အခန်း (၇၈)
Vol. 8 Ch. 78
စူးယွင်မှာ အဖွဲ့အစည်းရှိနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ စွမ်းရည်တို့ကို စူးစမ်းနေစဉ် ညာဘက်လက်၌ခရမ်းရောင်ဖဲပြားချည်ထားသည့်လူတစ်ယောက်မှ တားလာလေ၏။
သူသည်လေးလေးစားစားအရိုအသေပြုကာ
"မိန်းကလေးစူး ညွှန်ကြားရေးမှူးကမင်းကို ဖိတ်ကြားလိုက်ပါတယ်"
စူးယွင်သည် ထိုလူအားကြည့်လိုက်၏။သူ့ရင်ဘတ်ထက်တွင် မည်သည့်နာမည်ကတ်ပြားမှမရှိသလို ညာဘက်လက်မောင်းထက်ရှိ ဖဲပြားရောင်မှာလဲ အခြားသူများနှင့်မတူညီချေ။
သူမမှာ မျက်လုံးများအား မှေးကျဉ်း၍ တွန့်ဆုတ်ဟန်ဖြင့်
"ညွှန်ကြားရေးမှူးကလား"
သူမမှာ အဖွဲ့အစည်းနှင့် ပူးပေါင်းကာစဖြစ်သော်လည်း အခြေခံသတင်းအချက်အလက်အချို့ကို စုဆောင်းထားပြီးဖြစ်လေသည်။
အငယ်တန်းအဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမကဲ့သို့အဖွဲ့ဝင်များသည် အဖွဲ့အစည်းတွင်းများစွာရှိသည်ဖြစ်၍ သူ၏ချဉ်းကပ်မှုမှာ သူမအားထူးဆန်းသွားစေ၏။
စီးပွားရေးဆန်ဆန်သဘောထားဖြင့် သူမှပြောလာသည်။
"ညွှန်ကြားရေးမှူးရဲ့ စိတ်သဘောက ကျွန်တော်တို့လို လက်အောက်ငယ်သားတွေ ခန့်မှန်းနိုင်တဲ့ အရာမဟုတ်ပါဘူး။ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"
သူ့လေသံမှာပြတ်သားလှ၏။မတ်မတ်ရပ်ကာ သူသည်ညာဘက်ရှိ စင်္ကြံလမ်းရှည်ဘက် ညွှန်ပြလိုက်သည်။
စူးယွင်မှာ နှုတ်ခမ်းအားတင်းတင်းစေ့လိုက်၏။
အထက်လူကြီးတစ်ယောက်မှ သူမအားခေါ်သည်ဖြစ်၍ ငြင်းဆန်ရန်လဲမလွယ်ပါချေ။
စူးယွင်သည် စင်္ကြံလမ်းရှည်တစ်လျှောက် သူ့နောက်မှလိုက်လာကာ နောက်ဆုံးတွင်တော့တောင်ဘက်ထောင့်ရှိ အဖွဲ့အစည်း၏ထပ်ခိုးခန်းဆီ ရောက်သွားလေ၏။
သူသည် သူမအစားတံခါးခေါက်လိုက်ရာ အတွင်းမှပြန်ဖြေသံထွက်လာ၍ တံခါးအားဖွင့်ကာ သူမကိုအထဲဝင်စေသည်။
"စူးမိန်းကလေး ကျေးဇူးပြုပြီး"
စူးယွင်သည်သူ့အား သိချင်စိတ်ဖြင့်ကြည့်လိုက်၏။သူ့မျက်နှာထက်တွင် မည်သည့်အမှားအယွင်းအရိပ်အယောင်မှ ပေါ်မလာပါမှသူမလည်း အထဲဝင်သွားလိုက်သည်။
သူသည်သူမနောက်မှလိုက်မလာဘဲ သူမနောက်ရှိတံခါးအားပိတ်ကာ အပြင်တွင်စောင့်နေလိုက်၏။
ကလစ်
စူးယွင်သည် တင်းတင်းပိတ်ထားသောတံခါးအား လှည့်ကြည့်ကာ ကသိကအောက်ဖြစ်မှုဖြင့် မျက်လုံးအားမှေးလိုက်မိသည်။
သူမသည် ဘေးပတ်ဝန်းကျင်အား စစ်ဆေးရန်စိတ်မဝင်စားတော့ဘဲ သတ္တိအားစုစည်းကာ ရှေ့ဆက်လျှောက်သွားလိုက်၏။
သူ့မျက်နှာကို စာအုပ်စင်များကြားမှနေ ဝိုးတဝါးသာမြင်နေရပြီး စူးယွင်မှာ သူ့ရုပ်ရည်ကိုသေချာမမြင်ရပေ။သူမသည်နှုတ်ခမ်းအားကိုက်၍ပြောလိုက်သည်။
