← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

လူတစ်စုမှာမတ်တပ်ရပ်၍ အရိုအသေပေးကာ ပြောလာ၏။

"ကျေးဇူးတင်ပါတယ် မင်းသမီး"

ထိုအချက်မှာ အဆင့်ကျသွားလျှင် ထုတ်ပယ်ခံရဦးမည်ဖြစ်သော်လည်း ရာထူးတိုးရန်အခွင့်အရေးအား လူတိုင်းရရှိမည်ဖြစ်သည်။အဖွဲ့အစည်း၏အတွင်းပိုင်းအကဲဖြတ်မှုမှာ တင်းကြပ်လှပြီး ရာထူးတက်ရန်သည် တိုးတက်မှုအနည်းငယ်မျှရှိရုံဖြင့် မလုံလောက်ပေ။

အသင်းရှိလူအချို့မှာ ငါးနှစ် (သို့) ဆယ်နှစ်ကြာလျှင်ပင် ရာထူးတိုးတက်မှုရှိမလာခဲ့ကြချေ။ဤအကျိုးကျေးဇူးအသစ်မှာ သူတို့အဖို့အလွန်အထောက်အကူပြုလေ၏။

ရုန်စာသည် သူမလက်အားယမ်းကာ နဉ်အန်းမင်းသမီးရပ်ထားသော စကားမှဆက်ပြောလိုက်သည်။

"လူတိုင်းက ဒီကိစ္စကိုအလေးအနက်ထားပြီး မင်းသမီးရဲ့မျက်နှာသာပေးမှုကို စိတ်မပျက်စေပါနဲ့"

သူမသည် အားပေးစကားပြောကာ စူးယွင်ထံကြည့်၍ပြောလိုက်၏။

"မင်းကခုမှပူးပေါင်းလာကာစ လက်ရှိအငယ်တန်းအဖွဲ့ဝင်တစ်ယောက်ဆို‌ပေမယ့်မင်းအရည်အချင်းသာ ဆုတ်ယုတ်သွားမယ်ဆိုရင် အဖွဲ့အစည်းကနေ ထွက်သွားရလိမ့်မယ်။မင်းရဲ့ စွမ်းရည်တွေကို အသုံးပြုပြီး အသင်းထဲမှာ မင်းကိုယ်မင်းသက်သေပြနိုင်မယ်လို့ ငါမျှော်လင့်တယ်"

စူးယွင်သည် စည်းကမ်းတကျပြန်ဖြေလိုက်၏။

"နားလည်ပါပြီ"

ယခုပြောခဲ့သည်တို့အား ကြားရသည်နှင့် သူမလက်ထဲရှိ လက်စွဲစာအုပ်အား ဖတ်ရှုရသည်တို့မှတစ်ဆင့် သူမမှာအသင်း၏စည်းမျဉ်းများကို နားလည်သွားပြီဖြစ်သည်။

အဝတ်အထည်အဖွဲ့အစည်းတွင် အဖွဲ့ဝင်စနစ်သုံးဆင့်ရှိ၏။အငယ်တန်းအဆင့်၊အလယ်အလတ်အဆင့်နှင့် အကြီးတန်းအဆင့်တို့ဖြစ်သည်။အကြီးတန်းအဖွဲ့ဝင်များမှာ အဖွဲ့အစည်းတွင်း၌ ဂုဏ်ပုဒ်ရာထူးမြင့်မြင့်အား ကိုင်ဆောင်ထားလေ၏။

အဖွဲ့အစည်းသည် ချည်ထိုးကဏ္ဍ၊နည်းစနစ်ပိုင်း၊အရောင်အသွေးပိုင်းနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍဟူသည့် အချက်လေးချက်ပေါ်မူတည်၍ အဖွဲ့ဝင်များအား တန်ဖိုးဖြတ်သော ထူးထူးခြားခြားအကဲဖြတ်မှုစနစ်တစ်ခုရှိလေသည်။တစ်ဦးတစ်ယောက်သာ စံနှုန်းများနှင့်ကိုက်ညီပါက သူသည်အဖွဲ့ဝင်ရာထူးအဆင့်ကို တိုးမြှင့်နိုင်ပေမည်။

