← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

ကျန်းကျင်းယွင်အပြုံးမှာ ဆက်ရှိနေသေးပေသိ သူ့လေသံမှာတော့ အနည်းငယ်သတိပိုထားလာ၏။

"အရှင်က အာဏာရှင်ဖြစ်ပြီး ကျွန်တော်က လက်အောက်ငယ်သားပါပဲ။ကျွန်တော်မှာ အရှင့်ကို မှတ်ချက်ပြုဖို့အခွင့်အရေးကျိန်းသေမရှိထားပါဘူး"

"မင်းနားလည်တယ်ဆိုရင် မင်းတာဝန်ကိုသာ ကောင်းကောင်းလုပ်။မင်းမတွေးသင့်တာကို မတွေးနဲ့ မလုပ်သင့်တာကို မလုပ်နဲ့"

စကားပြောနေရင်း နဉ်ကျင်း၏အကြည့်မှာ စူးယွင်ထံမသိမသာရောက်သွားလေ၏။

"ကျွန်တော်က အရှင့်သားစကားကို ကျိန်းသေလိုက်နာပြီး လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်တွေကို ကျိန်းသေဖြည့်ဆည်းပေးရမှာပါ"

ကျန်းကျင်းယွင်သည် သူ့အကြည့်အတိုင်းလိုက်ကာ ရပ်တန့်သွားပြီးမှ ထပ်ပေါင်းပြောလာ၏။

"ဒါပေမယ့်ကျွန်တော်သိချင်တာက အရှင့်သားရဲ့ရည်ရွယ်ချက်က ဘာများပါလဲ"

သူစပ်စုလိုက်၏ - ရုံးတော်မှ ထွက်လာသည်မှာ တစ်နှစ်နီးပါးကြာပြီဖြစ်ကာ ပြည်နယ်အရေးတို့၌ ပါဝင်မှုကိုလဲ ရှောင်ကြဉ်နေသည့် နဉ်ကျင်းမှာ စူးယွင်ပေါ် အချိန်အတော်များများဖြုန်းတီးဖို့ မည်သည့်အကြောင်းအရာတို့ရှိနေပါသနည်း။

ကျန်းကျင်းယွင်၏မျက်ဝန်းတို့မှာ တောက်ပသောနေရောင်အောက်ရှိ အခြားလူများထက် ပိုကြည့်ကောင်း‌နေသောစူးယွင်ထံကပ်တွယ်နေလေ၏။ချွေးစက်တို့မှာ သူမနဖူးထက်မှနေ လျှောဆင်း၍ ကော်လံတွင်းနစ်ဝင်သွားလေသည်။သူမဆံနွယ်တို့သည်လဲ အလုပ်ကြောင့်မသပ်မရပ်ဖြစ်နေကာ သူမလည်တိုင်နှင့်အရေပြားပေါ် ကပ်နေပြီး သူမပုံစံကို အတန်ငယ်ဖရိုဖရဲအသွင်ပေးစွမ်းနေလေ၏။

သို့သော် သူမသည်တော့ တစ်ခုခုခြားနားနေလေသည်။ဤကဲ့သို့အခြေအနေမျိုးတွင် အခြားလူများမှ မသပ်မရပ်ဖြင့် ကြည့်မကောင်းဖြစ်နေစဉ် သူမမှာတော့ ဖရိုဖရဲဖြစ်နေလျှင်တောင် ထူးခြား၍ဖော်ညွှန်းမပြနိုင်သောအလှတရားကို ပိုင်ဆိုင်ထားလေ၏။

ထိုသည်မှာ ကန္တာရတွင်းဝယ် တစ်ပွင့်တည်းပွင့်လန်းနေသော နှင်းဆီရိုင်းတစ်ပွင့်အလားပင်။

"အဲ့ဒါ သူမကလှလို့လား"

ကျန်းကျင်းယွင်သည် သူ့ဘာသာပြောနေလေ၏။

"တစ်ကယ်လဲ အတော်လှရှာပါတယ်"

