← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

သူ့လက်မှအပူချိန်သည် ကြောက်စရာကောင်းလောက်အောင်မြင့်တက်လာပြီး စူးယွင်အား သူနားမှခွာချင်အောင်လုပ်နေလေသည်။

"ပြေးချင်နေတာလား"

နဉ်ကျင်းသည် သူမလက်အားဖိကာ သူ့ခေါင်းအား သူမပုခုံးထက်တင်၍ သူမနားကို တတိတိကိုက်နေတော့၏။

"လူတစ်ယောက်ဆိုတာ တာဝန်ယူမှုအချို့‌တော့ရှိသင့်တယ်နော်"

စူးယွင်၏မျက်နှာမှာနီရဲသွားကာ ရှုပ်ထွေးမှုကြောင့် တောင်ကြည့်မြောက်ကြည့်လုပ်နေလိုက်၏။

"ကိုယ့်မှာ ရည်မှန်းချက်ကြီးကြီးမားမားတော့မရှိဘူးလေ အဲ့တော့ ကိုယ်ကတာဝန်ယူမှုဆိုတာကို မလိုဘူး"

"ဒါဆိုရှင်က တာဝန်မယူခိုင်းစေချင်ဘူးပေါ့"

နဉ်ကျင်းသည် သူမလည်တိုင်နောက်မှနေတီးတိုးဆိုလာ၏။

"မင်းကတော့ အပြစ်ပေးဖို့ပဲလိုတယ်"

သူသည်သူမလက်အားဆွဲသွားပြီး သူ၏လျော့ရဲနေပြီးသားကော်လံကို အသာဖွင့်ဟလိုက်သည်။

သူ့လည်တိုင်အရေပြားမှာ လုံးလုံးလျားလျားအပြင်သို့ဖော်ထုတ်ပြခံလိုက်ရကာ သိသာနေသောအနီရောင်တောက်တောက်အမှတ်အသားတို့မှာ ညှပ်ရိုးထက်အနည်းငယ်ထင်းထွက်နေလေ၏။စူးယွင်သည် အသက်ပြင်းပြင်းရှူကာ ကြည့်နေလိုက်သည်။

သူ့လေသံမှာ အက်ရှရှဖြင့် ညှို့ယူမှုအနည်းငယ်ပါနေလေ၏။

"ကြည့်မကောင်းဘူးလား"

ပူပြင်းသောအထိအတွေ့မှာ စူးယွင်အား ‌အတန်ငယ်ကြောင်အမ်းစေခဲ့ပြီး ဆွံ့အစွာပင်ထိုအတိုင်းရှိနေလေသည်။

နဉ်ကျင်းမှာ ဖွဖွလေးရယ်လိုက်၏။

ဆင်စွယ်ရောင်ဖျော့ဖျော့အပေါ်ဝတ်ရုံရှည်မှာ သူလည်တိုင်ထက်ရှိ နီရဲမှုကို ပေါ်လွင်စေခဲ့သည်။

သူ့လည်တိုင်ရှိသွေးကြောများမှာ သားရဲတစ်ကောင်မှ နောက်ခဏတွင် သူ့‌ရှေ့မှသား‌ကောင်ကို ခုန်အုပ်၍ဆုတ်ဖြဲပစ်တော့မည့်အလား ထင်းထွက်နေလေ၏။သို့တိုင် သူ၏အမူအယာမှာ လုံးဝတည်ငြိမ်နေဆဲဖြစ်ကာ မည်သည့်ပူပန်မှုလက္ခဏာမျှ ပြမလာခဲ့ပေ။

နဉ်ကျင်း၏ခေါင်းမှာ စူးယွင်၏လည်တိုင်နားရှိနေပြီး သူ့မျက်နှာအားငုံ့ချကာ ဗလုံးဗထွေးပြောလာသည်။

"ယွင်အာ နည်းနည်းလေးသက်တောင့်သက်သာမရှိသလိုပဲ"

စူးယွင်မှာ အတန်ငယ်ကြောင်အမ်းသွားရပြီး ဘာလုပ်ရမည်ကိုမသိတော့ပေ။

သူသည်ပြုံး၍ သူမအားစကားလုံးများဖြင့် ဆက်လက်သွေးဆောင်နေတော့သည်။

"စမ်းကြည့်လိုက်"

သူမလက်တွင်းရှိ အပူချိန်မှာ အလွန်ပြင်းထန်လွန်းလာ၏။စူးယွင်မှာ ကြက်သီးများထလာရသည်။

"ရှင်.....ရှင်.....ရှင်...."

