← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

နဉ်ကျင်းသည် သူမနားလည်မှုလွဲသွားသည်ကိုသိလိုက်၍ သူမအားသိုင်းဖက်လိုက်၏။

သူမှရှင်းပြလိုက်၏။

"ကိုယ်ဒါကို မင်းညအိပ်လာတဲ့ပထမဆုံးညမှာထဲက ပြင်ထားခဲ့တာ"

စူးယွင်မျက်နှာမှာ နီမြန်းသွားပြီး စကားနှစ်ခွန်းအား ဘောက်ဆတ်ဆတ်ပြောလိုက်သည်။

"နှာဘူး"

ထိုအချိန်တွင် သူမတို့နှစ်ဦးမှာ တွဲပင်မတွဲရသေးသည်ကို စူးယွင်မှတ်မိပါ၏။

"ကိုယ်အဲ့ဒီအ‌ခေါ်အဝေါ်ကိုသဘောကျတယ်"

နဉ်ကျင်းသည် ထိုအရာအားယူရင်း ဂုဏ်ယူဝံ့ကြွားစွာပြောလာ၏။

"ကိုယ်သာဖြစ်နိုင်မယ်ဆိုရင် တစ်သက်လုံးနှာဘူးတစ်ယောက်ဖြစ်ချင်တယ်"

"ရှင်ကတော့....."

"ကောင်းကောင်းနေ စကားမပြောနဲ့တော့ မင်းရဲ့ခွန်အားကို သိမ်းထား"

သူသည်ပြောနေရင်းပင် စောင်ကိုမကာ တွားသွားဝင်လာလေ၏။

ဤခံစားချက်မှာ အစောကနှင့်ခြားနားလေသည်။ပထမခံစားချက်မှာ နွေဦးမိုးလို ငြင်သာကာ စိမ်းသက်၍နွေးထွေးစေ၏။အခုအကြိမ်မှာတော့ အားပြင်းသောမုန်တိုင်းတစ်ခုလိုပင် ကြောက်ရွံ့ထိတ်လန့်စရာကောင်းလှသည်။

စတင်သူတို့မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် နဉ်ကျင်းမှာ သင်ယူမှုအားကောင်း၍ နောက်ပိုင်းအဆင့်များ၌ သူ့လုပ်ရပ်တို့မှာ ချောမွေ့လာလေ၏။

----------

နောက်တစ်နေ့ နေ့လည်ခင်းတွင် စူးယွင်မှာ နွမ်းလျလွန်းနေတော့သည်။သူမသည် ညလယ်၌အကြိမ်ရေများစွာ နိုးလာပေသိ မထနိုင်ခဲ့ပေ။

သူမသည်ဘေးဘက်ရှိနေရာလွတ်အား လက်ဆန့်ကာစမ်းလိုက်သည်။

နေရာလွတ်မှာအေးစက်နေပြီဖြစ်၍ သူထသွားသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်ပုံရ၏။

"ငါ့အစ်ကိုကြီးကတော့ အရမ်းမိုက်ချက်ပဲ"

သူအိပ်ရာထချိန်တွင် စူးယွင်မှာအိပ်ပျော်နေသေးပေသိ ပြတင်းပေါက်ဘက်ကြည့်မိသည်ကို သတိရလိုက်သည်။ဖျော့တော့တော့အရုဏ်ဦးအလင်းရောင်မှာ မိုးကုပ်စက်ဝိုင်းထက် မေးတင်နေလေပြီ။သူကဒီလောက်အစောကြီးကို ထနိုင်တယ်‌ပေါ့လေ - တစ်ကယ်ကို စွမ်းအားတွေပြည့်ဝနေတာပဲ။

သူမသည် ခါးအားကိုင်ကာ ကြမ်းပြင်ထက်ခြေချလိုက်သည်နှင့် အားပြင်းသောအောင့်သက်သက်ခံစားချက်တစ်ခုမှာ သူမအားရိုက်ခတ်လာလေ၏။

