← Chapters

သက်တံရောင် ချီကံကောင်းမှု

Vol. 13 Ch. 174

သက်တံရောင် ချီကံကောင်းမှု

Vol. 13 Ch. 174

အခန်း(၁၇၄)  :  သက်တံရောင် ချီကံကောင်းမှု

ရွှေရောင်ကုသိုလ်ကို လက်ခံရရှိပြီးနောက် ဝမ်ဝေ့က သူ့ချီကံကောင်းမှုကို ပြောင်းလဲဖို့ တိုက်ရိုက်မစုပ်ယူလိုက်ပေ။ သို့သော် ထို့အစား သူ့နားလည်နိုင်စွမ်း တိုးမြင့်လာအောင် အသုံးပြုလိုက်သည်။

ကုသိုလ်တချို့ စုပ်ယူလိုက်ပြီးနောက် ဝမ်ဝေ့က သူ့စိတ်သည် အဆရာချီ မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်လာကြောင်း တွေ့လိုက်ရ၏။ သူ့ယခင်နားလည်နိုင်စွမ်းအပြင် ဝမ်ဝေ့က သူ့စိတ် အလုပ်လုပ်နှုန်းက ကွန်တမ်ကွန်ပျူတာထက်ပင် မြန်ဆန်ကြောင်း ခံစားမိနေသည်။

သူ ယခင်နားမလည်ခဲ့သည့်အရာများစွာက ချက်ချင်း ရှင်းလင်းလာသည်။ သို့သော်လည်း သူက စိတ်ကို ချီကံကောင်းမှု နားလည်ရေးပေါ် အာရုံစိုက်ထားလိုက်သည်။

“ဒီလိုကိုး ” ဝမ်ဝေ့က စက္ကန့်ပိုင်းလောက် ကြာမြင့်ပြီးနောက် ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် သူ့ကူးပြောင်းမှုက အချိန်အကြာကြီးကြာနေပြီး အဘယ်ကြောင့် မပြီးဆုံးကြောင်း နားလည်သဘောပေါက်သွားလေသည်။

ဝမ်ဝေ့က လူတစ်ယောက်၏ ချီကံကောင်းမှုကို တိုင်းပြည်၏ ကံကောင်းမှုဖြင့် ရောနေခြင်း ဖြစ်၏။ တကယ်တော့ ထိုအရာများက မတူညီသော ချီကံကောင်းမှုများ ဖြစ်၏။

လူသားချီကံကောင်းမှု သို့မဟုတ် မွေးရာပါ ချီကံကောင်းမှုကား လူသားတိုင်း မွေးဖွားလာသည့်အခါတွင် တစ်ခါတည်း ပါလာသည့်အရာဖြစ်ပြီး ပါရမီ၊  ဘဝခရီးလမ်းတစ်လျှောက် ကြုံတွေ့ရမည့် အခွင့်အရေးအမျိုးမျိုး၊ အန္တရာယ်ကြားမှ လွတ်မြောက်နိုင်မည့် အခွင့်အလမ်းအမျိုးမျိုး စသည်ကို ကံကောင်းမှုတစ်ခုတည်းပေါ် မူတည်၍ ဆုံးဖြတ်နိုင်သည်။

ဤကံကောင်းမှုက ပြောင်းလဲခဲပြီး ခရမ်းရွှေရောင်အထိသာ ရောက်နိုင်သည်။

ထိုအရာကို သဘောပေါက်ပြီးနောက် ဝမ်ဝေ့က စိတ်ဝိညာဉ်ခရီးလမ်းသည် လူတစ်ယောက်၏ မွေးရာပါ ကံကောင်းမှုကို ပြောင်းလဲနိုင်ခွင့် ပေးထားသောကြောင့် မည်မျှအဖိုးတန်မှန်း ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။

