← Chapters

နှစ်တစ်ထောင်သက်တမ်းရှိသော မျိုးနွယ်စု။ မိစ္ဆာနတ်ဆိုး ပုံဆောင်ခဲဖွဲ့စည်းခြင်း။ (၂)

Vol. 17 Ch. 242

နှစ်တစ်ထောင်သက်တမ်းရှိသော မျိုးနွယ်စု။ မိစ္ဆာနတ်ဆိုး ပုံဆောင်ခဲဖွဲ့စည်းခြင်း။ (၂)

Vol. 17 Ch. 242

ရေချိုးပြီးနောက် စူးချန်ခုန်းသည် ကြေးနီမှန်ရှေ့တွင် ရပ်ကာ သူ့ခန္ဓာကိုယ်ကို ရေခြောက်အောင်သုတ်ရင်း မှန်ထဲတွင် ထင်ဟပ်နေသော ထူးခြားပြီး ပြီးပြည့်စုံတဲ့ သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်ကို သဘောကျနေ၏။ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးနောက် စိတ်သက်သာရသွားသလို သူ ခံစားရသည်။ “ပြီးပြည့်စုံလိုက်တဲ့ ခန္ဓာကိုယ်။ အနာဂတ်မှာ ဘယ်လို အမျိုးသမီးက ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လောက်တဲ့အထိ ကံကောင်းမလဲလို့ သိချင်မိသား…” စူးချန်းခုန်းက ကိုယ့်ကိုယ်ကို မအံ့ဩဘဲမနေနိုင်ခဲ့။

“စန်းတိ ပြန်ရောက်လာပြီလား။”

မကြာမီတွင် စူးချန်ခုန်း ပြန်လာကြောင်း သိရှိပြီးနောက် စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန်းတို့ တကယ်ကို ဝမ်းသာသွားကြသည်။ စူးချန်ခုန်းနှင့် အရင်ဦးဆုံး လာတွေ့ကြသည်။

မကြာသေးမီက ကုန်းပါးသည် ဖုန်းမော့၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့သည် ဖုန်းမော့၏နောက်ထပ်ပစ်မှတ်က 'စစ်ခုန်းယုံ' အဖြစ်ဟန်ဆောင်ထားသော စူးချန်ခုန်း ဖြစ်နိုင်ခြေများကြောင်း သိပါ၏။

မလိုအပ်သော ထိခိုက်ဒဏ်ရာရမှုများကို ရှောင်ရှားရန်နှင့် အခြားသူများ၏ အနှောင့်အယှက်မဖြစ်စေရန်အတွက် စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ တစ်ယောက်တည်းထွက်သွားရန် ရွေးချယ်ခဲ့သည်။

စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့ နှစ်ယောက်စလုံး စိတ်ထဲတွင် တော်တော်လေး စိုးရိမ်နေခဲ့ကြသည်။

စူးချန်ခုန်းသည် သန်မာကြောင်း သူတို့သိသော်လည်း သူ၏ပြိုင်ဘက်မှာ တကယ့်မိစ္ဆာနတ်ဆိုး ဖုန်းမော့ဖြစ်နေသည်။

စစ်ခုန်းယုံနှင့် ကုန်းပါးကဲ့သို့သော ကျွမ်းကျင်ပညာရှင်များပင် ဖုန်းမော့၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး စူးချန်ခုန်းက ခြွင်းချက်ဖြစ်နိုင်မလားဆိုတာကို သူတို့ယုံကြည်မှုမရှိ ဖြစ်နေသည်။

သို့သော် ယခု စူးချန်ခုန်း ဘေးကင်းစွာ ပြန်ရောက်လာတာက ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းပြီးပြီလို့ ဆိုလိုတာလား။

“တာ့ကော၊ အာ့ကျယ်၊ ဘာလို့နှစ်ယောက်လုံး အတူတူ ရောက်လာကြတာလဲ” ရေချိုးပြီးသည်နှင့် နှစ်ယောက်သား အလျင်စလို ပြေးလာသည်ကိုမြင်တော့ သူက နှုတ်ဆက်လိုက်သည်။