ရုန်စာသည် စူးယွင်၏စွမ်းရည်များအား ယုံကြည်၍ထိုကိစ္စအား ထပ်ပြောမလာတော့ချေ။ထိုအစား သူမသည်အခြားကိစ္စကို ပြောလာ၏။

"နောက်ဆုံးတစ်ခေါက်တုန်းက ဆိုင်ရှင်သုန်း ပွဲစဉ်အတွင်းစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တော့ အဖွဲ့အစည်းက သူမကိုဒဏ်ကြေးပေးဆောင်ခိုင်းခဲ့တယ်လေ။အဲ့တာကို အစောထဲက ကောက်ခံထားရမှာဆိုပေမယ့် သုန်းအိမ်တော်က မီးလောင်သွားပြီး ဆိုင်ရှင်သုန်းလဲ ထိခိုက်မှုရှိခဲ့တော့ နှောင့်‌နှေးသွားရတယ်"

"ဖြစ်ပျက်ခဲ့တာ ခုဆိုတစ်လတောင်ရှိနေပြီဆိုတော့ ဆိုင်ရှင်သုန်းလဲ သူမလုပ်ငန်းဆက်လုပ်ဖို့ ယီယန်းကျူဆီပြန်ရောက်နေပြီ။အဲ့တော့ ‌ဒဏ်ကြေးလဲပေးရတော့မှာပေါ့။မိန်းကလေးစူး ဒီကိစ္စကမင်းနဲ့ပက်သက်နေတယ်ဆိုမှတော့ မင်းကိုပဲတာဝန်ပေးလိုက်တော့မယ်နော်"

"ဘေးဒုက္ခရောက်သူ‌တွေဆီ ဖေးမကူညီဖို့ကို လာမယ့်သုံးရက်အတွင်း လုပ်ကြလိမ့်မယ်။ဒဏ်ကြေးကိစ္စက မြန်မြန်ဖြေရှင်းဖို့လိုတဲ့အတွက် မင်းက ဒဏ်ကြေးကိစ္စရော ဘေးဒုက္ခရောက်သူတွေကို ဖေးမကူညီဖို့ကိစ္စကိုပါ ကိုင်တွယ်ရမှာနော်"

လက်စွဲစာအုပ်အား လှန်လှောနေသည့် စူးယွင်မှာ ချက်ချင်းတောင့်တင်းသွားရ၏။

သူမမှာ စိတ်ပျက်စရာတစ်စုံတစ်ခုအား မျိုချမိသလို ခံစားလိုက်ရသည်။

နေပါဦး တိတိကျကျပြောရရင် ဒီကိစ္စမှာ သူမကနစ်နာသူလေ - နစ်နာသူကို ငွေကောက်ခိုင်းဖို့ ဘယ်လိုများတာဝန်ပေးနိုင်ရတာလဲ။

ဒါက လက်စားချေတဲ့ဇာတ်ကွက်မှာ အဓိကဇာတ်လိုက်အဖြစ် သူမကိုဖြစ်သွားစေချင်နေကြတာလား။

သူမသည် အပြုံးတစ်ခုအား အတင်းပြုံးပြကာ ပြန်ဖြေလိုက်၏။

"ကိစ္စမရှိပါဘူး"

ဘော့စ်ကသူမကိုအလုပ်လုပ်ဖို့ပြောနေရင် လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သူမခမျာ လိုက်နာတာကလွဲလို့ ဘာတတ်နိုင်ပါ့မလဲ။

အစည်းအဝေးပြီးသော် နဉ်အန်းမင်းသမီးသည် မူလကသူမ(စူးယွင်)အား ဆံထိုးနှင့်ပက်သက်ပြီး မေးချင်ခဲ့သော်ငြား စူးယွင်မှ ခပ်သုတ်သုတ်ထွက်သွားသည်ကို တွေ့လိုက်ရ၏။

သူမမှာ သက်ပြင်းချကာ စုံစမ်းကြည့်ဖို့ တစ်ယောက်ယောက်ကိုသာရှာလိုက်ရန် တွေးလိုက်တော့သည်။