ဒုတိယ ကံကောင်းမှုအမျိုးအစားက ကောင်းကင်ကံကောင်းမှုဟု ခေါ်ဆိုပြီး ကောင်းကင်ဘုံမှ ကိုယ်တိုင်ချီးမြောက်ထားခြင်း ဖြစ်၏။ ထိုလူများ၏ ချီကံကောင်းမှုအရောင်သည် ကောင်းကင်ကိုယ်တိုင် ချီးမြောက်ထားသောကြောင့် ဘာရောင်ဖြစ်ဖြစ် ကိစ္စမရှိပေ။ ကောင်းကင်ကံကောင်းမှု အမြင့်ဆုံးအဆင့်မှာ ကံကြမ္မာသားတော် ဖြစ်၏။

တတိယ ကံကောင်းမှုအမျိုးအစားကို မြေကမ္ဘာ ကံကောင်းမှုဟု ခေါ်ဆိုပြီး တိုင်းပြည်တစ်ပြည်၏ ချီကံကောင်းမှုလည်း ပါဝင်သည်။ ထိုကံကောင်းမှုကို ကံကြမ္မာ အပိုင်းအစအနည်းငယ် သို့မဟုတ် အသင်္ချေအရာများစွာ လူ၊ စိတ်ခံစားချက်၊ ကုန်းမြေ၊ ကံကြမ္မာ အစရှိသည်တို့မှ ကံကောင်းမှုကို စုစည်းထားပြီး ဖန်တီးထားခြင်း ဖြစ်၏။ ဤသို့ကံကောင်းမှုအမျိုးအစားက ယုံကြည်မှုစွမ်းအားနှင့် ဆင်တူပေသည်။ ကံကြမ္မာဝဋ်တစ်လျှောက် တင်းကျပ်ခံထားရသောကြောင့် အဆိပ်အတောက် မဖြစ်ပေ။

ဝမ်ဝေ့၏ အနက်ရောင် ချီကံကောင်းမှုအတွက်မူ မိုးမြေမှ ငြင်းပယ်ခံလိုက်ရသည့် ရလဒ် ဖြစ်၏။

ဒီလိုအရာမျိုးက ပြောသလောက်မဆိုးလှပေ။ အကြောင်းမှာ ကောင်းကင်တာအိုအတွက် ကံအပြောင်းအလဲအခွင့်အရေးများကို ငါးစာအဖြစ် သုံးဖို့ ခက်ခဲသွားသည့်အကြောင်း ဆိုလိုနေ၍ ဖြစ်၏။

ပို၍အရေးကြီးသည်က နှောင်ကြိုးကင်းမဲ့ကာ လွတ်လပ်ချင်သည့် ဝမ်ဝေ့အတွက် သူ့ကံကြမ္မာ သူ့ဘာသာ ထိန်းချုပ်နိုင်မည့် အခွင့်အရေး ရလာမည် ဖြစ်သည်။

သူ့အနက်ရောင်ချီကံကောင်းမှုကို ခရမ်းရောင်အဖြစ် ပြောင်းလဲလိုက်သည့် ဖြစ်စဉ်က သူ့အနေနှင့် ကံကောင်းမှုကို ထိန်းချုပ်ရာ၌ သူ့ကံကြမ္မာသူ ဖြည်းဖြည်းချင်း ဖမ်းဆုပ်မိနေသည့်အချက်ကြောင့် ပြောင်းလဲမှု ဖြစ်လာခြင်း ဖြစ်သည်။

ယခု နောက်ဆုံးတွင် သူက ချီကံကောင်းမှုအကြောင်း နားလည်သွားပြီဖြစ်သလို သူ့ပြောင်းလဲမှုလည်း ပြီးစီးသွားလေပြီ။

