← Chapters

စစ်ဆေးမှု အဆုံးသတ်

Vol. 13 Ch. 175

စစ်ဆေးမှု အဆုံးသတ်

Vol. 13 Ch. 175

အခန်း(၁၇၅)  :  စစ်ဆေးမှု အဆုံးသတ်

ဝမ်ဝေ့က မြို့တော်ဆီ ပြန်ရောက်လာပြီး အရာအားလုံး အဆင်ပြေတာ သေချာအောင် ရက်အနည်းငယ်အချိန်ယူစစ်ဆေးပြီးနောက် ထွက်သွားဖို့ ပြင်လိုက်သည်။

ပညာရှိဝိဇ္ဇာ အရှင်ဝမ်ဝေ့က အလွှာမြင့်ဆီ ပြန်တော့မည် ဖြစ်ကြောင်း သတင်းထွက်သွားသည့်အခါ ပိုင်နက်အတွင်း ရုတ်ရုတ်သည်းသည်းများ ဖြစ်လာလေသည်။ လူများစွာက ငိုယိုကာ သူ့အား နေရစ်ဖို့ တောင်းဆိုကြသလို တချို့လူများက သူ့ခရီးစဉ်တစ်လျှောက် ကံကောင်းဖို့အတွက် ဆုတောင်းပေးကြသည်။

အမတ်များအတွက်မူ သူတို့က ဝမ်ဝေ့ကို သူ့ဆုံးဖြတ်ချက် ပြန်လည်စဉ်းစားဖို့ ဆန္ဒပြဖို့ပင် စုဝေးနေကြသည်။ သူက သတင်းကို ကြေညာလိုက်ကတည်းက အများစုမှာ တော်ဝင်နန်းတော်ရှေ့ ဒူးထောက်ကာ အရှင့်ဆုံးဖြတ်ချက် မပြောင်းမချင်း ထွက်မသွားပါဘူးဟု တင်းခံနေကြသည်။

သို့သော်လည်း ဝမ်ဝေ့က သူတို့ကို လျစ်လျူရှုထားလေသည်။ လွန်ခဲ့သော လေးနှစ်ခန့်က ထိုလူများကို သူတို့ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတိပေးခဲ့ဖူးသည်။

ဝမ်ဝေ့က ထွက်မသွားခင် နောက်ဆုံးည၌ တော်ဝင်နန်းတော်ပေါ်တွင် ရပ်ကာ သူ အုပ်စိုးခဲ့သည့် ကျယ်ပြောလွန်းသော ပိုင်နက်ကို ကြည့်နေလေသည်။ ထို့နောက် သူက သေချာပြန်လည် တွေးတောလိုက်သည်။ ယခုနှင့်ယှဉ်လိုက်လျှင် ယခင်ဘဝက မည်မျှသေးနုပ်ခဲ့ကြောင်း အမှတ်ရလာမိသည်။

ကမ္ဘာမြေတွင် ရှိစဉ်က သူသည် ကုမ္ပဏီအတွင်း ရာထူးတိုးနိုင်ရန် နေ့စဉ်နေ့တိုင်း ရုန်းကန်အလုပ်လုပ်ခဲ့ရသည်။ သူ့သက်တူရွယ်တူလူများနှင့် ယှဉ်လိုက်လျှင် အောင်မြင်မှုတချို့ ရှိခဲ့သည်။ သို့သော်လည်း လူသန်းချီ အုပ်ချုပ်ရသည့် တိုင်းပြည်နှင့် ယှဉ်နိုင်ဖွယ်ရာ မရှိပေ။

သူ့စကားတိုင်း၊ အပြုအမူတိုင်းနှင့် အရိပ်အခြည်အနည်းငယ်ကပင် လူများစွာ၏ ကံကြမ္မာ၊ တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။

သူ့အင်အားအကြောင်း ထည့်မပြောရသေးပေ။ သူ့လက်ရှိစွမ်းရည်ဖြင့် တစ်ကမ္ဘာမြေလုံးကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်လောက်သည်။ ကမ္ဘာမြေကို မဆိုထားနှင့်။ နေအဖွဲ့အစည်းတစ်ခုလုံးကိုပင် သူ့ကမ္ဘာထိုးခွင်းလက်သီးချက်အောက် ဆက်လက်ရှင်သန်နိုင်ပါ့မလား မပြောတတ်ပေ။

