← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

စူးယွင်သည် မီးခိုးငွေ့များနောက်မှနေ ဝမ်ကောဆီပြန်လာပြီး ညာဘက်လက်မောင်းထက်ရှိ ဖဲပြားနီကိုချွတ်ကာ ခုံပေါ်ပစ်ထိုင်ချလိုက်၏။

ရှောင်ဟယ်သည် အခန်းကန့်ထဲမှထွက်လာပြီး ခုံပေါ်ထိုင်နေသော စူးယွင်အားကြည့်ကာ ရေနွေးတစ်ချို့ယူလာပေးသည်။

"သခင်မလေး ပြန်လာပြီလား။ဒီနေ့ကတော့ တော်တော်ခက်ခဲခဲ့မှာပဲ"

"အဆင်ပြေပါတယ်"

စူးယွင်သည် လည်ချောင်းရှင်းကာ ပြန်ဖြေလိုက်၏။

"ဒါပေမယ့် ငါထင်ထားသလိုတော့မဟုတ်ခဲ့ဘူး"

မူလ၌သူမထင်ခဲ့သည်မှာ အဝတ်အထည်ဌာနသည် ဖက်ရှင်လောက၌ အထွဋ်အထိပ်‌နေရာတစ်ခုဖြစ်မည်ဟုပင်။သို့သော် အစည်းအဝေးတက်ပြီးချိန်တွင်တော့ ဌာနမှာ အပေါ်ယံတွင်တောက်ပနေပေသိ ဖုံးကွယ်ထားသောပြဿနာအချို့ရှိနေသည်ကိုသဘောပေါက်ခဲ့ရသည်။

ဌာနနှင့်ပူးပေါင်းလိုက်သည်မှာ ဆုံးဖြတ်ချက်ကောင်းတစ်ခု ဟုတ်မဟုတ်ကိုပင် သူမအနေဖြင့် သေသေချာချာမေးခွန်းထုတ်မိနေလေပြီ။

ထိုကဲ့သို့ကိစ္စမျိုးထဲ ဝင်ပါရန် အခွင့်အရေးမရှိသော သာမန်လူတန်းစားလေးရှောင်ဟယ်မှာတော့ ထိုနေရာတွင် ကိုင်တွယ်စရာကိစ္စများအများကြီးရှိသည်ဟုသာ ထင်နေလေ၏။

သူမမှပြောလာသည်။

"သခင်မလေး အရမ်းအလုပ်ရှုပ်ခဲ့တာလား"

စူးယွင်သည် အစည်းအဝေးရှိ ကိစ္စတို့ကိုပြန်‌တွေးတောကာ သက်ပြင်းချ၍

"နည်းနည်းပါပဲ"

အကြောင်းပြချက်မရှိ သူမထံလွှဲအပ်လာသော တာဝန်များအကြောင်းတွေးကာ မကျေမချမ်းဖြစ်ရ၏။မျက်နှာထားတင်းတင်းဖြင့် သူမမှပြောလိုက်သည်။

"မနက်ဖြန်ကျရင် အမျိုးသမီးသုန်းက ငွေတေးတစ်သောင်းပေးဖို့ ဝမ်ကောဆီရောက်လာလိမ့်မယ်။အဲ့‌ငွေကိုရေတွက်ပြီးတာနဲ့ လမ်းထောင့်မှာ တဲတစ်လုံးထိုးဖို့ လူတစ်ချို့သွားရှာထား"

စူးယွင်မှညွှန်ကြားလိုက်၏။

"ပြီးရင် အစားအစာတစ်ချို့ပါ ဝယ်လိုက်။အဲ့အစားအစာတွေက လာမယ့်သုံးရက်မှာလုပ်မယ့် ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တာဖြစ်ရမယ်။အရည်အသွေးကောင်းတဲ့ဟာတွေကိုပဲ ရအောင်ဝယ်နော် ပြီး,ပြီးရောမလုပ်လိုက်နဲ့"

"ပြီးတော့ တန်းစီတာကလဲ အရေးကြီးတယ်။လူတိုင်းကိုယ်စီဝေစုရတာ သေချာဖို့ လူလုံလုံလောက်လောက်စီစဉ်ထားချေ"

ရှောင်ဟယ်သည် ခေါင်းငြိမ့်လိုက်၏။

ထို့နောက် သူမမှာခဏတန့်နေပြီးမှမေးလိုက်သည်။

"သုန်းအမျိုးသမီးမှာ အဲ့လောက်ပိုက်ဆံများများရှိလောက်ပါ့မလား"

