← Chapters

ခေတ်‌သစ်

Vol. 16 Ch. 226

ခေတ်‌သစ်

Vol. 16 Ch. 226

သွေးတံခါးသည် ကျန်းတင်း၏ အရင်အိမ်တွင် ကြီးထွားပြီးလာပြီး ထိုနေရာ၏တစ်ခုတည်းသော ငှားရမ်းသူဖြစ်လာလေသည်။ဟောင်းနွမ်း နွမ်းပါးသော တိုက်ခန်းများထဲတွင် ကောင်းမင်သည် ခြေလှမ်းသစ်တစ်ခုကို စလှမ်းခဲ့ပြီဖြစ်သည်။

"နောင်ကျရင် အရိပ်ကမ္ဘာထဲဝင်ဖို့ ခက်ခဲတော့မှာ မဟုတ်ဘူး "

ကောင်းမင်သည် သူ့မွေးနေ့ဓာတ်ပုံကို ထုတ်၍ အများ၏အကြည့်နှင့်အတူ ထပ်မံ၍ တံခါးထဲ ဖိသွင်းလိုက်သည်။တံခါး၏ အပြင်ဘက်သည် လွန်ခဲ့သည့်ဆယ်နှစ်က ကျန်းတင်း၏အိမ်ဖြစ်သည်။တံခါးအတွင်းသည်ကား အရိပ်ကမ္ဘာဖြစ်သည်။

ထိုတံခါးကို အသုံးပြု၍ မည်သူမဆိုကမ္ဘာနှစ်ခုကြားတွင် အလွယ်တကူဖြတ်သန်းနိုင်သည်။ သို့သော်လည်း တံခါးကို လွယ်ကူစွာဖွင့်နိုင်သောလူတစ်ယောက်သာရှိပြီး ထိုလူမှာ ကောင်းမင်သာ ဖြစ်သည်။

အရိပ်ကမ္ဘာ၏ကူးစက်ခံထားရသော ဝိဉာည်များသည် အရိပ်များနှင့်ပြန်လည်ပေါင်းစည်းရန် မစောင့်နိုင်ကြတော့ပေ။အိမ်ထဲရှိလူအုပ်စုမှာ ရုတ်ချင်းပင်ပျောက်ကွယ်သွားကြတော့သည်။တံခါးမှ သွေးကြောမျှင်များသည် ကျန်းတင်း၏ အိမ်ပုံစံကို ပြောင်းလဲစေခဲ့သည်။ သူ၏ရေချိုးခန်းသည် စိတ္တဇသမားများ၏အိမ်အသစ်ဖြစ်လာပြီး သူ၏အိပ်ခန်းသည် သားသတ်သမားများ၏အိမ်အသစ်ဖြစ်လာခဲ့သည်။

"လူတိုင်းကို ဒီခေါ်လိုက်ပါ ၊ မရဏနယ်စပ်မြို့အသစ်ကို ဖန်တီးဖို့ ကျုပ်တို့ လီစန်းနှင့် တကျိုက်ကို ဗဟိုအဖြစ် အသုံးပြုရမယ် "

ဝေတယိုက လူတိုင်းကို သွားခေါ်နေစဉ် ကောင်းမင်က သားသတ်သမား၏အိမ်ထဲ လှမ်းဝင်လိုက်သည်။သူသည် မြေပုံကို ဆင့်ခေါ်ရန် သူ့မွေးနေ့ဓာတ်ပုံကို အရိုးမြို့တော်ထဲတွင် ထားလိုက်သည်။အရိပ်၏ထွက်ပေါ်လာမှုကြောင့် မြေပုံပေါ်ရှိအဆောက်အဦးများမှာ စတင်အရောင်ပြောင်းလာကြသည်။၎င်းတို့သည် မူလအဖြူရောင်မှ သွေးနီရောင်သို့ အသွင်ပြောင်းကာ နောက်ဆုံးတွင် သန့်စင်သော အမှောင်ထုဖြစ်လာခဲ့သည်။ ကောင်းမင်သည် ယင်းကို သူ့အနာဂတ်တစ်ခုတွင် မြင်ဖူးခဲ့ကြောင်း ယုံကြည်နေ၏။

"စုံစမ်းစစ်ဆေးရေးဌာနက အဆောက်အဦးတွေကို မူမမှန်ဖြစ်ရပ်တွေနဲ့ ပိတ်ဆို့ထားနိုင်တယ် ပြီးတော့ အဲ့တာတွေကိုဖြေရှင်းဖို့ လူတွေလွတ်မှာပဲ ၊ တစ်ချိန်တည်းမှာပဲ သူတို့က ကျိန်စာသင့် ပစ္စည်းတွေနဲ့ သရဲတွေကို ထိန်းချုပ်နိုင်အောင် လူတွေကို ပိုလေ့ကျင့်ပေးဖို့ ကြိုးစားမှာပဲ “

