← Chapters

သမဂ္ဂကမ္ဘာ

Vol. 13 Ch. 172

သမဂ္ဂကမ္ဘာ

Vol. 13 Ch. 172

အခန်း(၁၇၂)  :  သမဂ္ဂကမ္ဘာ

ဝမ်ဝေ့ စိတ်ထဲ ပေါ်လာသည့် ပထမဆုံးအတွေးမှာ သူ့စိတ်အခြေအနေကို လွှမ်းမိုးဖို့ တစ်ယောက်ယောက်က နည်းလမ်းတစ်မျိုးမျိုး အသုံးပြုနေသည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း သူက ထိုအတွေးကို မြန်မြန် ဖယ်ရှားလိုက်သည်။

ယခင် သူက ဘယ်သူကိုမှ မနှောင့်ယှက်ခဲ့ဖူးပေ။ သူ့အဆင့်အတန်းဖြင့် သူ လုပ်စရာပင် မလိုလိုက်ပေ။

မည်သို့ပင်ဆိုစေကာမူ သူက ကမ္ဘာမှ အားအကောင်းဆုံးလူတချို့ ဝန်းရံထားသည့် ဂိုဏ်းအတွင်း၌သာ အချိန်အများစု ကုန်ဆုံးခဲ့လေသည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို ရင်ဆိုင်လိုလျှင် သူ့အမေ၊ အဖေ၊ အဘိုးနှင့် တခြားအကြီးအကဲများက အရင်ဆုံး သတိထားမိကြလိမ့်မည်။

ဒီကမ္ဘာထဲ သူ့တာအိုကာကွယ်သူ ယန်းချန် ရှိနေလေရာ ထိုအခြေအနေက မဖြစ်နိုင်ပေ။

ဝမ်ဝေ့ တွေးမိသည့် ဒုတိယဖြစ်နိုင်ခြေက ကောင်းကင်တာအို ဝင်ပါမှု ဖြစ်၏။ သို့သော်လည်း သူက ထိုဖြစ်နိုင်ခြေကို ငြင်းလိုက်သည်။

သူ စိတ်နတ်ဆိုး ပထမဆုံးအကြိမ်ရရှိစဉ်က ကောင်းကင်တာအိုကို ရန်မပြုရသေးပေ။ ထို့အပြင် သူက နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ကောင်းကင်တာအိုနှင့် သူက ကျေသွားလေပြီ။

ဝမ်ဝေ့က သူ့သာလွန်တာအိုအုတ်မြစ်ကြောင့် ဖြစ်မှန်း သိသည်။ သူ သဘာဝလွန်နယ်ပယ်အဆင့်ကို တက်လှမ်းသွားသည့်အခါ ကောင်းကင်စမ်းသပ်ချက်က ဟာသ မဟုတ်လောက်ပေ။

ကောင်းကင်တာအိုက သူ့အား ဒီကမ္ဘာငယ်လေးအထိ ဝင်ရောက်မနှောင့်ယှက်နိုင်ကြောင်း ထည့်မပြောထားပေ။ ထို့ကြောင့် သံသယထဲမှ ပယ်ထုတ်ထားနိုင်သည်။

ထို့ကြောင့် နောက်ဆုံးဖြစ်နိုင်ခြေက သူ့ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်နေရမည်ဟုသာ စဉ်းစားမိတော့သည်။ သူ သံသရာစက်ဝန်းကို ဖြတ်ကျော်စဉ်က တစ်ခုခုဖြစ်သွားခဲ့ပုံပေါ်သည်။ ထို့အပြင် ဖြစ်စဉ်အတွင်း သူ့ဝိညာဉ်စွမ်းအား အမြောက်အများလည်း ပျောက်ဆုံးသွားခဲ့လေသည်။

ကံဆိုးစွာဖြင့် သူ့မှတ်ဉာဏ်များက အပြီးတိုင် ရှင်းထုတ်ခံရသောကြောင့် သူ့အနေနှင့် အင်အားပိစိလေးဖြင့် ဘာမှတတ်နိုင်သည့်အရာ မရှိပေ။