“မင်း ဘာမှမထိခိုက်ဘူးပဲ… တော်သေးတယ်။” စစ်ခုန်းကျန့်က “ဖုန်းမော့ မင်းဆီ ရောက်လာလား။ ရလဒ်ကဘယ်လိုလဲ” ဟု မမေးဘဲ မနေနိုင်ခဲ့။

စစ်ခုန်းဟွမ်ကလည်း စူးချန်ခုန်းကို အလွန်တရာ စူးစမ်းလိုစိတ်နဲ့ ကြည့်လိုက်သည်။

ဒါကိုကြားတော့ စူးချန်ခုန်းက ပြုံးပြပြီး “သူ ကျွန်တော့်ဆီ လာခဲ့တယ်။ အစကတော့ သူနဲ့ စကားကောင်းကောင်း ပြောချင်ခဲ့ပေမယ့် သူက ကျွန်တော့်ကို အစားအစာလို အတင်းပဲ ဆက်ဆံနေတာလေ။ အဲ့တာကြောင့် ကျွန်တော် သူ့ဘဝကို အဆုံးသတ်ပေးလိုက်တယ်။” ဟု ပြောပြလိုက်သည်။

ဒီစကားတွေ ထွက်လာတာနဲ့ စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းကျန့်တို့နှစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဝမ်းသာအားရနဲ့ အံ့အားသင့်သွားကြသည်။

သူတို့ ပျော်ရွှင်နေကြတာကတော့ စူးချန်ခုန်းက ထိခိုက်ဒဏ်ရာမရဘဲ ပြန်ရောက်လာလို့ပါပဲ။ ပြီးတော့ သူက သူတို့အဖေရဲ့ လူသတ်သမားကို သတ်လိုက်လို့ဖြစ်သည်။ ဒါပေမယ့် သူတို့ အံ့အားသင့်သွားတာက အဲဒီလူသတ်သမားက နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ခေါင်းဖြတ်ခံရရင်တောင် သတ်လို့မရတဲ့ မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်သည်။

အဲ့လိုဆိုရင်တောင် ဖုန်းမော့က စူးချန်ခုန်း လက်ချက်နဲ့ အသတ်ခံလိုက်ရတာပါပဲ။

စူးချန်ခုန်းဟာ ရန်သူဘယ်သူပဲဖြစ်ဖြစ်၊ လူသားပဲဖြစ်ဖြစ်၊ တစ္ဆေပဲဖြစ်ဖြစ်၊ ရှုံးနိမ့်မှုမရှိတဲ့ စစ်နတ်ဘုရားတစ်ပါးလို ထင်ရပြီး အမြဲတမ်း အံ့သြဖွယ်ရာတွေကို ဖန်တီးပေးသည်။

“ဒီကိစ္စကို ဘယ်သူ့နဲ့မှ မပြောနဲ့။ မလိုအပ်ဘဲ ပြဿနာမဖြစ်အောင်လို့။” စူးချန်ခုန်းက စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းကျန့်တို့ကို ညွှန်ကြားလိုက်သည်။

စူးချန်ခုန်းဟာ အမြဲတမ်း လျှို့ဝှက်စွာ နေထိုင်ခဲ့သည်။ ကျော်ကြားမှုက သူ့အတွက် အသုံးမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ။ တိတ်တဆိတ် ကျင့်ကြံပြီး အားကောင်းအောင်လုပ်တာကသာ တကယ့်လမ်းကြောင်းအစစ်အမှန်ပါ။

“အင်း”

နှစ်ယောက်စလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။

တောနက်စီရင်စုမြို့ကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာနတ်ဆိုးကို သတ်ပြီးတဲ့နောက် ဒီလိုသတင်းက ဧရာမဝေလငါးဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြင့်တက်စေမှာ သေချာပေမယ့် အာရုံစိုက်မှု များလွန်းတာက ကောင်းတဲ့အရာ မဟုတ်ပါ။ အရာအားလုံးကို မျှတအောင် ထိန်းထားသင့်သည်။

တောနက်စီရင်စုမြို့ဟာ လူတိုင်အတွက် မလုံခြုံတဲ့ နေရာတစ်ခု ဖြစ်နေဆဲပင်။ တောနက်စီရင်စုမြို့ရဲ့ စောင့်ရှောက်သူနတ်ဘုရား ကုန်းပါးရဲ့ သေဆုံးမှုက လူအတော်များများကို စိတ်ပျက်အားငယ်စေခဲ့တာ သေချာပါသည်။ ကုန်းပါးတောင် မိစ္ဆာနတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရင် သူ ပြန်ပေါ်လာရင် ဘယ်သူက တားဆီးနိုင်တော့မှာလဲ။

