← Chapters

ပင်ကို စွမ်းရည်

Vol. 13 Ch. 180

ပင်ကို စွမ်းရည်

Vol. 13 Ch. 180

အခန်း(၁၈၀) : ပင်ကို စွမ်းရည်

ဝမ်ဝေ့က ကောင်းကင်စမ်းသပ်ချက်ကြောင့် ဖြစ်သွားသည့် အပျက်အစီးများကို မကြည့်ခင် ဝတ်ရုံအသစ် လဲဝတ်လိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်က တောင်တစ်ခုလုံးသည် အဆင်ပြေလျက်ရှိနေပြီး မီးလောင်ရာများပင် မကျန်ရှိသလို ဘာမှလည်း မဖျက်ဆီးခံလိုက်ရပေ။

ဤသည်မှာ တောင်တစ်ခုလုံးတွင် ခင်းကျင်းထားသည့် အစီအရင်အားလုံးကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းဘက် ပြန်လာလိုက်သည်။

ထိုစဉ် ဂိုဏ်းရှိ တပည့်များအားလုံးက တုန်လှုပ်အံ့အားသင့်သည့် အမူအရာများ ဖြစ်နေကြသည်။ သူတို့က ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားသည့် တိမ်မည်းများနှင့်အတူ စမ်းသပ်ချက်တောင်ထိပ်ဆီ အဖြူနှင့် အနီ မီးတောက်များက ဆက်တိုက်ကျရောက်နေသည်ကို မြင်လိုက်ရသည်။

လူများစွာက ဘယ်မိစ္ဆာကျင့်ကြံသူ ကျူးကျော်လာတာလဲဟု စဉ်းစားနေကြစဉ် သခင်လေးက စမ်းသပ်ချက် ဖြတ်ကျော်တော့မည် ဖြစ်ကြောင်း သတင်းကြားလိုက်ရ၏။ ရလဒ်အနေနှင့် လူအများစုက ကောင်းကင်စမ်းသပ်ချက်၏ အားကောင်းပုံကို မြင်ကာ ဝမ်ဝေ့အတွက် စိတ်ပူလာကြသည်။ သူ စမ်းသပ်ချက် ဖြတ်ကျော်နိုင်ပါ့မလား တွေးနေကြသည်။

အကယ်၍ ကောင်းကင်ဖျက်ဆီး မီးတောက်နှင့် သန့်စင်မီးတောက်များ အပြင်မပျံ့နှံ့စေရန် ကာကွယ်ပေးထားသည့် စမ်းသပ်ချက်တောင်ထိပ်ရှိ အစီအရင်များကြောင့်သာ မဟုတ်လျှင် ဤကောင်းကင်စမ်းသပ်ချက်က ဘယ်လိုအပျက်အစီးမျိုးကို ဖြစ်နိုင်မလဲဆိုတာ ကောင်းကင်သာ သိလိမ့်မည်။

ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းဆီ ပြန်ရောက်လာပြီးနောက် အဆင့်တက်လှမ်းခြင်း နောက်ဆုံးအဆင့်ဖြစ်သည့် ပင်ကိုစွမ်းရည် ရရှိဖို့အတွက် ပြင်ဆင်လိုက်သည်။

ဝမ်ဝေ့က သူ့အသိစိတ်ပင်လယ်ထဲမှ အလင်းသုံးခုကို ကြည့်လိုက်သည်။ ထိုအလင်းသုံးခုက ပင်ကိုစွမ်းရည် သုံးမျိုးကို ကိုယ်စားပြုသောကြောင့် ဝမ်ဝေ့ပင် အံ့အားသင့်သွားလေသည်။

သူက ထိုအလင်းသုံးခုပေါ် အာရုံစိုက်လိုက်သည့်အခါ သူ့သက်တံရောင် ချီကံကောင်းမှုနဂါးက ထိုအလင်းများဆီ တည့်တည့်ပျံသန်းလာပြီး သူတို့အလင်းရောင်ကို ပိုမိုတောက်ပလာစေသည်။ ထို့ကြောင့် နဂို ဝမ်ဝေ့၏ အသိစိတ်ပင်လယ် ခရမ်းရောင်က ယခုအခါ အပိုအရောင်သုံးရောင်ဖြစ်သည့် မီးခိုးရောင်၊ အဖြူအနက်နှင့် အစိမ်းရောင်တို့ဖြင့် တောက်ပလာသည်။