ယောင်္ကျားတွေရဲ့စကားက အလိမ်အညာတွေပဲ။

သူသည်နောက်ဆုံးအကြိမ်ပါဟုပြောခဲ့ပေသိ အမြဲတမ်းနောက်ဆုံးအကြိမ်ဖြစ်နေခဲ့သည်။

စူးယွင်မှာ လမ်းလျှောက်နေရင်း သူမခြေထောက်တို့အား ပုတ်ကာ သူမစိတ်ထဲနဉ်ကျင်းကို ပိုးစိုးပက်စက်ဆူဆဲနေမိတော့၏။

သူမမှတံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ စောင့်နေကြသည့်ယောင်ယီနှင့် ချင်းအာမှာ ခစားရန်ရှေ့တက်လာကြသည်။သူတို့တစ်ယောက်ချင်းစီသည် စူးယွင်၏လက်မောင်းတို့ကို ထိန်းကိုင်ကာ အပြင်ထွက်နိုင်ရန် ကူညီပေးလိုက်ကြ၏။

ယောင်ယီသည် စူးယွင်၏အနည်းငယ်နုံးချိနေသောမျက်နှာအားကြည့်ကာ ပြောလိုက်သည်။

"သခင်မ ပင်ပန်းသွားရပြီ"

မနေ့ညတွင် သူမမှာ ရေခဏခဏတောင်းခဲ့ပြီး အဓိကအိမ်ဝန်းနှင့်အဝေးရှိလူများပင် ကြားရလောက်သည်ထိ ဆူညံသံမှာ ကျယ်လောင်လွန်းနေခဲ့၏။

စူးယွင်၏မျက်နှာမှာ ချက်ချင်းနီရဲသွားခဲ့ပြီး အကြည့်လွှဲကာ ကြမ်းပြင်ထက်ကိုသာ ကြည့်နေလိုက်သည်။

"သခင်မ ရှက်ရွံ့နေစရာမလိုပါဘူး။ကျွန်မက သခင်လေးကို နှစ်တွေအကြာကြီးခစားခဲ့ရတော့ သခင်မကပထမဆုံးအမျိုးသမီးဆိုတာသိပါတယ်"

ချင်းအာမှာ စူးယွင်နောက်ခစားရန် စေလွှတ်ခံရချိန်၌ အလွန်ပျော်ရွှင်ခဲ့ရ၍ အပြုံးကြီးဖြင့်ပြောလာ၏။

သူမမှဆက်ပြောလာသည်။

"အနာဂတ်မှာ အိမ်တော်ဆီသခင်မပြောင်းလာရင် သခင်လေးကလွဲပြီး သခင်မကလူတိုင်းရဲ့အထက်ဒုတိယနေရာမှာရှိနေလိမ့်မယ်။မျက်နှာသာပေးခံရမယ့် ပထမသခင်မဆိုရင်တောင် သခင်မကိုဖိနှိပ်နိုင်မှာမဟုတ်တော့ဘူး"

"ပထမသခင်မ ဟုတ်လား။သူမက နဉ်ကျင်းရဲ့အမေလား"

စူးယွင်မှာ မရေမရာဖြစ်မှုအနည်းငယ်ဖြင့်မေးလိုက်သည်။အတန်ကြာအောင် သူမတွေးတောပြီးနောက် ထိုရာထူးမှာ သူ့အမေအားရည်ညွှန်းသည်ဟုပင် ခန့်မှန်းနိုင်ခဲ့၏။သို့သော် အမေဖြစ်သူအား *မျက်နှာ‌သာပေးသည်* ဟုခေါ်ဆိုရသည်မှာ အနည်းငယ်မသင့်လျော်ပုံပါပင်။

ချင်းအာမှာ ထိုအကြောင်းအား အများကြီးတွေးမနေ၍ပြောလိုက်သည်။

"ပထမသခင်မဆိုတာက ‌ဒါပေါ့ သခင်လေးရဲ့ တရားဝင်ဇနီးလေ"