ထိုအရာက သူ့ကန့်သတ်ချက်ရောက်ဖို့ အလှမ်းဝေးနေသေး၏။ တစ်ရက် သူသာ တာအိုသက်သေပြနိုင်ခဲ့သည့်အခါ ကမ္ဘာငယ်တစ်ခုတည်းသာ မကဘဲ ကမ္ဘာငယ်ထောင်ချီက သူ့ဆီ ဦးညွှတ်လာကြလိမ့်မည်။ အထူးသဖြင့် ကုသိုလ်စွမ်းအားကို စုပ်ယူပြီးသည့်နောက် ဝမ်ဝေ့၏ မဟာဧကရာဇ် ဖြစ်လာသည့်နောက် အစီအစဉ်က အဆုံးသတ်သွားလေပြီ။

ထိုအစီအစဉ်၏ ရလဒ်အနေနှင့် သူ့စိတ်ဆန္ဒက အဆုံးမဲ့လေဟာနယ်အတွင်း အသင်္ချေကမ္ဘာများနှင့် မျိုးနွယ်များဆီ ပျံ့နှံ့သွားလိမ့်မည်။ သူ့နာမည်က သက်ရှိသန်းပေါင်းများစွာအတွက် မျှော်လင့်ချက် ကုန်ခမ်းမှုနှင့် မျှော်လင့်ချက်တို့ကို ယူဆောင်လာလိမ့်မည်။ သူက လူများစွာနှင့် ကမ္ဘာများစွာ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လာလိမ့်မည်။

ဤသည်က ဒီကမ္ဘာတွင် ပြန်လည်ဝင်စားလာပြီးနောက် အိမ်လွမ်းဆွတ်ခြင်း မရှိသည့် အကြောင်းအရင်းတစ်ချက် ဖြစ်ပေသည်။ ဤကမ္ဘာအတွင်း ဖြစ်နိုင်ခြေရှိသည့် သူ့အနာဂတ်နှင့် နှိုင်းယှဉ်လိုက်လျှင် မြေကမ္ဘာမှာရှိစဉ် ဘဝက သေးနုပ်လွန်းလှသည်။

တစ်ခါတလေ သူက ကမ္ဘာမြေမှ မိသားစုကို သတိရမိတတ်သော်လည်း သူသာ သေချာသည့် အဆင့်တစ်ခုသို့ရောက်သွားပါက ပြန်တွေ့နိုင်ခြေရှိကြောင်း ယုံကြည်ထား၍ စိတ်ထဲ သိပ်မထည့်ထားပေ။

အချိန်ကုန်ဆုံးသွားတာကိုလား …

ဝမ်ဝေ့က သူ့အင်အားသာ လုံလုံလောက်လောက် မြင့်မားလာသရွေ့ အချိန်ဆိုသည်မှာ သူ မရရှိနိုင်သည့် အရာမဟုတ်ကြောင်း ယုံထားသည်။

ဝမ်ဝေ့က အတိတ်နှင့် အနာဂတ်အကြောင်း စဉ်းစားနေစဉ် တစ်ယောက်ယောက် သူ့ဆီ လမ်းလျှောက်လာသံကို ကြားလိုက်ရသည်။ ဝိညာဉ်အတက်အကျအရ သူက သုံ့လီဖန်းမှန်း သိလိုက်၍ ညဉ့်နက်မှ လာတွေ့ရသည့် အကြောင်းအရင်းအား နားမလည်နိုင် ဖြစ်နေမိသည်။

သုံ့လီဖန်းက ဝမ်ဝေ့အနား ရောက်လာသော်လည်း ဘာမှမပြောပေ။ သူမက မြို့တော်၏ ညအလှကို ကြည့်ရှုခံစားနေသည်။

ထို့နောက် သူမက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ဝမ်ဝေ့ ရင်ခွင်ထဲ ပြေးဝင်ကာ နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။ ဝမ်ဝေ့ကား အံ့အားသင့်သွားလေသည်။

သူက အံ့အားသင့်မှုမှ နိုးထလာပြီးနောက် သူမဆီမှ ခွာလိုက်ကာ မေးလိုက်သည် “ဘာလို့ ဒီလိုတွေလုပ်နေတာလဲ ”

