← Chapters

တျန်းတုအရှင်သခင်

Vol. 139 Ch. 1791

တျန်းတုအရှင်သခင်

Vol. 139 Ch. 1791

‘ဘယ်လိုလူတွေ အဆုံးသတ်မြို့ပျက်ကနေ ဖြတ်လာနိုင်တာလဲ’

ချင်မူ ထိုသို့ တွေးလိုက်နေမှာပင် ရုတ်တရက် ကောင်းကင်သည် ဧရာမ အလုံးကြီး ကျဆင်းလာသကဲ့သို့ ဖောင်းကြွလာ၏။ထိုအလုံးကြီးသည် ဖောင်းလာလိုက်၊ ကျုံ့သွားလိုက် ဖြစ်နေ၏။ ကျုံ့သွားချိန်တွင် မထူးခြားသော်လည်း ဖောင်းလာချိန်တွင်‌တော့ ဘိုးဘေးနန်းတော်ရှိ အမြင့်ဆုံး တောင်တန်းများကိုပင် ထိပေတော့မည်။

ခိုင်ဧကရာဇ် ချင်ယဲ့၊ ထိုက်ရှီနှင့် အခြားသူများလည်း ဤမြင်ကွင်းကို သတိပြုမိသွားကြပြီး မော့ကြည့်လိုက်ကြသည်။ ကောင်းကင်မှ ဧရာမအလုံးကြီး ဖောင်းလာချိန်တွင် ၎င်းအထဲ၌ စကြဝဠာကောင်းကင်တစ်ခု ကိန်းအောင်းနေသယောင်ပင် ထင်ရလေသည်။

ထိုအလုံးကြီး ကျုံ့သွားသောအခါ ဧရာမ တွင်းနက်ကြီးက ကြယ်တာရာများကို ဝါးမျိုလိုက်သယောင် ထင်ရသည်။

ချင်မူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ “ဒါ အဆုံးသတ်မြို့ပျက်ထဲမှာ တစ်ယောက်ယောက် တိုက်ခိုက်နေတဲ့ အဓိပ္ပါယ်ပဲ… ကောင်းကင်နတ်သိုင်းရဲ့ စွမ်းအားက သိပ်ပြင်းထန်တယ်… ငါ ထားခဲ့တဲ့ ချိပ်တံဆိပ်က အဆုံးသတ်မြို့ပျက်စွမ်းအားနဲ့ ချိတ်ဆက်ထားတာ… ဒီစွမ်းအားက ငါ့ရဲ့ ချိပ်တံဆိပ်ကို ဖောက်ထွက်နိုင်တယ်…. သခင်လေးတစ်ယောက်ယောက်က အဆုံးသတ်မြို့ပျက်ကနေ ခိုးဝင်ဖို့ ကြိုးစားနေတာလား..”

ကောင်းကင်တွင် အလုံးကြီးသည် အဆက်မပြတ် ဖောင်းလိုက် ကျုံ့လိုက် ဖြစ်နေသည်။ အဆုံးသတ်မြို့ပျက်မှ ဖြာထွက်လာသော လှိုင်းများတွင် အဆုံးသတ်မြို့ပျက်၏ မဟာတာအို ကောင်းကင်နတ်သိုင်းများ ပါဝင်သော်လည်း အဆုံးသတ်မြို့ပျက်၏ ကောင်းကင်နတ်သိုင်းချည်း မဟုတ်ချေ။ ချင်မူ မမြင်ဖူးသည့် အခြား မဟာတာအို ကောင်းကင်နတ်သိုင်းများလည်း ပါဝင်နေသည်။

“ဒီလို ကောင်းကင်နတ်သိုင်းလှိုင်းဂယက်တွေက…”