"ညွှန်ကြားရေးမှူး ရှင်ကျွန်မကိုခေါ်လိုက်တာပါလား"
"ကိုယ်ဒီမှာ"
သူသည်စာအုပ်အားချကာ သိမ်မွေ့ပြီးမေးရိုးထင်းထင်းဖြင့် ကြည့်ကောင်းသည့် ရုပ်ရည်အားဖော်ပြလာ၏။သူ၏မျက်ဝန်းညိုညိုတို့မှာ တောက်ပအသက်ဝင်နေပြီး မျက်ခွံကျယ်ကျယ်နှင့် အထက်သို့အနည်းငယ်ပင့်တက်နေသည်မှာ သူ့အားအလွယ်တကူပေါင်းသင်းနိုင်သည့်လူဟူသောအထင်အမြင်ကို ပေးစွမ်းနေလေသည်။
"စိုးရိမ်စရာမလိုပါဘူး။လွတ်လွပ်လပ်လပ်ထိုင်ပါ။ကိုယ်ကမင်းနဲ့စကားစမြည်ပြောချင်လို့ခေါ်လိုက်တာ"
စူးယွင်သည်သူ့အား လုံးလုံးမယုံကြည်နိုင်သေးပေ။သူတို့သည် အချင်းချင်းသိရုံမျှသာဖြစ်၍ မည်သည့်အကြောင်းအား ပြောစရာရှိပါမည်နည်း။
သူမသည်တည်ငြိမ်မှုအားထိန်းကာ ခုံတွင်ဝင်ထိုင်လိုက်သည်။
"ညွှန်ကြားရေးမှူးရဲ့စိတ်ဝင်စားမှုကို ကျွန်မရဲ့ဘယ်အရာကများ ဖမ်းစားသွားခဲ့တာလဲဆိုတာတော့ သိချင်မိသား။ရှင်နဲ့စကားစမြည်ပြောရတာ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါ"
ရှန်းကျစ်ဟွိုက်သည် ခပ်ဖွဖွရယ်လိုက်၏။
"စူးမိန်းကလေးက အတော်ဉာဏ်ရွှင်တာပဲ။ဒါပေမယ့် မင်းရဲ့ကိုယ်ရည်ကိုယ်သွေးကတော့ တစ်ကယ်ထူးခြားပါတယ်။နဉ်အာက မင်းကိုဒီလောက်မြတ်နိုးနေတာ မထူးဆန်းတော့ပါဘူး"
သူ့ဘက်မှ*နဉ်အာ*ဟုပြောလာသည်နှင့် စူးယွင်သည်နဉ်ကျင်းအား တန်းတွေးလိုက်မိသည်။သူ့လေသံမှတစ်ဆင့်ကြည့်ရသည်မှာ သူတို့သည်သူငယ်ချင်းအရင်းကြီးများဖြစ်ကြပုံပင်။
စူးယွင်သည် မရင်းနှီးသည့်လူများနှင့် ကိုယ်ရေးကိုယ်တာကိစ္စတို့ကို မဆွေးနွေးချင်၍ အေးစက်စက်သာငြင်းဆိုလိုက်သည်။
"ကျွန်မကနဉ်ကျင်းနဲ့ ဘယ်လိုပက်သက်မှုမျိုးမှမရှိတော့ပါဘူး။ဒီစကားဝိုင်းကသာ သူ့အကြောင်းပြောဖို့ဆိုရင်တော့ ကျွန်မတို့တွေဆက်ပြောစရာမရှိတော့မှာစိုးရိမ်မိပါတယ်"
"နဉ်အာရဲ့ အကြီးတစ်ယောက်အနေနဲ့ရော သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ စိတ်ပူပြရတာမထူးဆန်းပါဘူး"
ရှန်းကျစ်ဟွိုက်သည် ရှေ့သို့အသာမှီကာ လက်များအားစားပွဲထက်တင်၍ သူ့စကားမှတစ်ဆင့် ထိုအကြောင်းအား သူသိချင်နေသည်ကို လုံးဝဖော်ပြနေလေသည်။
"နဉ်အာ့ဘေးမှာ အမျိုးသမီးတစ်ယောက်ရှိနေတာ ဒီတစ်ခါကပထမဆုံးပဲလေ အဲ့တော့ ကိုယ်တစ်ကယ်သိချင်မိတာက မင်းအဲ့ဒါကိုဘယ်လိုလုပ်လိုက်တာလဲ"
စူးယွင်သည် မျက်လုံးအား လှိမ့်လိုက်မိကာ သူမမျက်နှာထက်တွင်လည်း သူ့အားအထင်အမြင်သေးမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
ဘာလဲဟ!
