ကောင်းကင်စမ်းသပ်ချက်
Vol. 13 Ch. 179
အခန်း(၁၇၉) : ကောင်းကင်စမ်းသပ်ချက်
ဝေဟင်ထဲ တိမ်တိုက်များ စုဝေးလာစဉ် ဝမ်ဝေ့က စမ်းသပ်ချက်တောင်ထိပ်ဆီ သွားလိုက်သည်။ သူ့အနေနှင့် သူ့ကောင်းကင်စမ်းသပ်ချက်သည် တခြားလူများအား ထိခိုက်သွားမည်ကို မဖြစ်စေလိုပေ။
ထို့အပြင် စမ်းသပ်ချက်တောင်ထိပ်က အရေးပေါ်အခြေအနေ ကြုံတွေ့လာပါက အရန်အစီအစဉ် ရှိနိုင်သည်။ ဝမ်ဝေ့က သူ့စမ်းသပ်ချက် ဖြတ်ကျော်ဖို့ ပြင်ပအကူအညီ မသုံးလိုသော်ငြား ကောင်းကင်တာအိုနှင့် သူ့ကြားရှိ ဆက်ဆံရေးအရ သူ့အနေနှင့် သတိကြီးကြီးထားဖို့ လိုအပ်သည်။
စက္ကန့်ပိုင်းလောက် ကြာပြီးနောက် တိမ်တိုက်ကြား အဖြူရောင် မီးတောက်တစ်ခု ရုတ်ချည်း ပေါ်လာကာ ဝမ်ဝေ့ဆီ တည့်တည့်ကျရောက်လာသည်။ ဝမ်ဝေ့က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။
သူက သူ့ကောင်းကင်စမ်းသပ်ချက်သည် ခက်ခဲမည်မှန်း သိထားသော်လည်း ဒီလောက်အထိ မထင်ထားခဲ့ပေ။
ဝမ်ဝေ့က အဖြူရောင်မီးတောက်သည် သန့်စင်မီးတောက် ဖြစ်ပြီး ကောင်းကင်တာအိုက အပြစ်ကြွေးများလွန်းသည့် မိစ္ဆာကျင့်ကြံသူများအား သူတို့ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်ရာ၌ အပြစ်ပေးရာတွင် အသုံးပြုသည့် မီးတောက်အမျိုးအစား ဖြစ်မှန်း သိထားသည်။
ဝမ်ဝေ့က ဒီလိုမျိုး ဆက်ခံခံရအောင် ဘာမှမလုပ်ထားမှန်း သိပေသည်။ စစ်ဆေးမှုအတွင်း နတ်ဆိုးသားရဲများကို သတ်ဖြတ်ခဲ့ခြင်းက ကောင်းကင်တာအိုအနေနှင့် သူ့အား အပြစ်သားဟု ယူဆရလောက်အောင် မလုံလောက်သေးပေ။
ထို့ကြောင့် ဖြစ်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်တွင် ၁၃ လွှာအထိ ချိုးဖောက်ထားသော သာလွန်တာအိုအုတ်မြစ်ကြောင့်သာ ဖြစ်လိမ့်မည်။
သူက ကောင်းကင်ဆီ မော့ကြည့်ကာ လှမ်းအော်လိုက်သည်။
“ဘယ်လောက်တောင် ကပ်တွက်နေရတာလဲ။ ဒါက ဟိုးတုန်းကတည်းကဟာလေ ”
စမ်းသပ်ချက်က သူ့စကားကို ကြားသည့်အခါ ဝေဟင်ရှိ တိမ်တိုက်များက ထပ်မံ များပြားလာသည်။ အစပိုင်း ဂိုဏ်းတစ်ဝက်လောက်သာ ဖုံးလွှမ်းထားသည့် တိမ်တိုက်များက ယခုအခါ တာအိုအခွင့်အလမ်းဂိုဏ်း တည်ရှိသည့် ကောင်းကင်သက်တမ်း နယ်မြေတစ်ဝက်အထိ ဖုံးလွှမ်းသွားလေပြီ။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ရှုံ့မဲ့သွားသည်။ သူက ကောင်းကင်ဘုံအား ထပ်ပြောချင်သော်လည်း ပါးစပ်ပိတ်လျက်သာ နေလိုက်ရသည်။
