← Chapters

ရောဂါရနေပြီ ကုသမှု လိုတယ်

Vol. 139 Ch. 1792

ရောဂါရနေပြီ ကုသမှု လိုတယ်

Vol. 139 Ch. 1792

ထိုက်ယီသည် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကို ဝေ့ကြည့်လိုက်၏။ တခဏအကြာတွင် မေးလိုက်သည်။ “တာအိုမိတ်ဆွေတို့၊ အစစအရာရာ အဆင်ပြေကြရဲ့လား”

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် အလွန်ဝမ်းမြောက်ပျော်ရွှင်နေကြပြီး တစ်ပြိုင်နက် ဖြေကြ၏။ “တျန်းတုအရှင်သခင်၊ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့အတူ စွန့်ပစ်မြေဆီ လိုက်ခဲ့ပြီး အစစ်အမှန်ခန္ဓာကို ပြန်ယူပါ”

ထိုက်ယီက အဝေးမှ ချင်မူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း အကြည့်ပြန်ရုတ်ကာ တည်ကြည်လေးနက်စွာ သဘောတူသည်။ “ကောင်းပြီ… အစစ်အမှန်ခန္ဓာကို ပြန်ယူမယ်”

ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး ကောင်းကင်ဖွင့်လှစ်ခြင်း ယဇ်ပလ္လင်ဝင်္ကပါကို အသက်သွင်းလိုက်ပြီး ကောင်းကင်ကို ဖြဲလိုက်သည်။ သူတို့က ထိုက်ယီနှင့်အတူ ဘိုးဘေးနန်းတော် သားရဲလှောင်အိမ်မှ ထွက်ခွာပျောက်ကွယ်သွားကြချေပြီ။

ချင်မူ မျက်နှာပျက်နေသည်။ သူက မှော်စွမ်းအင်ကို အသက်သွင်းလျက် ထိုကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကြောင့် လွင့်ထွက်သွားခဲ့သော အဆုံးသတ်မြို့ပျက်ကို ပြန်ဆွဲယူ၏။ အဆုံးသတ်မြို့ပျက်စွမ်းအားကို စုစည်းပြီး ချိပ်တံဆိပ်အလွှာများကို ပြန်လည်ခင်းကျင်းလိုက်သည်။

ခိုင်ဧကရာဇ် ချင်ယဲ့နှင့် ရှန့်ကျွင်းတို့ ရောက်လာကြသော်လည်း သူတို့ မေးခွန်းမထုတ်နိုင်ခင် ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ထိုက်ယီနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေက စွန့်ပစ်မြေဆီ သွားပြီး တျန်းတုအရှင်သခင်ရဲ့ အစစ်အမှန်ခန္ဓာ ကို သွားရှာကြတယ်”

“သူသာ တျန်းတုအရှင်သခင် ဖြစ်သွားရင် ထိုက်ယီရဲ့ ပုံစံအတိုင်း ရှိနေနိုင်ဦးမှာလား” ထိုက်ရှီက မေးသည်။

ချင်မူ ခေါင်းခါမိသည်။

သူလည်း ဤမေးခွန်း၏ အဖြေကို မသိပေ။ ကောင်းကင်နတ်အရှင်လင်သည် ထိုက်ယီကို တစ်ခုခု လုပ်ခဲ့ကာ တျန်းတုအရှင်သခင် မဖြစ်အောင် ဟန့်တားခဲ့၏။ မီလော့နန်းတော်အရှင်သခင်ကလည်း သူ့ကို စတုတ္ထစကြ၀ဠာသို့ ပြန်ပို့ခဲ့ပြီး တျန်းတုအရှင်သခင်နှင့် ကောင်းကင်ဖွင့်လှစ်သူတို့၏ လုပ်ရပ်များကို ကိုယ်တိုင် ပြန်လည်သုံးသပ်စေခဲ့သည်။

ယခုလက်ရှိ ထိုက်ယီ၏ စိတ်အခြေအနေကား တျန်းတုအရှင်သခင်၏ စိတ်အခြေအနနှင့် လုံးဝမတူပေ။

သို့သော် ထိုက်ယီနှင့် တျန်းတုအရှင်သခင် ပေါင်းစည်းပြီးနောက်တွင် ထိုက်ယီ၏ စိတ်အခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း ရှိ၊ မရှိကိုတော့ ပြောရန် ခက်၏။