ဟဲ့ယီကို ရေထဲမှ ဆွဲထုတ်လိုက်သည်။သူသည် စီတုအန်း လေ့ကျင့်ပေးထားသော ခွေးတစ်ကောင်ဖြစ်သည်။ အသက်ရှင်ရန် သူဘာမဆို လုပ်ပေမည်။

“ မင်းမှာ သရဲနီတွေ တစ်ကောင်မက ရှိတယ်ဆိုတာ ငါသိတယ် ၊ ဒါပေမယ့် ဒါက ဌာနကို ဖော်ထုတ်ဖို့ မလုံလောက်ဘူး ၊ ခြိမ်းခြောက်မှုတွေရောက်မလာခင် လူတွေ ရူးသွပ်သွားကြမှာ ၊ သူတို့ အားလုံးလုပ်ကြမှာပဲ “

ဟဲ့ယီက မြေပြင်ပေါ်မှကုန်းထလာပြီး ကောင်းမင်ထံလျောက်သွားလိုက်သည်။

“ စုံစမ်းစစ်ဆေးရေးဌာနက ဖန်တီးခဲ့တဲ့ တားမြစ်စမ်းသပ်ချက်တွေအများကြီးကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တယ် ၊ သွေးယဇ်ပူဇော်တာတွေ ၊ ကိုယ့်သဘောအလျောက် အပူးခံတာမျိုးတွေပါတယ် ၊ သရဲတွေ လက်တွေ့လောကမှာမွေးဖွားလာနိုင်ဖို့ သူတို့က သန္ဓေသားလောင်းတွေတောင် ပစ်မှတ်ထားခဲ့ကြတယ် “

“တစ်ခြားမြို့တွေမှာကော အတူတူပဲလား “

ဟန်ဟိုင်းသည် အခြားမြို့တော်များနှင့် ခြားနားသည်ဟု ကောင်းမင်ခံစားရသည်။မူမမှန်ဖြစ်ရပ်များသည် ကျို့ကျန်းနှင့် ရှင်းလုတို့တွင် ဖြစ်ပွားခဲ့သော်လည်း သာမန်ပြည်သူများ ပါဝင်ခြင်းမရှိပေ။

“စွန့်ပစ်ခံမြို့တစ်မြို့အကြောင်း ဟန်ဟိုင်းအကြီးအကဲဆီက ငါကြားခဲ့ရတယ် ၊ အဲဒီမြို့ရဲ့ ရည်မှန်းချက်က …”

ဟဲ့ယီက ခဏရပ်လိုက်ပြီး “ကိုယ်တိုင်ပျက်စီးမယ့် လမ်းကြောင်းကို သွားဖို့ပဲ ၊ မြို့တော်တစ်ခုဟာ အရိပ်ကမ္ဘာထဲ ကျဆင်းသွားရင် ဘာဖြစ်မလြဆိုတာ သူတို့ မြင်ချင်နေကြတာ “

“ဒါက စီတုအန်းရဲ့ ကိုယ်ပိုင်အကြံတော့ မဟုတ်ဘူးမလား “

ကျန်းတင်းက ဟဲ့ယီအား အလုံးစုံ ယုံကြည်ခြင်းမရှိပေ။

“ဖြစ်နိုင်ပါတယ်”

ဟဲ့ယီက မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှ ယူလာသည့် ကိရိယာများကို ကြည့်လိုက်သည်။

“အဲ့ဒီ ပစ္စည်းတွေကို ဘယ်လိုသုံးရမလဲ ငါသိတယ် ၊ အဲ့ဒါတွေကို လူသားတွေရဲ့ အရည်အသွေးနဲ့ အလားအလာတွေကို စမ်းသပ်တဲ့နေရာမှာ သုံးတာ ၊ သင့်တော်တဲ့ လူသစ်တွေကို ရှာဖွေတဲ့နေရာမှာ ကူညီပေးတယ် ၊ ဒီလက်နက်တွေက သရဲတွေအတွက် အသုံးမဝင်ပေမယ့် လူသားတွေကို တိုက်ခိုက်ဖို့တော့ အရမ်းအသုံးဝင်တယ်”