ချင်မူ မျက်နှာပျက်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ချေပြီ။

ကောင်းကင်ဖွင့်လှစ်သူများ

ကောင်းကင်ဖွင့်လှစ်သူများ၏ ကောင်းကင်နတ်သိုင်းများကို မြင်တွေ့ဖူးသည်။ ထူးဆန်းနက်နဲကာ ခုခံရခက်သော သိုင်းကွက်မျးဖြစ်သည်။ အဆုံးသတ်မြို့ပျက်မှ ထွက်ပေါ်လာသော ကောင်းကင်နတ်သိုင်းများကား ဖရိုဖရဲမြစ်ပေါ်တွင် သူ့ကို တားဆီးခဲ့သော ကောင်းကင်ဖွင့်လှစ်သူတချို့၏ ကောင်းကင်နတ်သိုင်းများနှင့် အတော်လေး ဆင်‌တူနေသည်။

သို့သော် အဆုံးသတ်မြို့ပျက်မှ ဖြာထွက်လာသော ကောင်းကင်နတ်သိုင်းများသည် ထိုကောင်းကင်ဖွင့်လှစ်သူများ၏ ကောင်းကင်နတ်သိုင်းတို့ထက် ပိုမိုအင်အားကြီးမားကာ ဆန်းပြားသည်။

‘ကောင်းကင်ဖွင့်လှစ်သူက သုံးဆယ့်ခြောက်ဦးပဲ ရှိတာ… ကောင်းကင်နတ်အရှင်လင်လည်း သူတို့ထဲ ပါနေတာလား’

ချင်မူ ထိုသို့ တွေးမိချိန်၌ ချက်ချင်း ခေါင်းခါလိုက်မိသည်။ အကယ်၍ ကောင်းကင်နတ်အရှင်လင် သူတို့ထဲတွင် ပါဝင်ပါက သူမ၏ စွမ်းဆောင်ရည်များအရ ကောင်းကင်ဖွင့်လှစ်သူအပေါင်း၏ ခေါင်းဆောင် သေချာပေါက် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းကင်ဖွင့်လှစ်သူများက ချင်မူ၏ သမီး ချင်လင်ယွင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားသည့် ဖြစ်ရပ်မျိုး ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။

‘ကောင်းကင်နတ်အရှင်လင် သူတို့ထဲမှာ မပါဘူးဆိုရင် ဒီကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးယောက်တည်းနဲ့ ဒီလောက် အံ့မခန်းစွမ်းအား ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး…. ဒါဆို…”

ချင်မူ အဓိကအချက်ကို တွေးမိလိုက်သည်။ ယခင်က တျန်းတုအရှင်သခင်သည် တျန်းတုမှ တာအိုသိုင်းပညာရှင်တို့အား စုဝေးစေပြီး ပလ္လင်တစ်ခု တည်ဆောက်ကာ တာအိုသိုင်းပညာရှင်အားလုံး၏ စွမ်းအားကို ပေါင်းစည်းခဲ့သည်။ ထို့နောက်မှသာ ၇ စင်းမြောက် စကြဝဠာကို ဖွင့်လှစ်နိုင်ခဲ့လေသည်။

ယခုတွင် တျန်းတုအရှင်သခင် သေဆုံးသွားပြီဖြစ်၏။

ထို့ကြောင့် ကောင်းကင်ဖွင့်လှစ်ပွဲအခမ်းအနား ဝင်္ကပါမျိုး ထပ်မံထုတ်ဖော်လျှင် တျန်းတုအရှင်သခင်၏ ဦးဆောင်မှု မရှိတော့သောကြောင့် လက်ကျန်ကောင်းကင်ဖွင့်လှစ်သူများသည် စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ သို့သော် ဤကောင်းကင်ဖွင့်လှစ်သူများသာ ကောင်းကင်ဖွင့်လှစ်ပွဲ အခမ်းအနားနှင့် ဆင်တူသော ၀င်္ကပါတစ်ခု ဖွဲ့စည်းပြီး စုပေါင်းတိုက်ခိုက်ပါက ... အင်အားသည် ကြောက်မက်ဖွယ်ကောင်းပေလိမ့််မည်။