“ထိုက်ယီက ဘာလို့ သူတို့နဲ့ လိုက်သွားတာလဲ”

ရှန့်ကျွင်း နားမလည်ပေ။ ထိုက်ယီဖြစ်စေ၊ ကျောက်ပြားတောအုပ်ထဲမှ ဝေဒနာသည်ဖြစ်စေ သူ့အနေဖြင့် သူတို့ကို အလွန်လေးစားမိသည်။ သို့သော် ထိုသူနှစ်ဦးမှာ မတူညီသော ပုဂ္ဂိုလ်နှစ်ဦးဟု ခံစားရလေသည်။ ထိုက်ယီသည် အခြားပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားရန် မလိုအပ်ပေ။

“ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ အန္တရာယ်က ကြီးလွန်းတယ်…. တိုက်ခိုက်ရင် ထိုက်ယီ သူတို့ကို အနိုင်ယူနိုင်မယ် မသေချာသလို သူတို့ကို ဘိုးဘေးနန်းတော်မှာ ချုပ်ထားနိုင်မယ်လို့လည်း မသေချာဘူး”

ချင်မူက သူတို့ကို ကြည့်လိုက်သည်။ “ကျွန်တော် စွန့်ပစ်မြေဆီ သွားရမယ်… ခင်ဗျားတို့ ဒီမှာပဲ နေကြပါ… ကျွန်တော်နဲ့ ထိုက်ယီ မရှိတုန်း ကျောက်စိမ်းမြို့တော်နဲ့ လောကသစ်ပင်ရဲ့ တိုက်ခိုက်မှုတွေကို သတိထားရမယ်… လောကပေါင်းကူးရွှေသင်္ဘောကို ထားခဲ့လိုက်မယ်… ခင်ဗျားတို့ မတားဆီးနိုင်တော့ရင် ရွှေသင်္ဘောပေါ် တက်ပြီး ပုန်းနေကြပါ”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ချင်မူလည်း အသက်တစ်ရှိုက် ရှူသွင်းပြီး‌နောက် ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ဘိုးဘေးနန်းတော်ထောင်ချောက်မှ ထွက်ခွာသွားတော့သည်။

အန္တိမဟင်းလင်းပြင် စွန့်ပစ်မြေ

ကောင်းကင်ဖွင့်လှစ်သူများနှင့် ထိုက်ယီတို့ လမ်းလျှောက်နေကြသည်။ ဤစွန့်ပစ်မြေသည် အဆန်းတကြယ်များ ပြည့်နှက်နေသည်သာမက မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့ပင် မဖျက်ဆီးနိုင်သော အရာများစွာ ဤနေရာတွင် စွန့်ပစ်ခံထားရသည်။

ဤနေရာတွင် တျန်းတု၏ အပျက်အစီးများလည်း ရှိသည်။ ယခင်က တျန်းတုမှ တာအိုသိုင်းပညာရှင်များ ဖွင့်လှစ်ခဲ့သော နေရာများ၊ မိစ္ဆာများနှင့် တာအိုဖီဆန်သူများကို မီလော့နန်းတော်၏ သခင်လေးတစ်မဟာဥသျှောင် ဖိနှိပ်ထားသည့် ကျောက်ပြားတောအုပ်နှင့် အခြား ထူးဆန်းဆန်းပြားသော အရာများလည်း ရှိ၏။