“ထူးဆန်းတယ်… ပုံမှန်အားဖြင့် အဲဒီလူသတ်နတ်ဆိုးက သုံးရက်ကနေ ငါးရက်တစ်ကြိမ် ပြဿနာရှာလေ့ရှိပေမယ့် အခုတော့ တစ်ပတ်လောက်ကြာသွားပြီ ဘာမှလှုပ်ရှားမှုမရှိသေးဘူး။”

“အဲဒီလူသတ်နတ်ဆိုးကို ရှင်းလိုက်တာများလား။”

ကုန်းပါးကိုသတ်ပြီးကတည်းက မဆင်မခြင်လုပ်တတ်တဲ့ လူသတ်နတ်ဆိုးဟာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး ပြဿနာမရှာတော့ဘူးဆိုတာကို လူတွေလည်း သတိပြုမိလာကြသည်။

“လူသတ်နတ်ဆိုးကို သုတ်သင်ရှင်းလင်းပြီးပါပြီ။ ကျွန်တော်တို့အားလုံး အခု ပုံမှန်လူနေမှုဘဝကို ပြန်သွားလို့ရပါပြီခင်ဗျ။”

မကြာခင်မှာပဲ တောနက်စီရင်စုမြို့ရဲ့ အာဏာပိုင်တွေဆီကနေ ဒီလိုသတင်းစကားတစ်ခု ဖြန့်ဝေခဲ့ပြီး လူသတ်နတ်ဆိုးကို သုတ်သင်ရှင်းလင်းပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

လူတိုင်းက လူသတ်နတ်ဆိုးဟာ ခွန်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ သိုင်းပညာရှင်တစ်ယောက်လို့ ထင်ခဲ့ကြသည်။ သူတို့ရဲ့ ရန်သူဟာ လူသားမဟုတ်ဘဲ နတ်ဆိုးမိစ္ဆာတစ်ကောင်ဖြစ်မှန်း မသိခဲ့ကြပါ။ အရာရှိတွေမှာ ဒီအချက်အလက်တွေကို ဖုံးကွယ်ထားတာက အကြောင်းပြချက်တွေ ရှိပါသည်။

“အရမ်းကောင်းတာပဲ! စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုတွေ မရှိတော့ဘူး!”

“တစ်ယောက်ယောက်က အဲဒီလူသတ်နတ်ဆိုးကို သုတ်သင်လိုက်တာလား။ ဘယ်သူရဲကောင်းပုဂ္ဂိုလ်က လုပ်ခဲ့တာလဲ”

ဒီသတင်းထွက်လာတာနဲ့ တောနက်စီရင်စုမြို့တစ်မြို့လုံး အောင်ပွဲခံနေကြတာ သေချာပါသည်။

အရင်တုန်းက လူသတ်နတ်ဆိုးကို ကြောက်လန့်ပြီး ညရောက်တာနဲ့ လူတိုင်း အိမ်ထဲမှာပဲ နေခဲ့ရပေမယ့် အခုတော့ ခြိမ်းခြောက်မှုတွေ ပျောက်ကွယ်သွားပြီး သူတို့လို ပြန်နေထိုင်လို့ရလေပြီ။

လူသတ်နတ်ဆိုးကို ဘယ်သူသတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တောနက်စီရင်စုမြို့တော်ရဲ့ အရာရှိတွေက ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ အဓိကအကြောင်းရင်းကတော့ သူတို့ကိုယ်တိုင် လည်း မသိလို့ပါပဲ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လဝက်ကျော်ကြာသွားခဲ့ပြီး အဲဒီအချိန်မှာ တောနက်စီရင်စုရုံးတော်မှာ ကုန်းယွိလုံဟာ ဧည့်သည်တစ်ယောက်ကို ဧည့်ခံနေရပြီး နဖူးကနေ ချွေးတသီးသီး ကျနေ၏။

“ကုန်းယွိလုံ၊ ခင်ဗျား ကျွန်တော့်စကားတွေကို အလေးမထားတာများလား။”