ချင်မူ ငေါက်ခနဲ ထရပ်လိုက်ပြီး အဆုံးသတ်မြို့ပျက်ဆီသို့ အပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာကုသနေသော ထိုက်ယီလည်း ထရပ်ပြီး အဆုံးသတ်မြို့ပျက်ဆီသို့ ဦးတည်ထွက်သွားသည်။

ချင်မူ ရင်ထဲတွင် လှုပ်ခတ်နေသည်။ ထိုက်ယီသည်လည်း ကောင်းကင်ဖွင့်လှစ်သူများ၏ ကောင်းကင်နတ်သိုင်းတို့အား မှတ်မိသွားခြင်းဖြစ်ပေလိမ့်မည်။

လောကသစ်ပင်အောက်တွင် အနန္တအဘိုးအို၏ ဒဏ်ရာများလည်း တဖြည်းဖြည်း သက်သာလာနေချေပြီ။ ကောင်းကင်ဖွင့်လှစ်သူများ အဆုံးသတ်မြို့ပျက်ကို ဝင်ရောက်ခြင်းကြောင့် အဆန်းတကြယ်ဖြစ်ရပ်အား သူမသိဘဲ နေမည်မဟုတ်။

“တာအိုဖီဆန်သူ”

အနန္တအဘိုးအိုမှာ ဆုံးဖြတ်ချက်ခက်နေသော အမူအရာ ရှိသော်လည်း ရုတ်တရက် ပြတ်သားသွားသည်။ တာအိုဒဏ်ရာများအား ကုသရန် ဂရုမစိုက်တော့ဘဲ ချက်ချင်း ထရပ်၍ အဆုံးသတ်မြို့ပျက်ဆီသို့ ထွက်ခွာသွား၏။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် မီလော့နန်းတော်၏ ပဉ္စမမြောက်ခန်းမသခင် ဆင်းသက်လာခဲ့ပြီဖြစ်သည့်အပြင် တာအိုသိုင်းပညာရှင် လေးဦးလည်း ထပ်မံရောက်ရှိလာသည်။ ခန်းမသခင်ငါးဦးနှင့် တာအိုသိုင်းပညာရှင်တို့သည် တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ကောင်းကင်ကို မော့ကြည့်နေကြ၏။

“ဘယ်သူမှ အဆုံးသတ်မြို့ပျက်ကို မသွားရဘူး”

ခေါင်းဆောင်ဖြစ်သူ ယွန်လုံခန်းမသခင်က မျက်စိမျက်နှာ အပျက်ပျက်အယွင်းယွင်းဖြင့် အော်ဟစ်လိုက်သည်။ “သခင်လေးသုံးက အခြေအနေကို သိပြီးသား… ဒါက ကောင်းကင်ဖွင့်လှစ်သူတွေ အဆုံးသတ်မြို့ပျက်ထဲ အတင်းဝင်ရောက်ပြီး သခင်လေးနှစ်နဲ့ တိုက်ခိုက်နေတာ… သခင်လေးသုံးက နှစ်ဖက်စလုံး အလဲလဲအကွဲကွဲ ပျက်စီးသွားအောင် ပစ်ထားဖို့ အမိန့်ပေးထားတယ်…. သူတို့ သေလေလေ၊ သခင်လေးနှစ်ပါး ဆင်းသက်လာဖို့ အကျိုးရှိလေလေပဲ”

ကျန်ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များလည်း ကျောစိမ့်သွားကြပြီး အမိန့်ကို လိုက်နာကြ၏။