ထိုက်ယီနှင့် ကောင်းကင်ဖွင့်လှစ်သူများက တျန်းတု၏ အပျက်အစီးများကြားသို့ တဖန် ပြန်ရောက်လာကြသည်။ ကောင်းကင်ဖွင့်လှစ်သူများသည် ထိုနေရာရှိ ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်ထက်သို့ တက်လိုက်ကြရင်း အကြိမ်ကြိမ် သက်ပြင်းချနေကြပြီး အပြုံးမျက်နှာနှင့်လူက ပြောသည်။ “ဒီနှစ်တွေအတွင်း ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို အမြဲ ရှာဖွေနေခဲ့တာ …. ခေါင်းဆောင်ရဲ့ မူလဝိညာဉ်ကို အနာဂတ်ဆီ ပို့လိုက်တယ်လို့ လင်က ပြောခဲ့ပေမယ့် လင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သိပ်မယုံရတဲ့သူလေ… ပြောရရင် သူက တျန်းတုကို တဝက်တစ်ပျက်မှ ဝင်လာတာဆိုတော့ သူ့ရဲ့ တာအိုနှလုံးသားက ကျုပ်တို့လောက် မစင်ကြယ်ဘူး ”

ထိုက်ယီသည် ယဇ်ပလ္လင်၏ အလယ်ဗဟိုရှိ ခြေရာနှစ်ခုပေါ်သို့ ရပ်လိုက်သည်။ ၎င်းတို့က သူ၏ ခြေရာများ ဖြစ်၏။ ဤနေရာတွင် ပြန်ရပ်လိုက်ရသည့်အခါ စိတ်ထဲတွင် ခံစားချက်များ ရောပြွန်းနေတော့သည်။

ခဏအကြာတွင် ထိုက်ယီက မေးသည်။ “လင်ရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ ပါရမီက မင်းတို့ထဲမှာ အကောင်းဆုံးပဲ…. ငါ သေပြီးတဲ့နောက်ပိုင်း မင်းတို့ ဘာလို့ သူ့နောက် မလိုက်ကြတာလဲ”

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။

“လင်က ကျုပ်တို့ရဲ့ ခေါင်းဆောင် ဖြစ်ဖို့ မသင့်တော်ဘူး… သူက စိတ်ပျော့လွန်းတယ်၊ သက်ရှိတွေရဲ့ အနှစ်သာရကို မမြင်ဘူး”

အပြုံးမျက်နှာနှင့်လူက ဆက်ပြောသည်။ “သက်ရှိဆိုတာ ဒြပ်ထု စွမ်းအင်တွေ စုဝေးထားတာသက်သက်ပဲလေ …. ကျုပ်တို့ အဲဒါကို လေးစားသင့်တယ်လို့ သူက ထင်နေတာ… ကျုပ်တို့က သက်ရှိတွေအပြင် ကမ္ဘာလောကကိုတောင် ဖန်တီးနိုင်တာကိုကျ လျစ်လျူရှုထားတယ်….ကမ္ဘာလောကနဲ့ သက်ရှိတွေကို ကျုပ်တို့ လိုချင်တဲ့ ပုံစံအတိုင်း ပုံဖော်နိုင်တယ်… သူက ဒါကို မလုပ်နိုင်ဘူး… ကျုပ်တို့ရဲ့ ခေါင်းဆောင်က တစ်ယောက်တည်း ရှိတယ်… အဲ့ဒါက တျန်းတုအရှင်သခင်ပဲ”

ထိုက်ယီမှာ သူတို့ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

အတိတ်တုန်းက သူသည်လည်း ဤသို့အတွေးအခေါ်မျိုး ရှိခဲ့ဖူးသည်။ ထို့ကြောင့် ဤ နောက်လိုက်များ ရခဲ့ခြင်းမဟုတ်လော။

သို့သော် ယခု သူ၏ အတွေးအခေါ်များကား ပြောင်းလဲသွားခဲ့ချေပြီ။ ထိုက်ယီ ဖြစ်လာကတည်းက ၁၇ စင်းမြောက် စကြဝဠာ၏ ဖြစ်စဉ်ထဲ၌ တတ်နိုင်သမျှ ဝင်ရောက်မစွက်ဖက်ခဲ့ဘဲ ၁၇ စင်းမြောက် စကြဝဠာကို ၎င်းဘာသာ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ဤသည်မှာ တျန်းတုအရှင်သခင်၏ လုပ်ရပ်နှင့် လုံးဝ ကွဲပြားချေသည်။

