← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

သူသည်ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရပြီး သူမျက်ဝန်းအစုံသည် စူးယွင်မှာ သူတို့နှင့်ကွဲပြားကြောင်းသက်သေပြနိုင်မည့်အရာကို ရှာဖွေနေသည့်အလား ဟိုဒီဝေ့ဝဲနေလေ၏။

"နဉ်ကျင်း ရှင့်ကိုယ်ရှင်လှည့်စားနေတာတွေရပ်လိုက်ပါတော့။ရှင့်စိတ်ထဲမှာ ကျွန်မဆိုတာကလဲ သူတို့နဲ့ခြားနားမနေပါဘူး။အဖိုးမတန်တဲ့အရာတစ်ခုပဲလေ"

စူးယွင်သည် အကြည့်အားရှောင်ဖယ်ကာ သူမအသံမှာတော့ အတန်ငယ်ဆို့နင့်နေလေသည်။

"ရှင်ကျွန်မကိုအခုမသေစေချင်သေးတာက ရှင့်မှာကျွန်မအတွက် ခံစားချက်တစ်ချို့ရှိနေသေး‌လို့လေ။အဲ့ခံစားချက်တွေ ပျောက်ကွယ်သွားတာနဲ့ ကျွန်မကံကြမ္မာကလဲ သူတို့ထက် သာလွန်မနေတော့ပါဘူး"

နဉ်ကျင်းသည် ဘာမဆိုလုပ်နိုင်သည့် အရူးတစ်ယောက်ပင်။

ချစ်ခြင်းတရားဆိုသည်မှာ သေးငယ်သောအရာတစ်ခုသာဖြစ်၏။သူမမိဘများ၏ ချစ်ခြင်းအပြင် ထိုချစ်ခြင်းပျောက်ကွယ်သွားသည်နှင့် သူတို့ကြားတွင် အပြန်အလှန် စက်ဆုပ်မှုတို့သာ ကျန်ရှိတော့သည်ကို သူမမျက်မြင်တွေ့ခဲ့သည်။

သူမဤအချက်ပေါ် လောင်း‌ကြေးမထပ်ရဲသလို မှီခိုမနေချင်ပေ။

"ကိုယ်မဟုတ်ဘူး လုံးဝမဟုတ်ဘူးနော်"

နဉ်ကျင်းသည် စူးယွင်၏အဝတ်အနားစအား ဆုပ်ကိုင်ကာ မျက်ဝန်းများထဲတွင်လည်း မျက်ရည်စတို့အပြည့်ပင်။

"ကျေးဇူးပြုပြီး ကိုယ့်ကို ယုံကြည်ပေးပါကွာ ဟုတ်ပြီလား"

"နဉ်ကျင်း ဒါကကျွန်မရှင့်ကို မယုံကြည်ချင်လို့‌ကြောင့်မဟုတ်ပေမယ့် ရှင့်လုပ်ရပ်တွေက ကျွန်မကိုယုံကြည်အောင် လုပ်နိုင်စွမ်းမရှိဘူးလေ"

စူးယွင်သည် သူ့အားကြည့်လိုက်၏။သူမနှလုံးသားမှာတော့ မွန်းကြပ်နေလေသည်။

"ကျွန်မတို့တွေ ချစ်ကြိုက်နေကြတုန်းမှာတောင် ရှင်ကကျွန်မကို ဖမ်းချုပ်ထားချင်တယ်။အဲ့အချစ်ကပျက်ပြယ်သွားတဲ့အချိန်ဆို ကျွန်မအလောင်းက အပြည့်အစုံကျန်ရစ်ပါဦးမလား"

ချစ်ခြင်းမေတ္တာတို့ ပျောက်ကွယ်သွားချိန်တွင် နဉ်ကျင်းမှာ မည်သည့်ကြင်နာမှုကိုမှ ပြလာမည်မဟုတ်ဟု သူမယုံကြည်လေ၏။ထို့ပြင် သူမတင်မကဘဲ ဝမ်ကောရှိလူတိုင်းပါ ပျက်စီးကိန်းဆိုက်ကောင်းဆိုက်နိုင်လေသည်။