"ဘာဖြစ်လို့လဲ"

စူးယွင်မှာ ဇဝေဇဝါဖြစ်ကာမေးလိုက်၏။

သုန်းကွေ့မှာ မီးလောင်မှုဖြစ်စဉ်တွင် ကုန်ကောင်းတစ်သုတ်ပါသွားပြီး ဆုံးရှုံးမှုသိသိသာသာရှိခဲ့သည်ကို သူမသိပေသည်။သို့သော်ငြား သုန်းကွေ့မှာ လမ်းမတစ်လျှောက်၌ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များထဲရှိတစ်ဦးဖြစ်ရာ သူမ၏လုပ်နိုင်စွမ်းတို့သည် အထင်သေးလို့မရနိုင်ပေ။ယခုအချိန်၌ ငွေကြေးပေးဆောင်ရန်မှာ သူမအဖို့ခက်ခဲနိုင်သော်ငြား ကျိန်းသေမကျော်လွှားနိုင်သော ပြဿနာတစ်ခုတော့ မဟုတ်ပါချေ။

ရှောင်ဟယ်မှပြောလာ၏။

"သုန်းအမျိုးသမီးရဲ့ ကုန်လှောင်ရုံဝင်ခိုးခံရတယ်လို့ ကျွန်မကြားတယ်။အထဲကပစ္စည်းတွေအကုန်လုံး ညတွင်းချင်းပျောက်ကုန်တာတဲ့"

"ဘယ်လိုလုပ်ဖြစ်သွားရတာလဲ"

စူးယွင်မှာအံ့ဩထိတ်လန့်သွားရသည်။

"အဲ့ဒါ သူမကတရားရုံးကိုမတိုင်ဘူးလား"

သုန်းကွေ့ဆိုင်လို ဆိုင်တစ်ဆိုင်အတွက် ကုန်လှောင်ရုံမှာ အလွန်ကြီးမားကာ အထဲရှိအထည်စတို့မှာလဲ ငွေတေးတစ်ရာမကအလွယ်လေး တန်ကြေးရှိမည်ပင်။

သိသိသာသာကိုစိတ်လှုပ်ရှားနေသည့် ရှောင်ဟယ်မှာ စူးယွင်ဘေးရှိခုံတွင် ဆတ်ကနဲဝင်ထိုင်လာ၏။

"ဒါကပဲ ထူးဆန်းနေတာပေါ့ - သုန်းအမျိုးသမီးက လုံးဝကိုတရားရုံးဆီမတိုင်ခဲ့ဘူးလေ။သူမက အစေခံတွေကိုတောင် သတင်းတွေလျှောက်မဖြန့်ဖို့ အမိန့်ပေးလိုက်သေးတယ်"

စူးယွင်သည် မေးထောက်ကာရေရွတ်လိုက်၏။

"ဒါက.....တော်တော်လေးထူးဆန်းမနေဘူးလား"

ရုတ်ချည်းဆိုသလို သူမသည်ရှောင်ဟယ်ဘက်လှည့်ကာ မေးလိုက်၏။

"သူမကသတင်းမပျံ့စေချင်ဘူးလဲပြောသေး နင်ကကျ ဘယ်လိုလုပ်သိလာတာလဲ"

ရှောင်ဟယ်မှာ အတော်စိတ်လှုပ်ရှားနေပြီး စားပွဲ‌ပေါ်လက်ဖိကာ သူမမျက်လုံးတို့သည်လဲ တံခါးပေါက်ဆီ မကြာမကြာ လှည့်ကြည့်နေလေ၏။

"တစ်ကယ်တော့ ဘေးအိမ်ကအဒေါ်လီဆီကနေ သိလာရတာ။သူမက အရမ်းအထင်ကြီးစရာကောင်းတာပဲ။အဲ့အကြောင်းကိုသိရဖို့ သူမရဲ့ ကျယ်ပြန့်တဲ့အဆက်အသွယ်တွေကို သုံးခဲ့ရတာတဲ့"