ယွန်လုံခန်းမသခင်သည် အဆုံးသတ်မြို့ပျက်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ “ကောင်းကင်ဖွင့်လှစ်သူတွေ ဒီတစ်ခါ အဆုံးသတ်မြို့ပျက်ကို ဖြတ်သန်းဖို့ ကြိုးစားပြီး သခင်လေးနှစ်နဲ့ တိုက်ခိုက်တာမှာ သေချာပေါက် ဆုံးရှုံးမှုတွေ ရှိလိမ့်မယ်…. ဒီ တာအိုဖီဆန်သူတွေဟာ သေသင့်တယ်… သခင်လေးနှစ်ကလည်း ဆိုးသွမ်းယုတ်မာတယ်…. တာအိုမိတ်ဆွေတွေကို သတ်ဖြတ်ပြီး ဆရာနဲ့ မီလော့နန်းတော်ကို သစ္စာဖောက်ခဲ့တယ်…. သူတို့ နှစ်ဖက်စလုံး သေကြေပျက်စီးသွားရင် အကောင်းဆုံးပဲ…”

ဘေးမှ ပါ့ကျင့်ခန်းသခင်ကလည်း ဝင်ပြော၏။ “ကောင်းကင်ဖွင့်လှစ်သူတွေ အဆုံးသတ်မြို့ပျက်ကနေ ထွက်လာရင်တောင် သခင်လေးဖရိုဖရဲ ထောင်ချောက်ဆင်ထားတဲ့ ဘိုးဘေးနန်းတော်ထဲကို ကျလာကြမှာပဲ… ဒီ သားရဲလှောင်အိမ်ထဲ ရောက်ရင် သူတို့ သွားစရာလမ်း မရှိဘူး…. အချင်းချင်း သတ်ဖြတ်ကြဖို့ပဲ ရှိတယ်…. အဲ့ဒီအခါ သခင်လေးလင်းရှောင်နဲ့ သခင်လေးကျစ်ရှောင်တို့ အဆင်ပြေပြေ ဆင်းသက်လာနိုင်ပြီ”

ကျောက်စိမ်းမြို့တော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များသည် ကျားနှစ်ကောင်တိုက်ပွဲအား တောင်ပေါ်မှ ထိုင်၍ကြည့်နေကြပြီး ဝင်မပါကြပေ။

ဤအချိန်တွင် ချင်မူ၊ ထိုက်ယီနှင့် အနန္တအဘိုးအိုတို့ကား အဆုံးသတ်မြို့ပျက်အသူရာချောက်နက်ဆီသို့ ပြေးသွားနေကြဆဲဖြစ်သည်။

ကောင်းကင်တွင် ချင်မူ ခင်းကျင်းထားသည့် ချိပ်တံဆိပ်အလွှာများ စတင်ပျက်စီးလာချေပြီ။ ကောင်းကင်ဖွင့်လှစ်သူများနှင့် သခင်လေးနှစ်တို့ တိုက်ပွဲမှ ကောင်းကင်နတ်သိုင်းလှိုင်းများသည် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်မှ ဖြာထွက်လာခဲ့သော်လည်း ချိပ်တံဆိပ်များကို ဖောက်ထွက်ရုံသာ ဖြစ်ခဲ့၏။ ချိပ်တံဆိပ်များ မပျက်စီးခဲ့ပေ။ ယခုမူ ချိပ်တံဆိပ်များ ပျက်စီးသွားသဖြင့် အဆုံးသတ်မြို့ပျက်အသူရာချောက်နက် ပေါ်လာခဲ့သည်။

သို့သ်ော အလုံးစုံ မပျက်စီးသေးသောကြောင့် ဘိုးဘေးနန်းတော်ကောင်းကင်၏ အချို့နေရာများတွင် အမှောင်ဖုံးနေပြီး အချို့နေရာများတွင်မူ အပြာရောင် သမ်းနေဆဲပင်။ အမှောင်ထုသည် ဟိုတစ်စက် ဒီတစ်စက်ဖြင့် စတင်ကျယ်ပြန့်လာနေ၏။

သူတို့သုံးဦး အဆုံးသတ်မြို့ပျက်ထဲသို့ ဝင်ကြတော့မည့်အချိန် ရုတ်တရက် ကမ္ဘာမြေကြီး တုန်ဟည်းသွားရသည်အထိ ကျယ်လောင်သည့် အသံကျယ်ကြီးအား ကြားလိုက်ရသည်။ ချင်မူ ခင်းကျင်းထားသည့် ကျန်ချိပ်တံဆိပ်များလည်း ကွဲကြေကုန်သည်။ ကောင်းကင်တွင် ထူးဆန်းသော အပြုံးနှင့်် မျက်နှာတစ်ခု ပေါ်လာပြီး အဆုံးသတ်မြို့ပျက်အသူရာချောက်နက်ကို ဖုံးကာလိုက်သည်။