နဉ်ကျင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက်စပ်စုတဲ့သူငယ်ချင်းတစ်ယောက်ရှိနေရတာလဲ။
လုံးဝပါလေရာစရိုက်ပဲ။
နဉ်ကျင်းကသူ့ကို ဘယ်လိုသည်းခံနေနိုင်တာပါလိမ့်။
အထင်ကြီးစရာပဲ လုံးဝအထင်ကြီးစရာပဲ။
"လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်အတန်းမှာ ရှင်ကကျွန်မအထက်လူကြီးဖြစ်လို့ သင့်တော်တဲ့အကွာအဝေးကို ကျွန်မတို့ကြားထိန်းထားသင့်ပါတယ်။ကိုယ်ရေးကိုယ်တာပက်သက်မှုမှာဆိုလည်း ရှင်ကသူ့ငယ်ချင်းဖြစ်ပြီး ကျွန်မသူငယ်ချင်းမဟုတ်သလို ကျွန်မမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်တဲ့ အကျင့်လည်းမရှိပါဘူး"
"အဲ့တော့ ရှင်တစ်ကယ်သိချင်တယ်ဆိုရင် သူ့ကိုသာကိုယ်တိုင်သွားမေးလိုက်ပါ"
စူးယွင်သည် မတ်တပ်ရပ်၍ သူ့အားစကားပြောခွင့်မပေးခဲ့ပေ။
"ကျွန်မမှာကိုင်တွယ်စရာအလုပ်တွေရှိသေးလို့ အခုသွားလိုက်ပါဦးမယ်"
"ညွှန်ကြားရေးမှူးကတော့ အေးအေးဆေးဆေးဆက်ပြီးစူးစမ်းနှင့်လိုက်ပါဦး"
ထိုသို့ပြောပြီးသည်နှင့် စူးယွင်သည် သူ့ထံအကြည့်တစ်ချက်ပင်မပေးတော့ဘဲ လက်မောင်းအားယမ်းကာ အပြင်သို့လှည့်ထွက်သွားတော့သည်။
ရှန်းကျစ်ဟွိုက်သည် သူမအားမတားဘဲ လှည့်ထွက်သွားသော သူမပုံရိပ်ကိုသာ အတွေးများဖြင့်ကြည့်နေလိုက်၏။
တိုတောင်းသောတွေ့ဆုံမှုပြီးနောက် စူးယွင်သည် သူမ၏စူးစမ်းမှုအားမရပ်တန့်ခဲ့ပေ။သူမသည် အဖွဲ့အစည်းတွင်း လှည့်ပတ်သွားကာ ဦးတည်ရာမရှိလေလွင့်နေလိုက်သည်။
မည်သည့်အာရုံစိုက်မှုမှမရှိဘဲ သူမသည်ခြေဦးတည့်ရာလျှောက်သွားနေလိုက်၏။
နောက်ဆုံးတော့ သူမသည်နံရံတစ်ခုဆီရောက်သွားကာ ထိုနံရံသည် အောင်မြင်ကျော်ကြားမှုပြနံရံဖြစ်ဟန်တူသည်။
ထိုပေါ်တွင် အဖွဲ့အစည်း၏သမိုင်းကြောင်းအကြောင်းအရာ အချက်အလက်များပါဝင်ကာ အရည်အချင်းရှိ အဖွဲ့ဝင်များစွာအား ဖော်ပြထားလေ၏။
ထိပ်ဆုံးတွင်တော့ သူမသည်ရင်းနှီးသော မျက်နှာတစ်ခုအားတွေ့လိုက်ရသည်။ခုလေးတင်သူမနှင့် စကားစမြည်ပြောခဲ့သောအမျိုးသားမှတစ်ပါး အခြားလူမဟုတ်ပေ။
နံရံရှိ ပုံတူပန်းချီတွင် သူသည်လွဲမှားစရာမရှိသည့် ယုံကြည်ချက်အပြည့်ရှိသောအရှိန်အဝါနှင့် ငယ်ရွယ်သေးပုံရသည်။သူ၏အပြုအမူတစ်ရပ်လုံးသည် သွက်လက်ပြီးနှစ်လိုဖွယ်ကောင်းမှုတို့ ထုတ်လွှတ်နေလေ၏။
စူးယွင်သည်အကြည့်အား အောက်တစ်ဆင့်လျှောကြည့်လိုက်ရာ သူ့ပုံတူပန်းချီအောက်တွင် ရှန်းကျစ်ဟွိုက်ဟူသော စာလုံးသုံးလုံးအား ရေးထိုးထားလေသည်။အဲ့တော့ဒါကသူ့နာမည်ပေါ့။
နာမည်ကအတော်လေးကောင်းမွန်ပြီး သမားရိုးကျပေမယ့် လူကတော့....
