← Chapters

စိတ်နတ်ဆိုး

Vol. 13 Ch. 171

စိတ်နတ်ဆိုး

Vol. 13 Ch. 171

အခန်း(၁၇၁)  :  စိတ်နတ်ဆိုး

တိုက်ပွဲအပြီးတွင် ဝမ်ဝေ့က သူ့နဂါးပလ္လင်ပေါ် တွေးဆဆဖြင့် ထိုင်နေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက မေးလိုက်သည် “မင်းရော ဘယ်လိုထင်လဲ ”

ခဏကြာ တိတ်ဆိတ်နေပြီးနောက် လီကျွင်းက ပြောလာသည်  “တစ်ခုခုတော့ လွဲနေသလိုပဲ ”

အားလုံးက သူ့ကို ကြည့်လိုက်ကြသည့်အခါ သူက ထပ်ပြောလိုက်သည်  “အဲဒီဖုန်းဟွမ်က ကောင်းကင်ရွေးချယ်ခံ ဖြစ်ဖို့ အရမ်းအားနည်းလွန်းနေတယ် ”

“အားနည်းတာလား” သုံ့လီဖန်းက ဝင်မေးလိုက်သည်။ သူမအနေနှင့် ထိုအရာကို သဘောမတူပေ။ သူမအမြင်အရ တိုက်ပွဲမြန်မြန်ဆန်ဆန် အဆုံးသတ်သွားသည့်အကြောင်းအရင်းက အရှင့်၏ စွမ်းအားကြောင့်သာ ဖြစ်၏။

“ အားမနည်းဘူး ” လီကျွင်းက စကားလုံးမှန်မှန်ရွေးချယ်ကာ ပြောပြဖို့ ပြင်လိုက်သည်  “ သူ့အင်အားအကုန် ထုတ်မသုံးထားတဲ့ပုံပဲ။ သူ့စွမ်းအားကို ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ပုံမျိုး ”

ဝမ်ဝေ့က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထိုအရာကို မြင်ပြီး ယန်းလီလင်းက မေးလိုက်သည် “အစ်ကိုကြီးဝမ်ဝေ့ တစ်ခုခု တွေးမိလို့လား”

“အင်း … အဲဒီလူက အရမ်းသံသယဖြစ်ဖို့ကောင်းတယ်” သူက ပြန်ဖြေလိုက်သည်။

“ယင်ယန်မျက်ဝန်းကြောင့်လား ”

“အင်း ”

“သူက အဲလိုအရာမျိုးကို ဘာလို့ လျို့ဝှက်ထားတာလဲ” ယန်းလီလင်းက နားမလည်နိုင်ဖြစ်နေမိသည်။ သူမသာမကဘဲ အခန်းအတွင်းရှိ အားကောင်းသည့် ရုပ်ခန္ဓာ၏ အရေးပါပုံကို သိထားကြသည့် အားလုံးကလည်း တူညီသော မေးခွန်းကို မေးချင်နေကြသည်။

“ ကောင်းကင်တာအို ငါ့ရုပ်ခန္ဓာကို အသိအမှတ်ပြုပြီး ကောင်းကင်ရုပ်ခန္ဓာစာရင်း ပေါ်လာတုန်းက ဘာဖြစ်ခဲ့လဲ မှတ်မိလား … ယင်ယန်မျက်ဝန်းနောက်က နာမည်က ဘယ်သူလဲ”

“ အဲဒီမှာ နာမည်အစား မေးခွန်းအမှတ်အသားတွေပဲ ရှိနေတာ မှတ်မိတယ်” လီကျွင်းက လက်ပိုက်လျက် ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က ဆက်မပြောခင် ခေါင်းညိတ်လိုက်သည်။

“အဲဒီအချိန်တုန်းက လူအများကြီးက ဒီမျိုးဆက်မှာ ယင်ယန်မျက်ဝန်းပိုင်ရှင် မပေါ်ထွက်လာသေးဘူးလို့ ယုံခဲ့ကြတာ။ ဒါပေမဲ့ အဲဒီလို မဟုတ်ခဲ့ရင်ရော ”

သုံ့လီဖန်းမှလွဲ၍ အားလုံးက ထိုစကားနောက်မှ နက်နဲမှုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