စူးယွင်သည် ဓားမြောင်အားချကာ အိပ်ရာထက်ထိုးဆွနေ၏။

"အချစ်ဆိုတာ ဘယ်အချိန်မှာ လက်လွှတ်ရမယ် ဘယ်အချိန်မှာ လွတ်လပ်ခွင့်ပေးရမယ်ဆိုတာကို သိနေတာပဲ"

"ဒါဆို မင်းကရော"

နဉ်ကျင်းသည် အသနားခံမှုနှင့် ကူကယ်ရာမဲ့တို့ဖြင့် ပြည့်နေသည့် လေသံဖြင့် တိုးတိုးလေးပြောလာ၏။

"ကိုယ့်ကိုလွတ်လပ်ခွင့်ပေးမှာလား"

သူ့မျက်ဝန်းများထဲရှိ စူးယွင်၏ပုံရိပ်မှာ ဝေဝါးလာပြီး သူမအားလက်လွှတ်ဆုံးရှုံးလိုက်ရတော့မည့်အလားပင်။

"ရှင့်အချစ်က ဖိအားများလွန်းတော့ ကျွန်မကိုမွန်းကြပ်စေတယ်"

စူးယွင်သည် သူမလည်တိုင်ထက်ရှိ သွေးအားပွတ်ဆွဲကာ သူ့အားပြလိုက်၏။

"ဒီလိုသာဆက်သွားနေရင် ကျွန်မတို့ကြားက အဆုံးသတ်က ဒီပုံစံဖြစ်သွားလိမ့်မယ်"

"ချစ်ခြင်းတရားက လှပပါတယ်။ဒီချစ်ခြင်းကို လှည့်စားတာမျိုးမဖြစ်ပါစေနဲ့"

"ကျွန်မတို့တွေ အကောင်းဆုံးဖြစ်နိုင်ချေရှိတုန်းမှာ အဆုံးသတ်ကြတာပေါ့ ရမလား"

တစ်ဆင့်ချင်းစီ စူးယွင်မှာ နဉ်ကျင်းအား သူမအတွေးတို့ဆီ လမ်းပြပေးလာပြီး နဉ်ကျင်းမှာတော့ သူမမျှော်လင့်ခဲ့ရသည့်အတိုင်း တည်ငြိမ်လာခဲ့သည်။

သူ့မျက်ဝန်တို့မှာ နီရဲနေပြီး ရှည်လျားလှပသော မျက်တောင်တို့မှ အသာခတ်လိုက်သည်မှာ ကွဲအက်သွားသည့် မှန်တစ်ချပ်အလား ကုန်လွန်ခဲ့သော လေပြည်ညှင်းနှင့် ကြည်လင်သော လရောင်တို့အား ဘာမှမရှိသည့်အဖြစ်သို့ ကြေကွဲစေလေ၏။

စူးယွင်မှ သူ့ခေါင်းအား အသာပွတ်ပေးကာ နှစ်သိမ့်စကားများပြောရန်ပြင်လိုက်စဉ် နဉ်ကျင်းသည် ရုတ်ချည်းဆိုသလို သူမအားလှမ်းဆွဲ၍ အိပ်ရာထက်တွန်းလှဲလိုက်လေသည်။သူသည် သူမကိုယ်ပေါ် မှီချလာကာ လည်တိုင်အား နမ်းရှိုက်၍ စုပ်ယူလိုက်၏။

သူသည် လည်တိုင်ထက်ရှိ ဒဏ်ရာအား လျှာဖြင့်လျက်၍ သန့်ရှင်းစေပြီး နှုတ်ခမ်းထောင့်ရှိ သွေးစတို့ဖြင့် ပြုံးကာ

"ကိုယ်ခွင့်မပြုဘူး။ကိုယ့်ဘဝထဲကို မင်းဝင်လာပြီဆိုကတည်းက မင်းအနေနဲ့ကိုယ့်ဆီကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ဖြန်း!