သုံ့လီဖန်းက ခေါင်းငုံ့ထားပြီးနောက် သူ့ကို တည့်တည့်စိုက်ကြည့်လိုက်သည် “အရှင် မထွက်သွားခင် အရှင်နဲ့ တစ်ညတာ အတူတူကုန်ဆုံးချင်တယ်”

ဝမ်ဝေ့က ထိုအရာကို ကြားကာ မျက်ခုံးပင့်ကြည့်လိုက်သည်  “ ဒါက ငါတို့ကြားမှာ ဘာမှမပြောင်းလဲနိုင်ဘူးဆိုတာ သိသင့်တယ်”

“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ ရွေးချယ်မှုပါ။ ကျွန်မ လိုလားတယ် ”

ဝမ်ဝေ့က သုံ့လီဖန်း မျက်ဝန်းမှ ယုံကြည်ချက်ရှိရှိ ခေါင်းမာမှုကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူက မော့ကြည့်လိုက်ပြီးနောက် နဂါးကုတင်ဆီ ဦးတ်လိုက်သည်။

နောက်တစ်ရက် မနက်ခင်း၌ သုံ့လီဖန်းက နိုးထလာပြီးနောက် အနည်းငယ် ရှုံ့မဲ့မိသွားသည်။ သူမက မနေ့ညက နှစ်ယောက်သား မည်မျှရူးမိုက်ခဲ့ကြောင်း ပြန်တွေးမိလိုက်သည့်အခါ ရှက်သွေးဖြာမိသွားသည်။ နောက်ဆုံးတွင် အရှင်၏ ခန္ဓာကိုယ်က မည်မျှသန်စွမ်းကြောင်း သဘောပေါက်သွားခဲ့ရသည်။

သူမက တစ်ဖက်စောင်းကာ ကြည့်လိုက်သည့်အခါ မည်သူမှ မရှိသဖြင့် မျက်ဝန်းထဲ ဝမ်းနည်းမှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေသည်။ သူမက သက်ပြင်းချကာ အိပ်ရာခင်းပေါ်မှ သွေးကွက်ကို ကြည့်လိုက်သည်။ သူမက လက်တစ်ချက်အဝေ့တွင် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်ပြီးနောက် အဝတ်အစားများ လဲလှယ်လိုက်သည်။

သို့သော်လည်း သုံ့လီဖန်း အဝတ်အစားများ ဝတ်ဆင်ပြီးသည်နှင့် ဝမ်ဝေ့က အခန်းထဲ ဝင်လာသည်။

“ မင်း ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် သူမက ပြန်ဖြေလိုက်သည်  “ ဒီကမ္ဘာမှာ နေခဲ့မယ်။ ဘာဖြစ်ဖြစ် ဒါက ကျွန်မရဲ့ အိမ်ပဲလေ။ ဒါပေမဲ့ အရှင် ကျွန်မရဲ့ ဆရာကိုတော့ ခေါ်သွားပေးပါ။ သူမရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်က ကျွန်မလို မဟုတ်ဘူး ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး သူမ၏ ဆုံးဖြတ်ချက်ကြောင့် အံ့ဩသွားခြင်း မရှိပေ။ ထို့နောက် သူက နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်ကို ထုတ်လိုက်ပြီး “ဒီလိုဆိုရင် မင်းရဲ့ အိပ်မက်တွေဆီ ရောက်အောင် ကူညီပေးနိုင်ဖို့ ခွဲခွာလက်ဆောင် ပေးခဲ့မယ် ”

သုံ့လီဖန်းက ထိုပစ္စည်းနှစ်ခုကို ကြည့်ကာ တအံ့တဩ ဖြစ်နေမိသည်။ သူမက ထိုပစ္စည်းနှစ်ခု၏ အဓိပ္ပါယ်ကို သေချာနားလည်ထားသည်။ ဆိုလိုသည်မှာ သူမက မဟာရှားတိုင်းပြည်၏ တရားဝင်ဆက်ခံသူ ဖြစ်သွားလေပြီ။

စက္ကန့်ပိုင်းလောက် စဉ်းစားနေပြီးနောက် သူမက နှစ်ခုလုံးကို လက်ခံယူလိုက်သည် “အရှင် ကျွန်မရဲ့ အစီအစဉ်ကို သိနေတာလား ”