နဉ်ကျင်းသည် သူ့အင်္ကျီလက်တွင်းမှ ခေါက်ယပ်တောင်အားထုတ်ကာ အသာယမ်းနေပြီး သူ့အမူအယာမှာ မည်းမှောင်သွား၍ စကားတို့သည်လဲ ထက်ရှကာအေးစက်လှသည်။

"မင်းမျက်လုံးကို မင်းမလိုချင်တော့ရင် တော်ဝင်ဆေးငှာနဆီအမြဲအလည်အပတ်သွားနိုင်တယ်။မျက်စိအားဖြည့်တဲ့နယ်ပယ်မှာ အထူးပြုတဲ့ သမားတော်ကျန်းကို ငါပြန်ခေါ်ပေးပြီး မင်းသွားဆွေးနွေးကြည့်လို့ရအောင် လုပ်ပေးမယ်"

ကျန်းကျင်းယွင်သည် ကသိကအောက်ဟန်ဖြင့် ရယ်လိုက်၏။

"ကျွန်တော့်အရှင့်သားကို ဒုက္ခမပေးချင်ပါဘူး"

နဉ်ကျင်းသည် သူ့ထံလှည့်မကြည့်ဘဲ စူးယွင်ကိုသာကြည့်နေလေ၏။

သူမအလုပ်ပြီးခါနီးပြီကိုမြင်သော် သူသည်နေရောင်အောက်မှနေ သူမထံသွားလိုက်သည်။

ထွက်မသွားခင် သူသည်နောက်ဆုံးမှတ်ချက်တစ်ခု ချန်ထားခဲ့သေး၏။

"ဦးနှောက်ရှိတာ ကောင်းတဲ့အရာတစ်ခုပါ။မင်းအဖေကလဲ မင်းကိုသင်ပေးခဲ့လိမ့်မယ်လို့ ငါယုံကြည်တယ်"

ကျန်းကျင်းယွင်သည် ထွက်သွားသည့်သူ့ပုံစံအားကြည့်ကာ လျှို့ဝှက်နက်နဲသော အပြုံးတစ်ပွင့်မှ သူ့မျက်ဝန်းများထဲ ဖြတ်သွားလေ၏။န‌ဉ်ကျင်းသည် ထီးအားကောက်ယူလိုက်ပြန်ကာ သူမပေါ်ဆောင်းပေးလိုက်ပြီး ပြောလိုက်သည်။

"မင်းအခုပြီးပြီမလား ကျန်တာသူတို့ဘာသာကိုင်တွယ်ပါစေ"

စူးယွင်မှာ အားစိုက်ရခြင်းကြောင့် သူမလက်မောင်းများနာနေသည်ကို ခံစားနေရ၏။သူမသည်ခေါင်းငြိမ့်မပြခင် လက်မောင်းတို့ကို လေထဲယမ်းလိုက်သည်။

"ကောင်းပြီလေ"

ဝမ်ကောဆီပြန်ရောက်သည်နှင့် စူးယွင်ပထမဆုံးလုပ်သည့်အရာမှာ နဉ်ကျင်းအားနောက်တွင် ချန်ခဲ့ကာ အလျင်စလိုဖြင့်ရေသွားချိုးခြင်းပင်။

နဉ်ကျင်းသည် သူမထိုင်နေကျခုံပေါ် ပျင်းတိပျင်းရွဲဖြင့် လှဲလိုက်ပြီး သူမအားစောင့်နေလိုက်သည်။

စူးယွင်မှရေချိုးပြီးထွက်လာသော် နဉ်ကျင်းသည်ခုံပေါ်လှဲ၍ အိပ်ပျော်နေသည်အား တွေ့လိုက်ရ၏။ကျီစယ်လိုရိပ်တစ်စွန်းတစ်စမှာ သူမမျက်ဝန်းတို့ထဲ ဖြတ်သွားလေသည်။

သူမသည် ဆံထိုးတစ်ချောင်းအား ပြီးစလွယ်ယူလိုက်ကာ မစိုမခြောက်ဆံနွယ်တို့အား ဆံထုံးတစ်ခုဖြစ်အောင် ရစ်ပတ်ထုံးဖွဲ့လိုက်၏။တိတ်တဆိတ်ဖြင့် သူမမှာသူ့ထံခြေဖျားထောက်သွားလိုက်သည်။

