အခန်း (၇၉)
Vol. 8 Ch. 79
သူမမှ ဆက်ကြည့်လာရာ နံရံအောက်ခြေသို့ရောက်ချိန်တွင်တော့ တွဲလျက်ပါစာညွှန်းတစ်ခုအားတွေ့လိုက်ရ၏။
အဖွဲ့အစည်းတွင်းတွင် အဖွဲ့ဝင်များသည် သူတို့၏အဆင့်ပေါ်မူတည်၍ မတူညီသောအရင်းအမြစ်အဆင့်များရရှိသလို သူတို့ရာထူးကိုလဲ ဖဲပြားများထက်ရှိ သတိပြုမိလွယ်ဆုံးပုံစံကွက်များဖြင့် ကွဲပြားအောင်ပြသထားလေသည်။
အဖွဲ့အစည်း၏အငယ်တန်းအဖွဲ့ဝင်များမှာ ဖဲပြားဗြောင်များ တပ်ဆင်ရပြီး အလယ်အလတ်အဖွဲ့ဝင်များသည် ကျူးလစ်ပန်းတစ်ပွင့်ပါဖဲပြားအား တပ်ဆင်ရ၏။အခြားဘက်ရှိ အကြီးတန်းအဖွဲ့ဝင်များမှာတော့ ကျူးလစ်ပန်းဥယျာဉ်တစ်ခုပုံ တပ်ဆင်ရသည်။
ကျူးလစ်သည် သူတို့အလုပ်အကိုင်အား ကိုယ်စားပြုကာ ပန်း၏အဓိပ္ပာယ်ဖြစ်သော ရှင်သန်ခြင်း၊သာယာဝပြောမှုနှင့် အောင်မြင်မှုတို့အတိုင်း အထမြောက်စေ၏။
စူးယွင်၏အကြည့်မှာ နံရံအားဆက်စစ်ဆေးနေပေသိ ခရမ်းရောင်ဖဲပြားနှင့်ပက်သက်သည့်မည်သည်ကိုမှ မတွေ့ရပါပေ။
သူမသည် ကိုယ့်ဘာသာတွေးလိုက်မိသည်။ထိုသည်မှာ စီမံခန့်ခွဲမှုအဆင့်အတွက်ဖြစ်နိုင်ပေ၏။
အချက်အလက်အားလုံးကိုစစ်ဆေးပြီးသော် ကောင်းကင်ကြီးသည် မည်းမှောင်လာပြီး စူးယွင်မှာ မိုးသက်လေကိုခံစားလိုက်ရသည်။သူမသည် စူးစမ်းမှုတို့အား လက်လျှော့ကာ အိမ်ပြန်ရန်လုပ်လိုက်၏။
စူးယွင်မှဝမ်ကောဆီပြန်ရောက်သော် ဆိုင်ရှေ့တွင်ထုတ်ပိုးထားသောကုန်များနှင့် လူစုလူဝေးကိုတွေ့လိုက်ရသည်။
သူမသည်ထိုနားသွားကာ ရှောင်းယွင်အားမေးလိုက်၏။
"ဒါတွေက အဖွဲ့အစည်းကလား"
ရှောင်းယွင်မှပြန်ဖြေလာသည်။
"ဟုတ်ပါတယ် ကြည့်,ကြည့်ဦးမလား တာဝန်ခံခင်ဗျ"
ဆိုင်တွင် အရင်ထဲမှရှိခဲ့သောအရင်ဆုံးလူဖြစ်သည့် *သခင်မလေး*ဟုခေါ်တတ်သည့်ရှောင်ဟယ်မှအပ လူတိုင်းမှာ သူမအား*တာဝန်ခံ*ဟုသာခေါ်ကြလေ၏။
"တော်ပါပြီ မလိုပါဘူး။ငါမင်းအရည်အချင်းကိုယုံတယ်။ဖြစ်နိုင်သမျှမြန်မြန်သာ ဂိုဒေါင်ထဲထည့်လိုက်ကြ"
ရှောင်းယွင်သည် နဉ်ကျင်းအိမ်တော်မှ အိမ်တော်ထိန်းထံတွင် နှစ်ပတ်လောက်သင်ယူလေ့လာခဲ့၏။သင်ကြားရေးပြီးသော် သူသည် ပြီးပြည့်စုံသောပြောင်းလဲခြင်းဖြစ်စဉ်ကို ဖြတ်သန်းလိုက်ရသည်။သူသည် ယခုတွင်ဆိုင်ရှိအလုပ်ပေါင်းစုံကို ထက်ထက်မြက်မြက်ကိုင်တွယ်နိုင်နေပြီဖြစ်ကာ သူဖုန်းစားတစ်ဦးဖြစ်ခဲ့ဖူးသည့် နိမ့်ကျသောဇစ်မြစ်အရိပ်အယောင်တစ်ခုမှ ကျန်ရစ်မနေတော့ပေ။