စူးယွင်သည် ထိုနာမည်မှာ သူ့အပေါ်လုံးဝဖြုန်းတီးနေသလိုဖြစ်နေသည့်အကြောင်းအား တွေးမိကာ ခေါင်းယမ်းလိုက်၏။
အထင်သေးမှုတို့အပြည့်ဖြင့် သူမအကြည့်မှာ နံရံထက်ထပ်မံကြည့်ရှုလိုက်ရာ ရင်းနှီးသောမျက်နှာများအား ဆက်တွေ့လာရသည်။
ကျန်းကျင်းယွင်၊ရုန်စာ....
နေပါဦး ဝမ့်လင်
အဲ့တော့သူက သူတို့ပြောနေကြတဲ့ *အမျိုးသမီးဝမ့်*ဆိုတာပေါ့လေ။
နံရံထက်ရှိ ပုံတူပန်းချီတွင် သူမမှာငယ်ရွယ်ပုံရပြီး သူမနှုတ်ခမ်းတို့သည်လည်း အပြုံးတစ်ခုအသွင် ကွေးတက်နေလေသည်။သူမသည် ငြင်သာတောက်ပ၍ နေရောင်လိုနွေးထွေးမှုအပြည့်ရှိပုံပေါ်ပြီး နူးညံ့သောစံပြအလှလေးတစ်ယောက်ပုံပါပင်။
ပုံတူမှာ အတော်ကြီးပြီး သူမပုခုံးအောက် လက်မအနည်းငယ်ထိရောက်လေရာ ပုံတူထဲရှိ သူမညာဘက်လက်မောင်းမှ ဖဲပြားကို တွေ့နေရလေသည်။
လက်မှုပညာမှာအထင်ကြီးစရာကောင်းလှပြီး အသေးစိတ်မှအစ ရှင်းလင်းအနုစိတ်နေ၏။ပုံတူပန်းချီ၏စုတ်ချက်များမှာ ကောင်းမွန်ကြည်လင်၍ အရာတိုင်းအား အလွယ်တကူမြင်နေရစေသည်။
စူးယွင်အကြည့်မှာ ဖဲပြားအားအာရုံစိုက်လိုက်၏။ထိုပေါ်တွင် ကျူးလစ်ပန်းတစ်ပွင့်ရှိနေပေသိ သူမတွေ့ဖူးသောယုယင်းဖဲပြားနှင့် အနည်းငယ်ကွဲပြားလေသည်။
ကျူးလစ်ပန်းများမှာ မြက်ခင်းထက် သူတို့ပင်စည်များအား နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ကာ မရေမတွက်နိုင်အောင်ရှိနေပြီး တောက်ပလှသည့်ပန်းဥယျာဉ်ကြီးတစ်ခုအလား အထင်အမြင်ကိုပေးစွမ်းနေလေ၏။
သို့သော်ငြား အထင်ရှားဆုံးပန်းပွင့်မှာ ဝတ်ဆံထက်တွင်စာလုံးများရေးဆွဲထားသည့် ပန်းပွင့်သာဖြစ်သည်။
စာလုံးများမှာသေးငယ်လှရာ စူးယွင်သည်သေချာမမြင်ရပေ။သူမသည် သေချာမြင်ရရန်ရှေ့တက်၍ကြည့်လိုက်၏။
ဝမ့်လင်း
စူးယွင်သည် နှုတ်ခမ်းအားကိုက်လိုက်မိသည်။အဲ့တော့ အထဲမှာနာမည်ကိုရေးထားတာပေါ့။
စူးယွင်မှအောက်သို့ဆက်ကြည့်လိုက်ရာ နံရံထက်ရှိလူအများစု၏ ဖဲပြားအများစုသည် ဝမ့်လင်းဖဲပြားနှင့် ဆင်တူသည်ကိုတွေ့လိုက်ရသည်။