အဖိုးအခ
Vol. 16 Ch. 237
လူနာသည် ဆူညံပူညံ လုပ်ခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ သွေးစွန်းနေသော လက်ချောင်းများကို ကိုင်ထားပြီး အလွန် နူးညံ့စွာ လျှောက်သွားလိုက်သည်။ စတုတ္ထထပ်သည် အလွန် တိတ်ဆိတ်နေသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရပေ။ ရွှမ်ဝမ်နှင့် ဆုမိုသည် ထိုလူနာ အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေသည်ကို နားမလည်ပေ။ သူတို့သည် တိတ်ဆိတ်စွာ ရွေ့လျားသွားပြီး ICU အတွက် သူနာပြုနားနေစခန်းအနီးတွင် ရပ်တန့်လိုက်သည်။ အိပ်မပျော်သော လူနာသည် သော့တွဲ အကြီးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် တံခါးကို ဖွင့်နိုင်ရန်အတွက် များစွာသော သော့များကို စမ်းသပ်ကြည့်လိုက်သည်။
ဆေးရုံ၏ အတွင်းပိုင်းတွင် သန့်ရှင်းပြီး တောက်ပသည့် ခံစားချက် ရရှိရန်အတွက် ယေဘုယျအားဖြင့် အလင်းရောင်ရသည့် အပြင်အဆင်ကို အသုံးပြုကြသည်။ သို့သော်လည်း ထိုလူနာဆောင်ကမူ အလွန်ပင် မှောင်မိုက်နေ၏။ နံရံများ၊ ကြမ်းပြင်နှင့် ပရိဘောဂများကို ပုံမှန်မဟုတ်သော မျဉ်းကြောင်းများဖြင့် ဆေးခြယ်ထားသည်။ ထိုမျဉ်းကြောင်းများက တစ်ခုနှင့်တစ်ခု ဆက်စပ်ကာ လှိုင်းတွန့်များအထပ်ထပ် ဖြစ်ပေါ်နေသဖြင့် တစ်စုံတစ်ယောက်က ကြာကြာကြည့်မိပါက အတွင်းသို့ ဆွဲစုပ်သွားမည့် ပုံသဏ္ဌာန်များ ဖြစ်နေသည်။
“ကျွန်တော် အိပ်မပျော်တဲ့အခါ ဘောပင်ကိုသုံးပြီး ကျွန်တော့် ဦးနှောက်ထဲက အသံတွေကို မှတ်တမ်းတင်ထားတယ်”
အိပ်မပျော်သောသူက စောင်ကို ကောက်ယူလိုက်သည်။ စောင်သည် မူလက အဖြူရောင်ဖြစ်သော်လည်း သူက အလွန်အကျွံ ရေးခြစ်ထားသဖြင့် ၎င်းသည် အနက်ရောင် ဖြစ်နေပြီဖြစ်သည်။
“ဒီမျဉ်းကြောင်းတွေက အသံတွေလို့ ရှင် ပြောနေတာလား”
ရွှမ်ဝမ် စိတ်ဝင်စားသွားသည်။ ဆုမို၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ သူမသည် လူနာဆောင်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ ဆုမိုမှာ စိုးရိမ်ပူပန်နေလေသည်။ လူနာက လူနာဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် သူထွက်ပြေးချင်နေသော်လည်း ရွှမ်ဝမ်က သူ့ကို အမှန်တကယ် ကူညီချင်စိတ် ရှိနေပုံရသည်။
“နားထောင်ကြည့်”
ထိုလူနာသည် သူ့ နားကို စောင်နှင့် နီးကပ်စွာ ကပ်လိုက်သည်။ သူ့ မျက်လုံးများ စတင် လည်ပတ်လာပြီး အသံများစွာက ချည်မျှင်များကဲ့သို့ သူ့ ဦးခေါင်းထဲသို့ ဝင်ရောက်လာသည်။ ရွှမ်ဝမ်လည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်သည်။ ချည်မျှင်များ စတင် ဆွေေမြေ့လာ၏။ ၎င်းတို့သည် ရေလှိုင်းများကဲ့သို့ ဖြစ်နေပေသည်။ ၎င်းတို့သည် သေဆုံသူများ၏ တီးတိုးစကားသံများ ဖြစ်ကြသည်။ အချို့က သူတို့၏ ကလေးများကို တွေ့ချင်ကြပြီး အချို့က သူတို့၏ ကလေးများ ဆေးရုံတွင် ထားခဲ့ခြင်းအတွက် အပြစ်တင်ကြသည်။ နောင်တရခြင်းတရားဖြင့် ငိုကြွေးသံများလည်း ရှိနေသည်။ အသံများမှာ ပို၍ ကျယ်လောင်လာသည်။ ချည်မျှင်များသည် လှိုင်းတံပိုးများအောက်တွင် ပုန်းအောင်းနေသော ငါးများအဖြစ်မှ ကြီးမားသော မြွေကြီးများနှင့် အရိပ်အစွန်းအကွက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
“ငါ မသေချင်ဘူး!”