စူးယွင်သည် သူ့ပါးအားရိုက်ချကာ ဒေါသတကြီးအော်ငေါက်လိုက်၏။

"ဒါဆိုလဲ ကျွန်မရှင့်ကိုပြောပြလိုက်မယ်။ရှင်သာတစ်ခုခုလုပ်ရဲရင် ကျွန်မရှင့်ရှေ့မှာတင် သေပြလိုက်မယ်"

"ကျွန်မသေပြီးသွားရင် ကျွန်မကိုလာရှာဖို့ တွေးကိုမတွေးလိုက်နဲ့။ကျွန်မရှင့်ကို မြင်လဲမမြင်ချင်တော့သလို ခွင့်လဲခွင့်မလွှတ်နိုင်ဘူး"

နဉ်ကျင်းသည် ခဏတာမျှ တောင့်တင်းသွားရကာ သူမကိုယ်ထက်မှ ဖယ်လိုက်၏။

"မင်းသွားသင့်ပြီ"

"ဘာရယ်"

စူးယွင်သည် မျက်ခုံးပင့်ကာ သူပြောလိုက်သည့်စကားအား မယုံကြည်နိုင်ခဲ့ပေ။

သူကသူမကို လွှတ်မပေးဖို့ အားကြိုးမာန်တက်ဖြစ်နေပြီး အခုကျမှ သူ့စိတ်ကို ရုတ်တရက်ကြီးပြောင်းလိုက်တာပေါ့။

စူးယွင်သည် သူ့အားမယုံကြည်နိုင်မှုဖြင့်ကြည့်လိုက်၏။

နဉ်ကျင်းသည် မည်သည့်တုန့်ပြန်မှုမှ လုပ်မလာဘဲ ခေါင်းအားငုံ့ကာ သူမလက်မှ ချိန်းကြိုးအား ဖြည်ပေးနေလေသည်။

"မင်းသွားသင့်တယ် မြန်မြန်"

စူးယွင်၏စိတ်မှာ ဗလာကျင်းသွားကာ နှုတ်ခမ်းအားကိုက်၍ ဘာပြောရမည်ကိုမသိတော့ပေ။

"မြန်မြန်ထွက်သွားတော့"

နဉ်ကျင်းသည် တိုက်တွန်းလာပြီး ယခုအချိန်တွင်တော့ ‌ပို၍ကျယ်လောင်လာလေသည်။

သူမသည်ထိုအကြောင်းအား အများကြီးတွေးမနေတော့ဘဲ သူမအဝတ်အားလဲကာ ထွက်သွားရန်ပြင်လိုက်၏။

စူးယွင်မှ အဝတ်လဲပြီး၍ ထွက်လာသော် နဉ်ကျင်းသည် နဂိုနေရာ၌ရှိနေဆဲဖြစ်ပြီး ခေါင်းအားငုံ့နေကာ သူမထံကြည့်မလာခဲ့ပေ။

"စားပွဲပေါ်ကဟာ ယူသွားလိုက်ပါ"

စူးယွင်သည် အဖြူရောင်ဘူးလေးတစ်လုံးအား တွေ့လိုက်ရ၏။

သူမသည် လည်တိုင်ထက်ရှိ ဒဏ်ရာအားထိလိုက်ရာ ကြေကွဲမှုလှိုင်းတစ်လုံးမှာ သူမမျက်ဝန်းများထဲ မြင့်တက်လာနေလေသည်။(ငိုတာကိုပြောချင်တာလားမသိ)

သူမသည် ဆေးဘူးဘက်လျှောက်သွားပြီး ယူလိုက်ကာ ထွက်သွားတော့၏။

အခန်းတံခါးဝ၌ စူးယွင်သည် ခဏရပ်လိုက်ကာ တိုးဖွဖွပြောလိုက်သည်။

"ရှင်လဲဆေးလိမ်းသင့်တယ်"

နဉ်ကျင်းမှာ ပြန်ဖြေမလာပေသိ သူကြားသည်ကို သူမသိလေ၏။

ဝမ်ကောဆီပြန်ရောက်သော် စူးယွင်သည်အရင်ဆုံးရေချိုးလိုက်ကာ သူမဒဏ်ရာအား ဆေးလိမ်းလိုက်သည်။သူမသည် ဘာမှမဖြစ်ပျက်ခဲ့သည့်အလားပြုမူကာ သူမ၏နဂိုအလုပ်နေရာသို့ပြန်သွားခဲ့၏။