သူမသည်ကောင်းကင်အားမော့ကြည့်လိုက်၏။တိမ်မည်းများမှာ သိပ်သည်းစွာစုဝေးလာနေလေပြီ။
"မြန်မြန်လုပ်လိုက်ကြ မကြာခင်မိုးရွာတော့မယ့်ပုံပဲ"
စူးယွင်မှဝမ်ကောထဲဝင်လာရာ ရှောင်ဟယ်ပြန်မရောက်သေးသည်ကို သိလိုက်ရ၏။သူမသည်ခုံပေါ်လှဲကာ ညစာစားရန်ရှောင်ဟယ်ပြန်လာမည်အားစောင့်နေလိုက်သည်။
အပြင်ဘက်တွင် မိုးရေစက်တို့မှာ တဖြောက်ဖြောက်ကျလာပြီး ပြတင်းတံခါးအား စည်းချက်ညီညီရိုက်ခတ်ကာ လူတို့အား သူတို့ကိုယ်သူတို့လေထုတွင်းနစ်မြှပ်ပစ်လိုက်ချင်သည့်အလား ခံစားရစေရန် သက်တောင့်သက်သာခံစားမိနိုင်သော တတောက်တောက်မြည်သံတို့အား ဖန်တီးနေလေ၏။
"ယွင်အာ ပင်ပန်းနေပြီလား"
နဉ်ကျင်းသည် ကုတင်စွန်း၌ထိုင်ကာ သူမပါးအားလက်ချောင်းလေးများဖြင့် အသာညှစ်လိုက်၏။
"ထတော့လေ"
စူးယွင်သည် သူမဘေးတွင်တစ်ယောက်ယောက်ရှိနေသလို ခံစားလိုက်ရ၍ မျက်လုံးဖွင့်လိုက်၏။နဉ်ကျင်း၏အခန်းဖြစ်နေကြောင်းတွေ့လိုက်ရသော် သူမမှာ မျက်မှောင်ကြုံ့လိုက်မိသည်။
ငါကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။
သူမအကြည့်မှာ မရေမရာဟန်ပေါ်နေပြီး နဉ်ကျင်းထံခေါင်းလှည့်ကြည့်လိုက်၏။
"ကျွန်မကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
"ကျွန်မတို့က လမ်းခွဲပြီးပြီလေ"
"လမ်းခွဲတယ်ပေါ့လေ"
နဉ်ကျင်းသည် မျက်ခုံးပင့်ကာ ရယ်ချလာ၏။
"မင်းဘာတွေလျှောက်ပြောနေတာလဲ။ကိုယ်တို့ကအဆင်ပြေနေခဲ့ကြတာကို ဘယ်လိုလုပ်လမ်းခွဲရမှာလဲ"
သူသည်စူးယွင်၏မျက်နှာအား လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် သူမမျက်ခုံးအား နှိပ်နယ်ပေးလိုက်သည်။သူသည်တိုးဖွဖွပြောလာ၏။
"မင်းအအိပ်လွန်ပြီး ဘာကအမှန်လဲ ဘာကအမှားလဲဆိုတာတောင် မပြောနိုင်တော့ဘူးပေါ့လေ"
ဒါက...
စူးယွင်မှာသံသယစိတ်အနည်းငယ်ရှိနေဆဲပင်။တစ်ကယ်လမ်းခွဲခဲ့ကြပြီးသားလေ။
သူမသည်လက်ဆန့်၍ သူ့လက်ကောက်ဝတ်အားကိုင်လိုက်၏။သူမလက်ပေါ်ရှိ အနွေးဓာတ်မှာ အလွန်စစ်မှန်လှပြီး လက်ကောက်ဝတ်ထက်ရှိသွေးကြောကိုပင် ခံစားမိလေသည်။
ဒါကဘယ်လိုလုပ်အတုဖြစ်နိုင်ပါ့မလဲ။
နဉ်ကျင်းသည်ပြုံးကာ သူမနဖူးအားတောက်လိုက်၏။
"မနေ့ညကကျ အိပ်ရာထဲမှာ ကိုယ့်ကိုရပ်ဖို့ပြောနေပြီး ဒီနေ့ကျတော့ ဘောင်းဘီပြန်ဝတ် မသိချင်ယောင်ဆောင်ဖို့လုပ်နေတယ်ပေါ့လေ ဟမ်"
"မင်းကိုဒီလောက်ရဲတင်းဖို့ ဘယ်သူသင်ပေးလိုက်တာလဲ"
"ကျွန်မ..."
