← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

ယနေ့တွင်လည်း စူးယွင်မှာ နဉ်ကျင်းအားထပ်မံနှင်လွှတ်ခဲ့ပြီး သူမအစီအစဉ်အတိုင်း ချိန်းဆိုထားသည့်နေရာဆီတစ်ယောက်တည်းသွားခဲ့၏။

သုန်းကွေ့မှာ လက်ဖက်ရည်ကြမ်း ပြင်ဆင်ထားပြီးဖြစ်သည်။ဆူညံသံအားကြားလိုက်ရသော်လည်း မျက်လုံးပင့်မကြည့်ခဲ့ပေ။

"တာဝန်ခံစူးက အတော်လေး လုပ်ရည်ကိုင်ရည်ရှိတာပဲ"

"အဲ့လောက်မဟုတ်ပါဘူး"

စူးယွင်သည် ပြန်ဖြေရင်းထိုင်ချကာ သူမရေနွေးခွက်အားယူလိုက်၏။

"ရှင်က ကျွန်မတွေးထားတာထက်တောင် တက်ကြွနေတာပဲနော် တာဝန်ခံသုန်း"

သုန်းကွေ့မှာပြန်မဖြေခဲ့ပေ။သူမသည် စာရွက်စာတမ်းကိုသာ တန်းထုတ်ပေးလာ၏။

"ငါလက်မှတ်ထိုးပြီးသွားပြီ။ကြည့်,ကြည့်လိုက်"

စူးယွင်မှ လှန်လှောကြည့်လိုက်ရာ အထွေအထူးပြဿနာမရှိ၍ ချက်ချင်းလက်မှတ်ထိုးလိုက်သည်။

"နောက်ကျ ဝမ်ကောဆီသွားလိုက်ပါ။ရှောင်ဟယ်ကရှင့်အတွက် ငွေချေပေးပါလိမ့်မယ်"

စူးယွင်သည် ယီယန်းကျူတစ်ဆိုင်လုံးအား ဝယ်ယူလိုက်ခြင်းဖြစ်ရာ သေးငယ်သောပမာဏမဟုတ်ပေ။သူမသည် ထိုမျှပိုက်ဆံအများကြီးအားသယ်ပြီး မသွားလာနိုင်ပါချေ။

သုန်းကွေ့သည် ဂရုမစိုက်ဟန်ဖြင့် လက်အားယမ်းလိုက်၏။

"ကြိုက်သလိုလုပ်"

သူမသည် ပိုက်ဆံအား လုံးဝဂရုမစိုက်ပါပေ။အခုလက်ရှိ သူမဖြစ်ချင်သည်မှာ သုန်းရှို့နှင့်သူ့မိခင်ကို ဖြစ်နိုင်သမျှမြန်မြန်တွေ့ချင်မိခြင်းပင်။

"ရှင်ကျေနပ်သရွေ့ပေါ့"

စူးယွင်သည် ထွက်မသွားခင်ပြန်ဖြေခဲ့၏။

သုန်းကွေ့သည် ရေနွးခွက်အားကိုင်ကာ နေရာလွတ်တစ်နေရာဆီ ဗလာသပ်သပ်စိုက်ကြည့်ရင်း အတွေးနယ်ချဲ့ကာ သူမအားနဉ်ကျင်းပြောခဲ့သည်တို့ကို ပြန်တွေးလိုက်သည်။

မှောင်မည်းသော ထိုအခန်းထဲရှိနေချိန်တွင် သူမလက်တို့အား သံကြိုးဖြင့်ချည်နှောင်ခံထားရကာ မျက်နှာထက်ရှိ မီးလောင်ဒဏ်ရာတို့ထက်တော့ အနက်ရောင်ပိုးကောင်ငယ်လေးများက တွားသွားတက်နေပြီး သူမအားကိုက်ဖြတ်နေကြ၏။ယားယံမှုနှင့်နာကျင်မှုမှာ မခံရပ်နိုင်အောင်ပါပင်။

သူမသည် ငိုချင်မိ‌ပေသိ မျက်ရည်တို့မှာ အနာတွင်းဝင်ပြီး နောက်တစ်ကြိမ်နာကျင်‌စေကာ ပိုတောင်ဆိုးသွားစေမည်စိုး၍ မငိုဝံ့ပေ။

နဉ်ကျင်းသည် ပေါ့ပေါ့ပါးပါးခြေချထိုင်ကာ ညာလက်ဖြင့်မေးထောက်၍ သူမအားအေးစက်စွာကြည့်နေလေ၏။

