ဧကရာဇ်မျိုးဆက်
Vol. 13 Ch. 182
အခန်း(၁၈၂) : ဧကရာဇ်မျိုးဆက်
ထိုမေးခွန်းကို ကြားကာ ဝမ်ကျူက သတင်းအချက်အလက်များစွာ ပါသည့် စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး စတင်တင်ပြလိုက်သည်။
“ အရင်နှစ်ပိုင်းအတွင်း သတင်းကြီးထဲက တစ်ခုက အဆင့် ၁ ဟွင်သွမ်းရုပ်ခန္ဓာ ပိုင်ရှင်က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်မှာ ထွက်ပေါ်လာပြီ။ သူက အလွှာနိမ့်က လာတာ သူ့နာမည်က လင်းဖန်တဲ့ ”
“ သူ့အကြောင်း နောက်ထပ်ရှိသေးလား” ဝမ်ဝေ့က စိတ်ဝင်တစား မေးလိုက်သည်။
“ ကျောင်းတော်က သူ့ကို တင်းတင်းကျပ်ကျပ် ကာကွယ်ပေးထားတယ်ဆိုတော့ သိပ်တော့မသိရသေးဘူး။ ဒါပေမဲ့ အချက်အလက်တချို့တော့ ဆန်းစစ်လို့ရတယ်။ နမူနာအနေနဲ့ သူ အလွှာနိမ့်ကနေ တက်လာတုန်း မိန်းမလှလေးတွေအများကြီး ပါလာတဲ့အချက်အရ ကာမစိတ်ပြင်းမှန်း သိနိုင်တယ်”
ဝမ်ကျူက မျက်နှာပူနေသည့် လီကျွင်းအား မကြည့်ခင် ခဏရပ်လိုက်သည်။ လီကျွင်းကလည်း သူမအကြည့်နှင့် မဆုံမိစေရန် ခေါင်းစောင်းလိုက်သည်။ ထိုစဉ် ယန်းလီလင်းက ဘေးမှ သူ့ဗိုက်ကို ဆွဲဆိတ်လိုက်၏။
ထျဲ့ကန်အတွက်မူ မဖြုံသည့် မျက်နှာထားမျိုး ရှိနေသည်။ သူက ဒီအဖွဲ့ထဲ အသားမကျသေးသော်လည်း သူ့ကိုယ်သူ ထိန်းညှိဖို့ ကြိုးစားနေသည်။ သူ့အနေနှင့် ဒီကမ္ဘာ၏ သမိုင်းကြောင်းနှင့် ဝမ်ဝေ့၏ နောက်ခံကို သိပြီးသည့်နောက်တွင် သူ့ရည်မှန်းချက်အများစု ပျက်စီးသွားလေသည်။
သူက အလွှာနိမ့်မှ မွေးဖွားလာသည့် မဟာဧကရာဇ်တချို့ ရှိထားမှန်း သိထားသော်လည်း ကံဆိုးစွာဖြင့် သူတို့မြင့်တက်လာမှုက အမြဲတမ်း ကံဆိုးမှုများ၊ အဖြစ်ဆိုးများဖြင့် အတူတူယှဉ်တွဲပါလာတတ်သည်။ အများစုက ကောင်းကင်သွေဖယ်နေသည့် ပါရမီမျိုးနှင့် ကံကောင်းမှုကို အားကိုးကာ အမြင့်တစ်ခုသို့ တက်ရောက်သွားကြသည်။
ထျဲ့ကန်က သူ့အကြောင်း သေချာသိထားသူ ဖြစ်ပြီး သူ့တွင် ထိုမဟာဧကရာဇ်များအား လိုက်တုဖို့ ကံကောင်းမှုလည်း မရှိသလို ပါရမီလည်း မရှိကြောင်း သဘောပေါက်လိုက်သည်။ အထူးသဖြင့် ဤမျက်မှောက်ခေတ်ကာလ ကောင်းကင်ရွေးချယ်ခံများ၏ အင်အားနှင့် ပါရမီများက ယခင်မျိုးဆက်များကို ကျော်လွန်နေသည့်အခါတွင် ဖြစ်သည်။
လီကျွင်းကို ကြည့်လိုက်ပြီးနောက် ဝမ်ကျူက ဆက်ရှင်းပြလိုက်သည်။
