← Chapters

အနောက်ပိုင်းကန္တာရ

Vol. 13 Ch. 173

အနောက်ပိုင်းကန္တာရ

Vol. 13 Ch. 173

အခန်း(၁၇၃) :  အနောက်ပိုင်းကန္တာရ

အမတ်များစွာက ဝမ်ဝေ့အား မနေနိုင်မထိုင်နိုင် ပျော်ရွင်စွာ ကြည့်လိုက်ကြသည်။ ယခင်နှစ်များက သူတို့ဘဝထဲ စိတ်ချမ်းသာဆုံးအချိန်များ ဖြစ်ခဲ့၏။

မဟာရှား၏ အဆင့်မြင့် အမတ်များက သူတို့တိုင်းပြည် ကမ္ဘာတစ်ဝှမ်း၌ မည်မျှအားကောင်းလာကာ စည်ပင်ကြွယ်ဝလာကြောင်း ဖြည်းဖြည်းချင်း ကြည့်နေခဲ့သည်။

လွန်ခဲ့သော လေးနှစ်ခန့်က ဝမ်ဝေ့၏ နတ်ဆိုးသားရဲများကို ရှင်းထုတ်ပေးမှုကြောင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးက လူသားများအတွက် ဖြစ်သွားလေပြီ။ ထို့ကြောင့် မြို့များစွာ တည်ဆောက်ပြီးနောက် တိုင်းပြည်မှ မက်လုံးများအောက်တွင် လူများစွာလည်း ပြောင်းရွေ့နေထိုင်နေကြပြီ ဖြစ်၏။

တကယ်တော့ လူများကို တောင်ပိုင်းနယ်မြေဆီ ရွေ့ခိုင်းဖို့အတွက် သိပ်မခက်လှပေ။ တောင်ပိုင်းနယ်မြေကား မြေဆီကောင်းသည့် မြေများအပြည့် ဖြစ်ကာ ဆေးပင်များစွာနှင့် သတ္တုများစွာလည်း ပေါများလှသည်။ လူအများစုက အရင်းအမြစ်အရ တောင်ပိုင်းသည် အလယ်ပိုင်းထက် ပိုကြွယ်ဝလာနိုင်ခြေရှိကြောင်း တွေးမိလေသည်။

မြောက်ပိုင်းနယ်မြေသည် လုံးဝ ပျက်စီးသွားသော်လည်း ကျတ်တီးနယ်မြေသဘာဝကြောင့် မည်သူကမှ ဂရုမစိုက်ကြပေ။ ယခု အရှင် ပြန်ရောက်လာပြီဖြစ်၍ အပြောင်းအလဲကြီး ပြောင်းလဲတော့မည့် နောက်ဆုံးနေရာမှာ အနောက်ပိုင်းနယ်မြေ ဖြစ်ပေသည်။

ထိုအမတ်များက ဝမ်ဝေ့ ပြန်ရောက်လာသည်ကို သတိပြုမိစဉ် ယန်းလီလင်းနှင့် လီကျွင်းတို့လို လူများက ဝမ်ဝေ့၏ အပြောင်းအလဲများကို သတိထားမိလိုက်ကြသည်။ သူတို့က သူ့အသက်ရှုနှုန်းကို သတိထားမိသည်။ သူတို့ အာရုံစိုက်ထားလျှင် သူ့နှလုံးခုန်သံကို ကြားနိုင်လေသည်။

သူတို့က ဝမ်ဝေ့သည် ယခင်ထက် ပိုအားကောင်းလာကြောင်း သတိပြုမိလိုက်၍ သက်ပြင်းချလိုက်ကြသည်။

ထိုလူများက သူ့အား လေ့လာနေစဉ် ဝမ်ဝေ့ကလည်း ပြန်လည် အကဲခတ်နေသည်။ သူ့အစစ်အမှန်အမြင်စွမ်းရည်ဖြင့် လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံး  သက်တံငါးရောင် ချီကံကေင်းမှုအထိ ရောက်ရှိထားကြောင်း သတိထားမိလိုက်သည်။