ဝမ်ဝေ့က ထိုအရာကို စဉ်းစားလိုက်ပြီးနောက် သူသည် မဟာအကြံအစည်များထဲ မည်မျှသေးနုပ်နေကြောင်း သဘောပေါက်လာရသည်။ ထို့ကြောင့် ကျီစုန့်နှင့် တိုက်ပွဲအပြီးတွင် မောက်မာမှုအနည်းငယ်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

ဝမ်ဝေ့က သူ့ဟန်ပန်ကို ထိန်းလိုက်ပြီးနောက် တောင်ပိုင်းနယ်မြေကို ဆက်လက်နှိမ်နင်းလိုက်သည်။ ဤတစ်ကြိမ် သူက စစ်ပွဲကို မြန်မြန်အဆုံးသတ်လိုသောကြောင့် ပိုမိုရက်စက်လာသည်။

………….

ထိုစဉ် အသင်္ချေအင်ပါယာကမ္ဘာ၊ အလယ်ပိုင်း ချီလင်ကုန်းမြေ၊ မွေးမြူရေးတောင်ကြား၌ …

လျူမိန်ရှု၏ လက်က ပြန်ပေါက်လာပြီ ဖြစ်၏။ သို့သော်လည်း သေချာလေ့လာကြည့်လျှင် သူမလက်မောင်းတစ်ဖက်က အရောင်မတူညီသည်ကို အလွယ်တကူ တွေ့မြင်နိုင်လေသည်။

အကြောင်းမှာ သူမက ပြန်ပေါက်လာသည့် လက်ကို တခြားလက်တစ်ဖက်လောက် ပြန်အားကောင်းအောင် လေ့ကျင့်ပေးဖို့ အချိန်လိုနေသေး၍ ဖြစ်သည်။

လျူမိန်ရှုက ကျင့်ကြံနေရင်း ရုတ်ချည်း မျက်လုံးပွင့်လာသည်။ သူမ အမူအရာက ပျက်ယွင်းနေလေ၏။ အကြောင်းအရင်းမှာ သူမ တိုက်ပွဲတိုင်းပြည်ကမ္ဘာထဲ ချန်ထားခဲ့သည့် သားရဲများ တဖြည်းဖြည်း သေဆုံးနေကြောင်း ခံစားလိုက်ရ၍ ဖြစ်သည်။

ထို့ကြောင့် သူမက အံ့ကြိတ်ကာ အော်လိုက်သည် “ဝမ်ဝေ့ …”

ဝမ်ဝေ့အပေါ် အမုန်းတရားက ပို၍ တိုးပွားလာသည်။ သို့သော်လည်း သူမက ကိုယ့်ဘာသာ ထိန်းလိုက်ပြီး စတင်စဉ်းစားလိုက်သည်။

သူမက တောင်ပိုင်းနယ်မြေမှ ထိုနတ်ဆိုးသားရဲများအတွက် အစီအစဉ်များ ချမှတ်ထားခဲ့သည်။ သူမ ထိုနေရာတွင် ချန်ထားခဲ့သည့် အကြောင်းအရင်းမှာ သူမ၏ အကြံအစည်ကြောင့် မွေးမြူရေးတောင်ကြားမှ လူတချို့၏အာရုံကို မဆွဲဆောင်မိစေရန် ဖြစ်၏။

သူမက ဝမ်ဝေ့သည် ထိုနတ်ဆိုးသားရဲများကို လျစ်လျူရှုထားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုအခါမှ သူမအစီအစဉ်ကို တိတ်တဆိတ် လုပ်မည် ဖြစ်၏။ သို့သော် သူမက ဝမ်ဝေ့၏ သတိကြီးမှုနှင့် ရက်စက်မှုတို့ကို လျော့တွက်မိခဲ့ဟန်ပေါ်သည်။

မိနစ်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးနောက် သူမက ကိုယ့်ဘာသာ တီးတိုးပြောလိုက်သည် “အဲလိုဆိုမှတော့ အစီအစဉ်ကို လုပ်ပြီး စမ်းသပ်ရေးကို မြောက်ပိုင်း လိပ်ကုန်းမြေဘက် ရွေ့လိုက်မယ်။ အဲဒီမှာ အသုံးပြုစရာ နတ်ဆိုးသားရဲတွေ အများကြီးရှိနေသေးသားပဲ။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ် တော်ဝင်မိသားစုရဲ့ အာရုံကို မဆွဲဆောင်မိစေဖို့ ဂရုစိုက်ရမယ်။ မဟုတ်ရင် ကိစ္စတွေက ငါ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားလိမ့်မယ် ”

