← Chapters

ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခုနစ်၊ ချီသွေးနဂါးရှည်အဖြစ်သို့ ပြောင်းလဲခြင်း။ ဒဏ္ဍာရီတစ်ခုရဲ့ အဆုံးသတ်။(၁)

Vol. 17 Ch. 244

ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခုနစ်၊ ချီသွေးနဂါးရှည်အဖြစ်သို့ ပြောင်းလဲခြင်း။ ဒဏ္ဍာရီတစ်ခုရဲ့ အဆုံးသတ်။(၁)

Vol. 17 Ch. 244

စူးချန်ခုန်းသည် ယခုအချိန်တွင် မုကျင်ကို ပြန်သာလွှတ်လိုက်ချင်သည်။ မုကျင်သည် မိစ္ဆာနတ်ဆိုးကြောင့် ရောက်လာတာမှန်း သူသိပြီး သူသာဝန်ခံလိုက်ပါက နောင်တွင် ပိုမိုရှုပ်ထွေးသော ကိစ္စရပ်များ ရှိလာလိမ့်မည်ဟု သူထင်သည်။ ထို့ကြောင့် စူးချန်ခုန်းသည် မျက်ခုံးများကို တွန့်ချိုးကာ ပြောလိုက်သည်။ "သူသာ ကျွန်တော်ရှေ့မှာ ပြန်ပေါ်လာရဲလျှင် ပြန်သွားနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီညကတည်းက ကျွန်တော် ဧရာမဝေလငါးဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ။ သူ ပြန်မပေါ်လာတော့ဘူး။ အဲ့ဒီမိစ္ဆာနတ်ဆိုး အသတ်ခံရလိုက်ရတယ်လို့ ကြားတယ်ရော။"

စူးချန်ခုန်းသည် မိစ္ဆာနတ်ဆိုးကို သူသတ်ခဲ့ကြောင်း ဝန်မခံခဲ့ဘဲ ဇာတ်လမ်းအမှန်ကို သိနေသော စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့ကလည်း ဘာမှ မပြောခဲ့ပေ။

"ကျွန်တော်လည်း အဲ့ဒီမိစ္ဆာနတ်ဆိုးကို ခင်ဗျား သတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပေမယ့် ပူးပေါင်းဆောင်ရွက်ပေးပါ။" မုကျင်က တည်ငြိမ်စွာပြောလိုက်သည်။ “အဲဒီမိစ္ဆာနတ်ဆိုးက ကုန်းပါးကို အဲဒီညက သတ်လိုက်တယ်။ ခင်ဗျားက နောက်ထပ်ပစ်မှတ်ဖြစ်နိုင်ချေများတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ လူသူကင်းမဲ့တဲ့တောင်ပေါ်တစ်ခုမှာ မိစ္ဆာနတ်ဆိုး သေဆုံးနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ သူ့ကိုသတ်တဲ့သူက ဓားနည်းပညာမှာ ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ ခင်ဗျားက ဓားနည်းစနစ်ကို မကျွမ်းပေမယ့် ခင်ဗျားက အဓိကသံသယရှိသူလို့ ကျွန်တော်ထင်တယ်။”

“ဟင်.. သူ အဲဒီတောင်ပေါ်ကို သွားခဲ့တယ်ပေါ့။”

ကြားလိုက်ရတဲ့စကားကြောင့် စူးချန်ခုန်း အံ့အားသင့်သွားပြီး စိုးရိမ်သွားသည်။ သူက အဲဒီလူသူကင်းမဲ့တဲ့တောင်အကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပါ။ ဒါဆို မုကျင်က အဲ့ဒီမှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။ သူ အဲဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။

ဒါပေမယ့် မုကျင်က ရာဇဝတ်သားတစ်ယောက်ကို မေးမြန်းသလိုမျိုး သူ့ကို စစ်ဆေးနေပုံက ဒေါသထွက်စရာကောင်းလှသည်။ စစ်ခုန်းဟွမ်က မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည်။ “သခင်လေးမု၊ ကျွန်မအဖေက အဲဒီနေ့ ဒဏ်ရာရပြီးကတည်းက အပြင်မထွက်တော့ဘူး။ သူသာ မိစ္ဆာနတ်ဆိုးကို တကယ်သတ်ခဲ့ရင် ကျွန်မအဖေက ငြင်းမှာမဟုတ်ဘူး။ အဲ့တာအပြင် ကျွန်မရဲ့အဖေသာ မိစ္ဆာနတ်ဆိုးကို သတ်ခဲ့ရင် လူတွေအတွက် မကောင်းမှုတွေကို ဖယ်ရှားပစ်တဲ့လုပ်ရပ်တစ်ခုပဲ။ ဘာလို့ ဒီကိစ္စကို ဒီလောက်ရန်လိုတဲ့သဘောထားနဲ့ ဖိအားပေးနေရတာလဲ။”

