ”
ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့တိုက်ကွက်က အသုံးမဝင်ရုံသာမက တစ်ဖက်လူက သူ့တိုက်ကွက်၏ သဘာဝကို မိနစ်ပိုင်းအတွင်း သိထားပြီးလေပြီ။
ခဏကြာတွေးလိုက်ပြီးနောက် သူက နောက်ထပ် နည်းစနစ်တစ်ခု ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ လက်တစ်ချက်အဝေ့တွင် လေထုထဲ ဓားများစွာ ပုံပေါ်လာကာ အရှိန်ဖြင့် တဟုန်ထိုးပြေးဝင်လာသည်။
ထိုစဉ် ဝမ်ဝေ့က သူ့ဆီ ပြေးဝင်လာသည့် ဓားများကို ကြည့်ကာ တစ်ဖက်လူသည် အခုမှစ၍ သဘာဝဓာတ်ငါးမျိုး မန္တန်များ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြောင်း မှန်းဆမိလိုက်၏။ တာအိုဂိုဏ်းများက သူတို့၏ အံ့လောက်ဖွယ် မန္တန်များကြောင့် လူသိများကျော်ကြားသောကြောင့် သူ့အနေနှင့် မအံ့ဩမိပေ။
ထို့ကြောင့် သူက ဓားအားလုံးကို လျစ်လျူရှုကာ ဖုန်းဟွမ်ဆီ တည့်တည့်သွားလိုက်သည်။ ထိုဓားများက သူ့ပင်ကိုယ်စက်ကွင်းကို မချိုးဖောက်နိုင်ပေ။
သို့သော်လည်း ဖုန်းဟွမ်က ထိုအရာကို ကြိုတင်မှန်းဆထားပြီးသည့်အလား ဝမ်ဝေ့နှင့် ဝေးဝေးသွားလိုက်သည်။ သူ့ခြေထောက်အောက် အနီရောင်တိမ်တိုက်များ ပေါ်ထွက်လာ၏။
ဝှစ်
ထိုစဉ် သူက ဝမ်ဝေ့နှင့် မီတာရာချီအကွာတွင် ပေါ်လာသည်။ ရလဒ်အနေနှင့် မိနစ်ပိုင်းအတွင်း ကြွက်နှင့်ကြောင် လိုက်ဖမ်းတမ်း ကစားပွဲ ဖြစ်လာသည်။
ဝမ်ဝေ့က ထိုအခြေအနေကို လေ့လာရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဖုန်းဟွမ်သည် မည်မျှမြန်ဆန်ကြောင်း အံ့ဩနေမိ၏။ ဖုန်းဟွမ်တွင် ရွေ့ပြောင်းစွမ်းရည် ရှိနေဟန်ပေါ်သော်လည်း ဝမ်ဝေ့က ထိုလူသည် အလျှင်အမြန် လှုပ်ရှားလွန်းသောကြောင့် ဖြစ်မှန်း သိနေသည်။
ထိုအရာက ဝမ်ဝေ့တစ်ယောက် လိုက်ဖမ်းခြင်း ရပ်လိုက်သည့် အကြောင်းအရင်း မဟုတ်ပေ။ တကယ့်အကြောင်းအရင်းမှာ ဖုန်းဟွမ်၏ တိုက်ကွက်တစ်ခုက သူ့ပင်ကိုယ်စက်ကွင်းကို ဖြတ်သန်းသွားနိုင်သောကြောင့် အံ့အားသင့်မိသွား၍ ဖြစ်သည်။
စက္ကန့်ပိုင်းလောက် စဉ်းစားပြီးနောက် ဝမ်ဝေ့က သူ့ရန်သူဆီ ထပ်မံ ပြေးသွားလိုက်သည်။ ဤတစ်ကြိမ် သူက ဓားအားလုံးကို သေချာဂရုစိုက်ထားသည်။
ဓားသောင်းချီ ထိရိုက်ပြီးနောက် သူ့ပင်ကိုယ်စက်ကွင်းတွင် အက်ရာအနည်းငယ် ပေါ်ထွက်လာသည်။ ထို့နောက် ဓားက ပြန်ကန်မထွက်သွားခင် သူ့အရေပြားအထိ ရောက်လာသည်။
ဝမ်ဝေ့က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ဖုန်းဟွမ်အား ကြည့်ကာ “မင်းက ယင်ယန်မျက်လုံး ပိုင်ရှင်ပဲ ”
ဖုန်းဟွမ် မျက်နှာအထက် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာ ပေါ်ထွက်လာပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားကာ “ ဘာတွေပြောနေတာလဲ ”
“မင်းတိုက်ခိုက်မှုတွေက ငါ့ခုခံမှုရဲ့ အသေးငယ်ဆုံးဟာကွက်ကို ရှာတွေ့ပြီးတော့ တိုက်ခိုက်တာလေ။ အဲဒီဟာကွက်တွေက သေးငယ်လွန်းလို့ ငါတောင် သတိမထားမိဘူး။ ဒါပေမဲ့ မင်းက မြင်ပြီး တည့်တည့်ပစ်ခတ်နိုင်တယ် … ယင်ယန်မျက်ဝန်းကပဲ အဲလိုစွမ်းရည်မျိုး ရှိတာ ”