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူချောလေး မုကျင်ဟာ ကုန်းယွိလုံကို အေးတိအေးစက် နဲ့ စိုက်ကြည့်နေ၏။ သူ့မျက်လုံးတွေက အေးစက်မှုတွေ ပြည့်နှက်နေပြီး ကုန်းယွိလုံဟာ ရေခဲဂူထဲ ပြုတ်ကျသွားသလို ခံစားနေရသည်။

“ဒီမုကျင်က တာ့ဖုန်းပြည်နယ်မြို့တော်က လာပြီး ထောင်စုနှစ်တစ်ခုသက်တမ်းရှိတဲ့ မိသားစုရဲ့ တပည့်တစ်ယောက်ပဲ။ အရမ်းကြောက်စရာကောင်းတယ်။ သူက ငါ့အတွက် အဲဒီနတ်ဆိုးထက် ပိုကြောက်စရာကောင်းတယ်လို့ ခံစားရပါတယ်။”

ကုန်းယွိလုံရဲ့ နှလုံးသားက နာကျင်စွာ တုန်ယင်နေ၏။ သူဟာ အရင်က ဖုန်းမော့နဲ့ တွေ့ဆုံခဲ့ဖူးပြီး ဒါက သူ့ကို တော်တော်လေး ထိတ်လန့်စေခဲ့ပေမယ့် ဒီမုကျင်ကတော့ သူ့အတွက် ပိုကြောက်စရာကောင်းတယ်လို့ ခံစားရသည်။

အနည်းဆုံးတော့ ကုန်းယွိလုံ မိစ္ဆာနတ်ဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူက ရက်စက်ကြမ်းကြုတ်ပြီး လုံးဝ အန္တရာယ်များတယ်ဆိုတာ သိပေမယ့် မုကျင်ကတော့ မှန်းဆရခက်ပြီး ရူးသွပ်နေသလိုပါပဲ။ သူ့ကို ဒေါသထွက်အောင်လုပ်ရင် ဘာမဆိုဖြစ်သွားနိုင်သည်။

မုကျင်ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံရတော့ ကုန်းယွိလုံက သူ့ကံကြမ္မာကို တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး မျက်နှာမှာ မတရားခံရတဲ့အကြည့်နဲ့ ဆိုလေ၏။ "သခင်လေးမု၊ ကျွန်တော် ဘယ်လိုလုပ် ပေါ့ဆရဲမှာလဲဗျာ။ ဓားနည်းပညာကျွမ်းကျင်တဲ့ ချီသွေးပြောင်းလဲခြင်းအဆင့်လေး ပညာရှင်တွေအကြောင်း အချက်အလက်အားလုံးကို ကျွန်တော် ပေးပြီးပါပြီ။ သူတို့အားလုံးက ကျွန်တော်တို့မှာရှိတဲ့ အဆင့်မြင့်ပညာရှင်တွေပါ။"

ဒီကာလအတွင်းမှာ မုကျင်က အဖိုးတန် မိစ္ဆာနတ်ဆိုးရဲ့ အဖိုးတန် အမြုတေကို ပြန်လည်ရယူဖို့ လက်မလျှော့ခဲ့ပါ။

မိစ္ဆာနတ်ဆိုးကို သတ်ခဲ့တဲ့သူက ဓားနည်းပညာမှာ ကျွမ်းကျင်တယ်ဆိုတဲ့ သဲလွန်စကို လိုက်ပြီးနောက် မုကျင်က မြို့တော်ဝန်ကုန်းယွိလုံဆီသွားပြီး တောနက်စီရင်စုမြို့တော်က ချီသွေးပြောင်းလဲခြင်းအဆင့်လေးအထက်က ဓားနည်းပညာ ကျွမ်းကျင်တဲ့ ပညာရှင်တွေအားလုံးအကြောင်း အချက်အလက်ပေးဖို့ တောင်းဆိုခဲ့သည်။ ထို့အပြင် သူက တစ်ယောက်ပြီးတစ်ယောက် သွားရောက်စစ်ဆေးမေးမြန်းခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ပြီး မုကျင်က ပိုပိုပြီးဒေါသထွက်လာခဲ့သည်။

All Chapters