သဘာဝလွန်နယ်ပယ်အဆင့်
Vol. 13 Ch. 178
အခန်း (၁၇၈) : သဘာဝလွန်နယ်ပယ်အဆင့်
ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းအတွင်း သဘာဝလွန်နယ်ပယ်အဆင့်ကို ချက်ချင်း မတက်လှမ်းသေးပေ။ သူက မူလလမ်းစဉ်ကျမ်းနှင့် နယ်ရှင်လက်သီးနည်းစနစ်ကို ထုတ်ကာ သူ လိုအပ်သည့် အချက်အလက်များကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူက အဆင့်တက်လှမ်းဖို့ စတင်လိုက်သည်။
သူ ပထမဆုံးလုပ်သည့်အရာက တရားထိုင်လိုက်ပြီး မိုးမြေနှင့် တစ်သားတည်းဖြစ်သွားစေခြင်း ဖြစ်၏။
ဝမ်ဝေ့ အဆင်တက်လှမ်းခြင်း၏ ပထမခြေလှမ်းမှာ ကြမ္မာကောင်း ချီကို ဖမ်းဆုပ်ဖို့ ဖြစ်၏။
ကြမ္မာကောင်း ချီ ဆိုတာ ဘာလဲ …
မိုးမြေဆီမှ ထွက်ပေါ်လာသော သီးသန့်တုန်ခါမှု သို့မဟုတ် အငွေ့အသက် ဖြစ်ပေသည်။ မြေပြင်တွင် ဖြစ်စေ၊ ကျောက်တုံးတွင် ဖြစ်စေ၊ တိရစ္ဆာန်များနှင့် အပင်များတွင် ဖြစ်စေ အားလုံးက တမူထူးခြားသည့် အငွေ့အသက် သို့မဟုတ် စည်းချက် ရှိကြသည်။
တမူထူးခြားသည့် အငွေ့အသက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် ဝမ်ဝေ့က သီးသန့်နည်းစနစ်ဖြင့် သူတို့ကို ချီစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။
ဝမ်ဝေ့ရှေ့မှောက် ငွေရောင်စွမ်းအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုအရာ ကြမ္မာကောင်း ချီ ဖြစ်၏။ ထိုအရာကို ဖမ်းဆုပ်ပြီးသည့်နောက် သူက ကောင်းကင်ကျောင်းဆောင် ပုံသဏ္ဍာန် ဖြစ်နေသည့် သူ့ပလ္လင်ထဲ ရောက်စေဖို ထိန်းချုပ်ပေးလိုက်သည်။
ကြမ္မာကောင်း ချီက ပလ္လင်ထိပ်ထဲ ပြေးဝင်လာပြီးနောက် ရုတ်ချည်းဆိုသလို မီးအိမ်တစ်ခု ဖြစ်တည်လာသည်။ ကြမ္မာကောင်း ချီက ရှေးဟောင်းမီးအိမ်ထဲ ဝင်ရောက်သွားသည့်နောက် ရောင်စုံမီးတောက်တစ်ခု ပေါ်ထွက်လာသည်။
အတိအကျဆိုရလျှင် ထိုမီးတောက်တွင် အရောင် ၁၃ ရောင် ရှိ၏။ ဝမ်ဝေ့က ထိုသည်မှာ ကြမ္မာကောင်း မီးတောက် ဖြစ်ကြောင်း သိလိုက်ပြီး အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်များရှိ ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်လေသည်။
ပုံမှန်စံနှုန်းအရ ကြမ္မာကောင်း မီးတောက် ရှိသည့် အရောင်အရေအတွက် အများဆုံးမှာ ၁၂ ရောင်သာ ဖြစ်၏။ သို့သော် ဝမ်ဝေ့က သူ့သာလွန်တာအိုအုတ်မြစ်အတွက် တစ်ခု ပိုနေခြင်း ဖြစ်သည်။