“ မင်း မှားနေပြီ” ဖုန်းဟွမ်က ခေါင်းယမ်းကာ “အဲဒါ ငါ့သဘာဝပင်ကိုယ်စွမ်းရည်ဆိုပေမဲ့ ယင်ယန်မျက်ဝန်း မရှိဘူး ”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သော်လည်း ထိုလူသည် အမှန်အတိုင်းပြောနေလား မပြောနိုင်ပေ။ သူ ဖမ်းဆုပ်မိသည့် တစ်ခုတည်းသောအရာက ထိုအကြောင်းပြောလိုက်စဉ်က ဖုန်းဟွမ်၏ မျက်ဝန်းမှ အံ့အားသင့်သွားသည့် အရိပ်အယောင်အနည်းငယ် ဖြစ်ပေသည်။ သို့သော် ဖုန်းဟွမ်က ငြင်းဆန်လိုက်ပြီးနောက် သူ့ဝိညာဉ်အတက်အကျက တည်ငြိမ်နေဆဲ ဖြစ်၏။
သို့သော်လည်း သူက သံသယဝင်မိနေသေးသည်။
ဝမ်ဝေ့က လက်ဝေ့လိုက်သည့်အခါ အပြာရောင် နဂါးကြီးတစ်ကောင် ပေါ်ထွက်လာပြီး အားပြင်းသည့် ဖိနှိပ်မှုတို့ကို ထုတ်လွှင့်လာသည်။ ထို့ကြောင့် ဖုန်းဟွမ်က ဝမ်ဝေ့ သူ့ဆီ ပြေးလာနေသည့်အခါ မလှုပ်ရှားနိုင်တော့ပေ။
ကြံမိကြံရာ တိုက်ခိုက်မှုနှင့်အတူ လေထုထဲ ဓားအားလုံးက အပ်များစွာအဖြစ် ပြောင်းလဲသွားပြီး တရှိန်ထိုး ပြေးထွက်သွားသည်။
ထိုစဉ် ဝမ်ဝေ့က ထိုအပ်အားလုံးကို လျစ်လျူရှုကာ သူ့အား တိုက်ခိုက်စေလိုက်သည်။ သို့သော်လည်း သူ့ကို စိတ်ပျက်သွားစေသည်က မည်သည့်အပ်ကမှ သူ့အားနည်းချက်ကို တိုက်ခိုက်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် ဝမ်ဝေ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးပေါ်ထွက်လာပြီး သူက ချက်ချင်းဆိုသလို ဖုန်းဟွမ်ရှေ့ ရောက်ရှိသွားသည်။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဖြောင်း
ဖုန်းဟွမ်က ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့် လွှင့်စင်သွားသည်။ ဤတစ်ကြိမ် သူက ပြုတ်ကျမှုကို နှေးကျအောင် ထိန်းထားနိုင်စွမ်း မရှိတော့ပေ။
ဝုန်း
မြေပေါ် ပြုတ်ကျလာပြီးနောက် သူ ပြုတ်ကျထားရာ နေရာမှ အားကောင်းသည့် လှိုင်းက ပျံ့နှံ့သွားသည်။ သစ်ပင်များစွာ ဖျက်ဆီးခံလိုက်ရပြီး လေထုထဲမှ မြေပေါ်တွင် လူသားသဏ္ဍာန် တွင်းချိုင့်ကြီးကို မြင်နေရသည်။
စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ဖုန်းဟွမ်က သူ့ဘာသာ ထလာကာ သွေးအန်လိုက်ရသည်။ သူ့မျက်နှာက အနည်းငယ် ပုံပျက်နေကော ဦးခေါင်းခွံကလည်း အထဲချိုင့်နေပြီး ပါးစပ်မှ သွားများလည်း ကျွတ်ထွက်သွားသည်။
သူက ခေါင်းမော့ကာ ဝမ်ဝေ့အား အံ့ကြိတ်လျက် ကြည့်လိုက်သည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ဝမ်ဝေ့က ပြောလိုက်သည် “ နောက်ဆုံးတောင်းဆိုချက်က မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကို အသုံးချပြီး ငါ့ခုခံမှုရဲ့ အားနည်းချက်ကို ရှာပေးဖို့ပဲ ”
ဖုန်းဟွမ်က ပါးစပ်ဖွင့်ဟကာ ငြင်းချင်သော်လည်း အံ့ကြိတ်လျက် ပြောလိုက်သည် “ ကောင်းပြီ … ပြဿနာ မရှိဘူး ”