“ကျုပ်တို့ ခေါင်းဆောင်ကို ကယ်တင်ဖို့အတွက် အတိတ်ကနေ အနာဂတ်အထိ လွှမ်းမိုးဖို့ ကြိုးစားခဲ့ဖူးတယ်… ဒီနေရာမှာ သခင်လေးခုနစ်ကို တျန်းတုဖွင့်လှစ်တုန်းက အခြေအနေကိုတောင် ပြသခဲ့သေးတယ်”

အပြုံးမျက်နှာနှင့်လူက ပြောသည်။ “ကံမကောင်းစွာနဲ့ပဲ သခင်လေးဖရိုဖရဲက ကျုပ်တို့ကို စိတ်ပျက်စေခဲ့တယ်… သူ ခေါင်းဆောင်ကို ကုသတော့မယ့်အချိန်မှာ တွေဝေသွားတယ်လေ … ခေါင်းဆောင် စိတ်မပူပါနဲ့… ကျုပ်တို့ ခင်ဗျားကို သေချာပေါက် ကုသနိုင်မှာပါ”

“ငါ့ကို ကုသမယ်တဲ့လား” ထိုက်ယီက သူ့ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။

ကောင်းကင်ဖွင့်လှစ်သူများ ပြောနေသည်မှာ သခင်လေးသုံး၊ သခင်လေးလေးတို့နှင့် တိုက်ခိုက်မှုမှ ရရှိခဲ့သော တာအိုဒဏ်ရာများကို ရည်ညွှန်းခြင်း မဟုတ်ချေ။ ထိုက်ယီ၏ အတွေးအခေါ်နှင့် ခံယူချက်များကို ရည်ညွှန်းခြင်း ဖြစ်သည်မှာ ရှင်းလင်း၏။

ကောင်းကင်ဖွင့်လှစ်သူများက ယခုလက်ရှိ ထိုက်ယီ၏ အတွေးအခေါ်နှင့် ခံယူချက်များသည် ရောဂါ စွဲကပ်နေသောကြောင့် ကုသမှု လိုအပ်သည်ဟု ယူဆထားကြသည်။

ထိုက်ယီကို ကုသမည့် နည်းလမ်းမှာ တျန်းတုအရှင်သခင်အဖြစ်သို့ ပြောင်းလဲစေပြီး သူတို့၏နှလုံးသားထဲက ခေါင်းဆောင်ဖြစ်လာစေရန်ပင်။

သူတို့ တျန်းတုအပျက်အစီးများကြားမှ ထွက်ခွာလာကြသည်။ စွန့်ပစ်မြေတွင် အဆန်းတကြယ် အရာဝတ္ထုအမျိုးမျိုး လွင့်မျောနေကြသော်လည်း ကောင်းကင်ဖွင့်လှစ်သူများကို ရင်ဆိုင်ရသည့်အခါ အထိတ်တလန့် ဆုတ်ခွာသွားကြ၏။

သူတို့ စွန့်ပစ်မြေတွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် ရှေ့တွင် ခေါင်းတလားအုပ်လိုက်ကြီး တရွေ့ရွေ့ မျောလာသည်ကို တွေ့လိုက်ရသည်။ ခေါင်းတလားများကား တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သူတို့ထံ တန်းတန်းမတ်မတ် ဦးတည်လာနေလေသည်။

ချင်မူ ဤနေရာသို့ ရောက်ရှိလာစဉ်တုန်းက ခေါင်းတလားအုပ်သည် လမ်းပိတ်ဆို့ခဲ့ဖူး၏။ သူက လောကပေါင်းကူးရွှေသင်္ဘောဖြင့် ဝင်တိုက်ခဲ့ကာ ခေါင်းတလားများစွာ ဖျက်စီးပစ်ခဲ့သည်။ ကျန်ရှိသော ခေါင်းတလားများမူ ထွက်ပြေးခဲ့ကြလေသည်။

“တာအိုမိတ်ဆွေတို့”

