အခန်း (၆၅)
Vol. 7 Ch. 65
သူမသည် လောကကြီးမှာ အထူးသဖြင့် အမျိုးသမီးများနှင့်ပက်သက်ပါလျှင် မတရားမှန်းသိထားခဲ့၏။ခေတ်သစ်ကာလတွင်ဆို သူမသည် သူတို့၏လိင်အမျိုးအစားကြောင့် ဘာမဟုတ်တာလေးမှအစ တိုက်ခိုက်ခံနေရသည့် မရေမတွက်နိုင်သော အမျိုးသမီးတို့ကို တွေ့ခဲ့ဖူးလေသည်။
သူမမှာ ငြီးတွား၍ ကြံ့ကြံ့ခံခဲ့ပေသိ အဆုံးတွင်တော့ ထိုသည်မှာ ရောဂါကိုအမြစ်ပြတ်ကုသသည်မဟုတ်ပဲ အပေါ်ယံသာဖြစ်လေ၏။ခေတ်သစ်တွင် ဥပဒေများဖြင့်အမျိုးသမီးထုကို ကာကွယ်ပေးဖို့သူမမျှော်လင့်ခဲ့ရပြီး နောက်ဆုံးထိုပြဿနာမှာ ဖြေရှင်းနိုင်ခဲ့လေသည်။သို့သော် ရာထူးဂုဏ်ပုဒ်အဆင့်ဆင့်နှင့် ဖိုဝါဒကြီးစိုးသော ရှေးခေတ်ကာလတွင်တော့ ပြဿနာမှာ ပို၍ပင်ဆိုးဝါးနေပါ၏။
ကရုဏာသက်မှုသဲ့သဲ့မှာ စူးယွင်၏မျက်ဝန်းများထဲ လက်သွားခဲ့ပြီး မတ်မတ်ထိုင်ကာနှုတ်ခမ်းအားတင်းတင်းစေ့ထားလိုက်၏။
သူမသည် လက်ဆန့်၍ရှောင်ဟယ်၏ပါးအား အသာထိကာ သူမအကြည့်သည် ကရုဏာသက်ရာမှ ကိုယ်ချင်းစာနာမှုအဖြစ်ပြောင်းလဲသွားသည်။
"ရှောင်ဟယ် မင်းဘဝက မင်းဘာသာရှင်သန်ဖို့အတွက်ပဲ။အခြားတစ်စုံတစ်ယောက်အတွက်မပြောနဲ့ ငါ့အတွက်ဆိုရင်တောင် မင်းကိုယ်မင်းအနစ်နာခံစရာမလိုပါဘူး"
"မင်းပျော်ရင် ငါလဲပျော်ရွှင်ရတယ်ဆိုတာကို မင်းသတိရနေရမယ်"
ရှောင်ဟယ်အား အရင်ဆုံးသူမနားခေါ်ထားဖို့ ဆုံးဖြတ်ရခြင်းမှာ သူမအား အခြေချနေထိုင်စရာနေရာပေးဖို့ရန်နှင့် ဘဝတစ်ခုတည်ဆောက်ရန်ဖြစ်သည်။သို့သော် တာဝန်တစ်ခု သို့မဟုတ် ချုပ်ချယ်မှုပုံစံသာဖြစ်လာပါက သူမသည် ရှောင်ဟယ်အားလွှတ်ပေးလိုက်ရန် ဆန္ဒရှိပေ၏။
ရှောင်ဟယ်မှာ တောင့်တင်းသွားကာ သူမမျက်ဝန်းတို့သည်လဲ အတန်ငယ်နီရဲလာပြီး သူမပါးစပ်ကိုဖွင့်လိုက်ပေသိ မည်သည့်အသံမှထွက်မလာပါပေ။
စူးယွင်သည် သူမမျက်ဝန်းထောင့်မှ မျက်ရည်စတို့ကိုသုတ်ပေးကာ ပြုံးလိုက်ရင်း
"မင်းကအသက်ကြီးလာပေမယ့် ရင့်ကျက်မှုမရှိဘူးပဲ"
ရှောင်ဟယ်သည် ခါးသက်သက်ပြုံးလိုက်မိကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာ၏။
"ကျွန်မ.....ကျွန်မ.....ကျွန်မမှာ သခင်မလေးကို ကျေးဇူးပြန်ဆပ်စရာဘာမှမရှိဘူး"
စူးယွင်မှာ သူမအားဘဝသစ်တစ်ခုပေးခဲ့ကာ ဤမျှထိဖေးမလာခဲ့ပြီး ယခုတွင်တော့ သူမအားကောင်းမွန်သော ဘဝတစ်ခုတွင်နေထိုင်နိုင်ရန် လက်လွှတ်ဖို့ပင်လုပ်နေသေးသည်။