“ယင်ယန်မျက်ဝန်းက ဒီမျိုးဆက်မှာ ပေါ်ထွက်လာပြီလို့ သခင်လေး ပြောချင်တာလား။ ဒါပေမဲ့ ဖြစ်စဉ်မှာ ရှုပ်ထွေးမှုတွေတချို့ရှိနေတယ်။ ဖုန်းဟွမ်ကရော အဲဒီအကြောင်း သိထားနေမလား” သတင်းအချက်အလက် စစ်ဆေးရာ၌ လျင်မြန်သည့် ဝမ်ကျူက မေးလိုက်သည်။

ဝမ်ဝေ့က သဘောတူစွာ ခေါင်းညိတ်လိုက်သောကြောင့် အားလုံး၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှုကက ပို၍ ထင်ရှားလာသည်။

အကယ်၍ ဤသို့သာ အမှန်ဖြစ်နေခဲ့လျှင် ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာ ၆ခုလုံး၏ ပိုင်ရှင်များ ပေါ်ထွက်လာခဲ့သောကြောင့် ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလအား ပို၍ ရှုပ်ထွေးစေလိမ့်မည်။ ထိုက်ယီနက်နဲမုခ်၏ ကောင်းကင်ရွေးချယ်ခံက ဘယ်လိုလျို့ဝှက်ချက်မျိုး ဖုံးကွယ်ထားသည်ကို ထည့်မပြောရသေးပေ။

................

ထိုစဉ် မဟာရှုတိုင်းပြည်အတွင်း ဖုန်းဟွမ်က လျို့ဝှက်နည်းစနစ်တချို့ သုံးကာ တိုက်ပွဲပြီးပြီးချင်း တစ်ရက်တည်းနှင့် ပြန်ရောက်လာသည်။ သူ့ဒဏ်ရာများပင် ပြန်ကောင်းနေပြီ ဖြစ်၏။ သူ့ဘုရားကျောင်းဆောင်ထဲ ဝင်ရောက်ပြီးနောက် အပြင်ဘက်နှင့် သီးခြားဖြစ်စေသည့် အစီအရင်အားလုံးကို အသက်သွင်းလိုက်သည်။

ထို့နောက် သူက ထူးထူးဆန်းဆန်း စလုပ်တော့သည်။

“ဆရာ … ဆရာ … ထွက်လာခဲ့ပါဦး”  ဖုန်းဟွမ်က အလျှင်စလို ပြောလိုက်သည်။ သိပ်မကြာခင် ရှစ်ဖူယွီ၏ ကမ္ဘာဦးစိတ်ဝိညာဉ်က သူ့ရှေ့ ပေါ်လာသည်။

“ဆရာ … သူ သိသွားပြီလို့ ထင်လား ”

“တပည့်လေး မင်း စိတ်အေးအေးထားစမ်းပါ ”

“ဒါပေမဲ့ ဆရာ သူ တစ်ခုခုတော့ သတိထားမိသွားတာ သေချာတယ်”

ရှစ်ဖူယွီက သက်ပြင်းချကာ “ ငါ မင်းကို ဝမ်ဝေ့ရှေ့ မျက်လုံးစွမ်းအား မသုံးဖို့ သတိပေးသားပဲ။ မင်းမှ နားမထောင်တာ ”

“ကျွန်တော်မှာ ရွေးစရာ မရှိဘူးလေ။ မဟုတ်ရင် တိုက်ပွဲတစ်လျှောက်လုံး သူ့ကို ထိနိုင်မှာတောင် မဟုတ်ဘူး။ ပြီးတော့ သူ့နောက်ဆုံးတောင်းဆိုချက်ကို သဘောတူဖို့ ပြောခဲ့တာက ဆရာလေလေ”

“တကယ်လို့ မင်း သဘောမတူရင် သူက မင်းကို ပိုသံသယဝင်သွားမှာပေါ့။ လျို့ဝှက်နယ်မြေထဲမှာ ဖြစ်ခဲ့သလောက် မင်း ဝမ်ဝေ့က ဘယ်လောက်ဉာဏ်များလဲ မြင်နိုင်တာပဲ”