တကယ်တော့ စစ်သူကြီးငါးယောက်နှင့် သံမဏိလက်သီးဘုရင်တို့လို လူများပင် သူတို့ချီကံကောင်းမှု ခရမ်းရွှေ အစပိုင်းအဆင့်အထိ မြင့်တက်သွားကြသည်။

သူ့ကို အံ့အားအသင့်စေဆုံးလူမှာ သုံ့လီဖန်း ဖြစ်၏။ ယခင်လေးနှစ်အတွင်း သူမက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ကို သွေးကြော ၃၅၀ ဖြင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ထိပ်တန်း ခရမ်းရွှေရောင် ချီကံကောင်းမှုကို ပိုင်ဆိုင်ထားလေသည်။

ဝမ်ဝေ့က သူမ၏ ပါရမီနှင့် မဟာရှား ဧကရီဖြစ်သည့်အတွက် ကောင်းချီပေးခံရမှုကြောင့်  ကျင့်ကြံဆင့်ကို မအံ့ဩမိသော်လည်း ချီကံကောင်းမှုက သူ့ကို အံ့အားသင့်စေသည်။

ထိုအဆင့်ရောက်ရှိဖို့ သူမက တိုင်းပြည်အတွက် ကောင်းမှုများစွာ လုပ်ပေးခဲ့ရမည်။ သို့သော်လည်း သူက သူမ မျက်နှာအထက်မှ ဆက်တိုက်မျက်မှောင်ကြုတ်မှုကြောင့် နားမလည်နိုင် ဖြစ်နေမိသည်။

ထို့နောက် ဝမ်ဝေ့က ၉၉.၉၉ ရာခိုင်နှုန်း ခရမ်းရောင် ပြောင်းလာပြီဖြစ်သည့် သူ့ချီကံကောင်းမှုနဂါးကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ ယခင်နှစ်အတွင်း ဘယ်လိုလုပ်လုပ် အဆင့်တိုးတက်မလာပေ။ သို့သော်လည်း ဝမ်ဝေ့က သူ့တွင် အစီအစဉ်ရှိထားပြီဖြစ်၍ ဘာမှမစိုးရိမ်ပေ။ ထို့ကြောင့် သူက မေးခွန်းထုတ်မေးလိုက်ခြင်း ဖြစ်၏။

အမတ်များစွာက ဖြေကြားဖို့ စိတ်လှုပ်ရှားလွန်းနေသည်ကို ခံစားမိသည့် ဝမ်ကျူက ရှေ့ထွက်လာကာ ဖြေလိုက်သည် “ အရှင်ရဲ့ ညွှန်ကြားမှုနဲ့ အစီအရင်တွေအကုန် ခင်းကျင်းထားပြီးပါပြီ ”

ဝမ်ဝေ့က ခေါင်းညိတ်ကာ သူ့အစေခံခေါင်းဆောင် မဟုတ်သေးဘူး … သူ့အရိပ်ကို စစ်ဆေးကြည့်လိုက်သည်။

သူက ဝမ်ကျူသည်လည်း တိုင်းပြည်၏ ချီကံကောင်းမှုမှ အကျိုးမြတ်များစွာ ရကြောင်း မြင်လိုက်ရသည်။ သူ့အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်က ယခင်ထက် ပိုတည်ငြိမ်လာပြီး သူမ ကျင့်ကြံသည့် နည်းစနစ်များအား နားလည်မှုမြင့်မားလာသည်။

သူက သူမ၏ ကျင့်ကြံနှုန်းသည် အိမ်ပြန်ရောက်ပြီးသည်နှင့် သိသိသာသာ တိုးမြင့်လာလိမ့်မည်ဟု မှန်းဆမိလိုက်သည်။

ဝမ်ကျူဆီမှ အချက်အလက်များ နားထောင်ပြီးနောက် ဝမ်ဝေ့က သူ မရှိစဉ်အတွင်း တိုင်းပြည်၏ အခြေအနေကို စစ်ဆေးလိုက်သည်။ အရာအားလုံး ပုံမှန်ဖြစ်နေကြောင်း စစ်ဆေးပြီးနောက် အနောက်ပိုင်းနယ်မြေဆီ တန်းသွားလိုက်သည်။