အပြုံးမျက်နှာပိုင်ရှင်၏ ခန္ဓာကိုယ်သည် ဧရာမကြီးမားပြီး အဆုံးသတ်မြို့ပျက်တွင် ပိတ်မိနေသယောင်ပင်။ တစ်စုံတစ်ယောက်က သူ့ခြေကျင်းဝတ်ကို ဆွဲထားသကဲ့သို့ အားကုန်ရုန်းကန်နေ၏။

ထိုသို့ အကြိမ်ကြိမ် ဖြစ်ပျက်ပြီးနောက် အဆိုပါမျက်နှာကြီးက ကောင်းကင်ထက်ရှိ အဆုံးသတ်မြို့ပျက်မှ ကျဆင်းလာသည်။

ထိုက်ယီမှာ မျက်နှာပျက်သွားပြီး ချင်မူ့ကို မှာသည်။ “တာအိုမိတ်ဆွေ၊ မင်း ပြန်တော့”

ချင်မူ အံ့အားသင့်သွားကာ အဘယ်ကြောင့် ထိုသို့ပြောသည်မှန်း နားမလည်ခဲ့ပေ။

ထိုက်ယီ၏ အရှိန်အဝါသည် ပိုပို၍အားကောင်းလာ၏။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် စိုက်ဝင်နေသော တာအိုအစီအရင်သံချောင်းနှစ်ဆယ်ကလည်း လှည့်ပတ်ကာ ထွက်ကျလာသည်။

“ထိုက်ယီ၊ ခင်ဗျားက ဒဏ်ရာရထားတုန်းပဲ… သံချောင်းတွေ ထုတ်လိုက်ရင် ခင်ဗျားရဲ့ တာအိုဒဏ်ရာတွေကို ဖိနှိပ်ထားနိုင်မှာ မဟုတ်တော့ဘူး”

ချင်မူ သူ့ကို အလျင်အမြန် တားဆီးသော်လည်း ဤအချိန်တိုအတွင်း ထိုက်ယီမှာ သူ၏ ကိုယ်ပေါ်ရှိ တာအိုအစီအရင်သံချောင်းအားလုံးကို အတင်းအဓမ္မ နှင်ထုတ်လိုက်ချေပြီ။

ထိုက်ယီ၏ အရှိန်အဝါက တဟုန်ထိုး မြင့်တက်သွားပြီး ခြေတစ်လှမ်းဖြင့် ချင်မူ့ကို ကျော်တက်သွားသည်။ သူက ကျဆင်းလာသည့် အပြုံးမျက်နှာလူဆီသို့ ဦးတည်သွားသည်။

တစ်ချိန်တည်းတွင် အနန္တအဘိုးအိုကလည် အပြုံးမျက်နှာလူနှင့် ထိုက်ယီဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။

အပြုံးမျက်နှာလူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် လိမ်ကောက်သွားပြီးနောက် ဝုန်းခနဲ ပေါက်ကွဲ၍ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့သည် လေထဲတွင် ရပ်နေကြပြီး ထိုက်ယီ ရောက်လာမည်ကို ငြိမ်သက်စွာ စောင့်နေကြ၏။ အားလုံး၏ မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။

အပြုံးမျက်နှာလူသည်လည်း ထိုသူများထဲတွင် ပါဝင်၏။ သူက ရှေ့ဆုံးတွင် ရပ်နေပြီး မျက်နှာပေါ်ရှိ အပြုံးကမူ အနည်းငယ်မှ ပြောင်းလဲခြင်း မရှိပေ။