မီးတောက် ပေါ်ထွက်လာပြီးနောက် ဝမ်ဝေ့က သူ့အဆင့်တက်လှမ်းခြင်း ပထမအဆင့် ပြီးဆုံးသွားကြောင်း သိလိုက်၍ ဒုတိယအဆင့် စတင်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့က ကိစ္စများကို ကွဲပြားစွာ လုပ်ဆောင်လိုက်သည်။ သာမန်အဆင့်တက်လှမ်းခြင်းအရ သူ့အနေနှင့် အံ့ဖွယ်သွေးကြောအားလုံးကို မူလအမှတ်အသားအဖြစ် ပေါင်းစည်းရမည် ဖြစ်သည်။ ထိုအခါမှ သူ့နိဝမ်ဆုံမှတ်ကို ဖွင့်ဟကာ အသိစိတ်ပင်လယ်ကို ဖန်တီးရမည်။
သို့သော်လည်း သူ့ဝိညာဉ်ထဲ အံ့ဖွယ်သွေးကြောများစွာကို ရေးထွင်းထားသေးသည့်အတွက် ဝမ်ဝေ့က နိဝမ်ဆုံမှတ်ကို အရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက ကြမ္မာကောင်း မီးတောက်ကို ထိန်းချုပ်ကာ သူ့နဖူးအလယ်သို့ ရွေ့စေလိုက်သည်။ ထို့နောက် ဝမ်ဝေ့က စကြဝဠာကို ဖန်တီးသည့် “big bang” လိုမျိုး သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
သို့သော် စကြဝဠာကို ဖန်တီးမည့်အစား သူ့အသိစိတ်ပင်လယ်သာ ပွင့်လာသည်။ ထိုနေရာတွင် ဝမ်ဝေ့က မီးခိုးရောင်အစွန်းများဖြင့် ခရမ်းရောင်တိမ်တိုက်လို ဧရာမ ဝိညာဉ်ကို မြင်လိုက်ရသည်။ ထိုအပေါ်တွင် အံ့ဖွယ်သွေးကြောများစွာ ရှိနေ၏။
ဝမ်ဝေ့က သူ့အသိစိတ်ပင်လယ် ဖွင့်လိုက်သည်နှင့် သူ့ဝိညာဉ်မှ ကြောက်မက်ဖွယ် ဖိအားကြီးက တာအိုအခွင့်အလမ်းတစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားလေသည်။
အစစ်အမှန်အုပ်ချုပ်သူများအပါအဝင် တပည့်များနှင့် အကြီးအကဲများအားလုံး ကြောက်မက်ဖွယ် ဖိအားကို ခံစားမိလိုက်ကြသည်။ ထိုအရာက သူတို့ဝိညာဉ်သည် ဖိအားပြင်းပြင်းအောက် ကျရောက်နေသလိုမျိုး ဖြစ်၏။ သူတို့၏ အတွေးအခေါ်များက နှေးကွေးထုံထိုင်းလာစဉ် အားနည်းသည့် တပည့်များကတော့ သတိလစ်သွားကြသည်။
ဝိညာဉ်ဖိအားက ဂိုဏ်းကို ကျော်လွန်၍ အပြင်ကို ချဲ့ထွင်ချင်နေဟန်ပေါ်သည်။ ထိုစွမ်းအားဖြင့် တစ်ကမ္ဘာလုံးကိုပင် ပြန့်နှံ့သွားနိုင်လောက်သည်။ သို့သော်လည်း ဝမ်ဝေ့က တိုက်ပွဲရူး ဧကရာဇ်၏ သတိပေးချက်ကို ပြန်လည်အမှတ်ရလိုက်ပြီး ဝိညာဉ်ဖိအားကို မြန်မြန် ထိန်းချုပ်ကာ သူ့ကျင့်ကြံရေးအခန်းကို ကျော်လွန်၍ မပြန့်နှံ့စေတော့ပေ။