ဖုန်းဟွမ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း အခန်းထဲ ရှေ့နောက်လျှောက်ကာ ဆက်တိုက်ရေရွတ်နေသည်  “ကျွန်တော်တို့တော့ သွားပြီ။ သွားပြီ … ကျွန်တော်တို့ လုပ်ခဲ့တာတွေကို လူတွေသိသွားတော့မှာ။ ဂိုဏ်းက ကျွန်တော်တို့ကို တန်းသတ်ပစ်နိုင်တယ် ”

ရှစ်ဖူယွီက သူ့တပည့်အခြေအနေကို ကြည့်လိုက်ပြီးနောက် ပခုံးကို ပုတ်လိုက်သည်။ ဖုန်းဟွမ်က သူ့စိတ်ထဲ တစ်ခုခု ရုတ်ချည်းဝင်ရောက်လာသလို ခံစားလိုက်ရပြီး ပြန်လည်တည်ငြိမ်သွားလေသည်။

ဖုန်းဟွမ်က သက်ပြင်းချလိုက်သည့်အခါ ရှစ်ဖူယွီက မေးလိုက်သည် “မင်း အခုစိတ်ငြိမ်သွားပြီလား ”

“ဟုတ်”

“ကောင်းတယ် … အဲဒါ မင်းဆီမှာ ရှိသေးလား ”

ဖုန်းဟွမ်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု ဆွဲထုတ်လိုက်သည်။ သို့သော်လည်း ထိုအရာကို အစီအရင်ဖြင့် ကာရံထားလေသည်။ လက်သဏ္ဍာန်အမျိုးမျိုး ပြုလုပ်ပြီးမှ အစီအရင်က ပြေလျော့သွား၏။

ထိုအထဲတွင် ကြောက်ကြောက်လန့်လန့် မျက်နှာထားဖြင့် မျက်လုံးမပါသည့် လူသားခန္ဓာကိုယ် ပါရှိနေသည်။ ပို၍ဆိုးရွားသည်က ထိုကလေးသည် အသက်ငါးနှစ်မျှသာ ရှိပေဦးမည်။

ရှစ်ဖူယွီနှင့် ဖုန်းဟွမ်တို့ နှစ်ယောက်လုံး ထိုခန္ဓာကိုယ်ကို ကြည့်လိုက်သော်လည်း သူတို့တုံ့ပြန်မှုများက မတူကြပေ။

ဖုန်းဟွမ် ထိုအရာကိုမြင်ပြီး အနည်းငယ် တုန်ယင်သွားကာ နောင်တရသည့် သွင်ပြင်တို့ ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့ဆရာက ခန္ဓာကိုယ်ကို မထူးမခြားနား အကြည့်ဖြင့်သာ ကြည့်နေသည်။

ရှစ်ဖူယွီက ပြောလိုက်သည် “ ယင်ယန်မျက်ဝန်းကို ရုပ်ခန္ဓာအနေနဲ့ ရနိုင်ဖို့ မျက်လုံးပဲ ယူတာက မလုံလောက်ဘူး။ ငါတို့တွေ တကယ့်ပိုင်ရှင်ရဲ့ ဝိညာဉ်နဲ့ အရင်းအမြစ်သွေးကို ဝါးမျိုနိုင်မဲ့ နည်းလမ်းရှာရမယ်။ အဲဒီအခါကျ ဘယ်သူမှ ကွာခြားချက်ကို ပြောနိုင်မှာ မဟုတ်တော့ဘူး။ သက်သေအားလုံးလည်း ပျက်စီးသွားပြီ … မင်း လုပ်ရမှာက အဲဒီအချိန်အထိ ယင်ယန်မျက်ဝန်းနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုဖို့ပဲ”

ဖုန်းဟွမ်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားကာ အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ဒီလောက်လုပ်ပြီးပြီဖြစ်ရာ လှည့်ပြန်စရာလမ်း မရှိတော့ပေ။ သူက ကျန်တစ်ဘဝလုံး ဒီအပြစ်ကြွေးကို သယ်ပိုးထားရမည် ဖြစ်၏။ ထိုအရာက အကျိုးဆက် ဘယ်လိုဖြစ်ဖြစ် သူ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် မဟုတ်ပါလော။

ထို့အပြင် သူသာ မဟာဧကရာဇ် ဖြစ်လာသရွေ့ မည်သူကများ သူ့အပြုအမူများကို မကောင်းပြောရဲမည်နည်း။