မင်းသားတစ်ဦးဖြစ်သောသူမတို့သခင်လေးသည် သဘာဝကျစွာပင် မျိုးရိုးမြင့်မိသားစုတစ်ခုမှ ဇနီးသည်တစ်ဦးကို လိုအပ်ပေသည်။စူးယွင်ကဲ့သို့ တစ်စုံတစ်ယောက်မှာတော့ ကိုယ်လုပ်တော်တစ်ဦးဖြစ်ရသည်ကပင် သူမဘိုးဘေးများထံမှ ကောင်းချီးတစ်ခုဖြစ်ပေလိမ့်မည်။

"တရားဝင်ဇနီး ဟုတ်လား"

စူးယွင်သည် သူမလက်အားပြန်ဆွဲကာ လွန်ခဲ့သောခဏမှ မက်မွန်ပွင့်အလား တောက်ပနေခဲ့သည့် မျက်နှာလေးသည် ချက်ချင်းမှောင်မိုက်သွားတော့၏။သူမလေသံမှာ ဒေါသတို့အပြည့်ပင်။

"မင်းကတို့ကို ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ဖို့ပြောနေတာလား"

ချင်းအာမှာ နောက်ပြန်ဆုတ်လိုက်မိ၏။သူမမှာ ပုံမှန်ဆိုလျှင် သိမ်မွေ့၍ရှက်ရွံ့နေတတ်သောစူးယွင်သည် အဘယ်ကြောင့်အလွန်ဒေါသထွက်လာရသည်အား နားမလည်နိုင်ခဲ့ပေ။

အခြေအနေအား လျင်လျင်မြန်မြန် သဘောပေါက်သွားသော ယောင်ယီသည် မကောင်းတော့ဘူးဟု စိတ်ထဲမှအော်‌လိုက်မိပေသိ ချင်းအာထက်အရင် ခပ်သွက်သွက်တုံ့ပြန်ကာ အရင်စကားဆိုလိုက်၏။

"သခင်မ ကျွန်မတို့သခင်လေးက ခံစားချက်တွေကို ဂရုစိုက်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။ပထမသခင်မအိမ်တော်ထဲဝင်လာရင်တောင် သခင်လေးကသူမကို အာရုံအလွန်အကျွံ့စိုက်ပေးမှာမဟုတ်ပါဘူး"

သူမတို့မှာ ဤသည်ကိုတော့ ယုံကြည်ချက်ရှိလေ၏။နဉ်ကျင်းသည် အပေါ်ယံတွင် ဖော်ရွေငြင်သာပေသိ ပိတ်ထားသည့်တံခါးနောက်တွင်တော့ သူသည်အေးစက်စက်ဖြင့် ခံစားချက်မရှိသော အရူးစစ်စစ်တစ်ယောက်သာဖြစ်သည်။လတ်တလောနှစ်များတွင် သူသည်လောကကြီးနှင့် အကွာအဝေးထားကာနေခဲ့ပေသိ သူ၏မွေးသန္ဓေမှာ ပြောင်းလဲမသွားခဲ့ပေ။

သို့သော်ငြား စူးယွင်၏တည်ရှိမှုမှာ သူ့ထံခြားနားမှုအချို့ဖြစ်စေခဲ့သည်။နဉ်ကျင်းသည် သူ့စရိုက်အားခက်ခက်ခဲခဲဖုံးကွယ်ဖို့လုပ်ခဲ့ကာ သူမအား သူ၏အခြားတစ်ဖက်ကို ရှာမတွေ့စေချင်ခဲ့ပေ။အချက်ကျကျဆိုရလျှင် သူသည် သူမအတွက် သူ့နှလုံးသားကိုပင် ဖွင့်ပေးခဲ့ပြီး အခြားသူများမဆိုထားနှင့် သူ၏မိဘရင်းများပင် လုံးဝဝင်ခွင့်မပြုခဲ့သော အရာအချို့၌သူမအား ခွင့်ပြုပေးခဲ့လေ၏။