ထိုအရာကို တွေးလိုက်ပြီးနောက် သူမက အမှတ်အသားပြားတစ်ခု ထုတ်ကာ သစ္စာရှိ အစေခံအား သူမဆီ လာတွေ့ဖို့ လှမ်းခေါ်လိုက်သည်။ သူတို့လုပ်ဖို့ လိုအပ်သည့်ကိစ္စများက အလျို့ဝှက်ဆုံး လုပ်ဆောင်ရပေမည်။

…………….

တိုက်ပွဲတိုင်းပြည်ကမ္ဘာ၌ ဝမ်ဝေ့က လအနည်းငယ်ဖြင့် တောင်ပိုင်းနယ်မြေမှ နတ်ဆိုးသားရဲအများစုကို ဖျက်ဆီးပစ်ခဲ့သည်။ အရာအားလုံး ပြီးဆုံးသွားပြီးနောက် ဖုန်းဟွမ်နှင့် ရင်ဆိုင်ရာ၌ အာရုံစိုက်ထားလိုက်သည်။ နှစ်ယောက် ပူးပေါင်းမှုအောက်တွင် တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်လိုက်ပြီး နှစ်နှစ်တာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်ကျော်ခဲ့လေသည်။

တစ်ရက်၌ ဖုန်းဟွမ်က မဟာရှားမြို့တော်ရှိ တာအိုကျောင်းဆောင်ထိပ်တွင် ရပ်နေလေသည်။

နှစ်နှစ်အတွင်း ဘုရားကျောင်းဆောင်များစွာကို ဆောက်လုပ်ခဲ့သောကြောင့် တစ်ကမ္ဘာလုံးအနှံ့ တာအိုဘာသာကို ဖြန့်ဝေပြီးသွားလေပြီ။ ထို့ကြောင့် ဖုန်းဟွမ်၏ တာဝန်က ပြီးဆုံးသွားပြီ ဖြစ်၏။ သူက လျို့ဝှက်နည်းလမ်းဖြင့် ချီကံကောင်းမှုကို စစ်ဆေးကြည့်ပြီးနောက် သက်တံနှစ်ရောင် ချီနဂါးက သူ့ခေါင်းအထက် ကူးခတ်နေသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူက အဆောင်စာရွက်ကို ခြေမွလိုက်ပြီးနောက် အာကာပြင် အက်ကြောင်းထဲ ဝါးမျိုခံလိုက်ရသည်။ သိပ်မကြာခင် ဖုန်းဟွမ်က သူ့တာအိုကာကွယ်သူ ဝူမင်ရှေ့ ပြန်ရောက်နေသည်ကို မြင်လိုက်ရသည်။

ဖုန်းဟွမ်က သူ့ထံ ဦးညွှတ်ကာ “ကျွန်တော် တောင်းပန်ပါတယ် ”

“ဘာတွေတောင်းပန်နေတာလဲ။ မင်း အကောင်းဆုံး လုပ်ခဲ့ပါတယ်။ မင်းရလဒ်က အကောင်းဆုံးထဲမှာ ပါတယ်” ဝူမင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ကျွန်တော် သိပါတယ်။ ကျွန်တော်က ယုံကြည်မှုစွမ်းအား ပျောက်ကွယ်သွားတာနဲ့ ပတ်သက်ပြီး တောင်းပန်တာပါ ”

“ မင်း ဂိုဏ်းပြစ်ဒဏ်အကြောင်း စိတ်ပူစရာ မလိုဘူး။ မင်းက မစုပ်ယူခဲ့ဘူးဆိုတာ သိပြီးပြီ။ ပြီးတော့ တစ်ကမ္ဘာလုံးကို စစ်ဆေးကြည့်ပြီးပေမဲ့ ဘယ်နေရာမှာ‌ ပျောက်သွားမှန်း မသိရဘူး … အဲဒါကြောင့် အဲဒါက ပထမဆုံးပေါ်ထွက်လာတာဆိုတော့ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက စမ်းသပ်ကြည့်ဖို့ စုပ်ယူလိုက်တာ ဖြစ်နိုင်တယ်”