“နောက်ထပ်တစ်ချက်က သူ့မောက်မာမှုနဲ့ မာနပဲ … ဒါပေမဲ့ ဒီအချက်အလက်က ထင်ကြေးပဲ ရှိသေးတယ်”
“ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းဆောင်ထဲ သူ ဝင်ရောက်ပြီးတဲ့နောက်မှာ ကျွန်မတို့ ဒီလိုအကဲဖြတ်လိုက်တာပါ။ အဲဒီလင်းဖန်က မောက်မာတယ်၊ မာနကြီးပြီးတော့ သူ့ခွန်အားအကြောင်း ကြွားလုံးထုတ်လွန်းတယ်။ ဒါပေမဲ့ သူ့တကယ့်ပုံစံလားဆိုတာတော့ မဆုံးဖြတ်နိုင်ဘူး။ ဒါမှမဟုတ် သူ့နိမ့်ကျတဲ့ နောက်ခံကြောင့် ဒီလိုပြုမူနေတာလားတော့ မသိဘူး။ ကံကြမ္မာအရိပ်အဖွဲ့ဝင်တွေက သူ ဒီလိုပြုမူနေတာ အလွှာနိမ့်ကမ္ဘာက သူ့ဇစ်မြစ်ကို သတိထားနေလို့ ဖြစ်ရမယ်ဆိုပြီး ကောက်ချက်ချထားကြတယ်။
သူ ဒီလိုပြုမူတာက သူ့နောက်ခံကို ပြန်ထောက်ပံ့ပေးနိုင်ဖို့နဲ့ သူ့ကို ထောက်ပံ့ပေးသူတွေ ပိုရလာဖို့ ဆိုပြီး ယုံနေကြတယ်။ ပြီးတော့ အဲဒီအစီအစဉ်က အလုပ်ဖြစ်ပုံပဲ … သူက သဘာဝလွန်နယ်ပယ်အဆင့်လေးနဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်နယ်ပယ်အဆင့်က စီနီယာတစ်ယောက်ကို အနိုင်ပိုင်းပြီးတဲ့နောက်မှ ပိုသိသာလာတယ် ”
“သူ့ထက် နှစ်ဆင့်မြင့်တဲ့သူကို နိုင်ခဲ့တာလား။ သူက ကြွားလုံးထုတ်နေတာလား” ဝမ်ဝေ့က ပြုံးကာ မေးလိုက်သည်။
“သခင်လေး … သူတင် မကဘူး။ အဆင့် ၃ ချီယွီလျိုချင် ရုပ်ခန္ဓာ ပိုင်ရှင် စုယာရော၊ မွေးရာပါ ဓားအရိုးပိုင်ရှင် ကျန့်ဝူရွမ်းရော သဘာဝလွန်အဆင့်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို ကိုယ်စီ အနိုင်ယူပြီးကြပါပြီ … ဒါက ကောင်းကင်ရွေးချယ်ခံတွေ ကမ္ဘာစင်မြင့်ဆီ ဝင်ရောက်လာတာကို ကြေညာလိုက်တဲ့ နည်းလမ်းအဖြစ် သုံးနေကြသလိုမျိုးပဲ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့အစွယ်များ ထုတ်ပြဖို့ အချိန်ရောက်လာပြီ ဖြစ်ကြောင်း တွေးလိုက်သည်။
“ဟန်လီနဲ့ ပတ်သက်ပြီးတော့ရော ဘာသတင်းရသေးလဲ”
“ စစ်ဆေးမှုမစခင် လပိုင်းလောက်က သခင်လေးဟန်လီက သီးသန့်လေ့ကျင့်ရာကနေ ထွက်လာခဲ့ပါတယ်။ သူ့စွမ်းအားလည်း အဆမတန် မြင့်တက်လာတယ်။ သူ့အင်အားနဲ့ တခြားအပြိုင်အမွေခံသားတော်တွေကိုတောင် အလွယ်လေး အနိုင်ယူနိုင်တယ်။ အဲဒီနောက်ပိုင်းကျ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်သွားပါတယ် … လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ တစ်ခေါက်ပြန်ပေါ်လာတယ်။ အဲဒီတစ်ခါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် အစောပိုင်းထိပ်တန်းအဆင့် ရောက်နေပြီ။ အဲဒီတုန်းက သူက ဂိုဏ်းကနေ ထွက်သွားပြီးတော့ ကမ္ဘာဦးစိတ်ဝိညာဉ် ထိပ်သီးအဆင့် အုပ်စုကို စိန်ခေါ်ခဲ့တယ်။ ပြီးတော့ အနိုင်ရခဲ့တယ် … လူတော်တော်များများက သူ ဘယ်လိုလုပ် အင်အားကြီးလာလဲ တွေးနေကြတာ”
“အကြီးအကဲလုံပေါ်ရဲ့ တုံ့ပြန်မှုကရော ” ဝမ်ဝေ့က နှာခေါင်းရှုံ့လျက် မေးလိုက်သည်။
“ သခင်လေး ထင်ထားသလိုပါပဲ။ အကြီးအကဲလုံပေါ်က သူ့တပည့်ရဲ့ လတ်တလော အောင်မြင်မှုကို အသုံးချပြီး သူ့ကို ထောက်ပံ့ပေးဖို့ တခြားအကြီးအကဲတွေကို လိုက်စည်းရုံးနေတယ်။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်ပြီး သူ့ဘက်မှာ ကံမရှိဘူး ”
ဝမ်ဝေ့က မအံ့ဩမိပေ။ စစ်ဆေးမှုအတွင်း သူ့အောင်မြင်များအရ ဟန်လီ လုပ်လိုက်သည့် အသေးစားလေးက သူ့နှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ ထို့ကြောင့် သူက စိတ်မပူပေ။ သို့သော်လည်း သူက မမျှော်လင့်ထားသည့်အရာ ဖြစ်မလာစေရန် ကြိုတင်ပြင်ဆင်ထားချင်သည်။
“သူ ဂိုဏ်းအမှုထမ်းအဖွဲ့နဲ့ တခြားမျိုးနွယ်က အဖွဲ့ဝင်တွေကိုရော လာစွယ်သေးလား ” ဝမ်ဝေ့က လီကျွင်းနှင့် ယန်းလီလင်းကို ကြည့်ရင်း မေးလိုက်သည်။
“ အဖေ ပြောတာကတော့ လီမျိုးနွယ်စုဝင်တော်တော်များများကို လုံပေါ်က ဆက်သွယ်လာတယ်တဲ့။ ဒါပေမဲ့ အများစုက အဖေ့ကို ပြန်လာပြောကြတယ်။ တချို့ကတော့ ကြားနေပဲ နေကြပြီးတော့ ကျန်တဲ့လူတွေက သူ့ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ကြတယ်။ ဒါပေမဲ့ ပမာဏက လျစ်လျူရှုထားလို့ရတယ်။ ပြီးတော့ ဂိုဏ်းထဲမှာ သူတို့လက်ထဲက အာဏာကလည်း ဘာမှမဟုတ်ဘူး ”
“ဒေါ်လေးနဲ့ ယန်းမိသားစုမှာလည်း အတူတူပဲ” ယန်းလီလင်းက ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် “ဝမ်ကျူ … ဒီနေ့ကစပြီး နောက်တစ်နှစ်နေရင် ဟန်လီဆီ စိန်ခေါ်စာ ပို့ပေးရမယ်။ ငါတို့ အမွေခံသားတော်ရာထူးအတွက် တိုက်ခိုက်ကြဖို့ အချိန်တန်ပြီ ”
ဝမ်ဝေ့က ဂိုဏ်းအတွင်းရှိ အရှုပ်အထွေးများကို ရှင်းထုတ်ဖို့ တိုက်ရိုက်အကျဆုံးနှင့် အရက်စက်ဆုံးသော နည်းလမ်းကို အသုံးပြုဖို့ ကြံထားသည်။
ဝမ်ကျူက ထိုစကားကို ကြားကာ နည်းနည်း အံ့အားသင့်သွားသော်လည်း နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သောကြောင့် ခေါင်းညိတ်လိုက်သည်။