"မင်းကလူသတ်ရတာကြိုက်တယ်မလား။ငါက မင်းမောင်ကို မင်းဆီပေးလိုက်ရင်ဘယ်လိုလဲ"

"နဉ်ကျင်း ကြောင်သူတော်လိုလူ။နင်အ‌သေဆိုးနဲ့ သေရပါစေလို့ ငါကျိန်ဆိုတယ်"

သုန်းကွေ့ဆံပင်တို့မှာရှုပ်ပွနေပြီး အံတင်းတင်းကြိတ်ကာ အော်ဟစ်ကျိန်ဆဲနေတော့သည်။

"ပြီးတော့ စူးယွင် သူမလဲငရဲမှာအဇူရာနဲ့တိုးပြီး ဘယ်တော့မှ ပြန်မွေးဖွားခွင့်မရပါစေနဲ့"

နဉ်ကျင်း၏ တည်ငြိမ်သော မျက်လုံးများမှာ ရက်စက်သောအလင်းတစ်ချက် ခဏတာလက်သွားလေ၏။သူသည်အာခေါင်အား လျှာဖြင့်ထိုးကာ နှာ‌မှုတ်၍

"မင်းသာငါ့အတွက် အသုံးဝင်နေသေးလို့မဟုတ်ရင် ငါတော့...."

သူသည်ဖိုထဲမှ သံပြားအားယူလိုက်ပြီး ရှဲကနဲမြည်သံဖြင့်အတူ သုန်းရှို့၏ရင်ဘတ်ပေါ်တင်ပေးလိုက်၏။

"အားး"

ကိုယ်တစ်ပိုင်းသေနေသည့် သုန်းရှို့မှာ တုန်ယင်သွားပြီး သတိအချို့ပြန်ရလာပေသိ မကြာခင်တွင်ပင် သူ့ခေါင်းမှာ ပြန်ငိုက်စိုက်ကျ၍ သတိလစ်သွားပြန်သည်။

"သုန်းရှို့ကငါ့အတွက်တန်ဖိုးမရှိဘူးလေ။ငါဆန္ဒရှိတဲ့ဘယ်အချိန်မဆို သူ့ရဲ့အဖိုးမတန်တဲ့အသက်ကို ယူပစ်လိုက်လို့ရတယ်"

နဉ်ကျင်းသည် သံပြားအားအိုးထဲပြန်ထည့်လိုက်၏။

"သူ့ဘာသာငရဲကိုပဲရောက်ရောက် အဇူရာနဲ့ပဲတွေ့တွေ့ကိစ္စမရှိပေမယ့် ဒီနေရာမှာတော့ သူပြန်မွေးဖွားခွင့်ရမှာမဟုတ်ဘူးဆိုတာ ငါအာမခံတယ်"

"သုန်းရှို့ သုန်းရှို့"

သုန်းကွေ့သည် နဉ်ကျင်းထံအော်ပြောလိုက်၏။

"နဉ်ကျင်း သူ့ကိုဘာမှမလုပ်ပါနဲ့"

"ငါကဘယ်တုန်းကမှ အကျိုးအမြတ်မရှိတဲ့အလုပ်ကို မလုပ်ဘူး။မင်းသာသူ့ကိုအသက်ရှင်စေချင်ရင် သူ့အသက်ကို မင်းအသက်နဲ့လဲပေးလိုက်လေ"

နဉ်ကျင်းသည် စူးယွင်မှာ သုန်းကွေ့အား စီးပွားရေးနယ်ပယ်၌ အနိုင်ယူချင်ခဲ့သည်ကိုသိထားပြီး သူသည်လဲ သဘာဝကျကျပင် သူမကိုထောက်ပံ့ပေးမည်ပင်။

အချိန်ကျ‌လာသော် သူသည်သုန်းကွေ့အားလွှတ်ပေးပြီး သုန်းရှို့ကိုထိန်းချုပ်ထားကာ စူးယွင်မှသုန်း‌ကွေ့အား သူမဘာသာကိုင်တွယ်စေမည်ဖြစ်၏။စူးယွင်မှဖြေရှင်းပြီးသည်နှင့် နဉ်ကျင်းသည် သုန်းကွေ့အသက်အားယူမည်ဖြစ်ပြီး သူမအသက်ကို စူးယွင်ထံ လျောကြေးအဖြစ်ပေးအပ်မည်ဖြစ်သည်။