ရက်အနည်းငယ်ကြာသည်ထိ နဉ်ကျင်းမှာ ထပ်ပေါ်မလာတော့ပေ။စူးယွင်သည် အသည်းကွဲသလို မခံစားရပေ။သူမသည် အလုပ်ဆက်လုပ်ရင်း ပုံမှန်အတိုင်း စားသောက်ရင်း သူမနေ့စဉ်ဘဝအား ကုန်ဆုံးစေသည်။

ဝမ်ကောရှိ လူတိုင်းမှာထိုသည်နှင့်ပက်သက်၍သိပ်မတွေးမိကြသော်ငြား စူးယွင်နှင့်နီးစပ်သော ရှောင်ဟယ်မှာတော့ တစ်ခုခုကွဲပြားနေသည်ကို သတိပြုမိပြီး ဘာဖြစ်နေသည်ကိုမသိရရာ မေးလိုက်မိ၏။

"နင့်စိတ်ထဲ တစ်ခုခုဖြစ်နေတာလား"

စူးယွင်သည် သူမပေါ် အကြည့်မလွှဲတမ်းကပ်တွယ်နေသော ရှောင်ဟယ်၏ထူးထူးဆန်းဆန်းအပြုအမူကို သတိပြုမိလိုက်သည်။

ရှောင်ဟယ်မှာ တုံ့ဆိုင်းနေပေသိ မေးလာ၏။

"သခင်မလေး ကျွန်မဒါကိုပြောသင့်လားဆိုတာတော့မသိဘူး"

စူးယွင်သည် သူမအလုပ်အား လက်မှချကာမေးလိုက်သည်။

"လွတ်လွတ်လပ်လပ်ပြောပါ ငါနင့်ကိုမဆူပါဘူး"

"ကောင်းပြီလေ"

ရှောင်ဟယ်သည် သူမနှုတ်ခမ်းအားကိုက်ကာ ထိုစကားအား အဆင်ချောစေရန်မည်သို့ပြောရမည်အားတွေးနေလေ၏။

"အဲ့ဒါ သခင်မလေးနဲ့ သခင်လေးနဉ်အကြောင်းပါ .....အဲ့ဒါ ... အကုန်လုံးက တစ်ကယ်အဆင်ပြေရဲ့လား"

စူးယွင်သည် ခဏတာမျှ ရပ်တန့်သွားပြီး သူမတည်ငြိမ်မှု အမြန်ပြန်ထိန်းလိုက်သည်။သူမမှာ ပြုံး၍ပြန်ဖြေလာ၏။

"အထွေအထူးမရှိပါဘူး ငါတို့လမ်းခွဲခဲ့ကြပြီ"

"ဒါဆို သခင်မလေး..."

ရှောင်ဟယ်သည် သူမအားစိုးရိမ်တကြီး ကြည့်‌လာသည်။

"လျှောက်တွေးမနေနဲ့"

စူးယွင်သည် ရှောင်ဟယ့်ခေါင်းအား အသာပုတ်လိုက်၏။

"ငါအဆင်ပြေပါတယ်။ငါတို့က ကောင်းကောင်းမွန်မွန် လမ်းခွဲခဲ့ကြတာလေ"

ရှောင်ဟယ်သည် သူမအားစိုက်ကြည့်နေဆဲဖြစ်ပေသိ သူမမျက်ဝန်းတို့ထဲရှိ တည်ငြိမ်မှုမှာ ယုံကြည်ရန်ခက်ခဲစေသည်။

စူးယွင်မှ ပြောလိုက်၏။

"အရမ်းတွေးမနေနဲ့။ပြီးကျရင် ငါနဲ့လိုက်ခဲ့ ငါနင့်ကိုပြစရာတစ်ခုရှိတယ်"

ရှောင်ဟယ်၏အတွေးမှာ ရိုးရှင်းလှရာ စူးယွင်မှ တစ်ခုခုပြောလာသည်နှင့် သူမအားအစောမှစကားဝိုင်းကို ချက်ချင်းမေ့သွားစေသည်။

"အဲ့ဒါဘာလဲ"

"နင်မြင်တာနဲ့ သိရပါလိမ့်မယ်"

All Chapters