မျက်စိတစ်ဝက်မှိတ်ထားသော နဉ်ကျင်းမှာ အိပ်ချင်ယောင်ဆောင်နေလိုက်၏။

ရှေ့တန်းတွင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီး၍ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေတွင်တောင် သူ့အာရုံခံစားမှုတို့မှာ အလွန်အမင်းထက်ရှလှသည်။

သူမဘာလုပ်ဖို့ကြံနေသည်ကို သိနေ၍ နဉ်ကျင်းလဲ လိုက်ကစားပေးသည့်အနေဖြင့် မျက်လုံးတို့အားမှိတ်ထားကာ ထိုအတိုင်းဆက်နေ,နေလိုက်၏။

အရင်ဆုံး စူးယွင်သည် လက်ညှိုးအားဆန့်၍ သူ့ပါးကိုအသာထိုးလိုက်သည်။

သူ့ပါးပြင်မှာ ချိုင့်ဝင်သွားပြီးနောက် လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။အထိအတွေ့ကိုပျော်ရွှင်နေသော စူးယွင်မှာ သူ့ပါးအားနှစ်ကြိမ်လောက် ထပ်မထိုးဘဲ မနေနိုင်ခဲ့ပေ။

သူမ၏ကျေနပ်မှုတိုးလာသည်နှင့်အမျှ သူမ၏လက်ဆော့မှုသည်လဲ အားပိုပါလာတော့သည်။သူ့မျက်ခုံးများအတန်ငယ်ကျုံ့လာသည်ကို သူမသတိပြုမိသော် ကြောင်အမ်းသွားရပြီး သူမလက်အမြန်ပြန်ရုတ်လိုက်၏။

နောက်ပြန်ဆုတ်ကာ သူမသည်လှည့်ထွက်၍ ခုမှရောက်လာသလိုပြုမူလိုက်သည်။

စူးယွင်သည် သူမအဝတ်ထောင့်အား လှုပ်ရွလှုပ်ရွဖြင့် ဆုပ်ခြေကာ သူမှသူမအားကျိန်းသေမေးလာချိန်တွင် မည်သို့ပြန်ဖြေရမည်အား တိတ်တဆိတ်အစီအစဉ်ဆွဲနေလိုက်၏။သို့သော်ငြား ခဏကြာသည်ထိ သူမသည်မည်သည့်လှုပ်ရှားသံကိုမျှ မကြားရပါပေ။

သူမသည်ခြေတစ်လှမ်းရှေ့တိုးကာ ခေါင်းငုံ့၍သူ့အားလေးလေးနက်နက် ထပ်လှည့်ကြည့်လိုက်သည်။

နဉ်ကျင်း၏အသက်ရှူသံမှာ တိုးဖွ၍တည်ငြိမ်နေ၏။သူ့မျက်ခွံတို့သည်လဲ တင်းတင်းပိတ်ထားဆဲဖြစ်ကာ နိုးထလာမည့်အရိပ်အယောင်မရှိပေ။

စူးယွင်သည်ပြုံး၍ သူခုထိတစ်ကယ်နိုးမလာသေးဘူးဟု သူမဘာသာတွေးလိုက်သည်။

သူမသည် လက်အား ထပ်မံဆန့်ထုတ်လိုက်ပေသိ သူ့ပါးအားတို့ထိမည့်အစား သူမအာရုံမှာ သူ့လည်တိုင်ထက်ရှိ ‌ထင်ပေါ်နေသည့်လည်စိပေါ်ရောက်သွားလေ၏။

သူမသည် လည်စိအားအရင်ဆုံး ဖွဖွလေးထိကာ သူမလက်မှာ အတန်ကြာသည်ထိ ရစ်ဝဲနေလေသည်။

လှုပ်ကုလားထိုင်ထက်လှဲနေသည့် နဉ်ကျင်းမှာ ပါးစောင်အားကိုက်ကာ ထိုအခိုက်အတန့်၌ သူမအားသူ့လက်မောင်းများကြား ခပ်ပြင်းပြင်းဆွဲသွင်းလိုစိတ်ကို ခံစားနေရ၏။