သို့သော်ရှောင်ဟယ်...သူမတွင် ကျေးဇူးပြန်ဆပ်စရာဘာမှမရှိသလို ဘယ်လိုပြန်ပေးဆပ်ရမည်ကိုလဲ မသိပါပေ။
ရှောင်ဟယ်သည် ထိုင်နေရာမှအောက်ဆင်းကာ ဒူးထောက်လိုက်၏။
စူးယွင်သည် သူမအားအမြန်တားကာ ခုံပေါ်ပြန်ထိုင်စေလိုက်သည်။
"ငါတို့က သက်တူရွယ်တူတွေဆိုတော့ ဒီလိုလုပ်ရပ်ကို လက်မခံနိုင်ဘူးနော်"
သူမသည် လှည့်ပတ်ကြည့်လိုက်ရာ စားပွဲထက်ရှိ အစာသွပ်မုန့်များထံ အကြည့်ရောက်သွားလေ၏။
"နင်ငါ့ကိုကျေးဇူးတစ်ကယ်ပြန်ဆပ်ချင်ရင် ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာသင်ပေး"
သူမသည် စားလက်စမုန့်ကိုကောက်ယူကာ တစ်ကိုက် ကိုက်လိုက်၏။
"ဒါကတစ်ကယ်အရသာရှိတယ်။ဒီမုန့်ကိုဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်တယ်"
နှောင့်နှေးမှုမရှိပါဘဲ ရှောင်ဟယ်သည် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်၏။
အဒေါ်လီ၏မီးဖိုချောင်တွင် ရှောင်ဟယ်မှာ မသုံးရသေးသည့်ပါဝင်ပစ္စည်းများအား နေရာတစ်ဖန်ပြန်ချလိုက်သည်။
သူမသည် ဒလိမ့်တုံးအားယူကာ မုန့်ညက်လုပ်၍ ပြားသွားသည်နှင့် အသီးယိုတစ်ဇွန်းခပ်ကာ မုန့်ညက်ထဲအစာသွပ်လိုက်၏။ထို့နောက် သူမသည်မုန့်ညက်အစွန်းများကို ဖိကာပွင့်ဖတ်သဏ္ဍာန်အဖြစ် ခေါက်လိုက်သည်။
သူမသည် လက်စသတ်ပြီးသွားသော အစာသွပ်မုန့်အား စူးယွင်ထံကမ်းပေးလိုက်၏။
"သခင်မလေး ပြီးသွားရင်ဒီလိုပုံစံလေးဖြစ်သွားလိမ့်မယ်"
"လွယ်မယ့်ပုံပဲ ငါဒါကိုလုပ်နိုင်မယ်ထင်တယ်"
သူမသည် ခေတ်သစ်၌ ဖက်ထုပ်နှင့်ဆင်တူမုန့်များအား လုပ်ခဲ့ဖူး၍လုပ်ငန်းစဉ်ကို ကြည့်ပြီးသည်နှင့် ပွင့်ဖတ်သဏ္ဍာန်ဖော်သည့် လှည့်ကွက်ကဏ္ဍကိုဖော်ထုတ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာပင် သူမထံတွင် တည်ငြိမ်သောလက်အစုံရှိနေခဲ့၏။အကြိမ်ရေအချို့လေ့ကျင့်ပြီးသည်နှင့် သူမသည် ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းလောက်ရအောင် လုပ်နိုင်ခဲ့သည်။
ရှောင်ဟယ်သည် အစာသွပ်မုန့်များအား ပေါင်းအိုးထဲထည့်ကာ ကျက်မည့်အချိန်ကိုစောင့်နေလိုက်၏။
ဆယ့်ငါးမိနစ်ကြာပြီးသော် စူးယွင်သည် မုန့်များအားတစ်ခုချင်းယူ၍ အစားအသောက်ဘူးထဲထည့်နေရင်း အပြုံးတစ်ပွင့်မှာ မသိလိုက်မသိဘာသာဖြင့် သူမနှုတ်ခမ်းထက်ပေါ်နေခဲ့သည်။