မုကျင်သည် စစ်ခုန်းဟွမ်ကို တစ်ချက်မျှပင် မကြည့်ခဲ့။ သူသည် စူးချန်ခုန်းကို စိုက်ကြည့်ကာ "ခင်ဗျားသာ မိစ္ဆာနတ်ဆိုးကို သတ်ခဲ့ရင် ကောင်းမှာပဲ။ ဒါပေမယ့် သတ်လိုက်တဲ့သူက သူ့မှာ မရှိသင့်တဲ့ အရာတစ်ခုကို ယူသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော် ပြန်ယူရမယ်။ ခင်ဗျား ပူးပေါင်းဆောင်ရွက်သင့်တယ်။”

အခုတော့ စူးချန်ခုန်းသည် သခင်လေးမု၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်းသွားပြီဖြစ်သည်။ သူ မိစ္ဆာနတ်ဆိုးကို သတ်ခဲ့သူကို ရှာရတဲ့အကြောင်းက သတ္တဝါ၏ အသက်ကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ မိစ္ဆာနတ်ဆိုးအတွင်းရှိ နတ်ဆိုးအမြုတေအတွက် စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

မိစ္ဆာနတ်ဆိုးအတွင်းရှိ နတ်ဆိုးအမြုတေသည် စူးချန်ခုန်း ဝှက်ထားသော အလွန်အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်ပုံရပြီး မုကျင် ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်မှာ မိစ္ဆာနတ်ဆိုး၏ နတ်ဆိုးအမြုတေအတွက် ဖြစ်သည်။

ထို့အပြင် မုကျင်သည် တောနက်စီရင်စုမြို့ထဲသို့ အရင်ကတည်းက ရောက်နေပုံရသည်။ မိစ္ဆာနတ်ဆိုး သောင်းကျန်းတဲ့အခါ သူက ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သော်လည်း စူးချန်ခုန်းက ထိုသတ္တဝါကို သတ်ပြီးနောက် သူပိုင်သော တိုက်ပွဲ၏ အဖိုးတန်ပစ္စည်းများကို သိမ်းပိုက်လို၍ ထွက်ပေါ်လာခဲ့သည်။

"ဘယ်လို ပူးပေါင်းဆောင်ရွက်စေချင်လဲ" ဟု စူးချန်ခုန်းက ခံစားချက်မဲ့စွာ မေးလိုက်ပြီး သူ့ရင်ထဲမှာ ဒေါသတွေ စုပုံလာ၏။

မုကျင်က သူ့အင်္ကျီလက်ထဲက ဆေးပုလင်းတစ်လုံးကို ချက်ချင်း ထုတ်ယူပြီး စူးချန်ခုန်းကို ပြောလိုက်သည်။ "ဒါက အမှန်ပြောတဲ့ဆေးပြားပါ။ ဒါကိုမျိုချပြီးရင် ခဏလောက် မူးနောက်နောက်ဖြစ်နေလိမ့်မယ်။ ပြီးဝောာ့ ခန္ဓာကိုယ်ကို ဘာမှမထိခိုက်စေပါဘူး။ မေးခွန်းလေးတွေကို ဖြေရလိမ့်မယ်။ တစ်လုံးသောက်လိုက်။ ကျွန်တော် မေးမယ် ခင်ဗျားဖြေ။ ခင်ဗျားတကယ်ပဲ အဲဒီမိစ္ဆာနတ်ဆိုးကို မသတ်ရင် ကျွန်တော်ထွက်သွားမယ်။"