နဉ်ကျင်း၏တုံ့ပြန်မှုကို သတိမပြုမိသော စူးယွင်မှာသူမလက်အားပြန်ဆုတ်လိုက်သည်။

သူမသည် ရှေ့သို့မှီကာ သူ့ရုပ်သွင်အားနီးနီးကပ်ကပ်စစ်ဆေးကြည့်လိုက်၏။

သူ့မျက်နှာထက်တွင် ပုံမှန်ရှိနေကျ ထက်ရှသော အချိုးအစားတို့မှာ ဤအချိန်တွင်တော့ နူးညံ့‌သိမ်မွေ့နေပြီး သူ့သွင်ပြင်အား ပိုမိုညင်သာသိမ်မွေ့သွားစေသည်။

စူးယွင်သည် နှုတ်ခမ်းသပ်၍ တိတ်တိတ်လေးပြုံးလိုက်၏။

သူကအရမ်းချောတာပဲ။

အိပ်နေတာတောင် ဒီလောက်ကြည့်ကောင်းနေတယ်။ငါတော့ ကံကောင်းလိုက်တာ။

သူမသည် တံခါးလက်ကိုင်အား လက်တစ်ဖက်ဖြင့် သူမဘာသာအားပြုထရပ်ကာ သူ့အားမနှောင့်ယှက်တော့ဘဲ ထွက်သွားရန်ပြင်လိုက်သည်။သို့သော် သူမခန္ဓာကိုယ်မကြွရသေးခင်မှာပင် အားတစ်ခုမှာ သူမအားပြန်ဆွဲချလိုက်၏။

သူမသည် သူ့ရင်ဘတ်ပေါ် အားဖြင့်ပြုတ်ကျကာ သူမ၏စိုထိုင်းထိုင်းဆံနွယ်တို့သည်လဲ သူ့ကော်လံထက်ပြန့်ကျဲသွားလေတော့သည်။သူမ၏မူလဆံပင်စိုစိုတို့မှာ ယခုတော့ အဝတ်ဖြင့်ကပ်နေကာ အဝတ်အောက်ရှိ သူမအရေပြားတို့အား ဝေဝါးဝါးမြင်နိုင်စေလေ၏။

စူးယွင်သည် ရေစို၍သူမအရေပြားကို မြင်နေရသည့်နေရာကိုကြည့်ကာ ရှက်သွေးဖြာသွားရသည်။

"ရှင်....ရှင်နိုးပြီလား"

သူမမှ အံ့ဩတကြီးမေးလိုက်သည်။

"ကိုယ်က အိပ်နေတာမဟုတ်ဘူးလေ"

နဉ်ကျင်းသည်ပြောရင်း သူမခါးထက်လက်တင်ကာ မရေမရာဖြစ်နေသလို လေသံတိုးတိုးဖြင့်ပြောလာ၏။

"တစ်ယောက်ယောက်က ကိုယ့်ကိုအသားယူချင်နေတာလေ အဲ့တော့ ကိုယ်လဲပူးပေါင်းပေးရမှာပေါ့"

စူးယွင်မှာ ချက်ချင်းငြင်းဆိုလာ၏။

"ရှင် အရှက်မရှိတဲ့လူ!ဘယ်သူက အသားယူဖို့လုပ်နေလို့လဲ"

နဉ်ကျင်းသည် သူမအားပြန်မဖြေခဲ့ပေ။ထိုအစား သူသည်ဆက်ပြောလာ၏။

"အသားယူနေတာက ဘာလုပ်ရမှာလဲ။မင်းကကိုယ့်ကို တိုက်ရိုက်နမ်းလိုက်ရုံပဲကို"

သူ၏စကားများမှာ စူးယွင်၏ဆန္ဒတို့အား လွှမ်းမိုးရန်ချက်ချင်းအစပျိုးလာပြီး သူမသည် လက်ဖြင့်သူ့မျက်နှာအားကိုင်ကာ