ဝမ်ဝေ့က ပြုံးလိုက်ကာ “မင်းက အမြဲတမ်း ရည်မှန်းချက်ကြီးတဲ့သူမှန်း သိတယ်။ ဒါပေမဲ့ မင်းကို သတိပေးထားလိုက်မယ်။ ငါက မင်းကို တိုင်းပြည်လက်လွဲပေးလိုက်ပေမဲ့ ထိန်းသိမ်းနိုင်ဖို့က မင်းကိစ္စဖြစ်သွားပြီ။

အခု သဘောတရားအရ ဒီကမ္ဘာက ငါ့ကမ္ဘာက ဂိုဏ်းအပိုင် ဖြစ်သွားပြီ။ အဲဆိုတော့ တခြားသူတွေက ဝင်နှောင့်ယှက်ခွင့် မရှိဘူး။ ဒါပေမဲ့ ဘာကိုမှ တသမတ်တည်း သတ်မှတ်ထားလို့ မရဘူး။ အဲဒါကြောင့် မင်း ငါ့ကမ္ဘာကလူတွေ ဝင်နှောင့်ယှက်တာ သတိထားရမယ်”

သုံ့လီဖန်းက ခေါင်းညိတ်လိုက်ပြီး သူမအနာဂတ်က စိန်ခေါ်မှုအပြည့် ဖြစ်နေလိမ့်မည် ဖြစ်ကြောင်း သိထားသော်လည်း အဆင့်သင့်ဖြစ်နေလေပြီ။

ထို့နောက် သူမက ရုတ်ချည်း မေးလိုက်သည် “အရှင် ”

“ဝမ်ဝေ့လို့ပဲ ခေါ်ပါ ”

သုံ့လီဖန်းက ခဏကြာတုံ့ဆိုင်းနေပြီးနောက် “သခင်လေးဝမ်ဝေ့ မနေ့ညက အဖြစ်အပျက်ကြောင့် ပြန်ပေးဆပ်ချင်လို့ တိုင်းပြည်ကို လက်လွဲပေးခဲ့တာလား”

ဝမ်ဝေ့က ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ ထို့နောက် သူက ဖြေလိုက်သည် “မင်း ပြောတာ တစိတ်တပိုင်းတော့ မှန်တယ်။ ဒါပေမဲ့ တကယ့်အကြောင်းအရင်းက မင်း ဘယ်လောက်အထိ သွားနိုင်လဲဆိုတာ မြင်ချင်လို့ပဲ ”

ထိုသို့ပြောပြီးနောက် သူက သူမအား ကြည့်လိုက်ကာ မျက်နှာကို ကိုင်ရင်း နဖူးအထက် အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထို့နောက် သူက နန်းတော်ထဲမှ တုံ့ဆိုင်းခြင်းမရှိ ထွက်သွားလေသည်။

စက္ကန့်ပိုင်းလောက်ကြာပြီးနောက် သူက လီကျွင်း၊ ယန်းလီလင်း၊ ဝမ်ကျူ၊ စစ်သူကြီးငါးယောက်၊ ထျဲ့ကန်နှင့် ယူစစ်ယွီတို့ကို မြင်လိုက်ရသည်။ ယူစစ်ယွီက ဝမ်ဝေ့ တစ်ယောက်တည်း ရောက်လာသည်ကို မြင်သည့်အခါ သက်ပြင်းချလိုက်၏။

“သူမ တကယ်လိုက်မလာဘူးလား” သူမက အဖြေကိုသိထားသော်လည်း ထုတ်မေးလိုက်သည်။

“ငါတို့ထက် သူမအကြောင်း မင်းက ပိုသိမှာပါ။ ဒီလိုမျိုး ထင်ထားပြီးသားပဲမလား” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ကောင်းကင်ဆီ မော့ကြည့်လိုက်သည်။

သိပ်မကြာခင် အာကာပြင်အက်ကြောင်း တစ်ခုပေါ်လာကာ အားလုံးကို ဝါးမျိုသွားပြီး အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်ရှေ့ ပို့ဆောင်ပေးလိုက်၏။

“တကယ်ကို ပြောင်မြောက်တဲ့ စစ်ဆေးမှုပဲ … သခင်လေးက ဂိုဏ်းက မျှော်လင့်ထားတာထက် ပိုကောင်းကောင်းမွန်မွန် ပြီးစီးခဲ့တာပဲ။ သူတင်မကဘူး။ မင်းတို့အားလုံးလည်း တော်တယ်” အစစ်အမှန်အုပ်ချုပ်သူက ချီးမွမ်းလိုက်သည်။