သူ့ချီကံကောင်းမှုက သူ့ပင်ကိုစွမ်းရည်အသစ်ကို အသိအမှတ်ပြုပြီးနောက် အလင်းသုံးခုက သင်္ကေတသုံးခုအဖြစ် ပြောင်းသွားသည်။ ထိုပင်ကိုစွမ်းရည်များက ရောနှောသွားကြောင်း ပြသနေသည်။ ဝမ်ဝေ့၏ တွက်ချက်မှုအရ ဖြစ်စဉ်တစ်ခုလုံးက သုံးရက်မျှ ကြာမြင့်လိမ့်မည်။

ထို့နောက် သတင်းစကားတစ်ခုက ပင်ကိုစွမ်းရည်များ၏ နာမည်များကို သူ့စိတ်ထဲ ပို့ဆောင်ပေးလိုက်သည်။ သူတို့က ဘာလုပ်နိုင်ကြောင်း၊ ဘယ်လိုအဆင့်ရှိကြောင်း စသည်ဖြင့် ဖြစ်၏။

ဝမ်ဝေ့ သိထားသလောက် ပင်ကိုစွမ်းရည်ကို အဆင့်လေးဆင့် ခွဲထားပြီး သာမန်၊ ဖြစ်ထွန်း၊ ထူးကဲနှင့် တားမြစ်အဆင့်တို့ ဖြစ်ကြသည်။ သာမန်ပင်ကိုစွမ်းရည်များက အဆိုးရွားဆုံး ဖြစ်၏။ ထိုပင်ကိုစွမ်းရည်များက ပိုင်ရှင်ကို သဘာဝလွန်နယ်ပယ်အဆင့်အတွင်းသာ ကူပေးနိုင်ပြီး နောက်ပိုင်းတွင် အသုံးမဝင် ဖြစ်သွားကြသည်။ သာမန်ပင်ကိုစွမ်းရည်က ဘာမှ မရှိသည့်ထက်တော့ ပိုကောင်းသေး၏။

ဖြစ်ထွန်း ပင်ကိုစွမ်းရည်က နာမည်အတိုင်း ပိုင်ရှင်နှင့်အတူတူ ဖွံ့ဖြိုးလာနိုင်သည့် ပါရမီ ဖြစ်သည်။ ဖြစ်ထွန်း ပင်ကိုစွမ်းရည်၏ စမှတ်က နိမ့်သော်လည်း  ကြောက်ခမန်းလိလိ အမြင့်သို့ ရောက်နိုင်ခြေ ရှိသည်။ ထိုအရာအားလုံးက ပိုင်ရှင်ပေါ်တွင်သာ မူတည်၏။

ထူးကဲ ပင်ကိုစွမ်းရည်များက အလွန်အားကောင်းပြီး ပိုင်ရှင်အား သူတို့ကျင့်ကြံရေးလမ်းစဉ်တစ်လျှောက်လုံး အဖော်ပြုပေးကြသည်။ ထို့အပြင် သူတို့က ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။

တားမြစ် ပင်ကိုစွမ်းရည်အတွက်လား …

သူတိုက အလွန်အားကောင်းပြီး တစ်ခါတစ်ရံ ကောင်းကင်ဘုံ သွေဖယ်နေလောက်အောင်အထိ ဆန်းကြယ်အားကောင်းလေ့ရှိသည်။ တားမြစ် ပင်ကိုစွမ်းရည်က ကျင့်ကြံသူအား သေလူကိုပင် အသက်ပြန်သွင်းနိုင်ဖို့ ဖြစ်နိုင်သည်။

သို့သော်လည်း တားမြစ် ပင်ကိုစွမ်းရည်များက အမြဲတမ်း တန်ကြေးပေးရသည်။ မကြာခဏဆိုသလို ထိုစွမ်းရည်များက တစ်ကြိမ်သုံး စွမ်းရည် ဖြစ်ကြသည်။ ပြောရလျှင် တစ်ကြိမ် အသုံးပြုပြီးပါက ပိုင်ရှင်က ထပ်မံ အသုံးမပြုနိုင်တော့ဘဲ ထိုပင်ကိုစွမ်းရည်က ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။

နောက်ထပ် ဆိုးကျိုးတစ်ခုမှာ သူတို့ကို အသုံးပြုဖို့ သက်တမ်း သို့မဟုတ် အသုံးပြုသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု သို့မဟုတ် သူတို့တစ်ဘဝလုံးကိုပင် စတေးရလောက်အောင်အထိ လိုအပ်သည်။  တားမြစ် ပင်ကိုစွမ်းရည်များက အလွန်အားကာင်းသော်လည်း မတည်မြဲပေ။