လွတ်လပ်မှုလမ်းစဉ်နောက် လိုက်နေသည့် လူတစ်ယောက်အနေနှင့် သူ့ကို ချုပ်ထိန်းထားတာမျိုး သဘောမကျသော်လည်း မလိုအပ်ဘဲ ရန်စပါက သူ့အတွက်သာ ပြဿနာများ ဖြစ်လာနိုင်ကြောင်း သိထားသည်။ အထူးသဖြင့် သူက အားနည်းနေသေးသည့်အချိန်တွင် ဖြစ်၏။
သို့သော်လည်း သူက ကောင်းကင်တာအိုအား သူ့နာမည်ပျက် စာရင်းစာအုပ်ထဲ တေးမှတ်ထားလိုက်တော့သည်။ သူ အားကောင်းလာသည့်အခါ ပြန်ဖြေရှင်းရမည်။
ကောင်းကင်ရှိ တိမ်မည်းများအတွက်မူ ဝမ်ဝေ့က သူ့ငါးစာကို မဟပ်လာသောကြောင့် ဒေါသူပုန်ထသွားဟန်ပေါ်သည်။ ထို့ကြောင့် သူက ကောင်းကင်စမ်းသပ်ချက် စွမ်းအားကို ထပ်တိုးမြင့်လိုက်သည်။
ဝမ်ဝေ့အတွက်မူ သန့်စင်မီးတောက်အား ဂရုမစိုက်ပေ။ ထိုမီးတောက်က သူ့ခုခံနိုင်စွမ်းကို ချိုးဖောက်ဖို့ မလုံလောက်သေးသည့်အကြောင်း ထည့်မပြောရသေးပေ။ သူက ထိုမီးတောက်၏ သန့်စင်နိုင်စွမ်းကို အထူးတလည် စိုးရိမ်နေစရာ မလိုပေ။
ဝမ်ဝေ့က ဘာအပြစ်ကြွေးမှ မကျူးလွန်ထားပေ။ ကျင့်ကြံရေးလောက၌ အပြစ်ကြွေးဆိုသည်မှာ ကျင့်ကြံသူများက သေမျိုးများစွာကို အကြောင်းပြချက်မရှိ သို့မဟုတ် ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဆိုးဆိုးရွားရွား လုပ်ဆောင်တာမျိုး ဖြစ်သည်။
ထို့ကြောင့် သေမျိုးများကို သတ်ဖြတ်ကာ သူတို့၏ သွေးသား၊ အဆီအနှစ်နှင့် ဝိညာဉ်များကို စုပ်ယူပြီး ထူးထူးဆန်းဆန်း ကျင့်ကြံကြသည့် မိစ္ဆာကျင့်ကြံသူများကို အပြစ်သားဟု ယူဆကြသည်။
ထို့အပြင် ဝမ်ဝေ့က အပြစ်သား ဟုတ်၊ မဟုတ် ဂရုမစိုက်ပေ။ အကြွင်းမဲ့ လွတ်လပ်မှုကို လိုချင်သူတစ်ဦးအနေနှင့် တစ်ရက် သူ့အနေနှင့် သက်ရှိသန်းချီကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့လျှင် လုပ်ဆောင်မည် ဖြစ်၏။ သူက တရားမျှတမှု မလိုအပ်ပေ။
အကြောင်းမှာ သူက အောက်ခြေစည်းမျဉ်း ထိန်းသိမ်းသူတစ်ဦး ဖြစ်သော်လည်း လူကောင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ လုပ်သမျှအရာအားလုံးတွင် အကြောင်းကိုယ်စီ ရှိထားသော်လည်း ဝမ်ဝေ့က သူ့ကိုယ်သူ ချုပ်နှောင်မှုထားမည် မဟုတ်ပေ။
သန့်စင်မီးတောက် သူ့ဆီ ရောက်လာပြီးနောက် ဝမ်ဝေ့က ခုခံစွမ်းကို အသက်သွင်းက မီးတောက်အား သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်စေလိုက်သည်။
အကြောင်းပြချက်မှာ သူက သူ့ခန္ဓာကိုယ်အတွင်း မမြင်ရသည့် လျို့ဝှက်အန္တရာယ်များကို သန့်စင်ပစ်လိုပြီး အရိုးများကိုလည်း လေ့ကျင့်ပေးချင်သည်။