အပြုံးမျက်နှာနှင့်လူက ကောင်းကင်ဖွင့်လှစ်သူများ၏ ရှေ့တွင် ရပ်လိုက်ရင်း တာအိုအသံဖြင့် စကားပြောလိုက်၏။ “မင်းတို့ လွတ်မြောက်မယ့်နေ့ ရောက်တော့မယ်…. တျန်းတုအရှင်သခင် မကြာခင် ရောက်လာတော့မယ်… အဲ့ဒီအခါ မင်းတို့ နေရောင်ကို ပြန်မြင်ပြီး ရန်သူကို လက်စားချေနိုင်လိမ့်မယ်… မင်းတို့နဲ့ မီလော့နန်းတော်၊ သခင်လေးခုနစ်ကြားက ရန်ငြိုး‌တွေကို ရှင်းလင်းနိုင်ပြီ”

ခေါင်းတလားများသည် သူ၏ စကားများကို နားလည်ပုံရပြီး ဝမ်းသာအားရသွားသည့်အလား ခေါင်းတလားများကို ချည်နှောင်ထားသော သံကြိုးများ တုန်ခါလာကြ၏။

“သခင်လေးဖရိုဖရဲက သူတို့ကို ဖိနှိပ်ထားတာ အကြောင်းအရင်း ရှိတယ်”

ထိုက်ယီက အပြုံးမျက်နှာလူနှင့် ကျန်ကောင်းကင်ဖွင့်လှစ်သူများကို သတိပေးသည်။ “သူတို့ လွတ်လာရင် အန္တရာယ်များတယ်”

အပြုံးမျက်နှာနှင့်လူ၏ မျက်နှာပေါ်ရှိ အပြုံးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ “မီလော့နန်းတော်က ကျုပ်တို့ တျန်းတုထက် အင်အားကြီးတယ်…. မီလော့နန်းတော်ကို တိုက်ခိုက်ဖို့ သူတို့ကို လိုအပ်တယ်…. ခေါင်းဆောင်၊ ခင်ဗျား တကယ် ရောဂါရနေတာပါလား … အရင်ကဆို ဒီလို တွေးမှာ မဟုတ်ဘူး”

ကောင်းကင်ဖွင့်လှစ်သူများကလည်း ပြောကြသည်။ “ခေါင်းဆောင် ရောဂါရနေပြီ…. အရင်က ခေါင်းဆောင်ဆိုတာ ဒါတွေကို ဂရုစိုက်ခဲ့လို့လား… စကြဝဠာ ပျက်စီးသွားရင်တောင် ကောင်းကင်ကို ပြန်ဖွင့်ပြီး အစကနေ ပြန်စမ်းသပ်လိုက်ရုံပဲဟာ”

ထိုက်ယီ၏ မျက်လုံးထောင့်စွန်းများ တွန့်သွား၏။

သူတို့ ရှေ့ဆက်လျှောက်လာကြသည့်အခါ လောကပေါင်းကူးရွှေသင်္ဘော ဝင်တိုက်သဖြင့် ပျက်စီးသွားသော တံခါးကို နောက်ဆုံးတွင် ရှာတွေ့သွားကြ၏။ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် ထိုက်ယီကို ဝန်းရံကာ အထဲသို့ ဝင်ရောက်လိုက်ကြလေသည်။ “သခင်လေးဖရိုဖရဲ ဒီဝင်္ကပါကို ဖျက်ဆီးခဲ့တာ ကျုပ်တို့အတွက် သက်သာသွားတာပဲ”

ဤနေရာရှိ ကျောက်ပြားတိုင်များမှာ ဟိုယိမ်းသည်ယိမ်း ယိုင်နေကြသည်။ ချင်မူ အရင်အကြိမ်က လောကပေါင်းကူးရွှေသင်္ဘောဖြင့် ဝင်တိုက်ခဲ့သော အရှိန်ကြောင့် ဤသို့ ယိုင်နဲ့နေကြခြင်းပင်။ နောက်ပိုင်းတွင် သခင်လေးတစ် မဟာဥသျှောင် ရောက်လာ၍ ချင်မူအား အန္တရာယ်များကို ရှင်းပြကာ ထိုက်ယီနှင့် ဝေဒနာသည်ကို “ကုသ” ရန် စိတ်ကူးကို စွန့်လွှတ်စေခဲ့သည်။

သခင်လေးတစ် မဟာဥသျှောင်နှင့် ချင်မူတို့ ထွက်ခွာသွားချိန်တွင် ကျောက်ပြားတောအုပ်ကို ပြန်လည်ပြုပြင်ခြင်း မပြုလုပ်ခဲ့ပေ။