ဒီအမှန်ပြောတဲ့ဆေးပြားလို့ခေါ်တဲ့ ဆေးပြားက တကယ်တော့ မူးယစ်စေတဲ့ဆေးတစ်မျိုးဖြစ်သည်။ သောက်ပြီးရင် စိတ်က ဝေဝါးသွားပြီး တခြားသူတွေ မေးတဲ့ မေးခွန်းတွေကို ဖြေဆိုလိမ့်မည်။ ကျင့်ကြံမှုနည်းစနစ်တွေရဲ့ အသေးစိတ်လျှို့ဝှက်ချက်တွေကို ဖွင့်ပြောမယ့်အစား ရိုးရှင်းတဲ့ အတည်ပြုချက် ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ မေးခွန်းတွေကိုသာ ဖြေကြားလိမ့်မည်။

မုကျင်က အရင်က ဓားနည်းပညာ ကျွမ်းကျင်တဲ့ တခြားသိုင်းယပညာရှင်တွေကို ဒီနည်းလမ်း အသုံးပြုပြီး သူတို့သတ်ခဲ့လားဆိုတာ ဆုံးဖြတ်ဖို့ ချဉ်းကပ်ခဲ့သည်။

"ပြီးတော့ ကျွန်တော်က ပူးပေါင်းဆောင်ရွက်ဖို့ မရွေးချယ်ဘူးဆိုရင်ရော။" စူးချန်ခုန်းက သူ့အတွင်းက ဒေါသတွေ အထွတ်အထိပ်ကို ရောက်လုနီးပါး ဖြစ်နေပြီး မေးလိုက်သည်။ ဒီမုကျင်က တော်တော် မောက်မာတာပဲ။

မုကျင်က ခပ်ဖွဖွရယ်လိုက်သည်။ “ကျွန်တော်ချဉ်းကပ်ခဲ့တဲ့ တောနက်စီရင်စုမြို့က တခြားသိုင်းပညာရှင်အများစုလည်း မပူးပေါင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့လိုက်လျောခဲ့ရပြီး အလကား ဒုက္ခရောက်ခဲ့ရတယ်။ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းကို ပူးပေါင်းဆောင်ရွက်ဖို့ အကြံပေးပါတယ်!”

“ကောင်းပြီ” စူးချန်ခုန်းက ပြုံးပြီး ပြောပေမယ့် သူ့မျက်လုံးထဲက အေးစက်စက်အကြည့်က အစွန်းရောက်နေတယ်။ မုကျင်က နောက်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ရှင်းနေပြီး စူးချန်ခုန်းက ဘယ်လိုလုပ်ပြီး သူစိတ်ကြိုက်လုပ်ခွင့်ပေးနိုင်မှာလဲ။ အဲဒီလိုဆိုရင်…

“အဲဒီနတ်ဆိုးကို ငါသတ်ခဲ့လားဆိုတာ ငါ့ကို မေးမယ့်အစား ကိုယ်တိုင်သွားပြီး မေးလိုက်တော့”

စူးချန်ခုန်းက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ထိုင်ခုံကနေ ထရပ်ကာ ညာဘက်လက်သီးကို ရှေ့ကို ပြင်းပြင်းထန်ထန်ထိုးချလျက် ကျယ်လောင်တဲ့အော်သံကို သယ်ဆောင်လာသည်။

တကယ်တော့ မိစ္ဆာနတ်ဆိုးကို သတ်ခဲ့တာက သူပါပဲ။ အဲ့ဒါက လူတွေအတွက် ကပ်ဘေးတစ်ခုကို ဖယ်ရှားပေးတဲ့လုပ်ရပ်ဖြစ်သည်။ သို့ပေမယ့် မုကျင်ရဲ့ စစ်ဆေးမေးမြန်းပြီး ရန်လိုတဲ့သဘောထားကို ရင်ဆိုင်ရတော့ သူချက်ချင်း လှုပ်ရှားဖို့ ကြိုးစားလိုက်သည်။

“ဘုန်း!”