သုံးရက်ဆိုသည်မှာ အချိန်တိုလေးဖြစ်၍ စူးယွင်သည် သုန်းကွေ့အား ကိုင်တွယ်ရန်ခက်နေမည်ကို စိုးထိတ်နေရ၏။အစည်းအဝေးပြီးသည်နှင့် သူမသည်ယီယန်ကျူးဆီ အမြန်ပြေးလာလိုက်သည်။

သူမသည် တံခါးပေါက်၌ရပ်ကာ မျက်နှာထက်မီးလောင်ဒဏ်ရာများနှင့် အတန်ငယ်မသပ်မရပ်ဆံပင်ပုံစံတို့ဖြင့်ရှိနေသော သုန်းကွေ့ထံကြည့်လိုက်၏။

ယီယန်ကျူးဆိုင်မှာ ယခင်မှဂုဏ်အသရေတို့ ပျောက်ဆုံးသွားလေပြီ။ခြေရှုပ်နေတတ်သော ဝယ်သူအုပ်စုများမှာလဲ မရှိတော့ပေ။

သုန်းကွေ့သည် သူမရှေ့ရှိလူတစ်ဦးထံ အတန်ငယ်ခါးညွှတ်၍ပြောနေရာ စူးယွင်သည် သူတို့စကားဝိုင်းအား မကြားရချေ။

ထိုလူထွက်သွားသည်နှင့် စူးယွင်ဝင်လာလိုက်၏။

သူမမှာနှုတ်ဆက်လိုက်သည်။

"တာဝန်ခံသုန်း"

သုန်းကွေ့သည် အသံကြား၍မော့ကြည့်လိုက်ရာ စူးယွင်၏ညာဘက်လက်မောင်းထက်ရှိ ဖဲပြားနီကိုတွေ့လိုက်၍ လာလည်ပတ်ရသည့်အကြောင်းအရင်းကို ချက်ချင်းခန့်မှန်းလိုက်မိ၏။

"နင်ကဒီကိုငွေလာကောက်တာလား ဟမ့် အကြီးအကဲရုန်ကတော့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းကြီးသိနေတာပဲ"

သုန်းကွေ့မှာ နှာမှုတ်လိုက်၏။

စူးယွင်သည် စီးပွားရေးဆန်ဆန်အပြုံးအားထိန်းထားကာ လက်အောက်ငယ်သားတစ်ဦး၏ အတွေးအခေါ်ဖြင့် ပြန်ဖြေလိုက်သည်။

"တိတိကျကျပြောရရင် ဒီကိစ္စက ကျွန်မနဲ့ ဆက်နွှယ်မှုအချို့ရှိနေတာပဲလေ။ထပ်ပြောရရင် ကျွန်မကသာ တာဝန်ခံသုန်းနဲ့ရင်းနှီးနေတဲ့လူဆိုတော့ ဒီက်ိစ္စကိုကိုင်တွယ်တဲ့နေရာမှာ ကျွန်မကသာ အသင့်တော်ဆုံးဖြစ်မှာ သေချာပါတယ်"

သုန်းကွေ့သည် အေးစက်စက်သာရယ်လိုက်၏။

"ဟက်"

စူးယွင် : "......."

သူမလဲ ဆွံ့အရတာပါပဲ။

ဘယ်သူကပိုက်ဆံလိုက်တောင်းချင်နေမှာလဲ။

ခဏချင်းပင် သူမအပြုံးမှာ ပိုပီပြင်လာပြီး တဲ့တိုးသာပြောလိုက်၏။

"တာဝန်ခံသုန်းက လတ်တလောမှာ အခက်အခဲတွေရင်ဆိုင်နေရတော့ ဒီလိုပမာဏကြီးကို ချက်ချင်းပေးဆောင်ဖို့ ပြောနေရတာက တစ်ကယ်ကိုအကျိုးအကြောင်းမသင့်တာပါ။ဒါပေမယ့် ဆိုရိုးတောင်ရှိတာပဲမလား *စည်းမျဉ်းတွေမရှိရင် အမိန့်လဲမရှိနိုင်ဘူးတဲ့* ပြစ်ဒဏ်က ချမှတ်ပြီးပြီဆိုမှတော့ လိုက်နာရတော့မှာပေါ့"