“သခင်လေး မဟာဥသျှောင်နဲ့ သခင်လေး ဖရိုဖရဲတို့က မိစ္ဆာနှစ်ကောင်ပဲ… အတိတ်စကြဝဠာတွေတုန်းက တာအိုမိတ်ဆွေတွေ အများကြီးကို ဖိနှိပ်ခဲ့ကြတယ်”

အပြုံးမျက်နှာလူနှင့် ကျန်ကောင်းကင်ဖွင့်လှစ်သူများသည် ထိုက်ယီကို ကျောက်ပြားတောအုပ်ထဲသို့ ခေါ်ဆောင်လာကြသည်။ သူတို့၏ စွမ်းအားက ကြီးမားလွန်းသဖြင့် ကျောက်ပြားတောအုပ်၏ ဖိနှိပ်မှုကို လွန်ဆန်နိုင်ကြလေသည်။

အပြုံးမျက်နှာလူက ပြောသည်။ “သခင်လေး မဟာဥသျှောင်က မီလော့နန်းတော်ရဲ့ ခံယူချက်ကို ကျင့်သုံးတယ် … သူ့လုပ်ရပ်တွေက စည်းကမ်းတင်းကြပ်လွန်းတယ်… သူ့ကို အသုံးချမရဘူး… သခင်လေး ဖရိုဖရဲက မိစ္ဆာကောင်ဆိုပေမယ့် သူ့လုပ်ရပ်တွေမှာ စည်းမျဉ်း မရှိဘူး… ခံယူချက် မရှိဘူး…. ဒါကြောင့် သူ့ကို အသုံးချလို့ ရတယ်… ဒါပေမဲ့ ကံမကောင်းစွာပဲ သခင်လေး မဟာဥသျှောင်က နောက်ဆုံးမှာ သူ့ကို နားချနိုင်ခဲ့တယ်လေ … ဒါကြောင့် ကျုပ်တို့ အဆုံးသတ်မြို့ပျက်ကနေ စွန့်စားပြီး လာခဲ့ရတာ.. ခေါင်းဆောင်ကို ကိုယ်တိုင် ကုသပေးဖို့ပေါ့”

ထိုက်ယီက ချေပ၏။ “သခင်လေး မဟာဥသျှောင်နဲ့ သခင်လေး ဖရိုဖရဲတို့ဟာ လောကကို ဒုက္ခပေးတဲ့ အင်အားကြီးသူတွေကို ဖိနှိပ်ခဲ့ကြတာ… ဒီလုပ်ရပ်က လွန်ကဲလွန်းတာ မဟုတ်ဘူး”

“ခေါင်းဆောင် တကယ် ရောဂါြဖစ်နေတာပါလား”

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးစလုံး စိုးရိမ်ပူပန်နေကြသော်လည်း ချက်ချင်း စိတ်သက်သာရာ ရသွားကြသည်။ “ဒါပေမဲ့ ခေါင်းဆောင်ကို မကြာခင် ကုသပေးနိုင်မှာပါ”

ထိုက်ယီမှာ အခြေအနေကို မြင်သောအခါ ဆွံ့အနေမိသည်။

ရုတ်တရက် သူ၏ ရင်ထဲ လှုပ်ခတ်လာသည်။ ယုတ္တိကျကျ ပြောရလျှင် ကျောက်ပြားတောအုပ်ထဲ ဝင်ရောက်ပြီးနောက် သူသည် ဝေဒနာသည်နှင့် ချက်ချင်း ဆက်နွယ်သွားရပေလိမ့်မည်။ နောက်ဆုံးတွင် ‘သူ’ ပျောက်ကွယ်ကာ ဝေဒနာသည်နှင့် ပေါင်းစည်းသွားလိမ့်မည်။။

သို့သော် သူတို့သည် ကျောက်ပြားတောအုပ်၏ အနက်ပိုင်းထဲအထိ ဝင်ရောက်လာကြသော်လည်း သူ၏ ကိုယ်ပေါ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိသေးပေ။