ထိုနေရာကို ရောက်သည်နှင့် ဝမ်ဝေ့က လေထဲတွင် ရပ်ကာ လက်ကို ဝေ့လိုက်သည်။ သူက အံ့ဖွယ်သွေးကြော ၇၂၀ ဖြင့် အနောက်ပိုင်းနယ်မြေရှိ စိတ်ဝိညာဉ်စွမ်းအား အကုန်လုံးကို ထိန်းချုပ်လိုက်သည့်အခါ ပတ်ဝန်းကျင်အပြည့် လေထုထဲ သင်္ကေတမြောက်များစွာ ပေါ်ထွက်လာသည်။

ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ထိုအစီအရင်များက အနောက်ပိုင်းနယ်မြေ၏ ကန္တာရ သို့မဟုတ် မြေကြီးအောက်ရှိ မြှပ်နှံ့ထားသည့် အားပြင်းပြင်း စွမ်းအားတို့ကို စတင်စုပ်ယူနေသည်။

အကယ်၍ အနီးကပ်ကြည့်ပါက ထိုအစီအရင်များသည် နတ်ဆိုးသားရဲများစွာ၏ သွေး၊ ဝိညာဉ်နှင့် ကျင့်ကြံရေးစွမ်းအားတို့ကို စုပ်ယူထားသည်ကို သိနိုင်ပေသည်။ မြေအောက်တွင် သန်းချီကာ မြှပ်နှံထားလေ၏။

အစီအရင်က ထိုစွမ်းအားအကုန်စုပ်ယူပြီးသည်နှင့် မှော်ဆန်သည့်အရာ ဖြစ်ပျက်လာသည်။ အနောက်ပိုင်းနယ်မြေတွင် နှစ်သန်းချီကာ တည်ရှိနေခဲ့သော ကန္တာရကြီးက ရုတ်ချည်းဆိုသလို သာမန်မြေအဖြစ် ပြောင်းလဲလာသည်။

တောင်များနှင့် မြစ်ချောင်းများလည်း နေရာအသီးသီး၌ စတင်ပေါ်ထွက်လာပြီး စိုက်ပျိုးမြေများလည်း သူတို့ဘာသာ စတင်ကြီးထွားဖြစ်တည်လာသည်။ ထို့နောက် ကန္တာရ၏ အပူချိန်လည်း စတင်လျော့ကျသွားကာ တခြားနယ်မြေများကဲ့သို့ သာမန်အပူအချိန်လိုမျိုး ဖြစ်သွားသည်။

ထို့နောက် အလွန်ရှားပါးလှသည့် ဖြစ်စဉ် ဖြစ်သည့် နေရာအနှံ့ မိုးရွာသွန်းလာသည်။ ရလဒ်အနေနှင့ သစ်ပင်များစွာလည်း ရုတ်ချည်း ကြီးထွားလာကြပြီး တောအုပ်များ ဖြစ်လာသည်။

နောက်ဆုံးအပြောင်းအလဲက မိုးမြေဆီမှ ဝိညာဉ်စွမ်းအားများ များပြားလာခြင်း ဖြစ်၏။ တကယ်တော့ ထိုအပြောင်းအလဲကြီး၏ အကြောင်းအရင်းမှာ ဝိညာဉ်စွမ်းအား ပြန်လည်ရှင်သန်လာသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝမ်ဝေ့ လုပ်ပေးလိုက်သည်က ယခင်နှစ်ပိုင်းအတွင်း သတ်ဖြတ်ထားသည့် နတ်ဆိုးသားရဲများ၏ အသက်ဓာတ်ကို အသုံးပြုကာ အနောက်ပိုင်းနယ်မြေအောက်ရှိ ဝိညာဉ်သွေးကြောများကို အခြေခံ ဖန်တီးကာ ပြုပြင်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုသို့လုပ်ပေးခြင်းဖြင့် ဝမ်ဝေ့က အနောက်ပိုင်းနယ်မြေ၏ ကျတ်တီးနယ်မြေကို ပြန်လည်ရှင်သန်လာစေနိုင်လိုက်သည်။ သူက တိမျိုးနွယ် မဟာဧကရာဇ်ဆီမှ ထိုအကြံကို တွေးမိလိုက်ခြင်း ဖြစ်၏။