"ဒါဆိုသူကဘာလို့ တရားဝင်ဇနီးတစ်ယောက်ကိုလက်ထပ်ချင်ပြီး ငါ့ကိုကိုယ်လုပ်တော်ဖြစ်စေချင်ရတာလဲ"

စူးယွင်မှာ မကျေမနပ်ဖြစ်နေသေးသည်။သူသာသူမအားအမှန်တစ်ကယ် ချစ်မြတ်နိုးပါလျှင် သူမကိုသာ သူ၏တစ်ဦးတည်းသောဇနီးအဖြစ်ထားရန်မဖြစ်နိုင်ပေဘူးလား။

အမျိုးသမီးနှစ်ဦးမှာ အကြည့်ချင်းဖလှယ်ကာ သူတို့ခေါင်းများအားငုံ့၍ ပြန်မဖြေရဲကြတော့ပေ။

စူးယွင်သည်နှာမှုတ်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်၏။

"မဖြစ်နိုင်ရတာက သူ့မိသားစုက ချမ်းသာပြီး သူကအရာရှိရာထူးတစ်ခုရထားတော့ မျိုးရိုးမြင့်မိသားစုတစ်ခုက တစ်ယောက်ယောက်ကို သူကလက်ထပ်ရမယ်လေ ဟုတ်တယ်မလား"

အမျိုးသမီးနှစ်ဦးမှာ တိတ်ဆိတ်နေကြသေးပေသိ သူတို့ခေါင်းများမှာ ပို‌ငုံ့သွားကြလေ၏။

စူးယွင် : "......."

သူမမှာ ထိုသည်ကို မယုံကြည်နိုင်ခဲ့ပေ - ဒီလိုဖန်တစ်ရာတေနေတဲ့ ဇာတ်ကြောင်းက သူမဆီလာဖြစ်နေတယ်ပေါ့လေ။

သူမသည် အားတင်းပြုံးကာ အရိပ်အခြေပြရုံမျှဖြင့် လုံးဝသိမ်းသွင်းမခံရသေးပေ။

သူမသည် အမျိုးသမီးနှစ်ဦးအား နောက်တွင်ချန်ခဲ့ကာ နဉ်ကျင်းအားရှာရန်ထွက်လာပေသိ ခန်းမ၏ထောင့်ဆီသူမရောက်လာသည်နှင့် တစ်စုံတစ်ယောက်မှ သူမလမ်းကိုတားလာသည်။

ဝတ်ရုံအဖျားများ၌ ခရမ်းရောင်ဘောလုံးပန်းများအား ရွှေချည်ဖြင့်ထိုးထားသည့် လက်ဝကျဉ်း အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ သူမရှေ့၌ရပ်လာ၏။သူသည် လက်ချောင်းများအားဖော်ထားသည့် လက်အိတ်တို့ကို ဝတ်ဆင်ထားကာ သူ့ခါး၌ဓားရှည်တစ်ချောင်းရှိသည့် ဓားအိမ်ကို ချိတ်ထားလေသည်။

သူ့အကြည့်မှာ အတန်ငယ်ထက်မြိ၍ လေးနက်နေကာ သူသည်အလွယ်တကူရန်စနိုင်မည့်လူမဟုတ်ဟု အကြံပြုနေသည့် လေထုအား ထုတ်လွှတ်နေလေ၏။

စူးယွင်သည် နဉ်ကျင်းရှိရာဆီ အကြည့်မပို့ခင် သူမနောက်ရှိ အမျိုးသမီးနှစ်ဦးအားကြည့်လိုက်သည်။

"ကျွန်မနဉ်ကျင်းကို လာရှာတာပါ"

"မင်းသမီးက ဘယ်သူမှချဉ်းကပ်ခွင့်မပြုဖို့ အမိန့်ပေးထားပါတယ်"