မြေပုံကိုလေ့လာနေရင်း ကောင်းမင်က မည်သည့်စကားမှမဆိုခဲ့ချေ။နာရီဝက်ခန့်ကြာသောအခါ ဝေတယိုသည် မင်လောင်လမ်းတစ်လမ်းလုံးမှ လူများကို ဦးဆောင်၍ ရောက်ချလာ၏။

“ကောင်းမင် လုံခြုံရေးအဖွဲ့ဝင်တွေက အရိပ်ကမ္ဘာထဲ ဝင်သွားကြပြီလို့ ပိုဝမ်ရွာသားတွေဆီက ငါကြားခဲ့တယ် ၊ သူတို့ကို ရွာနဲ့အဝေးရောက်သွားအောင် ကျောက်ရှီနဲ့ အန်းအန်းက မြို့တော် အနက်ပိုင်းထဲ စွန့်စားဝင်သွားကြတာတဲ့ “

“ငါတို့ သူတို့ကို ရှာမတွေ့သေးဘူးလား “

“အန်းအန်းက တစ်ခုခုက သူ့နာမည်ကို ခေါ်နေတာ ကြားတယ်တဲ့ ၊ သူနဲ့ကျောက်ရှီက ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို သွားနေကြတာ “

“အဲ့ဒါ ကျိကျဲပဲ ဖြစ်မယ် “

ကောင်းမင်က သူတို့အား သားသတ်သမားများ၏အိမ်ထဲ ဝင်ရန် အချက်ပြလိုက်သည်။သူက သူတို့အား တရားဝင်မြို့သားများ ဖြစ်လာစေရန် မြေပုံကို ထိတွေ့ခိုင်းလိုက်သည်၊သူတို့သည် ပိုဝမ်ကျေးရွာမှ ရွာသားများ ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းရေးမှုးများ ဖြစ်ကြသည်။

အရိပ်ကူးစက်ခံထားရသော လူသားများသည် မိနစ်ပိုင်းအတွင်း သူတို့၏ခန္ဓာကိုယ်များ ပြောင်းလဲသွားကြပြီး ကောင်းမင်နှင့်ဆက်နွယ်နေသည့် အထူးစာချုပ်တစ်ခုရှိလာလေသည်။သူတို့သည် သူ့အမိန့်များကို အလိုအလျောက်နာခံကြမည်ဖြစ်သည်။

မြို့သားအရေအတွက်မှာ တိုးမြင့်လာနေ၏။ လူအယောက် တစ်ရာရောက်ရှိသွားသောအခါ ကောင်းမင်ထံတွင် တစ်စုံတစ်ခု ပွင့်ဟလာလေသည်။သားစားကြူးနတ်သည် အလွန်ပျော်ရွှင်သွား၏။ကောင်းမင်မှတဆင့် မြို့သားဖြစ်လာသူတိုင်းသည် သွေးအနည်းငယ်ကို သားစားကြူးနတ်ထံ ပေးဆက်ရမည်ဖြစ်သည်။ ကောင်းမင်သည် သူခန္ဓာကိုယ်၏တုန့်ပြန်မှုနူန်းနှင့် အတွေးများသည် အရင်ကထက် ပိုမိုအားကောင်းလာကြောင်းခံစားမိသည်။

“မြို့သားအရေအတွက် တစ်ထောင်ပြည့်သွားရင် ဘာဖြစ်မလဲ ငါသိချင်မိတယ် ၊ ဒီအတိုင်းသာ ဆိုရင် ငါအဲ့ဒါကို လုပ်နိုင်လောက်တယ် “

ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းထဲတွင် အမည်မသိလူ၏ အဆုံးမရှိသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။စီတုအန်းကို ဖယ်ရှားပြီးနောက် သူ့နောက်တွင်ပေါ်လာခဲ့သည့် ထိုလူကို ဥမင်ထဲပြန်သွား၍ သတ်ဖြတ်မည့်အတွေးတစ်ခု သူ့တွင် ရှိလာခဲ့သည်။

“သံသရာစက်ဝန်း အပြည့်အဝကျိုးပျက်သွားနိုင်တယ်ဆိုရင် ငါ့ကံကြမ္မာကို ငါအပြည့်အဝ ပြန်ထိန်းချုပ်နိုင်လိမ့်မယ် “

ကောင်းမင်၏လက်သည် ကြမ်းပြင်ပေါ်ရှိအရိုးဖြူများပေါ် ဖိနှိပ်လိုက်သည်။

ကောင်းမင်က အဆောက်အဦးအရောင်များကို အခြေခံ၍ မြို့သားများကို မတူညီသော မစ်ရှင်များ ခွဲဝေပေးလိုက်သည်။