ဝမ်ဝေ့တွင် စွမ်းရည်အသစ်တစ်ခု ဖြစ်တည်လာခဲ့၏။

ထိုစွမ်းရည်ကို ကံကြမ္မာသားတော်ဟု ခေါ်ဆိုပြီး နာမည်အတိုင်း ဝမ်ဝေ့က သူ ရှိနေသည့် မည်သည့်ကမ္ဘာမှာမဆို အတင်းအကျပ် ကံကြမ္မာသားတော် ဖြစ်လာနိုင်လေသည်။ ထို့နောက် သူ့ကံကောင်းမှုက လုံအောင်းထျန်းလိုမျိုး ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည် ဖြစ်၏။

သူ့အတွက် အရာအားလုံးက ရရှိဖို့ လွယ်ကူလာလိမ့်မည်။ အကယ်၍ သူသာ ရှားပါး ဆေးပင် သို့မဟုတ် သတ္တုတစ်ခုခု လိုချင်လျှင် သူ့အလိုလိုသိစိတ်နောက် လိုက်သည်နှင့် ရှာတွေ့လိမ့်မည်။ သေမျိုးအန္တရာယ်ကြားမှ လွတ်မြောက်နိုင်ခြေလည်း သိသိသာသာ မြင့်တက်လာသည်။

ယေဘုယျအားဖြင့် ထိုစွမ်းရည်က ကောင်းကင်ဘုံ သွေဖယ်နေသော်လည်း ဝမ်ဝေ့က မပျော်ဘဲ အလွန်အကျွံ သုံးမည် မဟုတ်ပေ။

ချီကံကောင်းမှုကို နားလည်ထားသူအနေနှင့် ကောင်းကင် ကံကောင်းမှုသည် ဧရာမတွင်းကြီး ဖြစ်ကြောင်း သိထားသည်။ ကောင်းကင်တာအိုက လူတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ ကောင်းချီးပေးမည်လား။ မဟုတ်ပေ။

မိုးမြေက မျှခြေသဘောတရားကို ကိုင်ဆောင်ထားပြီး အကျိုးအကြောင်းနှင့် သက်ရောက်မှုကို အလေးထားသည်။ အကယ်၍ တစ်စုံတစ်ယောက်ထံ ထူးထူးခြားခြား ဖြစ်လာပါက အကြောင်းအရင်း ရှိလိမ့်မည်။

နမူနာအားဖြင့် ကံကြမ္မာသားတော် ဂုဏ်ပုဒ်သည် စွဲမက်စရာကောင်းသော်လည်း ဝမ်ဝေ့အနေနှင့် ကမ္ဘာတိုင်း၏ ကံကြမ္မာသားတော်တိုင်းသည် အကြောင်းအရင်းတချို့ကြောင့် ရွေးချယ်ခံရတာမျိုး သို့မဟုတ် မွေးဖွားလာတာမျိုး ဖြစ်၏။

ကမ္ဘာက ကပ်ဘေး ဖြစ်လာတော့မည်ကို ခံစားမိ၍ ထိုကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ကံကြမ္မာသားတော် ရွေးချယ်လိုက်ခြင်း ဖြစ်တတ်သည်။ ထို့ကြောင့် ကံကောင်းသူများက သွားလေရာ ကံကောင်းနေတတ်သော်လည်း စမ်းသပ်ချက်အမြောက်အများကို ဖြတ်ကျော်ရပြီး ခက်ခက်ခဲခဲ ဘဝရှိလေ့ရှိသည်။

နမူနာကောင်းက လုံအောင်းထျန်း ဖြစ်၏။ တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ ကောင်းကင်တာအိုက သူ့အား  ကံကြမ္မာသားတော်အဖြစ် ရွေးချယ်လိုက်ခြင်းမှာ စစ်ဆေးမှုလာရောက်ယှဉ်ပြိုင်သည့် လူများကို ဒီကမ္ဘာအား အုပ်စိုးမည့်အရေးမှ  တားဆီးဖို့အတွက် ဖြစ်ပေသည်။