ထိုက်ယီ တိတ်ဆိတ်လာသည်။ သူက ကောင်းကင်ဖွင့်လှစ်သူများနှင့်အတူ ကျောက်ပြားတောအုပ်ထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ကျောက်ပြားတောအုပ်၏ အလယ်သို့ ရောက်လာကြ၏။ ထိုနေရာတွင် ရွာငယ်လေးတစ်ရွာ မြင်လိုက်ရသည်။ ကျောက်ပြားတောအုပ်က ထိုရွာကို ဝန်းရံထားလေသည်။ ရွာအဝင်ဝတွင် သစ်ပင်တစ်ပင် ရှိပြီး ထိုသစ်ပင်ပေါ်တွင် ဝက်တစ်ကောင်ကို ဇောက်ထိုး ဆွဲထားသည်။ ထိုဝက်သည် ဆူညံစွာ ညည်းညူ၍ အောက်သို့ ဆင်းနိုင်ရန် ရုန်းနေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။

ရွာအဝင်ဝရှိ ကျောက်တုံးပေါ်တွင် အဘိုးအိုတစ်ဦးက မျက်လုံးမှေးလျက် ဆေးတံဖွာနေသည်။

ရွာထဲတွင် တဲအစုတ် ရှိနေပြီး အမျိုးသမီးတစ်ဦးကမူ ရေတွင်းဘေးတွင် အဝတ်လျှော်နေသည်။ တုတ်ရိုက်သံများသည် တခွက်ခွက် မြည်နေ၏။

ကျစ်ဆံမြီးနှစ်ခုဖြင့် ကလေးမလေးတစ်ဦးသည် သစ်ပင်ပေါ်ရှိ သစ်သီးများကို ခူးရန် အပင်ပေါ်သို့ ကြိုးစားတက်နေ၏။ အိမ်ခေါင်မိုးအောက်တွင်မူ အဘွားအိုတစ်ဦးက မျက်လုံးများ မှေးကျဉ်းလျက် နံရံကို မှီကာ အိပ်ငိုက်နေလေသည်။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးက ထိုက်ယီကို ဝန်းရံလျက် ရွာရှေ့သို့ ရောက်လာပြီး အကဲခတ်လိုက်ကြသည်။ အပြုံးမျက်နှာလူက အဘိုးအိုကို ဦးညွှတ်နှုတ်ဆက်လိုက်၏။ “တာအိုနောင်တော် တုံးယန်၊ တျန်းတုရဲ့ တတိယအင်အားအကြီးဆုံ စစ်သည်တော်… ခင်ဗျား အကြာကြီး ပျောက်နေခဲ့တာ… ဒီမှာ ချုပ်ထားရမယ် မထင်ခဲ့ဘူး…. တာအိုနောင်တော်၊ ဒီနေ့ဟာ ခင်ဗျား လွတ်မြောက်မယ့်နေ့ပဲ… ခေါင်းဆောင်ရဲ့ ရောဂါပျောက်ကင်းမယ့် နေ့လည်း ဖြစ်တယ်… ဝမ်းမြောက်စရာပါပဲ”

အဘိုးအိုတုံးယန်က သူ့ကို လှမ်းကြည့်ပြီး မှင်သေသေ ပြောသည်။ “တာအိုမိတ်ဆွေ ရှီကျင်းပါလား… မျက်နှာကို ဒီလောက် ရုပ်ဆိုးအောင် လုပ်ထားတာ ဘယ်သူများ ပါလိမ့် ငါတွေးနေတာ… ငါက ဒီမှာ အေးဆေးပဲကွ … ငါ့ကို မဟာဥသျှောင်က ချုပ်ထားတာ မဟုတ်ဘူး… ငါ ကိုယ်တိုင် ဒီကို လာခဲ့တာ… ခေါင်းဆောင်က ရောဂါရနေတာ မဟုတ်ဘူး ဒဏ်ရာပဲ ရထားတာ”