"သခင်မလေးက ဒီမုန့်တွေကို သခင်လေးနဉ်ဆီပေးဖို့လုပ်နေတာလား"
ရှောင်ဟယ်၏လေသံမှာ မေးမြန်းသည်ထက် အမှန်တရားကိုပြောနေသည့်အလား တည်ကြည်ခိုင်မာနေလေ၏။
စူးယွင်သည် သူမ၏စနောက်မှုကြောင့် အနှောင့်အယှက်ဖြစ်မသွားပါပေ။သူမသည် ယုံကြည်ချက်ရှိရှိပင် ပြန်ဖြေလိုက်၏။
"နင်လဲမနာလိုရင် ကိုယ့်ဘာသာတစ်ယောက်ယောက် ရှာလို့ရနေတာပဲ"
သူမသည် အစားအသောက်ဘူးအားပိတ်ကာ သယ်လိုက်ရင်း ကျီစယ်ရိပ်တို့ဖြင့် ရှောင်ဟယ်၏ပုခုံးကိုပုတ်ပေးလိုက်သည်။
"ငါကတော့ ငါ့ပျော်ရွှင်မှုကို သွားရှာတော့မယ်။ကျန်တဲ့အရှုပ်တွေကတော့ နင်ဖြေရှင်းရမယ့်ဟာတွေပဲ"
-----------
နဉ်ကျင်း၏အိမ်တော်တံခါးတွင် စူးယွင်သည် တံခါးခေါက်မနေတော့ပဲ တန်းဖွင့်ဝင်သွားလိုက်သည်။သူမသည်တစ်ကြိမ်မကရောက်ဖူးနေ၍ အိမ်ဝင်းထဲရှိနေရာတိုင်းကို သူမလက်ဖမိုးအလားသိနေပြီဖြစ်၏။
စူးယွင်သည် သူ့ဘေးဝင်ထိုင်ကာ အစားအသောက်ဘူးအားဖွင့်၍ စားပွဲထက်တင်လိုက်သည်။
"ကျွန်မဒါတွေလုပ်လာခဲ့တာ မြည်းကြည့်လိုက်ပါဦး"
နဉ်ကျင်းသည် ပြုံးလိုက်ပြီး သူ့လက်ထဲရှိစာအုပ်ကို ဘေးသို့အလွယ်ချထားလိုက်၏။နောက်တစ်ခွန်းပြောစရာမလိုပဲ သူသည်မုန့်တစ်ခုအားယူကာ ပါးစပ်ထဲထည့်လိုက်လေသည်။
အပြင်ခွံမှာ ရွှေရောင်သမ်း၍ကြွပ်ရွနေပြီး သူ့ခံတွင်းထဲ အရည်တန်းပျော်သွားကာ အထဲရှိအသီးယိုမှ ပေါက်ထွက်လာပြီး ချိုမြိန်ပေသိ အီမနေသောအရသာမှာ စွဲထင်ကျန်ရစ်ခဲ့လေ၏။
"သခင်မလေးစူးရဲ့လက်ရာက အထင်ကြီးစရာပါပဲ"
"သာမာန်ပါပဲ"
စူးယွင်သည် ပြန်ဖြေရင်းသူ့ထံရေနွေးတစ်ခွက်ကမ်းပေးလိုက်သည်။
"အကောင်းဆုံးအပိုင်းက ရှောင်ဟယ်လုပ်ထားတဲ့ မုန့်ထဲကယိုလေ"
သူမသည် တုံးအမနေပေ။အစာသွပ်မုန့်၏အောင်မြင်မှုမှာ ရှောင်ဟယ်၏ယိုကြောင့်ဖြစ်မှန်းသိလေ၏။ထိုအရာမပါလျှင် အရသာမှာတူညီနေတော့မည်မဟုတ်ပေ။
နဉ်ကျင်းမှာ မျက်ခုံးပင့်လိုက်၏။
"မဟုတ်တာတွေ အကောင်းဆုံးအပိုင်းက မင်းလုပ်ထားတဲ့နေရာဆိုတာသေချာနေတာကို"
"ဒါဆိုရှင်ထပ်စားသင့်တယ်"
စူးယွင်သည်ပြောရင်း အစာသွပ်မုန့်နောက်တစ်ခုအားယူကာ နဉ်ကျင်း၏ပါးစပ်နားတိုးပေးလိုက်၏။
နဉ်ကျင်းသည် ပါးစပ်ကျယ်ကျယ်ဖွင့်ကာ ကိုက်လိုက်သည်။သူကိုက်ပြီးသည်နှင့် သူ့လျှာအားတမင်ထုတ်လိုက်ကာ စူးယွင်၏လက်ချောင်းထိပ်လေးအား လျက်လိုက်၏။