ဝမ်ဝေ့အတွက်မူ သူက ဖြစ်ထွန်း ပင်ကိုစွမ်းရည်နှစ်မျိုးနှင့် ထူးကဲ ပင်ကိုစွမ်းရည်တစ်မျိုး လက်ခံရလိုက်သည်။

သူ့အသိစိတ်ပင်လယ်ထဲ အစိမ်းရောင် သင်္ကေတက နာကျင်ခြင်း ပင်ကိုစွမ်းရည်ကို ကိုယ်စားပြုသည်။ ဝမ်ဝေ့က ထိုပင်ကိုစွမ်းရည်၏ လုပ်ဆောင်ချက်ကို သိပြီးနောက် ဆွံ့အသွားလေသည်။

ထိုစွမ်းရည်က သူ့အား သူ တိုက်ခိုက်နေသည့် ရန်သူများ၏ နာကျင်မှုကို တိုးမြင့်ပေးစေနိုင်သည်။ သူ့ခန့်မှန်းချက်အရ ဤစွမ်းရည်သည် သူ့တိုက်ခိုက်မှုအောက် တစ်ဖက်လူ ပြန်တိုက်နိုင်စွမ်း မရှိတော့သည့်အထိ နာကျင်သွားစေဖို့ ဖြစ်၏။ အနည်းဆုံးတော့ သူတို့ကို နာကျင်မှုဒဏ်ကြောင့် သိသိသာသာ အားလျော့သွားစေလိမ့်မည်။

ထိုစွမ်းရည်၏ နောက်ထပ်လုပ်ဆောင်ချက်မှာ ဝမ်ဝေ့က နာကျင်မှုဒဏ်ကို ခုခံနိုင်လေလေ သူ့တိုက်ခိုက်အားက ပို၍ တိုးမြင့်လာလေလေ ဖြစ်၏။

ဝမ်ဝေ့က သူ့တွင် ထိုစွမ်းရည်မျိုး ရှိရသည့် အကြောင်းအရင်းမှာ ငရဲ ၁၈ ထပ်တွင် သူ ကြုံတွေ့ခံစားရသည့်အချက်ကြောင့် ဖြစ်နိုင်မှန်း မှန်းဆမိလိုက်သည်။ ထို့အပြင် သူက နယ်ရှင်လက်သီးကို ကျင့်ကြံထား၍လည်း ဖြစ်နိုင်လောက်သည်။

သူ့ဒုတိယ ဖြစ်ထွန်း စွမ်းရည်မှာ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းဟု ခေါ်၏။ ထိုပါရမီတွင် နာမည်ကောင်း ရှိသော်လည်း ကြားရသလောက် အားမကောင်းပေ။ ထိုစွမ်းရည်က ဝမ်ဝေ့အား မည်သည့်စွမ်းအင်ကိုမဆို စုပ်ယူကာ သူ့ကိုယ်သူ ကုသစေနိုင်သည်။

နမူနာအားဖြင့် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူခြင်းဖြင့် သူ့ဒဏ်ရာအများစုကို ကုသနိုင်လိမ့်မည်။ ဝမ်ဝေ့အတွက် ထိုစွမ်းရည်က အနည်းငယ် အသုံးမဝင်ဖြစ်သွားသည်မှာ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အတော်လေး မြင့်မားနေ၍ ဖြစ်သည်။

သို့သော်လည်း ဝမ်ဝေ့က သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အဆင့်တိုးဖို့အတွက် အသုံးပြုနိုင်လေသည်။ နမူနာအားဖြင့် သူ့အနေနှင့် တိုက်ပွဲအတွင်း လက်တစ်ဖက် ပြန်ပေါက်ဖို့ မိနစ်အနည်းငယ် ကြာမြင့်သည်ဆိုလျှင် ယခုစွမ်းရည်ဖြင့် ချက်ချင်း မဟုတ်လျှင်ပင် စက္ကန့်ပိုင်းလောက်သာ ကြာမြင့်လိမ့်မည်။

အနာဂတ်တွင် ဝမ်ဝေ့ ရင်ဆိုင်ရမည့် တိုက်ပွဲအဆင့်များ၌ စက္ကန့်ပိုင်း ကွာခြားချက်ပင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးသွားနိုင်သည်။

သူ့တွင် ထိုစွမ်းရည် ရှိနေသည့် အကြောင်းအရင်းမှာ ဒုတိယ မျှော်နန်းဆောင်စစ်ဆေးမှုထဲ သေခြင်းတရားအပေါ် နားလည်နိုင်စွမ်းကြောင့် ဖြစ်လိမ့်မည်။