စူးယွင်၏အမူအယာမှာ ခဏတာတောင့်တင်းသွားရပြီး အားတင်းပြုံးလိုက်သည်။

သတင်းအချက်အလက်အပိုင်းအစက မှန်နေတာပဲ။

သူမသာခေတ်သစ်ကာလမှာရှိခဲ့ရင် ပါပါရာဇီတစ်ယောက်ဖြစ်လာလောက်တယ်။

ဖျော်ဖြေရေးနယ်ပယ်ထဲက လူတိုင်းရဲ့မျိူးဆက်သုံးခုအထိ သူမဖော်ထုတ်နိုင်မှာပဲ။

"အဒေါ်လီကတစ်ကယ်အထင်ကြီးစရာပဲ"

စူးယွင်မှာ မှတ်ချက်ပြုလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် အခြားအကြောင်းအရာဆီပြောင်းလိုက်၏။

"သခင်မလေးလော့မွေးနေ့က ရောက်တော့မှာ ပြီးတော့ သူမမှာထားတဲ့ဝတ်စုံကလဲ အဆင်သင့်ဖြစ်နေပြီ။သူမဆီတစ်ယောက်ယောက်ကို သွားပို့ခိုင်းလိုက်ဦး"

"သိပါပြီ"

"ဒါဆို နင်သွားပြီး လုပ်စရာရှိတာလုပ်တော့။ဝမ်ကောမှာ ဆိုင်ခွဲတွေများနေပြီဆိုတော့ အဲ့လုပ်ငန်းတွေပေါ် မျက်စိဒေါက်ထောက်ကြည့်ပေးဖို့ ငါနင့်ကိုလိုအပ်တယ်နော်"

----------

သုံးရက်ကြာပြီးသော် ထိုနေ့ရာသီဥတုမှာ ဆိုးဝါးလှ၏။အထက်ရှိတိမ်ဆိုင်တို့မှာ အုံ့မှိုင်းလိုက် ကြည်လင်လိုက်ဖြစ်နေကာ လူတိုင်းအား နေမထိထိုင်မသာဖြစ်စေပြီး မိုးမှာ အချိန်မရွေးရွာချလာမည်ကို စိုးရိမ်နေရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် နာရီဝက်ကြာပြီးချိန်တွင် နေမင်းကြီးသည် တောက်တောက်ပပထိန်သာလာပြီး ပြန်လည်ထူထောင်ရေးအခမ်းအနားကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်စေခဲ့၏။

ထိုနေ့တွင် လူအုပ်မှာမများခဲ့ပေ။အဖွဲ့အစည်းအား ကိုယ်စားပြုသည့်အနေဖြင့် ကျန်းကျင်းယွင်မှာ လက်ထောက်များဖြင့် ရောက်လာလေသည်။

သူသည်တံစက်မြိတ်အောက်တွင်ရပ်ပြီး လမ်းမအဆုံးထိတန်းစီနေကြသူတို့ကို အေးစက်စက်သာကြည့်နေလိုက်၏။

စူးယွင်နှင့် ရှောင်ဟယ်မှာ အခြားသူများနှင့်အတူ လူများထံအစားအစာဝေပေးနေလေသည်။

စူးယွင်ဘေး၌ရပ်နေသောနဉ်ကျင်းသည် ဆီစိမ်စက္ကူထီးတစ်လက်အားကိုင်၍ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော နေရောင်မှနေ စူးယွင်အားကာပေးထား၏။

"မင်းပင်ပန်းနေပြီလား။မင်းနားချင်ရင် ကိုယ်ခဏဝင်ကူပေးမယ်လေ။မင်းနားလိုက်ပေါ့"

ယောက်ချိုဇွန်းကြီးတစ်ချောင်းကိုင်ထားသော စူးယွင်မှာ ယာဂုတစ်ဇွန်းပြည့်ပြည့်ခပ်၍ ပန်းကန်လုံးတစ်လုံးထဲထည့်ပေးလိုက်သည်။

ယောက်ချိုမှာကြီးပြီး လက်ကိုင်လဲတုတ်လှ၏။သူမယောက်ချိုကို မလိုက်ချိန်တိုင်း ပန်းကန်ထဲယာဂုထည့်ရန် အားပိုထုတ်သုံးရလေသည်။သူမ၏ဖြူဝင်သော နူးညံ့ညံ့လက်မောင်းသားတို့မှာ အားသုံးရခြင်းကြောင့် လက်မောင်းအတွင်းအပြင်နှစ်ဖက်လုံးတွင် သွေးကြောများ ကြွတက်‌နေသည်ကို မြင်ရသည်မှာ အားစိုက်ရခြင်း၏ရလဒ်ကို ရှင်းရှင်းလင်းလင်းပြသနေ၏။