မုကျင်က နောက်ဆုတ်မည့်ပုံ မပေါ်ပေ။ လက်သီးက မုကျင်ရဲ့ မျက်နှာပေါ် ပြင်းပြင်းထန်ထန် ကျရောက်သွားလေ၏။

မုကျင်ထိုင်နေတဲ့ ထိုင်ခုံက ကြီးမားတဲ့ အားတစ်ခုကြောင့် ကြေမွသွားပြီး မုကျင်ကိုယ်တိုင်လည်း နောက်ပြန်လွင့်သွားသည်။ ဒါပေမယ့် ထူးဆန်းတာက သူ နံရံဆီ ပျံသန်းသွားတဲ့အခါ သူ့ရဲ့ အမြန်နှုန်း လျော့ကျသွားပြီး နောက်ဆုံးမှာ သစ်ရွက်တစ်ရွက်လို မြေပြင်ပေါ် ပေါ့ပါးစွာ ဆင်းသက်လာခဲ့သည်။

“ဂျွတ် ဂျပ်”

သူရပ်နေတဲ့ မြေပြင်က ကွဲအက်သံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်လေထုတွေက တိုးညည်းသံတွေနဲ့ ပြည့်နှက်နေ၏။

မုကျင်က တကယ်တော့ ဘာထိခိုက်မှုမှ မရှိခဲ့ပါ။ လက်သီးရဲ့အားကို နည်းစနစ်တစ်ခုခုနဲ့ လွှဲဖယ်လိုက်ပုံရသည်။

“သခင်လေးမုက… အရမ်းကြောက်စရာကောင်းတယ်!” စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းကျန့်တို့ နှစ်ယောက်လုံး အတိုင်းအဆမရှိ အံ့အားသင့်သွားကြသည်။ မုကျင်ဟာ စူးချန်ခုန်းရဲ့ လက်သီးကို တစ်ချက်မှ မခြစ်မိဘဲ ခုခံနိုင်ခဲ့သည်။ ဒီလို ခြေထောက်လှုပ်ရှားမှုနဲ့ သိုင်းပညာစွမ်းရည်တွေနဲ့ သူ့လို ဒုတိယလူကို တောနက်စီရင်စုမြို့မှာ ရှာမတွေ့နိုင်ပါ။

မုကျင်က မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေကို အနည်းငယ် ကွေးတက်သွားသည် “ကောင်းပြီ! မင်းကငါ့ရဲ့ ကြင်နာမှုကို ငြင်းတော့ ပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်။ ရေတွင်းထဲက ဖားက တကယ့် စွမ်းအားကြီးသူနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူးဆိုတာ ပြရသေးတာပေါ့!”

မုကျင် ရောက်လာခင်က ဧရာမဝေလငါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဟာ အမြဲတမ်း အာဏာရှင်ဆန်ဆန် ပြုမူတတ်ပြီး သူနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ သိပေမယ့် ဘာပဲဖြစ်ဖြစ် ဒီလောကမှာ အားနည်းသူတွေဟာ ပိုအားကြီးတဲ့ သူတွေရဲ့ လက်သီး အမိန့်ကိုပဲ လိုက်နာရတာပါပဲ။

“နတ်ဘုရားသစ်သားလက်ဖဝါး၊ သစ်တစ်သောင်း ဆွေးမြေ့ပြီး ဖြစ်ထွန်းခြင်း!”

မုကျင်က ရုတ်တရက် လှုပ်ရှားလိုက်ပြီး စူးချန်ခုန်းရှေ့မှာ တစ္ဆေဖြူတစ်ကောင်လို ပေါ်လာပြီး မျက်စိနဲ့တောင် မမြင်နိုင်လောက်အောင်ပါပင်။ သူ့ရဲ့ ညာဘက်လက်ဖဝါးဟာ ဖြာထွက်သွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခု လက်ဖဝါးကနေ ဖြာထွက်ကာ ပျက်စီးယိုယွင်းမှု အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ဧရာမဝေလငါးစွမ်းရည်၊ အဆုံးမဲ့ ဒေါသတကြီး ပင်လယ်!

စူးချန်ခုန်းရဲ့ ချီနဲ့ သွေးတွေ လည်ပတ်နေပြီး သူ့လက်သီးရဲ့ စွမ်းအားက စုစည်းသွားလေ၏။ သူ့ရဲ့ မြင့်မားလှတဲ့ ခန္ဓာကိုယ်က ရှေ့ကို တိုးလာပြီး သူ့ရဲ့ ညာဘက်လက်သီးဟာ ဒေါသထွက်နေတဲ့ပင်လယ်ကြီးရဲ့ လှိုင်းလုံးကြီးလို ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်လာပြီး ခုခံမှုကို ပိုမိုအားကောင်းလာစေသည်။

All Chapters