"ဒါဆိုလဲ ကျွန်မကိုနမ်းလေ။ကျွန်မရှင့်ကိုမကြောက်ပါဘူး"

သူမနှုတ်ခမ်းတို့သည် နဉ်ကျင်းနှုတ်ခမ်းတို့ထက် ဖုံးအုပ်လိုက်ကာ သူ့အားစိုက်ကြည့်နေလိုက်၏။

နဉ်ကျင်း၏မျက်ဝန်းများထဲတွင် အပြုံးတစ်ခုရှိနေကာ သူသည်သူမ၏ကြင်နာမှုကို လက်ခံနေရသည့်အတိုင်းပင်။

စူးယွင်သည် အကြည့်ရွှေ့ကာ သူလုပ်ခဲ့သလိုလိုက်လုပ်ပြီး သူမလျှာဖျားထိပ်လေးဖြင့် သူ့နှုတ်ခမ်းသဏ္ဍာန်တစ်လျှောက် တို့လျက်ကာ ငှက်မွှေးတစ်ချောင်းအလား သူမနှုတ်ခမ်းတို့ဖြင့် ညင်ညင်သာသာလေးနမ်းရှိုက်လိုက်သည်။

"မြန်မြန် ရှင့်ပါးစပ်ဖွင့်လိုက်"

သူမ၏လျှာမှာ မြွေတစ်ကောင်အလား ပျော့ပျော့ပျောင်းပျောင်းကူးခတ်ကာ သူ့ပါးစပ်မှတစ်ဆင့် အသက်ရှူသံတို့ကို သိမ်းယူနေလေ၏။

သို့သော် သူမလှုပ်ရှားမှုတိုမှာ ဖွဖွလေးနှင့်နှေးကွေးလှသည်။အဆုံးတွင်တော့ နဉ်ကျင်းမှာ ဆက်မစောင့်နိုင်တော့ပေ။လှစ်ကနဲလှည့်ကာ သူမအသက်ရှူသံတို့အား သူမှပြန်သိမ်းပိုက်လိုက်လေ၏။

သူ့မျက်ဝန်းတို့မှာ ရဲရဲနီနေကာ သူ့အသံသည်လဲ ဩရှနေလေသည်။

"မင်းကိုယ့်ကိုနမ်းပြီးတဲ့အချိန်ဆို မင်းလက်ထဲကိုယ်သေဆုံးပြီးသွားလောက်ပြီ"

သူသည်သူမဆံပင်တို့အားအသာသပ်ကာ ဆံထိုးအားဖြည်းဖြည်းချင်းဖယ်နေစဉ် သူ့နှုတ်ခမ်းတို့မှာ ခပ်ပြင်းပြင်းဖိကပ်ထားဆဲပင်။စူးယွင်မှာ သူမသည် အခန်းအလယ်တွင် ကျိုးကြေသွားတော့မည့် နွမ်းလျလျပန်းတစ်ပွင့်ဖြစ်နေသလိုခံစားနေရသည်။

သူမအကြည့်တို့မှာ ပို၍ဝေဝါးလာပြီး သူမကိုယ်ထက်ရှိလူ၏အနွေးဓာတ်မှာလဲ ပိုပူပြင်းလာလေ၏။ထိုအချိန်တွင် သူမတွေးနိုင်သမျှစကားတို့မှာ *မီးနဲ့ဆော့ရင် ကိုယ်ပဲမီးဟပ်ခံရမယ်* ဆိုသည့်စကားပင်။

-----------

နောက်နေ့တွင် စူးယွင်မှာ ယီယန်းကျူဆီရောက်လာ၏။

သုန်းကွေ့မှာအပြေးအလွှားအလုပ်ရှုပ်နေသေးသည်ကိုတွေ့၍ သူမသည်မနှောင့်ယှက်ဘဲ တိတ်တဆိတ်သာစောင့်နေလိုက်သည်။သုန်းကွေ့မှ အလုပ်များပြီးသည်နှင့် စူးယွင်သည် ယနေ့သူမလာလည်ရခြင်း အကြောင်းအရင်းကို ပြောဖို့လုပ်လိုက်၏။

All Chapters