သူတို့၏ ခန္ဓာကိုယ်များတွင် တာအိုဒဏ်ရာအသီးသီး ရှိနေကြသည်။ သခင်လေးနှစ်နှင့် တိုက်ပွဲတွင် သူတို့လည်း အလွယ်တကူ အနိုင်မရခဲ့ချေ။ သွေးထွက်သံယို တိုက်ပွဲများစွာ ဖြတ်သန်းပြီးနောက် အဆုံးသတ်မြို့ပျက်မှ ခိုးဝင်လာနိုင်ခဲ့ကြောင်း ထင်ရှားပေသည်။

အနန္တအဘိုးအိုက ပထမဆုံး ရောက်သွားကာ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးအား တစ်ပြိုင်တည်း သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။ သူသည် ကောင်းကင်ဖွင့်လှစ်သူများ၏ အန္တရာယ်ကို အခြားသူများထက် ကောင်းကောင်း သိ၏။

အနန္တအဘိုးအိုသည် ဤလောက၏ သက်ရှိသတ္တဝါများအတွက် စိုးရိမ်ပူပန်နေသောကြောင့် မဟုတ်ပေ။ ဤကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးက ရိုးရာတာအိုကျင့်စဥ်လမ်းစဥ်ကို လုံးဝ စွန့်လွှတ်၍ ဖီဆန်ထားသောကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်။ တာအိုသစ်ပင်ကို ကျင့်ကြံခြင်း မရှိသောကြောင့် သူတို့ဆီမှ မည်သည့်အကျိုးအမြတ်မျှ မရခဲ့ပေ။

ယခုတွင် ထိုကောင်းကင်ဖွင့်လှစ်သူများ ဒဏ်ရာရထားလေရာ ဤအခြေအနေကို အခွင့်ကောင်းယူ၍ သုတ်သင်ရှင်းလင်းပစ်ပြီး နောက်ဆက်တွဲ ပြဿနာများကို ဖယ်ရှားပစ်ချင်၏။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကလည်း ကောင်းကင်ဖွင့်လှစ်ပွဲအခမ်းအနားဝင်္ကပါကို အသုံးပြုကာ အနန္တအဘိုးအို၏ တိုက်ခိုက်မှုကို ရင်ဆိုင်သည်။ နှစ်ဖက်လုံး၏ ကောင်းကင်နတ်သိုင်းများ အပြည့်အဝ မပေါက်ကွဲမီ ထိုက်ယီသည် အနန္တအဘိုးအို၏ အနောက်တွင် ဖျတ်ခနဲ ပေါ်လာ၏။ သူ၏ လက်ထဲတွင် နတ်ပုဆိန်တစ်လက် ဖွဲ့တည်လာသည်။

အနန္တအဘိုးအိုမှာ အလွန်တရာ ထိတ်ပျာသွားပြီး အရှေ့နှင့် အနောက်မှ တိုက်ခိုက်မှုများကို ကြားညပ်ခံလိုက်ရသည်။

ဝုန်း

အနန္တအဘိုးအို၏ သွေးများ အရပ်လေးမျက်နှာသို့ လွင့်စင်ပန်းထွက်သွားသည်။ သူက သွေးများစီးကျလျက် ထွက်ပြေးတော့သည်။ ကောင်းကင်တွင် ပြတ်တောက်နေသော လောကသစ်ပင်အမြစ်များ၊ အကိုင်းအခက်များ ကျန်ခဲ့၏။

ရုတ်တရက် သုံးဖက်လုံး၏ ကောင်းကင်နတ်သိုင်းစွမ်းအားများ ပေါက်ကွဲသွားသည့်အချိန် .... ချင်မူက သုံးဖက်လုံး၏ ကောင်းကင်နတ်သိုင်းများထဲသို့ လျှပ်တပြက် ဖြတ်ဝင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ အလယ်ဗဟိုတွင် ရပ်လိုက်သည်။

“ထွက်လာစမ်း”