စူးယွင်မှာတောင့်တင်းသွားပြီး သူ့ထံဒေါသတကြီးကြည့်လိုက်သည်။
နဉ်ကျင်းသည် တွန့်ဆုတ်မနေဘဲ နောက်တစ်ခုယူကာ တစ်ဝက်စားလိုက်ပြီး သူမထံပေးလာ၏။
သူသည်အသံတိုးတိုးဖြင့်
"မင်းရဲ့ကိုယ်ပိုင်အလုပ်ကြိုးစားမှုရလဒ်ကို မြည်းကြည့်လိုက်"
စူးယွင်သည် သက်ပြင်းချကာ နဖူးအားလက်ဖြင့်ထောက်လိုက်၏။
"ဘယ်သူက လူတွေမြည်းကြည့်ရအောင် ဒီလိုပုံစံမျိုးနဲ့ပေးကြလို့လဲ"
သူနှင့်စတင်ချိန်းတွေ့ချိန်မှစပြီး နဉ်ကျင်းမှာ တစ်စထက်တစ်စအရှက်မဲ့လာကာ သူ့စကားများသည်လဲ တစ်ချိန်၌ရှိခဲ့ဖူးသော ကောင်းမွန်သိမ်မွေ့မှုအငွေ့အသက်တို့ရှိမနေတော့ပေ။
"ဒီမုန့်က မင်းရဲ့အောင်မြင်မှုရလဒ်လေ ပြီးတော့ ကိုယ်ရောပဲ"
[T-N/ နဉ်ကျင်းကိုယ်တိုင်ကလဲ စူးယွင်ရဲ့ အောင်မြင်မှုရလဒ်လို့ သူပြောချင်တာ]
စူးယွင်သည် ဖွဖွလေးရယ်လိုက်မိကာ အစာသွပ်မုန့်၏အခြားတစ်ဖက်ကို ကိုက်ချလိုက်၏။
သူမမှာ ပါးစပ်ဟ၍တိုးကပ်လာပေသိ သူ့လက်ချောင်းနှင့်ထိရုံမျှအကွာတွင်ရပ်ကာ ကိုက်ချလိုက်သည်။
"ချိုသားပဲ ကျွန်မကြိုက်တယ်"
"ကိုယ်ကျတော့ရော"
နဉ်ကျင်းသည် သူမအားပွေ့လိုက်ကာ သူ၏နှာတံမြင့်မြင့်သည် သူမပါးအားပွတ်သပ်လိုက်၏။
"မချိုဘူးလား"
"ကျွန်မမြည်းကြည့်လိုက်မယ်"
စူးယွင်မှ ခေါင်းလှည့်လိုက်ရာ လှုပ်ရှားမှုကြောင့် သူ့ကော်လံမှာ အနည်းငယ်လျှောကျနေသည်ကို တွေ့လိုက်ရသည်။သူမသည်ခေါင်းငုံ့၍ သူ၏ညှပ်ရိုးအားကိုက်၍ စုပ်ကာ အမှတ်အသားတစ်ခုချန်ထားလိုက်၏။
"ချိုတာပဲ ဒီမုန့်ထက်တောင် ချိုသေးတယ်"
နဉ်ကျင်း၏ မျက်လုံးအိမ်မှာ ကျုံ့သွားပြီး သူမခါးအားပွေ့ဖက်ထားသည့်လက်မှာ ရှေ့သို့တိုးလာသည်။သူမှပြောလာ၏။
"မင်းကကိုယ့်ကို ညဘက်မှာအတူနေပေးဖို့ဖိတ်ခေါ်နေတာလား"
သူ့လေသံမှာ တိုးနိမ့်နေပေသိ သူ့လေသံထဲရှိ ရယ်ရွှင်မှုမှာ ဖုံးကွယ်မထားနိုင်ပေ။
စူးယွင်သည် သူ့အားကြည့်ရင်း သူမလက်ကို အောက်သို့လျှောချကာ သူ့ခါးထက်တင်လိုက်၏။
ထိုနေရာရှိအပူရှိန်မှာ နွေဦးမိုးရွာပြီးနောက် ထွက်ပြူလာသည့် ဝါးညွှန့်များအလား ဖိနှိပ်ထားရန်ခက်ခဲလှသည်။
နဉ်ကျင်းသည် သူ့ခေါင်းအားငုံ့လိုက်ပြီး သူမလက်အားကိုင်ကာ သူမအားပိုတိုး၍ လမ်းညွှန်ပေးချင်နေတော့၏။
"နေပေးပါ ဟုတ်ပြီလား"