ထိုသို့သူပြောသည်ကိုကြားသော် စူးယွင်သည် သူမပေါင်တံတွင်းမှစူးရှရှအောင့်သက်မှုကို ခံစားလိုက်ရ၏။
သတိလက်လွတ်ဖြင့် သူမသည်စောင်အားဆုပ်ကိုင်လိုက်ပေသိ သူမစိတ်ထဲတွင်တော့ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်မှာ သူမရင်ဘတ်ပေါ်ဖိနေသော အလေးတုံးကြီးမှချက်ချင်းပျောက်ကွယ်သွားသည့်အလားပင်။
သူမသည်လက်ဆန့်ပြီး သူ့လည်ပင်အားသိုင်းဖက်ကာ သူ့ရင်ဘတ်တွင်းမျက်နှာအပ်၍ ပလုံးပထွေးပြောလိုက်၏။
"နဉ်ကျင်း ကျွန်မအိပ်မက် အကြာ,အကြာကြီးမက်ခဲ့သလိုခံစားနေရတယ်။ရှင်ကအိပ်မက်ထဲမှာ အရမ်းကြောက်စရာကောင်းတာပဲ တစ်ကယ်ကြောက်စရာကောင်းတာနော်"
"ကြောက်စရာကောင်းတယ်ပေါ့လေ။ကိုယ်ကဘယ်လိုလုပ်ကြောက်စရာကောင်းရမှာလဲ"
နဉ်ကျင်းသည် သူ့ရင်ခွင်ထဲမှ စူးယွင်အားဆွဲထုတ်ကာ အလိုလိုက်မှုနှင့် ကြင်နာမှုတို့ ပြည့်လျှံနေသောအကြည့်ဖြင့်
"ဒီဘဝတစ်လျှောက်မှာတော့ ကိုယ်ကမင်းကို ဘယ်တော့မှအဲ့လိုဆက်ဆံမှာမဟုတ်ဘူး"
စူးယွင်သည် သူ့မျက်နှာအားစိုက်ကြည့်ကာ ခဏတာမျှတုံ့ဆိုင်းပြီးနောက် မေးလိုက်၏။
"ကျွန်မကရှင့်ကို ထားသွားမယ်ဆိုရင်ရော"
ထိုစကားများသူမနှုတ်ဖျားမှ ထွက်သွားသည်နှင့် သူမပတ်လည်ရှိအပူချိန်မှာ ဒီဂရီအချို့ကျဆင်းသွားသလို ခံစားလိုက်ရသည်။
သူမမှမော့ကြည့်လိုက်ရာ နဉ်ကျင်းမျက်ဝန်းများထဲရှိနေသော အနွေးဓာတ်သည် ချက်ချင်းပျောက်ကွယ်သွားပြီး အေးစက်မှုတို့အစားထိုးသွားသည်ကို တွေ့လိုက်ရ၏။
"မရဘူး ဒီဘဝမှာတော့ မင်းကိုယ့်ကိုထားသွားခွင့်ရှိမှာမဟုတ်ဘူး"
သူသည်သူမလက်မောင်းအား တင်းတင်းဆုပ်ကိုင်ကာ ဩရှရှလေသံဖြင့်
"မင်းသာကိုယ့်ကိုထားသွားရဲရင် မင်းကိုဒီမှာပဲ ကိုယ်ဖမ်းချုပ်ထားပစ်မှာ"
ထိုသို့ပြောကာ သူသည်သူမနောက်ရှိ သံချိန်းကြိုးများအားဆွဲထုတ်လိုက်သည်။
အအေးဓာတ်တစ်သုတ်မှာ စူးယွင်ကိုယ်တွင်းဖြတ်ပြေးသွားလေ၏။သူမစိတ်တွင်းနက်နက်ရှိုင်းရှိုင်းမြှပ်နှံထားသော အကြောက်တရားမှာ တစ်ဖန်ပေါ်ထွက်လာပြန်သည်။သူမမှအော်လိုက်၏။
"ကျွန်မကိုလွှတ်ပေး"
သူမသည်ပြောရင်း သူ့မျက်နှာအားရိုက်ချလိုက်သည်။
"အ"
ရှောင်ဟယ်သည် သူမလက်မောင်းအားကိုင်ကာ ပြောလိုက်၏။
"သခင်မလေး အိပ်မက်ဆိုးမက်နေတာလား"
စူးယွင်သည် သူမနောက်ကျောထက်ရှိ ချွေးအေးများကို ခံစားမိလိုက်ပြီး လက်သီးဆုပ်ကာ ခေါင်းယမ်းလိုက်သည်။
"အဆင်ပြေပါတယ် ခဏလောက်အနားယူလိုက်ရုံပါပဲ"