တစ်ချိန်က အနောက်ပိုင်းကျားဖြူ ကုန်းမြေသည် ဝိညာဉ်သွေးကြောများ လုံးဝ ပျက်စီးသွားပြီး ကပ်ဘေးကြီး ခံစားခဲ့ရသည်။ ရလဒ်အနေနှင့် အနောက်ပိုင်းကုန်းမြေတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအားများက မြောက်ပိုင်းကုန်းမြေထက်ပင် နည်းပါးလာခဲ့သည်။

ထို့ကြောင့် အနောက်ပိုင်းကုန်းမြေ၏ မိစ္ဆာကျင့်ကြံသူများက မြောက်ပိုင်းကုန်းမြေကို သိမ်းပိုက်ရန် နတ်ဆိုးမျိုးနွယ်နှင့် စစ်ပွဲဖြစ်ဖို့ ပြင်ဆင်ကြတော့သည်။

သို့သော်လည်း ထိုအရာများ အခြေအနေမဆိုးခင် တိမျိုးနွယ်တွင် မဟာဧကရာဇ် တစ်ယောက် မွေးဖွားလာခဲ့သည်။ သူ့အံ့ဩလောက်ဖွယ် စွမ်းရည်ကို အသုံးချကာ တစ်ယောက်တည်းဖြင့် မိုးမြေကြားက ဝိညာဉ်စွမ်းအားများ ပြန်ကောင်းလာသည့်အထိ ဝိညာဉ်သွေးကြောများကို ပြင်ဆင်ခဲ့သည်။ နောက်ပိုင်း ထိုအရာက တောင်ပိုင်းမီးငှက်ကုန်းမြေကို ကျော်လွန်ကာ အရှေ့ပိုင်း နဂါးပြာကုန်းမြေလောက်နီးပါးအဆင့်အထိ ရောက်သွားခဲ့သည်။

ဝမ်ဝေ့က မဟာဧကရာဇ်၏ စွမ်းအား မရှိသလို ဝိညာဉ်သွေးကြောများကို အလွယ်တကူ ပြုပြင်ပေးနိုင်ဖို့ ဖုန်းရွှေပညာရပ်ကိုလည်း နက်နက်နဲနဲ နားမလည်ချေ။

ထို့ကြောင့် သူက နတ်ဆိုးသားရဲများ၏ အသက်ဓာတ်၊ ဝိညာဉ်နှင့် သွေးကို စွမ်းအားအရင်းအမြစ်အဖြစ် အသုံးချကာ ဝိညာဉ်သွေးကြောများ တည်ရှိရာနေရာ၌ အားကောင်းသည့် စိတ်ဝိညာဉ်စုစည်းရေး အစီအရင် ခင်းကျင်းပေးလိုက်ခြင်း ဖြစ်၏။

တည်ရှိပြီးသား ဝိညာဉ်သွေးကြောများအတွက်မူ စိတ်ဝိညာဉ်စုစည်းရေး အစီအရင်က သူတို့နှင့် ပေါင်းစပ်သွားကာ ဝိညာဉ်စွမ်းအားများ ထုတ်ဖော်နိုင်ဖို့ ကူညီပေးလေသည်။ ထိုအကြောင်းကြောင့် မဟာရှားတိုင်းပြည်က အရင်းအမြစ်များစွာ သုံးစွဲခဲ့ရပြီး အစီအရင်များအတွက် နှစ်နှစ်ကျော်တာ ပြင်ဆင်ခဲ့ရသည်။

ဝမ်ဝေ့က ဘာလို့ ဒီလောက်အထိ လုပ်ပေးနေရတာလဲ …

အကြောင်းအရင်းက တိမျိုးနွယ်၏ မဟာဧကရာဇ် လုပ်ဆောင်ခဲ့သည့် အကြောင်းအရင်းတူပေသည်။

ကုသိုလ်အတွက် ဖြစ်၏။

ကုသိုလ်ဆိုသည်က ဆန်းကြယ်ကာ အရာရာစွမ်းသောအရာ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က သူ့ချီကံကောင်းမှု ပြဿနာကို ဖြေရှင်းပေးနိုင်မည့် ပြီးပြည့်စုံသောအရာမှန်း သိခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်းနယ်မြေ အပြောင်းအလဲများအပြီးတွင် လူများစွက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာကြသည်။ ထို့နောက် လူအများအပြားက ဒူးထောက်ကာ မျက်ရည်စက်လက်ဖြင့် သံပြိုင်ပြောလိုက်ကြသည်။