ထိုအပြုအမူက ဂိုဏ်းရှိ လူအများစုကို စိတ်သက်သာရာရသွားစေသည်။ အမွေခံသားတော် အဆင့်တက်လှမ်းနေမှန်း သိလိုက်ကြပြီး အများစုက ဝမ်မျိုးနွယ်စု အိမ်ရှိရာ တောင်ဘက်ကို အံ့ဩတကြီး၊ အားကျမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ထိုစဉ် အကြီးအကဲချုပ် နေထိုင်ရာအတွင်း ဝမ်ချန်က ဖိအားပြင်းပြင်းကို ခံစားမိလိုက်၍ ရေရွတ်လိုက်သည် “ကြည့်ရတာ ဝေ့အာက အတိတ်ဘဝတုန်းက ရိုးရှင်းတဲ့သူ ဟုတ်ခဲ့ပုံမပေါ်ဘူး ”
မှန်ပေသည်။ ဝမ်ဝေ့၏ မိသားစုက သူတို့သားဖြစ်သူသည် ပြန်လည်ဝင်စားလာပြီး အတိတ်ဘဝမှ မှတ်ဉာဏ်များပါ နိုးထလာပြီးသား ဖြစ်ကြောင်း မှန်းဆထားပြီးပြီ ဖြစ်၏။
ဝမ်ဝေ့၏ အပြုအမူ အများစုက ထူးဆန်းသလို ပုံမှန်မဟုတ်ခဲ့ပေ။ အထူးသဖြင့် သူ စစ်ဆေးမှုအတွင်း ပြုလုပ်ခဲ့သည့်အရာများအပြီးတွင် ဖြစ်၏။ သူ အသုံးပြုခဲ့သည့် အတွေးအခေါ်များနှင့် သဘောတရားများက ပါရမီရှင်အဖြစ် မှတ်ယူနိုင်ရုံတင် မကပေ။ ထိုအတွေးအခေါ်များက လုံးဝ ကွဲပြားနေသည့် လူနေမှုအဖွဲ့အစည်းမှ ဖြစ်လာခြင်း ဖြစ်၏။ သူ့အားကောင်းသည့် ဝိညာဉ်ကိုပါ ထည့်တွက်လိုက်လျှင် သူ့မိဘများကို သူ ပြန်လည်မွေးဖွားလာကြောင်း ခန့်မှန်းထားပြီးသား ဖြစ်သည်။
သို့သော်လည်း သူတို့က ထိုအရာကို အရေးမစိုက်ပေ။ နှစ်များစွာ စောင့်ကြည့်လေ့လာပြီးနောက် သူတို့သားသည် သူတို့အပေါ် အမှန်တကယ် ချစ်မြတ်နိုးကာ ဂရုစိုက်ကြောင်း မြင်နိုင်ပေသည်။ ပို၍ အရေးကြီးသည်က ဝမ်ဝေ့သည် အတိတ်ဘဝအပေါ် တွယ်ငြိသည့် ဆက်နွယ်မှုကို မပြသသည့်အတွက် သူ့မိသားစုကို စိတ်သက်သာရာ ရသွားစေသည်။ အထူးသဖြင့် သူ့အမေ ဖြစ်၏။
ယုယန်က သားဖြစ်သူ၏ ချစ်ခင်မှုကို နောက်ထပ် အမေတစ်ယောက်နှင့် မယှဉ်ပြိုင်လိုပေ။
…………
ထိုစဉ် ကျင့်ကြံရေးအခန်းထဲတွင် ဝမ်ဝေ့က သူ့ဝိညာဉ်ကို ထိန်းချုပ်ပြီးနောက် အဆင့်ဆက်လက် တက်လှမ်းနေသည်။
သူ့ဝိညာဉ်နှင့် ပလ္လင်ရှိ အံ့ဖွယ်သွေးကြော ၇၂၀ လုံးကို အမှတ်အသားတစ်ခုတည်းအဖြစ် ပေါင်းစပ်စေလိုက်ပြီး အမှတ်အသားက ရှေးဟောင်းမီးအိမ်ပေါ် နေရာပြောင်းသွားသည်။
ဝမ်ဝေ့က ထိုမူလအမှတ်အသားသည် သဘာဝလွန် နယ်ပယ်အဆင့်ထဲ မည်မျှအရေးကြီးကြောင်း သိထားလေသည်။ ထိုနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်စေရန် မူလအမှတ်အသား အရေအတွက် ငါးဆယ် လိုအပ်၏။