"မင်းရဲ့ တန်ဖိုးမရှိတဲ့အသက်ကို မင်းမိသားစုရှင်သန်ရေးအတွက် လဲလှယ်မယ့်အကြောင်းကို စဉ်းစားထားလိုက်"

နဉ်ကျင်းသည် ခုံပေါ်မှီထိုင်ကာပြောလိုက်၏။

"ပြဿနာတွေပြီးသွားရင် ငါကမင်းအမေနဲ့မင်းရဲ့မောင်သုန်းရှို့တို့ လက်ကျန်တစ်ဘဝလုံးအေးအေးချမ်းချမ်းနေထိုင်လို့ရအောင် ပိုက်ဆံအချို့ပေးလိုက်မှာပါ"

သုန်းကွေ့ : "ငါကသဘောမတူရင်ရော"

"ဒါဆိုအကုန်သေကြပေါ့"

သူမှ ပေါ့ပြက်ပြက်ဟန်ဖြင့်ပြောလိုက်သည်မှာ ထိုကိစ္စသည် ရိုးရှင်းသောအရာလေးတစ်ခုအလား။

"နင်..."

သုန်းကွေ့သည် သူမနှုတ်ခမ်းအားကိုက်လိုက်ရာ ဒဏ်ရာရထားသည့်အသားမှာ ထပ်ပွင့်သွားပြန်၏။သွေးစတို့သည် သူမနှုတ်ခမ်းထောင့်မှနေ စီးကျလာလေသည်။သူမသည် အရှုံးပေးလိုက်ဟန်ဖြင့် ခေါင်းငုံ့ကာလည်ချောင်းတွင်းမှထွက်လာသော ဟန့်သံဖြင့်သာ သဘောတူလိုက်ရတော့၏။

*ခွမ်း*

သူမလက်ထဲရှိ‌ ရေနွေးခွက်မှာ လွတ်ကျသွားပြီး ကြမ်းပြင်ထက် အရွယ်အစားမျိုးစုံဖြင့်ဖန်ကွဲစများ ပြန့်ကျဲကုန်ကာ အချို့ဆိုလျှင် သူမအသားကိုပင် ရှသွားခဲ့လေ၏။

သူမသည် နာကျင်မှုအားမခံစားရသည့်အလား လက်ကိုတင်းတင်းဆုပ်ထားလေသည်။

သွေးများမှာ သွေးစီးကြောင်းတစ်ခုအဖြစ် တသွင်သွင်စီးကျနေတော့၏။

သူမသည် ထိုသည်အားကြည့်ကာ ရုတ်ချည်းဆိုသလို ကျယ်လောင်စွာ ရယ်မောချလိုက်လေသည်။

ထိုသီးသန့်ကိစ္စတို့အားသိမထားသော စူးယွင်သည် စာရွက်စာတမ်းများကို လက်ခံရရှိချိန်၌ ဝမ်းမြောက်ကြည်နူးခဲ့ရလေ၏။ဤသည်မှာ လတ်တလော၌ သူမရင်ဆိုင်ခဲ့ရသည့် ကြောက်စရာဖြစ်ရပ်တို့အကြားမှ ကံကောင်းမှုတစ်ခုဖြစ်သည်။

ဝမ်ကောဆီသူမပြန်ရောက်သည်နှင့် ကိစ္စတို့အားချက်ချင်းစီစဉ်ကာ နောက်ရက်အနည်းငယ်အတွင်း ကောင်းကောင်းကိုင်တွယ်ပြီးသွားရမည်ဟု ဆုံးဖြတ်ထား၏။

နဉ်ကျင်းဘက်တွင်တော့ သုန်းကွေ့မှတာဝန်ကို ပြီးစီးသွားကြောင်း သိလိုက်ရ၍ ညအချိန်တွင် ထိုလူတို့ကိုပြန်ပို့ရန်စီစဉ်ခဲ့သည်။သူသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် စူးယွင်ကို‌တွေ့ရန် ဝမ်ကောဆီသွားခဲ့သော်ငြား နှင်လွှတ်ခံနေရဆဲပင်။

ထိုအချိန်တွင်တော့ စူးယွင်နှင့်ပက်သက်ပြီး တစ်ခုခုမှားနေသည်ကို သူသိလိုက်ပြီဖြစ်သည်။သူသည်လက်နှစ်ဖက်ဖြင့်မေးအားထောက်ကာ တွေးတောနေပေသိ ဘာကြောင့်ဆိုသည်ကို မသိရသေးပေ။