ချင်မူ ခြေကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်ရာ ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်တစ်ခု သူ၏ ခြေထောက်အောက်၌ ဖွဲ့တည်လာသည်။ လှပတင့်တယ်နေသည့် ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်နှင့် ထပ်တူကျသွားချေပြီ။

ချင်မူက မှော်စွမ်းအင်ကို လှည့်ပတ်လိုက်ရာ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် သူတို့ဆီမှ မှော်စွမ်းအင်များ စိမ့််ထွက်ကုန်ပြီး ချင်မူ့ဆီသို့ ဝင်ရောက်ပေါင်းစည်းသွားကြောင်း ခံစားလိုက်ရ၏။ သူတို့မှာ အံ့သြသွားကြပြီး ယဇ်ပလ္လင်၏ အလယ်ဗဟိုရှိ ချင်မူအား ကြည့်လိုက်မိကြသည်။

ချင်မူကား သူတို့၏ ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်ကို နားလည်သိမြင်ခဲ့ပြီးနောက် တူညီသော ၀င်္ကပါအား ဖော်ဆောင်ခဲ့သည်။ ထို့နောက် သူတို့ ဖွဲ့တည်ထားသော ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်နှင့် ပေါင်းစည်းသွားစေခဲ့သည်။ သူက ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် နေရာယူလိုက်သည်။ မှော်စွမ်းအင်ကို စုစည်းလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် နစ်ဝင်သွား၏။ သူ၏ စွမ်းအား ကြီးမားလာစေရန် ကောင်းကင်ဖွင့်လှစ်သူတို့၏ မှော်စွမ်းအင်တို့အား စုပ်ယူလိုက်ပုံရသည်။

ချင်မူ့လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။

တာအိုအဆင့် ၃၄ ဘုံမြောက် တျန်းတု - လောကဖန်ဆင်းဓား

ဤဓားချက်၏ စွမ်းအားသည် မကြုံစဖူးအဆင့်ထိ မြင့်တက်လာပြီး ယခင်ကထက် အဆရာပေါင်းများစွာ ပို၍ ပြင်းထန်လာခဲ့ချေပြီ။

သူ၏ ဓားသည် စွမ်းအားစုစည်းနေဆဲ ဖြစ်၍ ရုပ်လုံးအပြည့်အဝ မပေါ်သေးချေ။ သို့တိုင်အောင် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကို ဖိနှိပ်ထားနိုင်သည်။ ချင်မူ၏ အကြည့်ကမူ ပုဆိန်ကို ကိုင်လျက် လျှောက်လာသော ထိုက်ယီအား မမှိတ်မသုန် စိုက်ကြည့််နေသည်။

ချင်မူ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကို ချုပ်ထားခြင်းမှာ ထိုက်ယီကို ခုခံရန်အတွက် ဖြစ်သည်။

“တာအိုနောင်တော်”

ချင်မူ၏ အသံသည် တိုးညှင်းနေပြီး ခြိမ်းခြောက်သံ စွက်နေသည်။ “မလာနဲ့တော့…. ရပ်လိုက်”

ထိုက်ယီ၏ အကြည့်က ထူးဆန်းသွားသည်။ သူ့ဆီမှ မေးခွန်းထုတ်သံ ထွက်လာ၏။ “တာအိုမိတ်ဆွေ၊ မင်း ဘာပြောချင်တာလဲ”

ချင်မူ နှာတစ်ချက် မှုတ်လိုက်သည်။ သူ၏ ဓားစွမ်းအားသည် အချိန်မရွေး ပေါက်ကွဲ၍ လောကကို ပြောင်းလဲပစ်နိုင်သော တိုက်ကွက် ဖြစ်လာနိုင်သည်။ သို့သော် သူ့အရှေ့တွင် ရပ်နေသူသည် သူ အလေးစားဆုံး ပုဂ္ဂိုလ်နေသည့်အတွက် ဤတိုက်ကွက်ကို သူ ထုတ်မသုံးရက်ခဲ့ပေ။