ထို့ကြောင့် မီးတောက် သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် ဝမ်ဝေ့က နာနာကျင်ကျင် ငြီးငြူလိုက်သည်။ ထို့နောက် သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို စတင်လှည့်ပတ်လိုက်သည်။ မိနစ်အနည်းငယ်ကြာ လောင်ကျွမ်းခံပြီးနောက် ဝမ်ဝေ့ခန္ဓာကိုယ်မှ အညစ်အကြေးများ ထွက်လာကာ အရေပြားအထက် ကပ်ညှိသွားသည်။
ဝမ်ဝေ့က သူ ပို၍ သက်တောင့်သက်သာ အသက်ရှုနိုင်လာပြီး သူ့သက်တမ်းပင် အနည်းငယ် တိုးမြင့်သွားကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့အကြံ အလုပ်ဖြစ်မှန်း သိ၍ ပြုံးလိုက်မိသည်။
သူက သူ့ဝိညာဉ်ဆီမှ အညစ်အကြေးများ ဖယ်ရှားလိုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သန့်စင်မီးတောက်ကို သူ့အသိစိတ်ပင်လယ်ထဲအထိ ပို့ဆောင်လိုက်သည်။ သို့သော်လည်း အသုံးမဝင်ပေ။
အတိအကျဆိုရလျှင် မီးတောက်က သူ့ဝိညာဉ်အနား သွားဖို့ပင် ကြောက်ရွံ့နေဟန်ပေါ်၏။ ထို့ကြောင့် သူက လက်လျော့လိုက်ရသည်။
ထို့နောက်တွင် ဝမ်ဝေ့က မီးခိုးရောင်တလက်လက်ထနေသည့် သဲတစ်ဆုပ်ကို ထုတ်ယူလိုက်သည်။ ထိုအရာကို ငွေမှုန့်သဲဟု ခေါ်ပြီး သူ့အရိုးများကို လေ့ကျင့်ပေးရာ၌ လိုအပ်သည့် အထွတ်အထိပ်အဆင့် ပစ္စည်းတစ်မျိုး ဖြစ်လေသည်။
ထိုပစ္စည်းကို သူ့အရိုးထဲ စုပ်ယူဖို့ ပုံမှန်အားဖြင့် ကြာမြင့်မည် ဖြစ်သော်လည်း ယခုတွင် သူက ကောင်းကင်စမ်းသပ်ချက်ကို အသုံးချကာ အရှိန်ကို မြင့်တင်လိုက်သည်။
ဝမ်ဝေ့က လုပ်ဆောင်နေစဉ်အတွင်း ငွေမှုန့်သဲ၏ တာအိုစည်းချက်ကို တွေ့သွားပြီးပြီ ဖြစ်၍ အရိုးထဲ အလွယ်တကူ စုပ်ယူနိုင်လိုက်သည်။ ထို့နောက် သူက သန့်စင်မီးတောက်ကို ပိုမိုစုပ်ယူလိုက်ပြီး အရှိန်ကို မြင့်တင်လိုက်သည်။
ကောင်းကင်စမ်းသပ်ချက်က ဝမ်ဝေ့၏ အပြုအမူကို ဒေါသထွက်လာသည့်အလား အဖြူရောင်မီးတောက်အစား အနီရင့်ရင့် မီးတောက် ဖြစ်လာသည်။
ဝမ်ဝေ့က ထိုမီးတောက်သည် ကောင်းကင်ဖျက်ဆီး မီးတောက်မှန်း သိလိုက်သည်။ ထိုအရာ၏ ရည်ရွယ်ချက်က နာမည်အတိုင်း မိုးမြေကြားက အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ ဖြစ်သည်။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း အရေးမစိုက်ပေ။ ကောင်းကင်ဖျက်ဆီး မီးတောက် သူ့ဆီ ရောက်လာသည့်အခါ သူ့ပင်ကိုယ်စက်ကွင်းက ပျက်စီးသွားပြီး သူ့အရေပြားနှင့်ကြွက်သားများပါ လောင်မြိုက်ခံလိုက်ရသည်။ အတွင်းအင်္ဂါများသာ ကျန်ခဲ့သည့် အရိုးခြောက်လို ဖြစ်နေခဲ့သည်။