စူးယွင်သည် ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ပက်သက်၍ခံစားလွယ်သူမဟုတ်ဘဲ သူမအလုပ်အကိုင်ပေါ်တွင်သာ လုံးဝအာရုံစိုက်ထားတတ်သူဖြစ်သည်။သို့သော်ငြား ကိစ္စကောင်းများသည် ကြာရှည်မခံပါပေ။

တစ်ညတွင် အနက်ရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသည့် သုန်းကွေ့သည် ခိုးကြောင်ခိုးဝှက်ဖြင့် စူးယွင်အခန်းထဲဝင်လာလေသည်။

စူးယွင်သည် ခြေထောက်အားကွေး၍ ကုတင်ဘောင်ကိုမှီထိုင်လိုက်၏။သူမသည် ‌ခပ်ဟဟရယ်မောလိုက်သည်။

"ရှင်ပြောတာတွေကို ကျွန်မကယုံလိမ့်မယ်လို့ ထင်နေတာလား"

"အဲ့ဒါတွေက အရမ်းရယ်စရာကောင်းလွန်းတယ်မထင်ဘူးလား"

သုန်းကွေ့သည် ညလယ်ခေါင်ကြီးရောက်လာကာ နဉ်ကျင်းမှာ အရင်ကလင်းမိသားစုအားဖျက်ဆီးရန် လူများပို့ခဲ့ကြောင်း၊သုန်းရှို့အား မသန်စွမ်းဖြစ်စေခဲ့ကြောင်း၊သူမအိမ်တော်ကို မီးရှို့ခဲ့ကာ သူမမိခင်နှင့်မောင်ကို သတ်ပစ်ခဲ့သည်ဟု ပြောလာလေ၏။

စူးယွင်သည် နဉ်ကျင်းထံ၌ လျှို့ဝှက်ချက်များရှိထားသည်နှင့် အပေါ်ယံမြင်ရသလောက် သိမ်မွေ့သည့်လူမဟုတ်သည်ကို သိထားပေသိ လူသတ်ကာမီးရှို့သည်ဆိုသည့်ကိစ္စများကိုတော့ မယုံကြည်နိုင်ပါချေ။

သုန်းကွေ့သည် သူမမှာ အလွယ်တကူယုံကြည်လာမည်မဟုတ်မှန်းသိနေ၍ ဆက်ပြောလာ၏။

"သူ့အိမ်မှာ လျှို့ဝှက်လမ်းကြောင်းရှိတာကို နင်သိလား"

"အိမ်မှာမတော်တဆတွေဖြစ်ပြီးချိန်ကစပြီး ငါကအဲ့နေရာမှာ အကျဉ်းချခံခဲ့ရပြီး နေ့တိုင်းနေ့တိုင်း သူနှိပ်စက်တာခံခဲ့ရတယ်"

စူးယွင်သည်ချက်ချင်းပြန်ပြောလိုက်သည်။

"ငါရောက်ဖူးတယ် အဲ့နေရာကရတနာတွေပဲရှိတာလေ"

"အခြားလျှို့ဝှက်ခန်းရှိသေးလို့နေမှာ နင်ပြန်သွားစစ်ကြည့်လိုက်"

သုန်းကွေ့၏သူ့အပေါ်ထားသည့် မုန်းတီးမှုမှာ လေသံထဲတွင်ပင် ထင်းနေလေသည်။

"သူကနတ်ဆိုးတစ်ကောင်ပဲ။ငါသာနင့်ဆီဆိုင်လွှဲပေးခဲ့မယ်ဆိုရင် သူကငါ့မိသားစုကိုလွှတ်ပေးမယ်လို့ ကတိပေးခဲ့တယ်။အဆုံးကျ သူကသူတို့ကို သတ်ပစ်လိုက်တာပဲ"

စူးယွင်၏အာရုံမှာ ဆိုင်ထံပြောင်းသွားလေ၏။သူမမှမေးလိုက်သည်။

"နင်ဘာပြောလိုက်တာလဲ။ငါ့ဆီဆိုင်လွှဲပေးတာက သူနဲ့ဘာဆိုင်လို့လဲ"

"ငါ့ကိုသူကလာရှာပြီး နင့်ဆီဆိုင်လွှဲပေးရမယ်လို့ ပြောခဲ့တာလေ"

သုန်းကွေ့သည် သူမအားကြည့်ကာ ထပ်ပေါင်းပြောလာ၏။

"ပြီးတော့ ငါလွတ်မြောက်နိုင်တာက နင့်ကျေးဇူးတဲ့‌လေ"

စူးယွင်သည် သူမအဝတ်တို့အား ဆုပ်ခြေမိသွား၏။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဆိုင်ကသေချာပေါက်ကို....