"ကိုယ်ဘာလဲ....."

နဉ်ကျင်းသည် အသာရယ်လိုက်၏။

စူးယွင်မျက်နှာမှာ ပို၍ပင်နီရဲလာပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။

"ဒါ....ဒါက....."

နဉ်ကျင်းသည် သူမအား နူးနူးညံ့ညံ့လေး ချော့ပြောလိုက်၏။

"မပြောနဲ့တော့ ဆက်လုပ်ကြစို့"

စူးယွင်မှာ မတုံ့ပြန်နိုင်ပေသိ သူမစကားများဖြင့် နှုတ်လန်ထိုးနေဆဲပင်။

"ကျွန်မကနားမကြားတဲ့လူပဲ ဘာမှမကြားဘူး"

သူမ၏ နူးညံ့ကာ ညုတုတုအရိပ်အယောင်တို့ဖြင့်ငြင်သာစွာပြောလာသော စကားသံမှာ နဉ်ကျင်းနားထဲရောက်သွားလေ၏။

နဉ်ကျင်းသည်သူမလည်တိုင်အား နမ်းရှိုက်ကာပြောလာသည်။

"မင်းနားတွေကမကြားရရင် အခြားခံစားချက်တွေက ပိုထက်မြက်လာလိမ့်မယ်"

"လာခဲ့ မင်းလက်တွေရဲ့ ကျွမ်းကျင်မှုကို ကိုယ့်ဆီပြပေးပါ"

စူးယွင်မှာ တစ်စထက်တစ်စမရေမရာဖြစ်လာပြီး သူမစွမ်းဆောင်ရည်တို့မှာ ချော်ထွက်သွားပြီဟု တွေးနေမိတော့၏။

နဉ်ကျင်းသည် သူမအားတစ်ဆင့်ပြီးတစ်ဆင့်လမ်းညွှန်ပေးလေရာ သူမ၏မူလခုခံမှုမှသည် သူမဘာသာလုပ်နိုင်သည်ထိဖြစ်သွားလေသည်။

နဉ်ကျင်း၏မျက်ခုံးများမှာ ကျုံ့သွားပြီး သူမလည်တိုင်‌နောက်ဘက်အားစုပ်ယူကာ ဇီးပန်းနီနီများပွင့်လန်းလာစေ၏။

စူးယွင်၏ကိုယ်မှာ ဖြည်းဖြည်းချင်းပျော့ပြောင်းလာပြီး သူမ၏စေးကပ်သွားသည့်လက်များအား နဉ်ကျင်း၏ပုခုံးထက်တင်လိုက်သည်။

နဉ်ကျင်းသည်ပြုံးကာ လက်ကိုင်ပုဝါအားထုတ်၍ သူမလက်ချောင်းတို့ကိုသုတ်ပေးလိုက်၏။

သုတ်ပေးပြီးသော် နဉ်ကျင်းသည် လက်ကိုင်ပုဝါအားလွှင့်ပစ်ကာ သူ့လက်နှစ်ဖက်ကို စူးယွင်ခါးထက်တင်၍ ပင့်မလိုက်သည်။

စူးယွင်မှာ အတန်ငယ်ပင်ပန်းနေ၍ နွမ်းလျစွာဆိုလာ၏။

"နဉ်ကျင်း ရှင်ဘာလုပ်မလို့လဲ"

သူမသည် ထိုအရာအားတစ်ကြိမ်ကြုံဖူးသွားပြီဖြစ်ကာနောက်တစ်ကြိမ်လုံးဝထပ်မလုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။

"ကျေးဇူးတုံ့ပြန်တာ"

နဉ်ကျင်းသည် သူမအားစားပွဲထက်ထိုင်စေကာ သူမခြေထောက်တို့အား ပင့်မြှောက်၍ ပြောလာ၏။

စူးယွင် : "......"

*ကျေးဇူးတုံ့ပြန်တယ်*ဆိုတဲ့အသုံးမျိုးကို ဒီနေရာမှာဘယ်လိုလုပ်သုံးရမှာလဲ။

နဉ်ကျင်းသည် သူမမျက်နှာအားအသာထိကာပြောလိုက်၏။

"ကိုယ်အတည်ပြောတာပါ"

စူးယွင် : "....."