ထိုအရာကို တွေးလိုက်ပြီးနောက် ဖုန်းဟွမ်က သူ့စိတ်ထဲ ပိုရှင်းလင်းပြတ်သားသွားသလို ခံစားလိုက်ရပြီး စိတ်ငြိမ်းချမ်းသည့် အခြေအနေကား နဂိုအနေအထားသို့ ပြန်ရောက်လာသည်။ ယခု သူ့စိတ်အခြေအနေကား ပိုမြင့်မားသည့် အနေအထားသို့ ရောက်ရှိသွားသည်။

ရှစ်ဖူယွီက သူ့တပည့်၏ ပြောင်းလဲမှုကို သတိထားမိကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ တမူထူးရုပ်ခန္ဓာ မပါရှိဘဲဖြင့်ပင် သူ့တပည့်၏ ပါရမီက ထိပ်တန်းအဖြစ် မှတ်ယူနိုင်လေသည်။ ထို့အပြင် သူ့ကို ရွေးချယ်ခဲ့သည့် အကြောင်းအရင်းလည်း ရှိနေသေး၏။

ထိုစဉ် မဟာရှားတိုင်းပြည်အတွင်း ပိုင်နက်အတွင်းမှ ကိစ္စအဝဝကို ဖြေရှင်းနေရင်း ဝမ်ဝေ့က နောက်ထပ် စူးစမ်းရေးခရီးတစ်ခု စီစဉ်နေသည်။ ဤသည်မှာ တောင်ပိုင်းနယ်မြေဆီ သွားရမည့်အချိန် ရောက်ပြီ ဖြစ်၍ သူကိုယ်တိုင် ဦးဆောင်ဖို့ ဆုံးဖြတ်ထားသည်။

ထိုသို့လုပ်ဆောင်ရသည့် ပထမ အကြောင်းအရင်းမှာ သူ့လူများအတွက် နေစရာနေရာများ ပိုများလာစေပြီး သားရဲများ၏ ပိုင်နက်ကို ထိန်းချုပ်ချင်၍ ဖြစ်သည်။

ဒုတိယအနေနှင့် ပိုအရေးကြီးသည့် အကြောင်းအရင်းမှာ သူက ထိုနေရာတွင် ကျန်ရှိနေသည့် သားရဲများကို မယုံပေ။ ဝမ်ဝေ့က သူ့ကိုယ်သူ လျူမိန်ရှုတစ်ယောက် တောင်ပိုင်းဒေသတွင် သားရဲများစွာ ချန်ထားခဲ့သည့် အကြောင်းအရင်းအား ပြန်မေးနေခဲ့သည်။ သို့သော်လည်း သူက အကြောင်းအရင်းကို စဉ်းစားမရပေ။ ထို့ကြောင့် သူက အနာဂတ်တွင် ပြဿနာထပ်မဖြစ်လာစေရန်အတွက် အားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ဝေ့၏ ဦးဆောင်မှုအောက်တွင် မဟာရှားစစ်တပ်က တောင်ပိုင်းဒေသမှ နတ်ဆိုးသားရဲများကို စတင် နှိမ်နင်းကြသည်။ ဝမ်ဝေ့က တိုက်ခိုက်မှုများတွင် ရှေ့ဆုံးမှ ဦးဆောင်ပေး၏။

သူက အစစ်အမှန်စိတ်စွမ်းရည်ဖြင့် ပိုင်နက်ကျယ်အတွင်း နတ်ဆိုးသားရဲအားလုံး၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် နတ်ဆိုးသားရဲများကို ယူဆောင်ပြီး သူ့အနာဂတ်အစီအစဉ်အတွက် သိမ်းထားလိုက်သည်။

ဝမ်ဝေ့က လေကပ်ဘေးတိုက်ကွက်အား အသုံးပြုကာ မီတာမိုင်ချီပတ်လည်အတွင်းရှိ နတ်ဆိုးသားရဲများကို နှိမ်နင်းနေသည်။