နောက်ဆုံး စွမ်းရည်က သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာအတွက် သီးသန့်ပြုလုပ်ပေးထားသည့် စွမ်းရည်မျိုး ဖြစ်၏။ အရိုးရှင်းဆုံးပြောရလျှင် ဝမ်ဝေ့ပင် အံ့အားသင့်မိသွားသည်။

ထိုစွမ်းရည်က ထူးကဲစွမ်းရည် ဖြစ်ဖို့အတွက် ကြောက်စရာကောင်းလွန်းလှသည်။ ထိုပင်ကိုစွမ်းရည်မှ ပေးထားသည့် စွမ်းအားပမာဏက တားမြစ် စွမ်းရည်ဟုပင် ထင်ရလောက်အောင်အထိ အံ့မခန်း ဖြစ်သည်။

သူက အမှားမလုပ်မိစေတာ သေချာဖို့အတွက် မိနစ်အနည်းငယ်ကြာ စစ်ဆေးကြည့်လိုက်သည်။ သူ့အင်အား သိသိသာသာ တိုးမြင့်လာကြောင်း သိလိုက်မှ သက်ပြင်းချလိုက်သည်။ သူက ထိုစွမ်းရည်ကို စမ်းသပ်ဖို့ ပြိုင်ဘက်ကောင်းနှင့် တွေ့ချင်နေလေပြီ။

ဝမ်ဝေ့က သူ့စွမ်းရည်များကို စစ်ဆေးပြီးနောက် ချက်ချင်း သီးသန့်လေ့ကျင့်ဖို့ မလုပ်ဆောင်သေးပေ။ သူက လတ်တလောရှိထားသည့် ပဟေဠိများကို ဖြေရှင်းဖို့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း မှတ်တမ်းများကို ပြန်ကြည့်လိုက်သည်။

သူ့ယခင်နားလည်နိုင်စွမ်းအရ ပင်ကိုစက်ကွင်း စွမ်းရည်မျိုးဖြင့် နိုးထလာဖို့ မဟုတ်ပေ။ သို့သော် သူ့အရိုးများကို လေ့ကျင့်ပေးပြီးသည့်နောက်တွင် နောက်ထပ် စွမ်းရည်တစ်မျိုး နိုးထလာခဲ့သည်။

ထို့ကြောင့် သူက အကြောင်းအရင်းကို သိချင်နေမိသည်။ သူက ကြွက်သားများကို လေ့ကျင့်ပေးပြီးနောက် စွမ်းရည်အသစ် ဘာလို့မနိုးထလာရလဲ သိချင်နေမိသည်။

မှတ်တမ်းများကို စစ်ဆေးကြည့်ပြီးနောက် ဝမ်ဝေ့က ဤသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်အထိ လေ့ကျင့်သန့်စင်ထားခြင်း၏ ရလဒ် ဖြစ်ကြောင်း သိလိုက်သည်။ သူ့ကြွက်သားမှ စွမ်းရည် မထွက်လာသည်မှာ ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်အထိ မရောက်၍ ဖြစ်၏။

နောက်ဆုံးတွင် ဝမ်ဝေ့က နားလည်သွားသည်။ သူက ဖရိုဖရဲအာကာပြင်ကြား အရေပြားကို လေ့ကျင့်ပေးခဲ့ပြီး ကောင်းကင်မီးတောက်ဖြင့် အရိုးများကို လေ့ကျင့်သန့်စင်ခဲ့သည်။ သူ့ကြွက်သားများကို သာမန်နည်းလမ်းများသာ အသုံးပြုမိခဲ့၏။

အဖြေကို သိပြီးနောက် ဝမ်ဝေ့က သူ့စွမ်းရည်အသစ်ကို စစ်ကြည့်လိုက်သည်။ အရိုးသားဆုံးပြောရလျှင် စွမ်းရည်အသစ်က အမှန်တကယ် ကောင်းကင်သွေဖယ်လွန်းနေသည်။

ထိုစွမ်းရည်ကို အရိုးကိုယ်ပွား အစားထိုးခြင်းဟု ခေါ်ဆိုပြီး ဝမ်ဝေ့အား သူ့အရိုးများမှ ကိုယ်ပွားအသစ် ဖန်တီးစေနိုင်ခြင်း ဖြစ်ကာ ထိုကိုယ်ပွားများအား သေစေနိုင်သည့် တိုက်ခိုက်မှုအောက်တွင် အစားထိုး သုံးနိုင်သည်။