ဒါကအလေးအနက်ကြီးလုပ်ရမယ့်အရာမလို့လား။

နဉ်ကျင်းသည် သူမခြေသလုံးအားကိုင်ကာ ဖြည်းဖြည်းချင်းရှေ့ဆက်တိုးလာ၏။

စူးယွင်ကိုယ်မှာတောင့်တင်းသွားကာ စိမ်းသက်သောအထိအတွေ့သည် သူမအားမျက်မှောင်ကြုံ့သွားစေပြီး သူမလက်တို့မှာနဉ်ကျင်း၏ဆံပင်တို့ကို ခပ်တင်းတင်းဆွဲဆုပ်ထားမိစေသည်။

"ယွင်အာ စိတ်လျှော့ထားလေ"

သူမ၏ချုံဆမ်းကွဲကြောင်းမှာကြီး၍ သူ့လက်မှာအထက်သို့တိုးသွားကာ မည်သည့်အတားအဆီးကိုမဆို ကျော်လွှားသွားစေ၏။သူ၏လက်ညှိုးအား သူမဘောင်းဘီအစွန်းထက်အသာတင်၍အရှေ့အနောက် အကြိမ်ရေအချို့ဆွဲကာကျီစယ်နေပေသိ ဆက်လှုပ်ရှားမလာပေ။

အစောမှ သူတို့ခုံပေါ်ထိုင်နေစဉ်တွင် စူးယွင်မှာ ပတ်ဝန်းကျင်အား အာရုံသိပ်မစိုက်ခဲ့ပေ။ယခု စားပွဲထက်ထိုင်နေချိန်တွင်တော့ သူမမှာ ညာဘက်ရှိပြတင်းပေါက်တစ်ခုကို ရှင်းရှင်းလင်းလင်းကြီးမြင်နေရလေ၏။အပြင်ဘက်တွင် ကောင်းကင်ယံမှာ မှောင်နေပြီဖြစ်ကာ သူမမော့ကြည့်ချိန်တွင် ဘာမှမမြင်ရပါချေ။သို့သော်ငြား သူမမှာစိုးထိတ်နေသေး၏။ပြတင်းပေါက်အား ဆီစိမ်စက္ကူတစ်လွှာဖြင့် ကာ‌ထား၍ အပြင်ဘက်မှနေ တိကျသာလှုပ်ရှားမှုတို့ကို မမြင်ရသော်လည်း နှစ်ဦးသား၏ရောထွေးနေသောအရိပ်တို့ကိုတော့ ရှင်းရှင်းကြီးမြင်နေရဆဲပင်။

"တစ်ယောက်ယောက်ဖြတ်သွားရင်ရော သူတို့တွေမ......"

သူမသည် နဉ်ကျင်းအားတွန်းကာ တုန်ယင်နေသောလေသံဖြင့်

"ပြ...ပြတင်းပေါက်.....တစ်ယောက်ယောက်......တစ်ယောက်ယောက်ကမြင်မှာပဲ.....ကျွန်မ....အား....."

အေးစက်စက် လက်ချောင်းတို့မှာ သူမအရေပြားအားထိတွေ့နေပြီး စိမ်းသက်သော်ငြား တစ်နည်းနည်းဖြင့် သာယာနေပြန်သည်။

သူမမှာ မသိစိတ်အရ တင်းကြပ်လိုက်မိကာ သူမစကားတို့သည်လည်း ပြတ်တောက်သွားတော့၏။

စူးယွင်၏အကြည့်တို့မှာရီဝေနေပြီး သူ့အားသနားချင့်စဖွယ်ကြည့်နေသည်။

နဉ်ကျင်းသည် သူမနှုတ်ခမ်းထောင့်အားနမ်းရှိုက်ကာ နှစ်သိမ့်လိုက်၏။

"ဘယ်သူမှလာမှာမဟုတ်လို့ စိတ်လျှော့ထားနော် အရမ်းကြီးဆွဲညှစ်မထားနဲ့"

အိမ်တော်ရှိလူတိုင်းမှာ တင်းတင်းကြပ်ကြပ်လေ့ကျင့်ခံထားရ၏။နဉ်ကျင်း၏ခွင့်ပြုချက်မရဘဲ အခြားလူမဆိုထားနှင့် အနီးကပ်ခစားသည့်လူများပင် ချဉ်းကပ်ခွင့်မရှိကာ သူတို့၏သတ်မှတ်နေရာတွင်ပင် နာနာခံခံရှိနေရပေမည်။

"ဒါပေမယ့်...."