ကောင်းကင်ရွေးချယ်ခံအများစုက ကမ္ဘာထံ အပြောင်းအလဲကောင်းများ ယူဆောင်ပေးလာခဲ့သော်လည်း သူတို့က အပြင်လူ နယ်ခြားဖြစ်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် ကမ္ဘာက လုံအောင်းထျန်းကို မြင့်တက်စေပြီး ကမ္ဘာကို အုပ်စိုးမည့်လူ ဖြစ်လာစေဖို့ ခွင့်ပြုခဲ့သည်။  ဖြစ်စဉ်အတွင်း လုံအောင်းထျန်းကို ကောင်းကင်ရွေးချယ်ခံတချို့ဖြင့် ပူးပေါင်းကာ သူတို့ကမ္ဘာမှ အဆင့်မြင့် အရင်းအမြစ်များကို သုံးစွဲစေနိုင်ဖို့ ဖြစ်သည်။

သူ ချီကံကောင်းမှုကို လေ့လာရာမှ သင်ယူထားသည့် အချက်အလက်များအရ ဒီကမ္ဘာ၏ ယခင်ကံကြမ္မာသားတော် ဘဝအကြောင်း ကြည့်ရှုပြီးနောက် ဝမ်ဝေ့က လုံအောင်းထျန်းသည် လျို့ဝှက်နယ်မြေ ပေါက်ကွဲမှုအပြီးတွင် ဖန်းလီကျွမ်းဆီ ရောက်ရှိသွားသည့် အကြောင်းအရင်းကို မှန်းဆမိလိုက်သည်။

ကောင်းကင်တာအိုက လုံအောင်းထျန်းကို ဖန်းလီကျွမ်းအား ဆွဲဆောင်စေပြီး သူမ၏ ထောက်ပံ့ပေးမှုဖြင့် ကမ္ဘာကို အုပ်စိုးလာနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးလိုခြင်း ဖြစ်ပေသည်။ ထိုအခါ ဒီကမ္ဘာငယ်မှ အလယ်အလတ်ကမ္ဘာအဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်းပင် ရှာတွေ့သွားလောက်သည်။

ကံဆိုးသည်က ကောင်းကင်တာအိုသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများကို လျော့တွက်ခဲ့သည်။ ပို၍ အရေးကြီးသည်က ဖန်းလီကျွမ်း၏ ရက်စက်မှုကို လျော့တွက်မိခဲ့သည်။ သူမ၏ မောက်မာမှုအရ ဒီလိုအရာမျိုး လုပ်လိမ့်မည် မဟုတ်ပေ။

သို့သော် မဟာဧကရာဇ် ဖြစ်လာဖို့ စိတ်အားထက်သန်နေသည့် လူတစ်ယောက်အနေနှင့် ဖန်းလီကျွမ်းက လိုအပ်လာသည့်အခါ မာနခဝါချထားနိုင်မည်လား။ လူတစ်ယောက်က မည်မျှမောက်မာစေကာမူ အဆုံးမဲ့အင်အားအောက်တွင် မည်သူကများ တောင့်ခံနိုင်မည်နည်း။

လုံအောင်းထျန်း၏ သေခြင်းတရားကို မြင်တွေ့ပြီးနောက် ဝမ်ဝေ့က ထိုအံ့ဖွယ်မျိုးနွယ် အဖွဲ့ဝင်အပေါ် အနည်းငယ် လေးစားမိလာသည်။ သူမမျိုးနွယ်မှ တခြားလူများနှင့် မတူဘဲ သူမက ဘယ်အချိန် မောက်မာရမည်လဲ၊ ဘယ်အချိန် လက်လျော့ရမည်လဲ ကောင်းကောင်း သိထားသည်။