"တာဝန်ခံသုန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ မိသားစုရယ် လုပ်ငန်းတွေရယ်နဲ့ဆိုရင် ဒီပိုက်ဆံပမာဏလောက်က စီမံနိုင်သင့်တယ်လို့ ကျွန်မယုံကြည်ပါတယ်"

*ချီးမွမ်းလိုက် နှိမ့်ချလိုက်* ချဉ်းကပ်မှုမှာ သူမ၏အကြိုက်ဆုံးစကားပြောနည်းလမ်းတစ်ခု‌ဖြစ်သည်။

သုန်းကွေ့သည် ဖျစ်ညှစ်ပြုံးကာ ခပ်တောင့်တောင့်ခေါင်းငြိမ့်လာ၏။

သူမ၏မျက်နှာတွင် အကောင်းအတိုင်းကျန်သည့်နေရာမရှိ‌၍ သူမ၏လက်ရှိစိတ်ခံစားချက်ကို စူးယွင်သတိမပြုမိပေ။သို့သော် ကောင်းမွန်နေမည်မဟုတ်သည်မှာတော့ သေချာလေ၏။

သူမသည် အားတင်းပြုံးရင်း

"တာဝန်ခံသုန်းက သဘောတူမှတော့ ပိုက်ဆံကိုအသင့်ပြင်ပြီး မနက်ဖြန်ဝမ်ကောဆီပို့ပေးလိုက်နော်"

"ဘေးဒုက္ခရောက်သူတွေကို ဖေးမကူညီမယ့်ပွဲက နောက်သုံးရက်အတွင်းလုပ်မှာလေ။ပြီးရင် အကြီးအကဲရုန်နဲ့အခြားလူတွေလဲ အဲ့မှာရှိနေမှာဆိုတော့ နှောင့်နှေးမနေဖို့က အရေးကြီးတယ်နော်"

စူးယွင်သည် ဘေးဒုက္ခရောက်သူတို့အား ဖေးမကူညီမည့်ပွဲချိန်ကို အလေးပေးပြောကာ ဤကိစ္စသည်အရေးကြီးပြီး အလေးအနက်ထားရမည်ဖြစ်ကြောင်း သူမထံမသိမသာအသိပေးလိုက်၏။သို့မှသာ တစ်ခုခုမှားယွင်းခဲ့သော်ရှိ သူတို့သည်(ရုန်စာတို့)သူမအား အပြစ်မတင်နိုင်ဖြစ်ပေလိမ့်မည်။

အရင်ရက်များအတွင်း သုန်းကွေ့သည် ပြဿနာပေါင်းစုံအား ရင်ဆိုင်နေရ၍ စိတ်တိုနေခဲ့ပြီးဖြစ်၏။သူမတွင် လိုက်ခံစား‌နေဖို့အချိန်ရော စွမ်းအားပါ မရှိနေရာ စူးယွင်ကို နှင်ထုတ်လိုက်ရတော့သည်။

"အမ်း"

သုန်းကွေ့၏အဖြေစကားအားကြားပါမှ စူးယွင်ပြန်သွားလိုက်သည်။

သူမလှည့်ထွက်၍ ဆိုင်မှပြန်သွားသည်နှင့်တစ်ချိန်တည်းတွင် လူတစ်ယောက်မှာ ညာဘက်မှလျှောက်လာလေ၏။

ညနေခင်း၏လမ်းမမှာ ချက်ပြုတ်ရာမှ ဝေ့တက်လာသော မီးခိုးငွေ့များဝန်းရံနေပြီး လူအများနှင့်ယောက်ယက်ခတ်နေလေသည်။ရှည်လျားသော အလုပ်ချိန်တစ်ရက်တာအပြီးတွင် လူတိုင်းမှာ လမ်းသလားသည်တို့သိပ်မရှိတော့ဘဲ ညနေစာစားရန်ပြင်ဆင်နေကြတော့၏။

All Chapters