“အရှင် ဘုန်းကြီးပြီး သက်တော်ရှည်ပါစေ ”

တကယ်တော့ အနောက်ပိုင်းနယ်မြေ လူများ၏ ဘဝက မဟာရှား၏ တိုင်းသူပြည်သား ဖြစ်သွားကတည်းက များစွာ ပြောင်းလဲတိုးတက်လာခဲ့သည်။ သူတို့က အစားအစာ၊‌ ရေနှင့် နေစရာအတွက် ပူစရာ မလိုတော့ပေ။ ကန္တာရ၏ အပူချိန်မြင့်မားမှုကလည်း မဟာရှား၏ ပြုပြင်မွမ်းမံရေးခန်းမ ထုတ်လုပ်ပေးထားသည့် ပစ္စည်းများကြောင့် ပြဿနာ မဟုတ်တော့ပေ။

သို့သော်လည်း တခြားနယ်မြေများနှင့် ယှဉ်လိုက်လျှင် အနောက်ပိုင်းလူများက အနည်းငယ် နိမ့်ကျနေသေးသည်။ သူတို့က ကျယ်ပြောလွန်းသည့် ကန္တာရထဲတွင် နေရသောကြောင့် လမ်းများ တည်ဆောက်ဖို့ သို့မဟုတ် တွားသွားနဂါးယာဉ်များ တည်ဆောက်ဖို့ ခက်ခဲလှသည်။

သူတို့က လေထဲမှ သွားနိုင်သည့် ပျံဝဲဇာမဏီယာဉ် ရှိနေသောကြောင့် အရာအားလုံး အဆင်ပြေသည်ဟုသာ သူတို့ကိုယ်သူတို့ လက်ခံအောင် စိတ်နှလုံးသွင်းထားခဲ့ကြသည်။ သို့သော်လည်း သူတို့နယ်မြေက နောက်ကျကျန်ခဲ့ကြောင်း အမြဲ ခံစားမိနေဆဲ ဖြစ်၏။

သို့သော် ယခုတွင် ကိစ္စများက ကွဲပြားသွားလေပြီ။ နောက်ဆုံးတွင် သူတို့က အလယ်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများကဲ့သို့ ခေတ်မီလာနိုင်မည့် အခွင့်အရေး ရလာပြီ ဖြစ်၏။

ဝမ်ဝေ့အတွက်မူ အစီအရင်များ ထိန်းချုပ်ပြီးစီးသည့်နောက်တွင် စိတ်ဆန္ဒတစ်ခု ရုတ်ချည်း ပုံပေါ်လာသည်။ ထို့နောက် ရွှေရောင်တိမ်တိုက်များက သူ့အား လွှမ်းခြုံသွားလေသည်။ ထိုဆန္ဒက သူ့ဆီ ကိစ္စကောင်းများ ဆောင်ကျဉ်းလာသည်ကို ခံစားမိနေ၏။

ဝမ်ဝေ့က ဤကမ္ဘာ၏ ကောင်းကင်တာအိုသည် သူ့ကောင်းမှုကြောင့် အလွန်ပျော်ရွင်နေသည်ကို သိလိုက်သည်။ ကောင်းကင်မှ ရွှေရောင်အလင်းများ သူ့လက်ထဲ ကျဆင်းလာသည်။

ထို့ကြောင့် ဝမ်ဝေ့က ထိုရွှေရောင်အလင်းများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ထိုကုသိုလ်ပမာဏက ယခင် လျူမိန်ရှု လက်ခံရရှိသည့် ပမာထက် အဆများစွာ ပိုများလေသည်။

ဆိုလိုသည်မှာ သူက ထိုအရာကို ချီကံကောင်းမှု ပြောင်းလဲဖို့ အသုံးပြုလိုက်လျှင်ပင် တွက်ထားသည်ထက် ပိုနေဦးမည် ဖြစ်၏။

All Chapters