ဝမ်ဝေ့က လုံအောင်းထျန်း လက်ထဲတွင် ရှိသည့် အဆောင်ကို ပိုစိတ်ဝင်စားမိသည်။ အကယ်၍ သူသာ မှန်မှန်ကန်ကန် မှန်းဆမိလျှင် ထိုအဆောင်က အလွန်အဖိုးတန်လိမ့်မည်။ ယခု ထိုအရာက ဖန်းလီကျွမ်းလက်ထဲ ရောက်ရှိသွားပြီဖြစ်၍ အနာဂတ်တွင် သူမ၏ ခြိမ်းခြောက်နှုန်းက တိုးမြင့်လာသည်။

ထိုအရာများကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့က စိတ်ထဲ အာရုံစိုက်လိုက်ပြီးနောက် လျို့ဝှက်နည်းလမ်းဖြင့် မြေကမ္ဘာကံကောင်းမှုအား မွေးရာပါ ကံကောင်းမှုအဖြစ် ပြောင်းလဲလိုက်သည်။

သူ့ချီကံကောင်းမှုက ခရမ်းရောင်မှ ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ မိနစ်ပိုင်းကြာမြင့်ပြီးနောက် ဒုတိယအရောင် ပေါ်ထွက်လာပြီး တတိယအရောင်အထိ ဖြစ်လာသည်။

ဝမ်ဝေ့က ကံကောင်းမှုကို မိနစ်ပိုင်းမျှသာ စုပ်ယူပြီးနောက် ချီနဂါးကို စစ်ကြည့်လိုက်သည့်အခါ အရောင် ၇ ရောင် ရှိနေပြီး သက်တံခုနှစ်ရောင် ချီကံကောင်းမှုကို ရောက်ရှိသွားသောကြောင့် ပြုံးလိုက်မိသည်။

ဝမ်ဝေ့က အရောင် ၇ ရောင်အထိ ရောက်ရှိသွားခြင်းမှာ အနောက်ပိုင်းကန္တာရ ပြောင်းလဲမှုကြောင့် ဖြစ်မှန်း သိပေသည်။ မဟုတ်ပါက သူ့အနေနှင့် ခြောက်ရောင်မျှသာ ရရှိနိုင်သည်။

ဝမ်ဝေ့အာရုံ ဖမ်းစားသွားသည့်အချက်မှာ ခုနှစ်ရောင် သက်တံချီကံကောင်းမှုက အင်မော်တယ် ကံကောင်းမှုကို ဆိုလိုနေသည့်အချက် ဖြစ်၏။ အရောင် ၇ ရောင်ထက်ပိုသည်ကို ဧကရာဇ် ကံကောင်းမှုအဖြစ် ပြောဆိုထားလေသည်။ ထို့ကြောင့် သူက အင်မော်တယ် ကံကောင်းမှုသည် ထာဝရအသျှင်၊ တာအိုဘိုးဘေးများနှင့် ပတ်သက်မှုရှိရမည်ဟု မှန်းဆမိလိုက်၏။

ကံဆိုးသည်က သူက ကံကောင်းမှုအဆင့်များ၏ ခေါင်းစဉ်ကိုသာ သိထားပြီး ထာဝရအသျှင်က ဘာမှန်း မသိပေ။ သူက ဒီကမ္ဘာ၏ အဆင့်က နိမ့်ကျလွန်းသောကြောင့်မှန်း နာမည်မှလွဲ၍ ဘာမှမရှိသည်ကို ခန့်မှန်းမိလိုက်သည်။

ချီကံကောင်းမှုကို စုပ်ယူပြီးနောက် ဝမ်ဝေ့က သူ့အင်အားသည် သိသိသာသာ တိုးတက်လာသည်ကို ခံစားမိလိုက်သည်။ ထိုအရာက ယခင်သူ့ကို တစ်ချက်တည်းဖြင့် သတ်နိုင်သည့်အထိ ရောက်ရှိသွားသည်။