နတ်ဆိုးသားရဲများ၏ အလောင်းများကို ကြည့်ကာ ဝမ်ဝေ့က သူ့ဘာသာ စတွေးမိလာ၏။

ငါ ဒီနတ်ဆိုးသားရဲတွေကို သတ်တာ ကြမ်းလွန်းသွားလား …

သူတို့က သဘာဝအတွင်း နေထိုင်ကြသည့် သက်ရှိများ ဖြစ်နေဆဲ မဟုတ်ပါလော။

ငါက ဘာလို့သတ်ပစ်သင့်တာလဲ … လျူမိန်ရှုကို သံသယရှိတာကြောင့်နဲ့လား … ငါ့နည်းလမ်းတွေက အရမ်း အစွန်းရောက်လွန်းနေတယ် … ဖြစ်နိုင်တာ …

“ခဏလေးနေဦး” ဝမ်ဝေ့က ထုတ်ဖော်ပြောလိုက်သည်  “ ငါ့ကိုယ်ငါ ဒီလိုမျိုး ဘယ်တုန်းက မေးခွန်းစထုတ်လာတာလဲ။ နှောင်ကြိုးကင်းလွတ်ချင်တဲ့သူ တစ်ယောက်အနေနဲ့ ငါ့စိတ်ကြိုက် လုပ်သင့်တယ်။ ငါ့အပြုအမူတွေက ငါ့စိတ်ဆန္ဒပေါ်မှာပဲ မူတည်သင့်တယ် …

နတ်ဆိုးသားရဲတွေကို သတ်ပြီး မိုးမြေမျှခြေအကြောင်း ဘာလို့ဂရုစိုက်နေရမှာလဲ။ သူတို့အရေအတွက် သန်းချီနေရင်တောင် ဘာဖြစ်လဲ ”

ထိုအရာကို ပြောလိုက်ပြီးနောက် ဝမ်ဝေ့က သူ့စိတ်ထဲ ပဝါလှပ်လိုက်သလိုမျိုး ပို၍ ရှင်းလင်းပြတ်သားလာသည်။

သူက အကျိုးမြတ်ရလိုက်သော်လည်း မပျော်မိပေ။ အကြောင်းမှာ သူက စိတ်နတ်ဆိုး၏ တိုက်ခိုက်မှု ခံလိုက်ရကြောင်း သဘောပေါက်လိုက်၍ မျက်မှောင်ကြုတ်မိသွားသည်။

သဘောတရားအရ စိတ်နတ်ဆိုးက စိတ်နှလုံးသား စမ်းသပ်ချက် ဖြတ်ကျော်မည့် ကမ္ဘာဦးစိတ်ဝိညာဉ် ကျင့်ကြံသူများ၌သာ ဖြစ်လေ့ရှိသောကြောင့် သူ့အတွက် အဓိပ္ပါယ်တော့ မရှိပေ။

ပို၍ဆိုးသည်က ဝမ်ဝေ့က သူ့ထံ ဖြစ်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိလိုက်၍ ဖြစ်သည်။

ပထမတစ်ကြိမ် စိတ်နတ်ဆိုး ခံစားရစဉ်အခါက သေမျိုးဘဝတွင် ရှိစဉ် ပထမဆုံး လူသတ်လိုက်သည့်အချိန်တွင် ဖြစ်၏။ ထိုစဉ်အခါက သာမန်အခြေအနေများအရ သူသည် မျှော်နန်းဆောင်စစ်ဆေးမှုကို ဖြတ်ကျော်ပြီး တစ်ယောက်ယောက်ကို သတ်မိပြီးနောက် မသက်မသာမျှသာ ခံစားခဲ့သင့်ပေသည်။ သို့သော်လည်း အိပ်မက်ဆိုးများ နေ့စဉ်ရက်ဆက် မက်ခဲ့၏။

ပထမတစ်ကြိမ် ဖြစ်ပွားခဲ့စဉ်အခါက ဝမ်ဝေ့က ရှားပါးသည်ဟု မှတ်ယူကောင်း မှတ်ယူနိုင်မည် ဖြစ်သော်လည်း နှစ်ကြိမ်ဆိုပါက တစ်ခုခုတော့ မှားယွင်းနေလေပြီ။ ထို့ကြောင့် သူ့ထံ အဘယ်ကြောင့် လာဖြစ်ရတာလဲဆိုသည့် အကြောင်းအရင်းကို စတင်စဉ်းစားခန်းဖွင့်လာမိသည်။

All Chapters