ဖုန်းဟွမ်က ထိုအရာကို ကြားကာ စိတ်အေးသွားလေသည်။ သို့သော်လည်း သူက သူ့တာအိုကာကွယ်သူ ပြောသလောက် မရိုးရှင်းကြောင်း ခံစားမိနေသည်။ ယခင်နှစ်နှစ်အတွင်း မဟာရှားတစ်လျှောက် ဘုရားကျောင်းဆောင်များစွာ ဆောက်လုပ်ထားခဲ့သော်လည်း ယုံကြည်မှုစွမ်းအား ပျောက်ကွယ်သည့် အဖြစ်အပျက် မရှိတော့ပေ။

သူ့အနေနှင့် မသင်္ကာဖွယ်ရာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိနေသည်။ တစ်ယောက်ယောက်က ဝမ်ဝေ့၏ အကြည့်အောက် ယုံကြည်မှုစွမ်းအားကို စုပ်ယူဖို့ ကြောက်ရွံ့နေဟန်ပေါ်သည်။ သို့သော်လည်း ဖုန်းဟွမ်က ထိုအတွေးများကို ထုတ်ထားလိုက်သည်။ သူ ယခုဂရုစိုက်သည်ကား အိမ်ပြန်ဖို့သာ ဖြစ်၏။

ထိုစဉ် မဟာရှားအတွင်း ဝမ်ဝေ့က ဖုန်းဟွမ် ပျောက်ဆုံးသွားသည်ကို သတိထားမိသောကြောင့် သူ့အစီအစဉ်အကြောင်း စိတ်အေးသွားသည်။ သူက ထိုလူကို နည်းနည်းလေးမှ မယုံပေ။

ယခင်နှစ်နှစ်အတွင်း သူက ဖုန်းဟွမ်ကို လေ့လာဖို့အတွက် သူ့ပင်ကိုယ်စွမ်းရည်ကို အသုံးချစရာ အကြောင်းပြချက်အမျိုးမျိုး စဉ်းစားခဲ့ရသည်။ သို့သော်လည်း ဘာမှမတွေ့ခဲ့ပေ။ သူ့အတွက် ကံကောင်းသည်က သူ့ပင်ကိုယ်စက်ကွင်းမှ ပြစ်ချက်အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော်လည်း သူက ကြွက်သားများအတွက်သာ လုပ်ခဲ့သည်။ သူက ဖုန်းဟွမ်ကို ထိုမျှအထိ မယုံပေ။

ဝမ်ဝေ့က အမိန့်ပေးလိုက်ပြီးနောက် ကောင်းကင်ဆီ တဟုန်ထိုး ပျံသန်းသွားလိုက်သည်။ သူက ကမ္ဘာအစွန်းဆီ ရောက်လာသည့်အခါ အမှတ်အသားပြားဖြင့် သတင်းပို့လိုက်သည်။ သိပ်မကြာခင် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် ထွက်ပေါ်လာသည်။

“သခင်လေး ဘာလုပ်ပေးရမလဲ” ယန်းချန်က အပြုံးလေးဖြင့် မေးလာသည်။

“အကြီးအကဲချုပ် ကျွန်တော်ကို နေဆီ ပို့ပေးဖို့ လိုတယ်” သူက နေရာတစ်ခုဆီ လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

သူ အကူအညီလိုအပ်သည့် အကြောင်းအရင်းမှာ ဒီကမ္ဘာ၏ နေမင်းက စိတ်ဝိညာဉ်စွမ်းအား မရှိသည့် လေဟာနယ်အတွင်း တည်ရှိနေ၍ ဖြစ်သည်။ ထိုနေရာအထိ သူ့ဘာသာ ပျံသန်းမသွားနိုင်ပေ။

ယန်းချန်၏ အကြည့်များက တောက်ပလာကာ တစ်ခုခု တွေးမိဟန်ဖြင့် အပြုံးလေးဖြင့်သာ ပြန်ဖြေလိုက်သည်။