ပို၍ အရေးကြီးသည်က မူလအမှတ်အသားသည် ကြမ္မာကောင်း မီးတောက်၏ လောင်စာဆီ အရင်းအမြစ် ဖြစ်၏။ ထို့ကြောင့် ပို၍များလေလေ မီးတောက်က ပို၍ လောင်မြိုက်နိုင်လေလေ ဖြစ်သည်။
အရာအားလုံးပြီးဆုံးသွားကြောင်း စစ်ဆေးပြီးနောက် ဝမ်ဝေ့က နောက်ဆုံးနှင့် အလွယ်ကူဆုံးအဆင့်ဖြစ်သည့် မူလချီကို မူလအဆီအနှစ်အဖြစ် ပြောင်းလဲခြင်းအား လုပ်ဆောင်လိုက်သည်။
ဝမ်ဝေ့က ကြမ္မာကောင်း မီးတောက်ကို ထိန်းချုပ်ပြီး သူ့မူလချီများကို ဖြည်းဖြည်းချင်း လောင်ကျွမ်းစေပြီး အဆင့်မြင့် စွမ်းအားအဖြစ် သန့်စင်လိုက်သည်။
အချိန်အတော်အတန်ကြာမြင့်ပြီးနောက် သူ့ကျယ်ပြောလှသည့် မူလချီများသည် မူလအရွယ်အစား၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သည်။ သို့သော်လည်း အရည်အသွေးက ယခင်ထက် အဆရာချီပိုလာသည်။
ထို့အပြင် ဝမ်ဝေ့က မူလအဆီအနှစ်သည် မူလချီ ပြောင်းလဲရုံမျှ မဟုတ်ကြောင်း သိထားသည်။ မူလအဆီအနှစ်သည် ကျင့်ကြံသူများအား ထူးထူးဆန်းဆန်း သို့မဟုတ် ပုံမှန်မဟုတ်သည့် စွမ်းရည်များ ရှိလာစေနိုင်သည်။
အကယ်၍ မူလချီက သိုင်းပညာရပ်ထဲ ပါဝင်နေသေးလျှင် မူလအဆီအနှစ်က အင်မော်တယ် ပညာရပ်ထဲ ပါဝင်နေလိမ့်မည်။ ကျင့်ကြံသူများက ထိုအရာဖြင့် ထူးထူးဆန်းဆန်း မန္တန်များ သို့မဟုတ် မူလစွမ်းရည် အမျိုးမျိုးကို အသုံးပြုလာနိုင်သည်။
ဝမ်ဝေ့က ပြောင်းလဲမှု ပြီးစီးသည့်နောက်တွင် သူ့အဆုံးမဲ့ အံ့ဖွယ်ပင်လယ်မှ မူလချီအစား မူလအဆီအနှစ် မည်သို့ထုတ်ပေးနေကြောင်း ကြည့်ကာ သူ့အဆင့်တက်လှမ်းမှု ပြီးဆုံးသွားကြောင်း သိလိုက်သည်။
ထို့နောက် သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က လေထဲ မျှောနေသည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်၍ ပျံသန်းသည့် စွမ်းရည်နှင့် မတူဘဲ ယခု ပျံသန်းနေခြင်းက ဘာမှလေ့ကျင့်သင်ယူစရာ မလိုသည့် သဘာဝစွမ်းရည်လိုမျိုး ဖြစ်၏။
အတိအကျဆိုရလျှင် အံ့ဖွယ်ပလ္လင်အဆင့်ထဲ ပျံသန်းနိုင်ဖို့ရာ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ပေါ် မမြင်နိုင်သည့် ပစ္စည်းတချို့ကို တပ်ဆင်ထားသောကြောင့် ပျံသန်းခြင်းက သူ့အတွက် ငှက်လေးတစ်ကောင်အလား သဘာဝကျနေခြင်း ဖြစ်၏။