အပြုံးမျက်နှာလူက ပြော၏။ “တာအိုနောင်တော် တုံးယန်၊ ဒဏ်ရာပဲဖြစ်ဖြစ် ရောဂါပဲဖြစ်ဖြစ် ကုသဖို့တော့ လိုတယ်… ခေါင်းဆောင်ရဲ့ ရုပ်ခန္ဓာ ဘယ်မှာလဲ.. မြန်မြန် ခေါ်လာခဲ့ပါ”

အဘိုးအိုတုံးယန်က မျက်ခုံးပင့်လိုက်ပြီး ကျန်ရှိသော ကောင်းကင်ဖွင့်လှစ်သူများ၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ သူက ဆေးတံက ခေါက်ကာ ထရပ်လိုက်ရင်း ခပ်ဟဟ ရယ်လိုက်သည်။ “ခေါင်းဆောင် သေပြီးကတည်းက မင်းတို့က ပိုပိုပြီး သုံးစားမရလာတာပဲ… လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်တဲ့ ကောင်တွေ ဖြစ်ကုန်ကြပါလား … ကြောက်စရာ ကောင်းလိုက်တာ… မင်းတို့ ပြန်ကြတော့… ခေါင်းဆောင်က မင်းတို့ကို မလိုဘူး”

အပြုံးမျက်နှာလူက သက်ပြင်းချလိုက်သည်။ “တာအိုမိတ်ဆွေတုံးယန်လည်း ရောဂါြဖစ်နေပြီပဲ … ကုသမှု လိုတယ်”

ကောင်းကင်ဖွင့်လှစ်သူများကလည်း သဘောတူကြသည်။ “တာအိုမိတ်ဆွေ တုံးယန် ရောဂါြဖစ်နေပြီ … မြန်မြန် လှဲလိုက်ပါ၊ ကျုပ်တို့ ခင်ဗျားကို ကုသပေးမယ်”

အဘိုးအို တုံးယန်သည် အမျက်ဒေါသ ထွက်လာပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်းတို့ ငါ့စကား နားမထောင်တော့ဘူးလား”

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် သူ၏ တာအိုအော်သံကို မကြားသည့်အလား ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။

အဘိုးအိုတုံးယန် ထိတ်လန့်သွား၏။ သူ၏ တာအိုအော်သံကား အော်ခံရသူ၏ စိတ်အစဉ်ကို သက်ရောက်နိုင်သည်။ မီလော့နန်းတော်၏ ခန်းမသခင်များ၊ သခင်လေးများပင်လျှင် သူ၏ တာအိုအော်သံကို ရင်ဆိုင်ရသောအခါ ပြန်ဖြေရန် လိုအပ်ပြီး တာအိုနှလုံးသား၏ နက်ရှိုင်းသော နေရာထဲတွင် ဝှက်ထားသော အရာများကို နိုးထလာစေနိုင်သည်။

ကောင်းကင်ဖွင့်လှစ်သူများ၏ အတိတ်မှတ်ဉာဏ်များ နိုးထလာသင့်သော်လည်း ဤကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် သူ၏ တာအိုအော်သံကြောင့် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ပေ။

“မင်းတို့တတွေ ကောင်းကင်တွေ ဖွင့်၊ စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ရင်း မိစ္ဆာလုံးလုံး ဖြစ်သွားခဲ့ကြပြီပဲ”

အဘိုးအိုတုံးယန်မှာ သက်ပြင်းချလိုက်ပြီး ကြေကွဲနေသော လေသံဖြင့် ပြောသည်။ “သခင်လေးခုနစ်၊ ကျုပ် လုပ်နိုင်တာ မရှိတော့ဘူး.. ခင်ဗျားကိုပဲ ပုံအပ်လိုက်တော့မယ်”

သူ၏ စကားသံဆုံးသည်နှင့် ချင်မူက အဘွားအိုအနောက်ရှိ အိမ်ထဲမှ ထွက်လာပြီး ပခုံးပေါ်တွင် တာအိုအသုဘခေါင်းတလားကို ထမ်းထား၏။

ဒုန်း

သူက ခေါင်းတလားကို ချလိုက်ကာ မှင်သေသေ ပြောသည်။ “ဒီ ခေါင်းတလားထဲမှာ မင်းတို့ ရှာနေတဲ့ ဝေဒနာသည် ရှိတယ်”

All Chapters