နဉ်ကျင်းမှာသူမအတွက်ရင်နာနေရသည်။အစကတည်းမှ သူသည်သူမကိုအနားယူရန် တိုက်တွန်းနေပေသိ သူမမှာ ဤကဲ့သို့အလုပ်မျိုးကို မကြုံဖူးသေး၍လူထုထံဝေငှခြင်း ခံစားချက်ကို ရဖူးချင်သည်ဟုပြောလာ၏။

စူးယွင်သည် သူ့ထံပြန်မကြည့်ခဲ့ပေ။သူမမျက်ဝန်းတို့သည် ယောက်ချိုပေါ်တွင်သာ အကြည့်ရောက်နေပြီး အပြည့်အဝအာရုံစိုက်ကာ သူမတာဝန်ကိုဆက်လုပ်နေလိုက်၏။

"အဆင်ပြေပါတယ်။ကျွန်မခဏလောက်ဆက်လုပ်နိုင်သေးတယ်။ကျွန်မမလုပ်နိုင်တော့ရင် ရှင့်ကိုလာရှာပါ့မယ်"

"ပြီးရင် ရှင်ထီးကိုချပြီးဘေးမှာခဏသွား‌နေလိုက်။ကျွန်မဘာသာလုပ်နိုင်တယ်"

"အဲ့ဒါ......"

နဉ်ကျင်းသည် သူမအားကြည့်လိုက်ရာ သူမဆံနွယ်တို့သည် ချွေးများဖြင့်စိုရွှဲနေသည်ကိုသတိပြုမိ၍ မျက်မှောင်ကြုံ့လိုက်၏။

"ဒီအလုပ်ကို ကိုယ်လုပ်သင့်တာနော်"

"ကျွန်မတစ်ကယ်ကို အဆင်ပြေပါတယ်"

စူးယွင်သည် မြန်မြန်ပြန်ဖြေကာ အခြားဘက်မှနေ မျက်နှာစိမ်းအချို့ရောက်လာသည်ကို သတိပြုမိလိုက်၏။သူမသည် သူ့အားသွက်သွက်လေး တိုက်တွန်းလိုက်သည်။

"ရှင်အခုသွားသင့်နေပြီ။လမ်းကိုပိတ်မထားနဲ့တော့"

သူမအကြည့်သည် လက်ထဲရှိတာဝန်ပေါ်တွင်သာ သက်ရောက်နေပြီး သူမမျက်နှာထက်ရှိ ပြင်းထန်သောအာရုံစိုက်မှုမှာ သူဆက်နေ၍မရတော့ပဲ သူမမှသူဆက်မနေတော့ရန် ခြေထောက်ဖြင့်အသာကန်၍ ထွက်သွားဖို့ပြောလာတော့မည်ဟူသည့်အချက်ကို ကျိန်းသေခံစားနေရသည်။

"ဒါဆိုလဲကောင်းပြီလေ"

နဉ်ကျင်းသည် ဆီစိမ်စက္ကူထီးအားယူကာ သစ်သားတိုင်တစ်ချောင်းတွင် ချည်ပေးခဲ့လေ၏။သူသည်ပူပြင်းသောနေရောင်အောက်တွင် အလွတ်လျှောက်သွားကာ အခြားနေရာဆီဦးတည်လိုက်သည်။

ကျန်းကျင်းယွင်သည် သူလာနေသည်အားမြင်သော် ခနဲ့သည့်အပြုံးဖြင့်

"ဒုတိယမင်းသားမှာ တစ်ကယ်ကို ကောင်းမွန်တဲ့အရသာခံစားမှုရှိနေတာပဲ"

နဉ်ကျင်းသည် သူ့အားမျက်စောင်းထိုးကာ ချက်ချင်းပင် သူ၏ပုံမှန်သိမ်မွေ့သောအမူအယာအားရုတ်သိမ်းလိုက်၏။သူ့ဘေးနားပတ်လည်ရှိလေထုမှာ အပူချိန်ဒီဂရီပေါင်းများစွာကျဆင်းသွားသည့်အလား အေးစက်သွားလေသည်။

"ငါ့ရဲ့ကောင်းမွန်မှုတွေက မင်းလို လက်အောက်ငယ်သားတစ်ယောက်သာသာ လူတစ်ယောက်ကနေ မှတ်ချက်ပြုနိုင်တဲ့အရာမဟုတ်ဘူး"

All Chapters