တည်တည်ငြိမ်ငြိမ်နေလိုသောမြို့သားများသည် နောက်ကွယ်မှနေ၍ မြို့တော်၏အုတ်မြစ်ကို တည်ဆောက်ရာတွင် ကူညီပေးပြီး ကိရိယာများကို လေ့လာကြမည်ဖြစ်သည်။အန္တရာယ်ကြား စွန့်စားလိုသောမြို့သားများသည် သရဲများကို ဦးဆောင်၍ အရိပ်ကမ္ဘာနှင့် မူမမှန်ဖြစ်ရပ်များကို စူးစမ်းဖော်ထုတ်ကြမည် ဖြစ်သည်။

အနာဂတ်တွင် ကမ္ဘာနှစ်ခုကြား သွားလာနိုင်သော လမ်းကြောင်းများ ပိုများလာမည်ဖြစ်သည်။ကမ္ဘာနှစ်ခုသည် ပိုမိုမြန်ဆန်စွာ ပေါင်းစည်းပေလိမ့်မည်။ကောင်းမင်မှာ ယင်းဖြစ်ရပ်များ မဖြစ်ပွားမီ သူ့ကိုယ်ပိုင်လောကတစ်ခုကို တည်ဆောက်ရန် လိုအပ်ပေသည်။

“မင်းမှာ ဂုဏ်သတင်း ၊ အထောက်အပံ့ ၊ စွမ်းအား နဲ့ ဟာသဉာဏ် အဲ့တာတွေအားလုံး ပိုင်ဆိုင်နေမှရမယ် “

ရှရန်က ကောင်းမင်ထံမှ အပြောင်းအလဲများကို အတည်ပြုလိုက်သည်။

“စိတ်ဆရာဝန်ဟောင်းတစ်ယောက်က နောက်ကွယ်ကလက်မည်းကြီးဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ “

ပုံမှန်အတိုင်းပင် ရှရန်ကို လျစ်လျူရှု၍ ကောင်းမင်က လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော်က စွန့်ပစ်ခံထားရတဲ့ မြို့တစ်မြို့ကို ကောက်ယူလိုက်ရုံပါပဲ “

ကောင်းမင်သည် သွေးတံခါးတည်ရှိရာ အဆောက်အဦးကို ‘မိသားစုတံခါး’ အဖြစ်ပြင်ဆင်လိုက်ပြီး လုံခြုံရေးအဖွဲ့တစ်ခု ထားလိုက်သည်။သူက ကျန်းတင်းနှင့် စူပါမားကတ်ဖောက်သည်များကို အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရန်နှင့် လုံခြုံရေးအတွက် အထောက့်အပံ့ပေးနိုင်ရန် အစောင့်များအဖြစ် ယာယီလုပ်ခိုင်းလိုက်သည်။

သူ့မြို့တွင် လူတစ်ရာသာရှိသေးသော်ငြား ဘေးကပ်ဆိုးပြန့်နှံ့လာသည်နှင့် မြို့မှာ လျင်မြန်စွာ ကျယ်ပြန့်လာမည်ဖြစ်သည်။

“အိမ်ဆိုတဲ့ သဘောတရားကို ငါအခု နားလည်ပြီထင်တယ် “

ကောင်းမင်သည် သားသတ်သမားများ၏အိမ်ထဲမှ ထွက်လာပြီး အရိပ်ကမ္ဘာထဲရှိ အသက်ကင်းမဲ့နေသော ဟန်ဟိုင်းမြို့ကြီးကို ကြည့်ရှုလိုက်သည်။

“တခြားမိဘတွေလဲ ဒီအပျက်အစီးထဲမှာ ရှိနေတာဖြစ်မယ် ၊ ဒါပေမယ့် မိဘတစ်ယောက်ပဲ ဒီမြို့ကြီးကို စီမံခန့်ခွဲနိုင်လိမ့်မယ် “

အတိတ်က ကောင်းမင်သည် ဘာကောင်မှ မဟုတ်ခဲ့ပေ။များစွာသော သေခြင်းတရားများကြုံတွေ့ခဲ့ရပြီးနောက် သူဖြစ်လာခြင်းဖြစ်သည်။

သူ့နှလုံးသားအတွင်းရှိ အဆုံးမရှိသော လူသတ်သမားနှင့်အတူ သူသည် စူပါဗီလိန်နှစ်ယောက်၏ အတွေ့အကြုံများကို ပေါင်းစည်း၍ ခေတ်သစ်တစ်ခုကို စတင်တော့မည်ဖြစ်သည်။

All Chapters