နေ၏ မျက်နှာပြင်တွင် ဝမ်ဝေ့က ထိုင်ချလိုက်ပြီး သူ့အရိုးများကို ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းဖြင့် စတင်သန့်စင်တော့သည်။ မီးဓာတ်က အရိုးများကို လေ့ကျင့်ရာ၌ လိုအပ်သည့် ဓာတ် ဖြစ်လေသည်။

ထို့အပြင် ဝမ်ဝေ့က အနာဂတ် သူ့စိတ်နှလုံးသားကို သန့်စင်ဖို့ သဘာဝဓာတ်ငါးမျိုး လိုအပ်သည့် အခြေအနေအတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။

ဤသို့ဖြင့် ဝမ်ဝေ့က နေထဲတွင် ၂ နှစ်တာ ကုန်ဆုံးခဲ့သည်။ ဖြစ်စဉ်အတွင်း သူက အပူချိန်သန်းချီ မြင့်မားသည့် နေမင်း၏ ဗဟိုချက်အထိ ရောက်သွားခဲ့သည်။ ထိုစဉ် ရိုးရိုးအပူချိန်က သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

သီးသန့်သဘာဝ မီးလျှံမီးတောက်များသာ သူ့ကို လောင်ကျွမ်းစေလိမ့်မည်။

ဖြစ်စဉ်တစ်လျှောက် သူက အရိုး ၂၀၆ ချောင်းလုံးအား ထပ်ကာ ထပ်ကာ အရည်ပျော်စေပြီး ပြန်လည်ပေါက်လာစေသည်။ အန္တရာယ်အများဆုံးအပိုင်းက သူ့ဦးခေါင်းခွံကို အရည်ပျော်စေသည့်အချိန်တွင် ဖြစ်၏။ အကြောင်းမှာ သူ့ဦးနှောက်ကို အနှစ်အဖြစ် ချက်လုနီးပါး ဖြစ်သွားသောကြောင့် ဖြစ်သည်။

သူ့အတွက် ကံကောင်းသည်က ကျမ်းထဲတွင် တူညီသော အတွေ့အကြုံများစွာကို မှတ်တမ်းတင်ထားလေသည်။

ဝမ်ဝေ့က မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် သူ့ခွန်အား ထပ်မံတိုးပွားလာသည်ကို ခံစားမိလိုက်သည်။ ထို့အပြင် သူသာ သူ့အရိုးထဲ ကောင်းကင်ငွေသတ္တုကို စုပ်ယူလိုက်သရွေ့  သူ့အရိုးလေ့ကျင့်မှုက ပြီးဆုံးသွားကာ အင်အား ထပ်မံတိုးလာလိမ့်မည်။

ဝမ်ဝေ့က အရိုးများကို စစ်ဆေးပြီးနောက် နှိုးထလာသည်။ သူက နှလုံးခုန်ချက်ကို ခံစားမိလိုက်၏။ နှလုံးခုန်နှုန်းက ယခင်ထက် အားကောင်းကာ တည်ငြိမ်နေသည်။ ပြန်ကုစားစွမ်းရည်ကို တိုးမြင့်လိုက်သောကြောင့် သွေးများက ခန္ဓာကိုယ်အနှံ့ အလျှင်အမြန် ဖြတ်စီးဆင်းနေလေသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့ကိုယ်သူ အနာဂတ်တွင် အကြိမ်ရေအများကြီးကယ်တင်နိုင်လိမ့်မည်မှန်း သိ၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက မဟာရှားတိုင်းပြည်ဆီ ပြန်ပို့ဆောင်ပေးသည့် အဆောင်စာရွက်ကို ခြေမွလိုက်သည်။ ထို့နောက် သူက အမတ်အားလုံးဆီ ညီလာခံ အတွက် အကြောင်းကြားလိုက်သည်။

သိပ်မကြာခင် သူ့အဖွဲ့ဝင်များအပါအဝင် အမတ်အားလုံးက ညီလာခံခန်းမထဲ ရောက်လာကြ၏။ သူ ပထမဆုံးပြောလိုက်သည့် အကြောင်းအရာမှာ “ ငါ့အစီအစဉ်အတွက် အားလုံး အဆင်သင့်ဖြစ်ပြီလား ”

All Chapters