အကယ်၍ ဝမ်ဝေ့သာ သူ့ကို ချက်ချင်း သတ်နိုင်သည့် အားပြင်းပြင်း တိုက်ခိုက်မှုမျိုး ခံယူခဲ့ရလျှင် သူ့အနေနှင့် အရိုးကိုယ်ပွားကို သူ့အစား သေခိုင်းနိုင်သည်။ အထူးသဖြင့် ဝမ်ဝေ့က ထိုစွမ်းရည်ကြောင့် နောက်ထပ် အသစ်တစ်ခု ရလိုက်သလိုမျိုး ဖြစ်သည်။

ထို့အပြင် ဝမ်ဝေ့တွင် ထူးထူးဆန်းဆန်း မန္တန်မျိုး၊ ကြမ္မာဝဋ်သက်ရောက်မှုမျိုး သို့မဟုတ် လက်တွေ့မေ့ပျောက်ခြင်းမျိုးစသည့် သတိမထားနိုင်စရာ ကျိန်စာ သို့မဟုတ် သက်ရောက်မှုမျိုး ဖြစ်လာခဲ့လျှင် ထိုကိုယ်ပွားက ဝမ်ဝေ့အတွက် အစားထိုးဖြစ်သွားလိမ့်မည်။ ထိုသို့သော မန္တန်အမျိုးမျိုး သို့မဟုတ် မူလစွမ်းရည်များက ရှားပါးလှသော်လည်း တည်ရှိနေသေး၏။

ထို့ကြောင့် ထိုစွမ်းရည်ဖြင့် ဝမ်ဝေ့ကို တိုက်ခိုက်ဖို့ ခက်လိမ့်မည်။ သူတို့က အရိုးကိုယ်ပွားကိုသာ သတ်မိပြီး ဝမ်ဝေ့အတွက် တုံ့ပြန်နိုင်ဖို့ အချိန်ရလာစေလိမ့်မည်။

ထိုကိုယ်ပွား၏ စွမ်းရည်က တစ်ခါသုံး မဟုတ်ပေ။ ဝမ်ဝေ့ လုပ်ဖိုလိုအပ်သည်ကား ငွေမှုန့်သဲ သို့မဟုတ် နက်ရှိုင်းကြေးနီလိုမျိုး အဆင့်မြင့် ရှားပါးပစ္စည်းတချို့ကို စုပ်ယူပြီး ပြန်လည်ဖန်တီးလိုက်ရုံသာ ဖြစ်၏။

အကယ်၍ ဒီစွမ်းရည်ကို တခြားသာမန်ကျင့်ကြံသူသာ လက်ခံမိလျှင် ထိုရှားပါးပစ္စည်းများ ဘယ်နေရာတွင် သွားရှာရမလဲဟု တွေးပူနေရလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့အတွက် ဂိုဏ်းမှ တစ်ယောက်ယောက်ဆီ သူ လိုအပ်နေကြောင်း ပြောလိုက်ရုံသာ ဖြစ်၏။ ဤသည်မှာ ကျင့်ကြံရေးလောက၏ ချမ်းသာသော ဒုတိယမျိုးဆက် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ ဖြစ်ပေသည်။

သဘောတရားအရပြောရလျှင် သူ့မိသားစုက မျိုးဆက်များစွာ ချမ်းသာလာခဲ့သည်။ သို့သော် ထိုအရာက အရေးမကြီးပေ။

အရာအားလုံး အဆင်ပြေကြောင်း စစ်ဆေးပြီးနောက် ဝမ်ဝေ့က သူ့ကြွက်သားများကို ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် ဘယ်လိုလေ့ကျင့်ပေးရမလဲ စဉ်းစားလာမိသည်။

အကောင်းဆုံးနည်းလမ်းက အံ့ဖွယ်ခန္ဓာအဆင့် ချိုးဖောက်သည့်အချိန် ကောင်းကင်စမ်းသပ်ချက်ကို ထပ်စောင့်ဖို့ ဖြစ်၏။ သို့သော်လည်း အရမ်းကြာနေဦးမည်။

သို့သော် သိပ်မကြာခင် သူ့စိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။ သူ လိုချင်နေသည့် အခွင့်အရေးက သူ့ရှေ့ မကြာခင် ရောက်လာလိမ့်မည် ဖြစ်မှန်း သိလိုက်သောကြောင့် နတ်ဆိုးပြုံး ပြုံးလိုက်ကာ  “ ဒီလောက်နှစ်တွေကြာပြီးဆိုတော့ ငါးစာဟပ်မိပြီလား ကြည့်ရအောင် ”

All Chapters