“သခင်လေးခုနစ်က တစ်လောကလုံးမှာ ရင်ဆိုင်ရ အခက်ဆုံး ပုဂ္ဂိုလ်ပဲ”

ရုတ်တရက် အပြုံးမျက်နှာလူက ယဇ်ပလ္လင်ဗဟိုတွင် ရပ်နေသော ချင်မူ့ကို ပြုံးပြလိုက်၏။ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် မြင်ရသူတိုင်းကို ကြက်သီးထသွားစေသည်။ “မင်းရဲ့ ပါရမီကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ လင် ချီးကျူးခဲ့တာ အံ့သြစရာ မရှိပါဘူး”

ချင်မူ့နှလုံးသား တုန်ရီသွားသည်။ ကောင်းကင်ဖွင့်လှစ်ခြင်း ယဇ်ပလ္လင်နှစ်ခုကား မတူညီတော့ကြောင်း ချက်ချင်း ခံစားမိလိုက်သည်။

ချင်မူသည် တျန်းတုအရှင်သခင် ကောင်းကင်ဖွင့်လှစ်၍ လောကဖန်ဆင်းခဲ့သည့် မြင်ကွင်းကို ကြည့်နိုင်ခဲ့ရာမှ ဤမဟာကောင်းကင်နတ်သိုင်းကို နားလည်ခဲ့ခြင်း ဖြစ်၏။ သူ၏နားလည်မှုသည် ကိုယ်တိုင်ပါဝင်ခဲ့သော ကောင်းကင်ဖွင့်လှစ်သူများလောက် အသေးစိတ် မကျသည်မှာ မထူးဆန်းပေ။

အပြုံးမျက်နှာလူက သူ၏ ကောင်းကင်နတ်သိုင်းမှ ပထမဆုံး လွတ်မြောက်ခဲ့ပြီးနောက် ဒုတိယမြောက် ကောင်းကင်ဖွင့်လှစ်သူ၊ တတိယမြောက် ကောင်းကင်ဖွင့်လှစ်သူတို့လည်း အသီးသီး လွတ်မြောက်ကုန်ကြသည်။

ချင်မူ၏ နဖူးတွင် ချွေးစေးများ စီးကျလာသည်။ လောကဖန်ဆင်းဓားအား အလျင်အမြန် အသက်သွင်းရန် ပြင်လိုက်သော်လည်း ထိုက်ယီက ခြေတစ်လှမ်း လှမ်း၍ နောက်တစ်ခဏတွင် ယဇ်ပလ္လင်ပေါ်သို့ ရောက်လာသည်။ သူ၏ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်က ချင်မူ့ကို ဝင်တိုက်လိုက်ရာ ချင်မူမှာ နောက်သို့ လွင့်ထွက်သွားသည်။

ထိုက်ယီက နတ်ပုဆိန်ကို လွှဲရမ်းကာ ခုတ်ချလိုက်သည်။ ချင်မူမှာ ဓားဆွဲထုတ်ကာ ကာကွယ်လိုက်ရသဖြင့် တွန်းအားကြောင့် အရှိန်ဖြင့် လွင့်ထွက်သွား၏။ သို့သော် ထိုက်ယီ၏ တိုက်ကွက်တွင် စွမ်းအားများစွာ မပါ၀င်ပေ။ သူ့ကို လွှတ်ပေးလိုသည့် သဘောသာ ဖြစ်နေသည်။

ချင်မူ ရပ်နိုင်သွားသည့်အခါ ထိုက်ယီသည် ကောင်းကင်ဖွင့်လှစ်သူများ၏ ဗဟိုတွင် ရပ်နေချေပြီ။ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးစလုံးက ခါးကိုင်းညွှတ်ပြီး တစ်သံတည်း ဟစ်ကြွေးလိုက်ကြသည်။ “တျန်းတုအရှင်သခင် ပြန်လည်ရောက်ရှိလာတဲ့အတွက် ကျွန်တော်မျိုးတို့ ကြိုဆိုပါတယ်”

All Chapters