ဝမ်ဝေ့က သီးသန့်လေ့ကျင့်ရာမှ ထွက်လာပြီးနောက် ကောင်းကင်ဆီ ပျံဝဲလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ထိုစဉ် သူက အသံနှုန်းကို ချိုးဖောက်ကာ အသံနှုန်း၏ အလျှင်ငါးဆသို့ ရောက်ရှိသွားသည်။ သို့သော်လည် ဝမ်ဝေ့က သူ့အရှိန်ကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
သူ သိထားသလောက် သဘာဝလွန်နယ်ပယ်အဆင့် တစ်ယောက်၏ အမြန်နှုန်းက အသံနှုန်း၏ အလျှင်တစ်ဆမျှသာ ရှိ၏။ ဆိုလိုသည်မှာ သူ့အမြန်နှုန်းက ငါးဆ ပိုမြန်နေသည်။ သို့သော်လည်း သူက မကျေနပ်သေးပေ။
ယခင် စစ်ဆေးမှုအတွင်း ကျီစုန့်က မြေဆွဲအားကို အသုံးပြုကာ အသံနှုန်း၏ အလျှင်ငါးဆသို့ ရောက်အောင် လုပ်နိုင်ခဲ့သည်။ ဝမ်ဝေ့ကိုယ်တိုင်ပင် သူ့ခန္ဓာကိုယ်ဖြင့် ပြေးလွှားရင်း အသံနှုန်း၏ အလျှင် ၇ ဆသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူက ယခုအမြန်နှုန်းအား မကျေနပ်ပေ။
ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ ဆိုးကျိုးတစ်ချက်မှာ အတွင်းအင်္ဂါများကို သန့်စင်ပြီးမှသာ ကျင့်ကြံသူက ခန္ဓာကိုယ်ချည်းဖြင့် အမှန်တကယ် ပျံသန်းနိုင်ခြင်း ဖြစ်၏။ မဟုတ်လျှင် သွားလာဖို့အတွက် မြင့်မြင့်ခုန်သွားနေရမည်။
သို့သော်လည်း သူက ထိုပြဿနာကို အာရုံမစိုက်တော့ပေ။ သူ လုပ်ဖို့လိုအပ်သည်ကား အရှိန်ကို ဦးစားပေးသည့် နည်းစနစ်တစ်ခု လေ့ကျင့်လိုက်ဖို့ ဖြစ်ပြီး အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ ထို့အပြင် ဂိုဏ်းတွင် သူ့လိုအပ်ချက်နှင့် ကိုက်ညီနေသည့် သက်တံလွတ်မြောက်ရေး ပညာရပ် အမည်ရှိ ဧကရာဇ်ကျမ်းတစ်ခု ရှိထားသည်။
သူ့ပျံသန်းနိုင်စွမ်းကို စစ်ဆေးလိုက်ပြီးနောက် ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို စစ်ဆေးလိုက်သည်။ သူ့အတွေးတစ်ချက်ဖြင့် သူ့အသိစိတ်သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ ဘေးပတ်လည် ပြန့်နှံ့သွားသည်။
ရလဒ်အနေနှင့် ဝမ်ဝေ့က ကီလိုမီတာထောင်ချီအတွင်း အရာအားလုံးကို မြင်တွေ့နိုင်လေသည်။ မြေကြီးပေါ်က ပုရွက်ဆိတ် ဖြစ်စေ သို့မဟုတ် ဝေဟင်ထဲမှ ပိုးကောင်တစ်ကောင် ဖြစ်စေ အကုန်စောင့်ကြည့်နိုင်သည်။