ဝမ်ဝေ့က မြေကမ္ဘာ ကံကောင်းမှုတွင် နောက်ထပ် လုပ်ဆောင်ချက် ရှိသေးကြောင်း သိလိုက်သည်။ တိုင်းပြည်၏ အရှင်ဘုရင်က သူ့ကိုယ်သူ တိုင်းပြည်၏ ကံကောင်းမှုဖြင့် ချီးမြောက်နိုင်သောကြောင့် သူတို့အင်အားလည်း အဆမတန် တိုးပွားလာမည် ဖြစ်၏။

ကံဆိုးသည်က ထိုစွမ်းရည်က အလယ်အလတ်ကမ္ဘာအထက်သာလျှင် ရရှိသည်။ ထို့အပြင် ထိုအရာက တိုင်းပြည်ကို ချီကံကောင်းမှုအား ထိုသို့အသုံးပြုနိုင်စေရန် ကံကောင်းမှုစုစည်းရေးပစ္စည်းအဖြစ် သန့်စင်ဖို့ လိုအပ်သည်။

ဝမ်ဝေ့က သူတို့ကမ္ဘာ၌ ဧကရာဇ်မျိုးဆက်တိုင်း ကံကောင်းမှု စုစည်းရေးအသုံးအဆောင် ရှိထားကြောင်း သတိရလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့ သူတို့ဧကရာဇ်အသုံးအဆောင်တစ်မျိုးမျိုးက ထိုတာဝန်ကို ထမ်းဆောင်ထားရသည်။

ဝမ်ဝေ့ဘိုးဘေး ဧကရာဇ် ချီယွမ်၏ ဧကရာဇ် အသုံးအဆောင်ပစ္စည်းကို တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ချီကံကောင်းမှု အသုံးအဆောင်အဖြစ် အသုံးပြုထားကြသည်။

တကယ်တော့ ဝမ်ဝေ့က ထိုစွမ်းရည်သည် စစ်ဆေးမှုအတွင်း မရရှိလာသည်မှာ ကံကောင်းလှသည်။ မဟုတ်ပါက သူ့အနေနှင့် ခံစားရဦးမည် ဖြစ်၏။

တခြားကောင်းကင်ရွေးချယ်ခံအားလုံးက ထိုစွမ်းရည်ကို ထင်ရာစိုင်း အသုံးပြုကြစဉ် သူက ချီကံကောင်းမှုသည် အနက်ရောင်သာ ဖြစ်နေသည့်အတွက် မလုပ်နိုင်ခဲ့ပေ။ ကျီစုန့်က နောက်ဆုံးတိုက်ပွဲတွင် ထိုစွမ်းရည်သာ ရှိနေခဲ့လျှင် ဝမ်ဝေ့ ကြီးကြီးမားမား ခံစားရမည် ဖြစ်၏။

နောက်ဆုံးရလဒ်အနေနှင့် သူက သုံ့လီဖန်းအား ချီကံကောင်းမှုအား ထိန်းချုပ်ပြီး သူ့ဆီ ပို့ဆောင်ပေးဖို့ တောင်းဆိုရမည်။ သို့သော်လည်း ထိုနည်းလမ်း အောင်မြင်သွားလျှင်ပင် ဂယက်ရိုက်မှု ဖြစ်သွားလိမ့်မည်မှန်း မှန်းဆထားသည်။ သူမက သူနှင့် အမှန်တကယ် အနီးကပ်နေရပြီး သူမ၏ အားနည်းလွန်းသည့် အင်အားဖြင့် တိုက်ပွဲအတွင်း စတေးခံရနိုင်ခြေအကြောင်း ထည့်မပြောရသေးပေ။

ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူ မြို့တော်ဆီ ပြန်လာလိုက်၏။ ယခု သူက ဒီကမ္ဘာဆီ ရောက်လာစေသည့် အရာအားလုံး ပြီးစီးသွားပြီဖြစ်၍ ထိုစစ်ဆေးမှုက တရားဝင် အဆုံးသတ်သွားလေပြီ။

ယခု အိမ်ပြန်ရမည့် အချိန် ရောက်လာလေပြီ။

All Chapters