စူးယွင်မှာ စိုးရိမ်နေဆဲပင်။

"ဘာမှမဖြစ်ဘူးနော် ကိုယ့်ကိုယုံ"

နဉ်ကျင်း၏လှုပ်ရှားမှုတို့မှာ နှေးကွေးသွားပေသိ ဆက်သွားနေခဲ့ကာ အပြင်အစွန်းဘက်မှနေ အဓိကနေရာဆီတိုးသွားလိုက်၏။သူသည် စူးယွင်၏အမူအယာတို့ကို ‌မလွတ်တမ်းစောင့်ကြည့်နေကာ သူမမျက်မှောင်ကြုံ့သည်နှင့် သူမအားငြင်သာစွာနှစ်သိမ့်လိုက်သော်ငြား သူ့လုပ်ရပ်တို့ကိုတော့ ရပ်တန့်မပစ်ခဲ့ဘဲ နူးနူးညံ့ညံ့လေးဆက်လုပ်နေဆဲပင်။

စူးယွင်ကိုယ်မှာတုန်ယင်သွားပြီး သူမလက်မောင်းများကြား မျက်နှာအပ်ကာ အရှုံးပေးလိုက်ပုံပင်။

စူးယွင်မှသိပ်မခုခံတော့သည်ကို သိလိုက်၍နဉ်ကျင်းသည် သူ့လက်အားရွှေ့ကာ သူမခါးကို ထိန်းကိုင်လိုက်၏။

စိမ်းသက်သောအထိအတွေ့တစ်ခုကို ခံစားမိလိုက်သောစူးယွင်မှာ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ခေါင်းကိုသာ မြင်နေရ‌တော့သည်။

သူမသည်နှုတ်ခမ်းအားကိုက်ကာ မျက်ရည်စတို့သည်လဲ မျက်ဝန်းထောင့်မှနေ စီးကျလာပြီး အသာပင့်သက်ရှိုက်လိုက်မိ၏။

အချိန်မည်မျှကြာသွားခဲ့သည်မသိပေသိ နောက်ဆုံးတွင် နဉ်ကျင်းမှာခေါင်းပြန်မော့လာပြီး သူမအားအပြုံးလေးဖြင့်ကြည့်လာသည်။

"ရူးလိုက်တာ"

စူးယွင်သည် ဒေါသတကြီးအော်ငေါက်လိုက်ပြီး ခေါင်းလှည့်ပစ်ကာ သူ့အားမကြည့်တော့ပေ။

နဉ်ကျင်း၏ရယ်သံမှာ ကျယ်လောင်လာပြီး သူသည်စူးယွင်အားပွေ့ချီကာ အိပ်ရာဆီလျှောက်သွားလိုက်၏။

"ကိုယ့်အိပ်ရာက အတော်လေးကြီးတာမလို့ လူနှစ်ယောက်စာကြပ်သိပ်မနေဘဲ ကောင်းကောင်းကြီးဆန့်တယ်"

စူးယွင်သည် စောင်အားကိုင်ကာ သူ့လုပ်ရပ်တို့ကိုကြည့်နေလိုက်သည်။

သူသည် အိပ်ရာအစွန်းရှိလျှို့ဝှက်အကန့်တစ်ခုမှနေ အဝါရောင်ခပ်ချွန်ချွန်တစ်ခုအားဆွဲထုတ်လိုက်သည်ကို သူမတွေ့လိုက်ရ၏။

ရှေးခေတ်အချစ်ဝတ္ထုအများအပြားဖတ်ခဲ့ဖူးသောကြောင့် စူးယွင်မှာ ထိုအရာမှာဘာဆိုသည်အား တန်းသိလိုက်သည်။

"ရှင်အဲ့ဒါကို ဘယ်ကရတာလဲ"

နဉ်ကျင်းထံတွင် ဤကဲ့သို့ပစ္စည်းမျိုးရှိနေသည်အားတွေ့လိုက်ရသော် ဖော်ပြရန်မစွမ်းသာသော အမျက်ဒေါသမီးမှာ သူမစိတ်ထဲမှနေ ထိုးတက်လာလေ၏။သူမသည် သူ့ထံ ခံစားချက်မျိုးစုံဖြင့် စိုက်ကြည့်ကာ သူမဘောင်းဘီအားချက်ချင်းပြန်ဝတ်၍ ထွက်သွားချင်စိတ်ပေါက်လာတော့သည်။

All Chapters