ဝမ်ဝေ့က သဘာဝလွန်နယ်ပယ်အဆင့် ရောက်လာပြီးနောက် ထိုလူများ၏ ပါရမီနှင့် ပတ်သက်ပြီး ဆွေးနွေးဖို့ ကြံထားသည်။ သို့သော်လည်း သူက တစ်ခုခု ခံစားမိလိုက်၍ အပြင်ဘက် ထွက်လာလိုက်သည်။
မိုးမြေကြားမှ အပြောင်းအလဲကို ခံစားမိသူက ဝမ်ဝေ့သာ မကပေ။ တစ်ကမ္ဘာလုံး ဖြစ်၏။
ဝမ်ဝေ့က သူ့အိမ်တော်မှ ထွက်လာပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အတိအကျဆိုရလျှင် နေမင်းကို မော့ကြည့်လိုက်ခြင်း ဖြစ်၏။
နေရောင်တောက်တောက်အောက်တွင် နေမင်းကြီးမှ အားပြင်းပြင်း အပူဓာတ်များ ထုတ်လွှင့်ကာ တောက်ပနေသည်။ ထိုမီးလျှံလှိုင်းများက မြေပေါ် မထိသော်လည်း ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားကာ တစ်ကမ္ဘာလုံးအား အနီရောင်ပြောင်းသွားစေသည်။
“ဘာတွေဖြစ်နေတာလဲ” လီကျွင်းက မေးလိုက်သည်။ ထိုကမ္ဘာတစ်ဝှမ်း ထူးခြားဖြစ်စဉ်ကို သူ တစ်ယောက်တည်း နားမလည်ခြင်း မဟုတ်ပေ။
“အဲဒါ ယန်မိသားစုပဲ” ဂိုဏ်းချုပ်ဝမ်ထျန်းက အကြီးအကဲတချို့နှင့်အတူ အဖွဲ့နား ရောက်လာသည်။
“ဦးလေးကို ဂါရဝပြုပါတယ် ”
“ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ”
“ မိသားစုခေါင်းဆောင်ကို ဂါရဝပြုပါတယ် ”
တစ်ဖွဲ့လုံးက ဝမ်ထျန်းအား ခေါင်းစဉ်အမျိုးမျိုးဖြင့် နှုတ်ဆက်လိုက်ကြသည်။ ထို့ကြောင့် သူကလည်း ပြန်ပြုံးပြလိုက်သည်။
“အဖေ ယန်မိသားစုဆိုတာ ဘာကိုပြောချင်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
ဝမ်ထျန်းက ကောင်းကင်ကို မော့ကြည့်လိုက်ရင်း “နေမင်းထဲမှာ ဧကရာဇ်မျိုးနွယ် နှစ်ခု နေထိုင်ခဲ့ကြတာ …မဟာဧကရာဇ်သုံးယောက် မွေးထုတ်ထားပြီး တာအိုဂိုဏ်းဖြစ်တဲ့ သမ္မာဓိအစစ်အမှန် မီးလျှံဂိုဏ်းနဲ့ မဟာဧကရာဇ် နှစ်ယောက် မွေးထုတ်ထားနိုင်တဲ့ နတ်ဆိုးတော်ဝင်မျိုးနွယ် ရွှေကျီးမျိုးနွယ်တို့ပဲ … အဲဒီအင်အားစုနှစ်ခုက နှစ်အကြာကြီး တိုက်ခိုက်နေခဲ့ကြတာ။ ဒါပေမဲ့ သူတို့က ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမဲ့ အရင်မျိုးဆက်နှစ်ဆက် မတိုင်ခင်အထိပဲ …
မင်းအဘိုးရဲ့ မျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒကို ရရှိသွားသူက ယန်ချန်းပဲ … သူက မဟာဧကရာဇ်တစ်ယောက်ပဲ ရှိတဲ့ အထွတ်အထိတ်အဆင့် မိသားစုက တစ်ယောက်တည်း ထိုးထွက်လာတာ…