လူအများစုက တည်တည်ငြိမ်ငြိမ် ပြုံးနေကြစဉ် ထျဲ့ကန်နှင့် ယူစစ်ယွီတို့ နှစ်ယောက်လုံးက ပထမဆုံးအကြိမ် ရွေ့ပြောင်းခံဖူးသည် ဖြစ်၍ အံ့အားသင့်နေကြသည်။

ထို့အပြင် သူတို့ကို ထိုပြုံးနေသည့် အကြီးအကဲသည် မည်မျှအားကောင်းကြောင်း ပြောပြထားဖူးသည်။ ဤသည်က မဟာဧကရာဇ်နှင့် အနီးကပ်ဆုံးအဆင့် ဖြစ်သည့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်၏။ ထို့ကြောင့် သူတို့က တွေ့ဆုံပြီးနောက် တအံ့တဩ ဖြစ်နေကြခြင်း ဖြစ်သည်။ ရလဒ်အနေနှင့် နှစ်ယောက်လုံးက သူတို့တည်ရှိမှုကို လျော့ချရင်း တိတ်တိတ်သာ နေနေကြသည်။

ကံဆိုးစွာဖြင့် ယန်းချန်က သူတို့ကို စကားပြောလာလေသည်။

“မင်းတို့ ငါတို့ကမ္ဘာဆီ ရောက်တဲ့အခါ နှစ်ယောက်လုံး ထူးထူးဆန်းဆန်း ကြုံတွေ့ရလိမ့်မယ်။ မင်းတို့အားလုံး မှတ်ထားဖို့က ကြောက်စိတ်မဝင်ဖို့ပဲ … အဲဒီနောက်ကျ မင်းတို့ကို ဆုချပေးလိမ့်မယ် ”

ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ပြုံးလိုက်သည်။ သူက ထိုအပြုအမူမျိုးကို ယူစစ်ယွီဆီမှ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ထျဲ့ကန် ထိုသို့ပြုမူနေသည်ကို မြင်ရသည်မှာ ထူးဆန်းနေသည်။

ထိုလူအပေါ် အမြင်က မိုးမြေကြား ကြောက်ရွံ့သည့်အရာ မရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။ သူနှင့် ကျီစုန့်တိုက်ပွဲကို ကြည့်ပြီးသည့်နောက်တွင် သူ့ကို စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့သည်ကို ကြည့်၍ သိနိုင်လေသည်။

ဝမ်ဝေ့က အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်အား ကြည့်လိုက်ကာ “အကြီးအကဲချုပ် ကျွန်တော်တို့ လာတုန်းကလို ပြန်ရမှာလား ”

“မဟုတ်ဘူး ” ယန်းချန်က ခေါင်းခါကာ “ ငါတို့က စစ်ဆေးမှုရဲ့ အနိုင်ရရှိသူဆိုတော့ မဟာဝူတော်ဝင်တိုင်းပြည်က ပို့ဆောင်ရေးအစီအရင်ကို လက်လွဲပေးထားတယ် ”

အားလုံးက ခေါင်းညိတ်လိုက်ကြ၍  ယန်းချန်က အဆင့်သင့်ဖြစ်ပြီးနောက် အစီအရင်ကို အသက်သွင်းလိုက်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် အဖွဲ့တစ်ဖွဲ့လုံး ရှုံ့တွပြောင်းပြန်ဖြစ်နေသည့် ကမ္ဘာကိုသာ မြင်လိုက်ရပြီး နောက်အခိုက်အတန့်လေးတွင် သီးသန့်လေဟာနယ်မှ ထွက်လာသည်ကို မြင်လိုက်ရသည်။

ဝမ်ဝေ့က ဤသည်မှာ တာအိုအခွင့်အလမ်းဂိုဏ်း တည်ရှိသည့် ကောင်းကင်သက်တမ်း နယ်မြေ ဖြစ်ကြောင်း သိလိုက်သည်။ သူက များပြားလွန်းသည့် ဝိညာဉ်စွမ်းအားများကို အားပါးတရ စုပ်ယူရှုရှိုက်လိုက်သည်။

“တကယ်ကို အိမ်အနံ့လေးပဲ …”ဝမ်ဝေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

All Chapters