"ဒါဆို ကျွန်မစားပွဲပြင်လိုက်တော့မယ်နော်။ခဏနေရင် ညစာစားကြတာပေါ့"
"အင်း"
ရှောင်ဟယ်မှခေါင်းငုံ့ကာ သူမလက်မောင်းထက်ရှိ အနီမှတ်အားကြည့်နေသည်ကို စူးယွင်သတိပြုမိလိုက်၏။
သူမသည် ရှောင်ဟယ်အား လှမ်းခေါ်ကာ
"ခဏလေး"
"ဘာဖြစ်လို့လဲ"
စူးယွင်သည် မတ်မတ်ထိုင်ကာ အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နေသော မျက်ဝန်းအစုံဖြင့် ရှောင်ဟယ်၏လက်မောင်းအားဆွဲကြည့်လိုက်သည်။
"တောင်းပန်ပါတယ်နော်"
"ကိစ္စမရှိပါဘူး"
ရှောင်ဟယ်သည် သူမလက်အားပြန်ဆွဲကာ ပြုံး၍
"သခင်မလေး ခဏနားနေလိုက်လေ ကျွန်မညစာပြင်လိုက်ဦးမယ်"
စူးယွင်သည် ဘာမှပြောမနေတော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်၏။
သူမသည် တဒုန်းဒုန်းခုန်နေသော ရင်ဘတ်အားထိကာ အပြင်ဘက်ရှိ ပိုသည်းလာသော မိုးအားကြည့်၍ မည်သည့်အရိပ်အယောင်မှထုတ်ဖော်ပြမလာတော့ပေ။
မိုးရာသီသည် အမြဲတစေ လူတို့အားအတွေးများစေလေ၏။
ချက်ချင်းပင် သူမမှာ ခေါင်းယမ်းလိုက်ပြန်သည်။
မဖြစ်ဘူး။သူမမြန်မြန်မေ့ပစ်မှရမယ်။အဲ့အကြောင်းကို ထပ်စဉ်းစားခွင့်ပေးလိုက်လို့မဖြစ်ဘူး။
စူးယွင်သည် ညစာအားခပ်သွက်သွက်စားကာ ချက်ချင်းရေသွားချိုးလိုက်ပြီး သူမစိတ်တွင်းရစ်သိုင်းနေသောအရာတိုင်းကို ဆေးကြောပစ်လိုက်ရန်ဆန္ဒရှိနေသည်။
ဆံနွယ်တို့မှာ ရေစက်လက်ကျနေပြီး အဖျားများမှာတော့ သူမအဝတ်အားကပ်နေကာ ရေစက်တို့မှာ ထိုမှတစ်ဆင့်ကျလာတတ်သေး၏။
"ရှောင်ဟယ် ရေသွားချိုးလို့ရပြီနော်"
"ဟုတ်ကဲ့"
ရှောင်ဟယ်သည် သူမလက်ထဲရှိအရာအားချကာ အခန်းထဲမှ နှစ်လှမ်း သုံးလှမ်းလျှောက်လာပြီးမှ ဖိတ်စာအား ပြန်သွားယူကာ စူးယွင်ထံကမ်းပေးလိုက်၏။
"သခင်မလေး ဒါကလော့သခင်မလေးဆီက"
စူးယွင်သည် ဖိတ်စာအားယူကာ စာအိတ်ထက်ရေးထားသော စာလုံးသုံးလုံးအား ကြည့်လိုက်သည်။
"မွေးနေ့ပွဲ"
ရှောင်ဟယ်မှပြောလာ၏။
"လော့သခင်မလေးက သခင်မလေးရဲ့လက်မှုပညာကို တစ်ကယ်အသိအမှတ်ပြုပါတယ်တဲ့။သခင်မလေးသာ အလည်အပတ်လာမယ်ဆိုရင် သူငယ်ချင်းတစ်ဝက်ဖြစ်ပြီလို့ ယူဆလို့ရပြီဆိုတော့ သခင်မလေးအနေနဲ့ တက်ရောက်လာဖို့ မျှော်လင့်ပါတယ်လို့ပြောလိုက်ပါတယ်"
"ငါသိပြီ"
----------
အောက်တိုဘာ၁၀ရက်နေ့
စူးယွင်သည် လန်းဆန်းတက်ကြွဟန်ပေါ်သည့်အဝတ်များအားလဲကာ ပြင်ထားသည့်လက်ဆောင်အားယူ၍ ရှောင်ဟယ်နှင့်အတူ ဝူရုန်ဟော်အိမ်တော်ဆီဦးတည်သွားလိုက်၏။