သူက မဟာဧကရာဇ်အဖြစ် သက်သေပြပြီးတဲ့နောက် သူ့ယန်မိသားစုကို နေမင်းဆီ ရွေ့ပြောင်းသွားခဲ့တယ်။ အဲဒီကတည်းက သူတို့အင်အားစုသုံးခုကြား တိုက်ပွဲတွေက မကြာခဏ ဖြစ်တတ်ကြတယ်။ အဲဒါကြောင့် အခုလို ဖြစ်စဉ်တွေ မြင်နေရတာပဲ ”
ဝမ်ဝေ့က မျက်ခုံးပင့်ကြည့်လိုက်ပြီး “ အဲဒီလူတွေ သူတို့တိုက်ပွဲက ကုန်းမြေမှာနေတဲ့ ကျင့်ကြံသူတွေအပေါ် သက်ရောက်မှုဖြစ်မှာ မစိုးကြဘူးလား”
“ဘယ်ဟုတ်ပါ့မလဲ … တခြားအင်အားစုတွေ နေမင်းဆီ လာနေဖို့ စိတ်မဝင်စားတဲ့အကြောင်းအရင်းက ပတ်ဝန်းကျင်က သီးသန့်ရုပ်ခန္ဓာ ဒါမှမဟုတ် ကျင့်ကြံနည်းစနစ်ရှိတဲ့ လူတွေကလွဲပြီး ဘယ်သူမှ အဆင်မပြေမှန်း သိကြလို့ လျစ်လျူရှုထားတာကို သူတို့က သိတယ်။ ဒါပေမဲ့ တစ်ရက် သူတို့တိုက်ပွဲက အသင်္ချေအင်ပါယာကမ္ဘာအထိ ကျူးကျော်လာခဲ့မယ်ဆိုရင်တော့ ကမ္ဘာပေါ်က အင်အားစုအားလုံးက သူတို့ကို ဝိုင်းတိုက်မယ်ဆိုတာလည်း သိထားကြတယ် ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထိုပြဿနာသည် သူ့အပေါ် သက်ရောက်မှုမရှိသည့်အတွက် အများကြီး မစဉ်းစားတော့ပေ။
သူ့သား၏ တုံ့ပြန်မှုကို မြင်လိုက်ပြီး ဝမ်ထျန်းက သတိပေးလိုက်သည်။
“ယန်မိသားစုကို သတိထားတာ ကောင်းလိမ့်မယ်။ ဂိုဏ်းက ရထားတဲ့ သတင်းတွေအရ သူတို့ဆီမှာ ဧကရာဇ်မျိုးရိုးတစ်ယောက် ရှိတယ်တဲ့”
ထျဲ့ကန်မှလွဲ၍ ဝမ်ဝေ့အဖွဲ့သားအားလုံး ဝမ်ထျန်းအား အလန့်တကြား ကြည့်လိုက်ကြသည်။
ဧကရာဇ်မျိုးရိုးက အလွန်ရှားပါးလှသည့် အရာဖြစ်၍ သူတို့ကို အပြစ်မတင်နိုင်ပေ။ ဧကရာဇ်မျိုးရိုးဆိုသည်မှာ မဟာဧကရာဇ်တစ်ယောက်က သူ့တာအိုကို သက်သေပြပြီးနောက် မွေးထုတ်လာသည့် ကလေးကို ဆိုလို၏။
ကျင့်ကြံဆင့်မြင့်လေလေ ကလေးရယူဖို့ ခက်ခဲလေလေ ဖြစ်ကြောင်း သိထားသင့်သည်။ သို့သော်လည်း မဟာဧကရာဇ်အဆင့်မှာ ပိုမိုမြင့်မားသည့် သက်ရှိပုံစံဟု ယူဆ၍ရသည့်အတွက် ခက်ခဲနှုန်းက နောက်တစ်ဆင့်သို့ ရောက်သွားလေသည်။
အဆင့်မြင့် သက်ရှိပုံစံက အဆင့်နိမ့်သက်ရှိဖြင့် မည်သို့မျိုးပွားနိုင်မည်နည်း။ သို့သော်လည်း ရံဖန်ရံခါ ဖြစ်လာတတ်သည်။
ရလဒ်အနေနှင့် ထိုလူများကို ဧကရာဇ်မျိုးရိုးဟု ခေါ်ဆိုကြပြီး သူတို့မွေးဖွားလာကတည်းက ကြောက်ခမန်းလိလိ ပါရမီများ ပိုင်ဆိုင်ထားတတ်ကြသည်။