ထို့နောက် အရိုးများလည်း အရည်ပျော်ကျသွားပြီး ကျောရိုးမကြီးတစ်ခုသာ ကျန်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က သူ မသေမှန်း သိထား၍ ကပျာကယာဖြစ်မသွားပေ။ သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အသုံးပြုလိုက်သည့်အခါ အရည်ပျော်ကျထားသည့် အရိုးများက ပြန်ပေါက်လာသည်။
ထိုအခါ ကောင်းကင်ဖျက်ဆီး မီးတောက်က ပို၍ ဒေါသထွက်သွားလေသည်။
ထို့ကြောင့် ဖျက်ဆီးခြင်းနှင့် ပြန်လည်အသစ်ဖြစ်တည်ခြင်းတို့ကြား တိုက်ပွဲ ဖြစ်ပွားနေသည်။ ကောင်းကင်ဖျက်ဆီး မီးတောက်က ဝမ်ဝေ့၏ အရိုးများကို ဖျက်ဆီးလိုက်သည်နှင့် အလျှင်အမြန် ပြန်ပေါက်လာသည်။
ဖျက်ဆီးခြင်းနှင့် အသစ်ဖြစ်တည်ခြင်းကြား သူ့အရိုးများက ပို၍ အားကောင်းလာသည်။ ငွေမှုန့်သဲကလည်း ဆက်တိုက်သန့်စင်ခံနေရ၍ အာနိသင် ပြလာသည်။
နာရီပိုင်းကြာမြင့်ပြီးနောက် ဝမ်ဝေ့၏ အရိုးများကို ကောင်းကင်ဖျက်ဆီး မီးတောက်က မဖျက်ဆီးနိုင်တော့ပေ။ ထို့ကြောင့် သူက ကျောရိုးမအား လောင်မြိုက်ခံလိုက်သည်။ ထို့နောက် သူက သူ့ကျောရိုးမလည်း အခြားအရိုးများ ဖြတ်ကျော်ခဲ့သည့်အတိုင်း ဖြစ်စဉ်ကို ဖြတ်ကျော်စေလိုက်သည်။
ထို့နောက် သူက ကြွက်သားများ၊ အရေပြားနှင့် ပင်ကိုယ်စက်ကွင်းအထိ ပြန်လည်ကြီးထွားလာစေသည်။
အရိုးများကို လေ့ကျင့်ပေးပြီးနောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် မှော်ဆန်ဆန် ပြောင်းလဲမှု ဖြစ်လာကြောင်း ရုတ်ချည်း ခံစားမိလိုက်သည်။
သူ့ခွန်အားက အဆမတန် တိုးပွားလာသည်။
ယခု သူ့လက်သီးချက်က သန်းတစ်ရာ ခွန်အား ရောက်နေလောက်လေပြီ။ သူ့ပင်ကိုယ်စက်ကွင်းသည်လည်း ယခင်ထက် ပိုမိုအားကောင်းလာကာ ခန္ဓာကိုယ်မှ စိတ်ကြိုက်ရွေ့လျားနိုင်ပြီး သူ့အနားမှ အရာများ သို့မဟုတ် လူများအထိပါ ကာကွယ်နိုင်လေပြီ။
ပို၍ အရေးကြီးသည်က ဝမ်ဝေ့က သူ့ပြန်လည်ကောင်းမွန်နှုန်းသည် နောက်တစ်ဆင့်သို့ ရောက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူက စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူက အဆင့်နိမ့် ကောင်းကင်ဓားကို ထုတ်ကာ သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်လိုက်သည်။