အမျိုးသားမှာ အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။

စူးယွင်သည် ခြေတစ်လှမ်းနောက်ဆုတ်ကာ နှုတ်ခမ်းအားကိုက်လိုက်၏။သူမသည် သူတို့အား ဤနေရာတွင်ပင် ရပ်စောင့်နေရန်လုပ်လိုက်သည်။အ‌ကြောင်းအရင်းအချို့ကြောင့် ယောင်ယီနှင့်ချင်းအာတို့ပြောစကားကို နားထောင်ပြီးသော် သူမစိတ်မှာနေမထိထိုင်မသာဖြစ်လာရပြီး အထူးသဖြင့် နဉ်အန်းမင်းသမီးကဲ့သို့ ဂုဏ်ပုဒ်နှင့် လူမျိုးအား တွေ့ရချိန်တွင်ဖြစ်၏။

သူမသည်အိမ်ထောင့်အား မှီရပ်ကာ ကျောက်စရစ်ခဲလေးများအား ခြေထောက်ဖြင့်ကန်ကျောက်ရင်း သူတို့ထံမကြာမကြာ ကြည့်နေမိသည်။

ရုတ်ချည်းဆိုသလို နဉ်အန်းမင်းသမီးမှာ ပြုံးလိုက်ပြီး နဉ်ကျင်းလက်မောင်းကို ဆွဲလိုက်လေ၏။

နဉ်ကျင်းသည် သူ့လက်အားအမြန်ပြန်ဆွဲလိုက်ပေသိ သူ့မျက်နှာမှာ ဒေါသအရိပ်အယောင်မရှိဘဲ တည်ငြိမ်နေဆဲဖြစ်သည်။သူသည် ထိုလုပ်ရပ်အားသဘာဝကျကျပင် ပြုမူနေသည်မှာ အမြဲဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်းပင်။

စူးယွင်၏ခြေဖျားလက်ဖျားတို့မှာ ချက်ချင်းအေးစက်သွားခဲ့ပြီး သူမစိတ်ထဲ‌ဘေးပို့ထားခဲ့သော အတွေးမှာ အမြန်ပြန်ပေါ်လာခဲ့၏။

သူမသည် ခေါင်းထက်ရှိဆံထိုးအားထိကာ ထိုအချိန်မှ နဉ်အန်းမင်းသမီး၏သဘောထားကို ပြန်အမှတ်ရလိုက်သည်။

ဖြစ်နိုင်တာတော့ ဒီဆံထိုးက......

စူးယွင်သည် သူမနှုတ်ခမ်းအားကိုက်ကာ ထပ်မတွေးဝံ့တော့ပါချေ။

သူမလှည့်ပတ်ကြည့်လိုက်ရာ အရာရာမှာစိမ်းသက်သွားသလို ခံစားလိုက်ရပြီး အသက်ရှူကြပ်အောင်ပင် လွှမ်းမိုးနေတော့သည်။သူမသည် ကူကယ်ရာမဲ့သလို ခံစားနေရပြီး သူမ သိသောတစ်ခုတည်းသောအရာမှာ သူမကိုမသက်မသာဖြစ်အောင်လုပ်နေသောနေရာမှ ထွက်သွားရန်ကိုပင်။

[T-N/ ပြောရရင် အချစ်တစ်ခုဆိုတာ ယုံကြည်မှု၊ပွင့်လင်းမှု စသဖြင့်အကုန်လုံးနဲ့ ဘက်ပေါင်းစုံ ဖြည့်ဆည်းပေးနိုင်မှ တည်တံ့နေမှာပါ။တစ်ခုခုသာ ချို့ယွင်းသွားမယ်ဆိုရင် အချစ်ဆိုတာ ခဏလေးနဲ့ပျောက်ကွယ်သွားမှာပဲ။ချစ်တယ်ဆိုတဲ့စကားက တစ်ကယ်တော့ ဆက်ဆံရေးတစ်ခုအတွက် အစိတ်အပိုင်းလေးတစ်ခုစာပဲရှိပါတယ်။

- ဤသည်ကား နှစ်၂၀ကျော် FAကြီး၏ ထင်မြင်ချက်ဖြစ်ပါ၏။ ]

All Chapters