သူ မစစ်ဆေးကြည့်နိုင်သည့် တစ်ခုတည်းသော နေရာများမှာ အားကောင်းသည့် အစီအရင် ချမှတ်ထားသည့် နေရာများ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ယခင်က တစ်ခါမှ မသွားခဲ့ဖူးသည့် ဂိုဏ်းဝန်းကျင်ရှိ လျို့ဝှက်နယ်မြေများ သို့မဟုတ် လျို့ဝှက် အာကာပြင်တချို့၊ နေရာလွတ်တချို့ကို အာရုံခံမိနေဆဲ ဖြစ်သည်။
ဝမ်ဝေ့က သူ့စွမ်းရည်အသစ်ကို ရှာတွေ့သွားစဉ် သူ့စစ်ဆေးမှုက သူ့အဖေနှင့် အကြီးအကဲများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားလေသည်။ သူတို့က ဝမ်ဝေ့ တစ်ယောက် သူ့အံ့ဖွယ်အသိစိတ်ကို အဆုံးမဲ့ ထုတ်လွှင့်ထားသည့် လေထုကို ကြည့်ကာ သူ့ပါရမီကို ချီးမွမ်းနေကြသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အံ့ဖွယ်အသိစိတ်လဲ” မဟာအကြီးအကဲလီကျန်းက ပြောလိုက်သည်။
“ ငါတို့ထက် မနိမ့်ကျဘူးပဲ” မဟာအကြီးအကဲ ယန်းမိန်ကလည်း မှတ်ချက် ဝင်ပေးလိုက်သည်။
တခြားလူများက စကားပြောနေစဉ် ဝမ်ထျန်းက မျက်မှောင်ကြုတ်သွားပြီး သူ့သားနှင့် ဆက်နွယ်ဖို့ အံ့ဖွယ်အသိစိတ်ကို ထုတ်လွှင့်လိုက်သည်။
“ အံ့ဖွယ်အသိစိတ် ထုတ်လွှင့်နေတာ ရပ်လိုက်တာ ကောင်းမယ်။ မင်းက သူတော်စင်အဆင့်လောက် အားကောင်းနေပေမဲ့ အဲဒီအဆင့် မရောက်သေးဘူး။ ကမ္ဘာဦးဝိညာဉ်နဲ့ စည်းမျဉ်းစွမ်းအား မရှိရင် မင်းအတွက် ဝိညာဉ်နဲ့ စိတ်ဝိညာဉ်ကို မထိခိုက်စေဘဲ ဒီလိုမျိုး ထုတ်လွှင့်ထားဖို့ ခက်လိမ့်မယ် ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး ချက်ချင်း အသိဝင်လာသည်။ သူ့အဖေပြောသည်က မှန်ပေသည်။ သူက စိတ်လက်မာန်ပါ လုပ်မိသွားသည်။ သူ့ဝိညာဉ်က အားကောင်းသော်လည်း သူ ကြိုက်သလို အလွဲသုံးစား မလုပ်သင့်ပေ။
ထို့အပြင် သူ့အဆင့်တက်လှမ်းမှုအပြီးတွင် သူ့ဝိညာဉ်က သူ ထင်ထားသလောက် အားမကောင်းကြောင်း သိလာသည်။ သို့သော်လည်း အရည်အသွေးက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသေးသည်။
ဝမ်ဝေ့က အသိပြန်ကပ်လာပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုနေရာတွင် သူက ဧရာမ အနက်ရောင်တိမ်တိုက်များ စုဝေးလာသည်ကို မြင်လိုက်ရသည်။ ဝမ်ဝေ့က သူ့ကောင်းကင်စမ်းသပ်ချက် ကျရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။