"ငါမှားသွားတယ် အဲ့လိုမှမဟုတ်ရင် ငါ့အမေနဲ့သုန်းရှို့ကသေသွားမှာမဟုတ်ဘူး"

သုန်းကွေ့သည် သူမဆံပင်ကိုသူမဘာသာပြန်ဆွဲလိုက်၏။

"မဟုတ်ဘူး အဲ့ဒါနဉ်ကျင်းပဲ။သူကလူညစ် သူကအသေဆိုးနဲ့သေဖို့ပဲထိုက်တန်တယ်"

"စူးယွင် သူ့လိုလူမျိုးနဲ့ ဖြစ်နိုင်သမျှမြန်မြန်လမ်းခွဲပစ်ဖို့ ငါအကြံပေးလိုက်မယ်။အဲ့လိုမှမဟုတ်ရင် နင့်အဆုံးသတ်က ငါ့ထက်ပိုတောင်ဆိုးသွားလိမ့်မယ်"

"ဟားဟားဟားဟားဟားဟား"

သုန်းကွေ့သည် စိတ်လွတ်သွားကာ လုံးဝရူးသွပ်သွား‌လေ၏။သူမသည် ကြမ်းပြင်ထက်ဒူးထောက်ကာ အထိန်းအကွပ်မရှိရယ်မောရင်း သူမလက်တို့အား ဦးတည်ရာမရှိဝှေ့ယမ်းနေတော့သည်။

"ဟား ဝမ်ကောက မီးလောင်တော့မှာ ပြီးရင် နင့်မျက်နှာကလဲ ငါ့မျက်နှာလိုဖြစ်တော့မှာ"

"ဟားဟားဟားဟားဟားဟား"

"စူးယွင် နင်လဲငါ့လိုအဆုံးသတ်ရလိမ့်မယ် ဟားဟားဟားဟားဟား"

စူးယွင်၏စိတ်မှာ ရှုပ်ထွေးပွေလီနေတော့သည်။သူမသည် သုန်းကွေ့မှာ လိမ်ညာနေသည်ဟု မခံစားရပေသိ နဉ်ကျင်းမှာ သူမပြောသလို လူစားမျိုးဆိုသည်ကိုလဲ လက်မခံနိုင်ခဲ့ပေ။

သို့သော်လည်း သံသယများဖြင့် ရှုပ်ထွေးခံနေမည့်အစား အမှန်တရားကိုသွားရှာလိုက်သည်မှာ ပိုကောင်းပေမည်။

စူးယွင်သည် နဉ်ကျင်းအိမ်ဆီသူမဘာသာသွား၍ အစေခံများကို သူမရောက်ကြောင်းသတင်းပို့ခွင့်မပြုခဲ့ပေ။

အိမ်တော်ထဲရှိလူများမှာ စူးယွင်သည် ရာထူးမြင့်မြင့်ကို ကိုင်ဆောင်ထားကြောင်းသိထား၍ သူမကို မည်သူမျှမဆန့်ကျင်ဝံ့ကြပေ။

သူမသည်စာကြည့်ခန်းဘက်သွားကာ လျှို့ဝှက်လမ်းအားဖွင့်ဝင်သွား၍ ဘယ်ဘက်နံရံဆီလျှောက်သွားလိုက်သည်။

နဉ်ကျင်းသည် ထိုနံရံ‌နောက်၌ဘာမှမရှိဘူးဟုပြောခဲ့ပေသိ....

စူးယွင်သည် သူမလက်အား ကျောက်နံရံထက်တင်ကာ အားစိုက်မတွန်းခင် အချိန်အတော်ကြာသည်ထိ တုံ့ဆိုင်းနေခဲ့သည်။

အတော်ကြာတုံ့ဆိုင်းပြီးနောက် စူးယွင်သည် မျက်လုံးများအားမှေးကျဉ်းကာ ဖိချလိုက်တော့၏။

ကျောက်နံရံမှာ ဖြည်းဖြည်းချင်းပွင့်လာပြီး စူးယွင်မှာနေရာတွင်ပင် တောင့်တင်းသွားကာ ထိုနေရာနောက်ရှိ ပုန်းကွယ်နေသည်တို့ကို ငေးကြည့်နေလိုက်မိသည်။

All Chapters