သူ ကောင်းကင်အဆင့် လက်နက် ရွေးချယ်လိုက်သည့် အကြောင်းအရင်းမှာ သူတို့ကို စည်းမျဉ်းလက်နက်များဟု သတ်မှတ်နိုင်ပြီး အာကာပြင် ဖြိုခွင်းခြင်း အဆင့် ကျင့်ကြံသူများသာ အသုံးပြု၍ ဖြစ်သည်။ ဤသို့သော လက်နက်မျိုးကသာ သူ့ခုခံနိုင်စွမ်းကို အလွယ်တကူ ချိုးဖောက်နိုင်လိမ့်မည်။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အသုံးပြုသည့် ထိပ်တန်းအဆင့် မြေကမ္ဘာလက်နက်က သူ့လက်တစ်ချောင်းကို ဖြတ်နိုင်ဖို့ အချိန်အကြာကြီးကြာလိမ့်မည်။
သူ့လက်ချောင်းကို ဖြတ်လိုက်ပြီးနောက် စက္ကန့်ပိုင်းလောက်အကြာတွင် သူ့လက်ချောင်းမှ အရိုးက ပြန်ပေါက်လာပြီး ကြွက်သားများနှင့် အရေပြားလည်း နောက်ကနေ ချက်ချင်းပြန်ကောင်းလာသည်။ ဖြစ်စဉ်တစ်ခုလုံး သုံးစက္ကန့်ပင် မကြာလိုက်ပေ။ သို့သော်လည့် မြင်ရသည်မှာ ရွံ့ရှာဖွယ် ဖြစ်နေသည်။
ဝမ်ဝေ့က အမြင်ကို ဂရုမစိုက်၍ ပြုံးလိုက်သည်။ သူက သူ့ခန္ဓာကိုယ်သည် အရိုးများပင် ပြန်လည်ပေါက်နိုင်သည့် အဆင့်သို့ ရောက်သွားပြီ ဖြစ်မှန်း သိလိုက်၍ ပျော်ရွင်မိသွားသည်။
ယခု သူ့ခန္ဓာကိုယ်ထဲ တစ်ခုတည်းသော အားနည်းချက်မှာ သူ့အတွင်းအင်္ဂါများသာ ဖြစ်၏။ သို့သော်လည်း ထိုပြဿနာကို အနာဂတ်၌ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီးနောက် ကောင်းကင်မှ စမ်းသပ်ချက်တိမ်တိုက်များကို ကြည့်လိုက်သည်။ ကောင်းကင်ဖျက်ဆီး မီးတောက်က သူ့ဆီ ကျရောက်နေဆဲ ဖြစ်သော်လည်း သက်ရောက်မှု မရှိတော့ပေ။
ဝမ်ဝေ့၏ အစီအစဉ်က ထိုကောင်းကင်စမ်းသပ်ချက်ကို အသုံးချကာ နှလုံးကို စတင်လေ့ကျင့်ပေးဖို့ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဖျက်ဆီး မီးတောက်နှင့် မသင့်တော်ပေ။ သန့်စင်မီးတောက်ကသာ ပို၍ သင့်တော်လေ၏။
ဝမ်ဝေ့က ထိုအရာကို တွေးမိလိုက်ပြီးနောက် ဤကောင်းကင်စမ်းသပ်ချက်သည် သူ့အတွက် အသုံးမဝင်ကြောင်း သိလိုက်၍ လက်သီးဖြင့် ပစ်ခွင်းလိုက်သည်။
ဝုန်း
ဝမ်ဝေ့လက်မှ ဧရာမလှိုင်းလုံးကြီးက ကောင်းကင်အထိ ရောက်သွားကာ ပေါက်ကွဲသွားသည်။ စမ်းသပ်ချက်တိမ်တိုက်အားလုံး ပြန့်ကျဲသွားလေသည်။ ကောင်းကင်မှ ဒေါသတကြီး အော်သံ ထွက်လာသော်လည်း ထိုအသံထဲ၌ မလိုလားသည့် အရိပ်အယောင်များ ပါဝင်နေသည်။
မည်သို့ပင်ဆိုစေကာမူ ရလဒ်က တိမ်တိုက်များ ကင်းစင်သွားပြီဖြစ်၍ ကောင်းကင်စမ်းသပ်ချက်လည်း ပြီးဆုံးသွားလေပြီ။
ထို့နောက် ဝမ်ဝေ့က အရောင်ကွဲ သုံးရောင် ချိတ်ဆွဲထားသည့် သူ့အသိစိတ်ပင်လယ်ထဲ ကြည့်လိုက်သည်။