အသံအားလုံးသည် စုဝေးလာပြီး ပေါင်းစည်းထားသော အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ မျဉ်းကြောင်းအားလုံးသည် တူညီသော ဦးတည်ချက်တွင် စုဝေးလာကြသည်။ အိပ်မပျော်သောသူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် အဆုံးမရှိသော ချည်မျှင်များဖြင့် ထိန်းချုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် သူ့ဦးနှောက်အား မတူညီသော အသံများက လွှမ်းမိုးသွားလိမ့်မည်ဖြစ်သည်။
“ချည်မျှင်တွေရဲ့ အဆုံးက ဒီလူရဲ့ ဦးခေါင်းနောက်ဘက်မှာ ရှိနေပေမယ့် သူတို့က ဘယ်က စတင်လာတာလဲ…”
သွယ်လျသော လက်ချောင်းများက ဂီတကြိုးများကဲ့သို့သော အမျှင်များကို ပွတ်သပ်လိုက်သည်။ ရွှမ်ဝမ်သည် တံခါးနှင့် အနီးဆုံးရှိ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။
“ဒီခေါင်းအုံးကို လူနာအများစု မသေဆုံးမီ အသုံးပြုခဲ့ကြတာပဲ”
ခေါင်းအုံးစွပ်ကို မကြာခဏ ပြောင်းလဲလေ့ရှိသော်လည်း ခေါင်းအုံး၏ အတွင်းပိုင်းတွင် လူနာ၏ နောက်ဆုံးမှတ်ဉာဏ်ကို သိုဝှက်ထားသည်။ ရွှမ်ဝမ်သည် ရူးသွပ်နေသော လူနာကို လျစ်လျူရှုလိုက်သည်။ သူမသည် ထိုခေါင်းအုံးထံ ချဉ်းကပ်သွားစဉ် ကခုန်နေသကဲ့သို့ ဖြစ်နေသည်။ ဆုမိုသည် နဲနဲလေးမှ မကပ်ရဲခဲ့ပေ။ ရွှမ်ဝမ်သည် စိတ်လွတ်သွားပြီဟု သူ ထင်လိုက်သည်။ သူက အကူအညီအတွက် ငိုယိုအော်ဟစ်လိုက်သည်။
ရွှမ်ဝမ်သည် ကုတင်ပေါ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်လိုက်သည်။ တစ်နေ့တာ၏ နောက်ဆုံးအလင်းရောင်သည် သူမအပေါ်တွင် ထွန်းလင်းနေသည်။ သူမ၏ လက်များက ခေါင်းအုံးကို ညင်သာစွာ ကောက်ယူလိုက်သည်။ သူမသည် ခေါင်းအုံးစွပ်ကို ဖယ်လိုက်သည်။ ခေါင်းအုံး၏ အတွင်းပိုင်းကို လူ့မျက်နှာများဖြင့် ဆေးခြယ်ထားသည်။ မျက်နှာများသည် တစ်ခုပေါ်တစ်ခု ထပ်နေကြသည်။ ၎င်းတို့သည် မတူညီသော ဘဝနေထိုင်မှုပုံစံများမှ လာသော်လည်း သေဆုံးခြင်းက မျှတပေသည်။
ရွှမ်ဝမ်သည် မင်းသမီးတစ်ပါးကဲ့သို့ ကုတင်ပေါ်သို့ တက်လိုက်သည်။ ရွှမ်ဝမ်သည် လူ့မျက်နှာများပါသော ခေါင်းအုံးပေါ် တွင် သူမ၏ ခေါင်းကို တင်လိုက်သည်။ ပျော်ရွှင်သောအိပ်မက်ကို ကြိုဆိုနေသကဲ့သို့ သူမသည် အပြုံးဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ထို့ထက် သူမသည် တကယ့်ဆရာဝန် မဟုတ်ဘဲ ရာဇဝတ်သားတစ်ဦး ဖြစ်သည်မဟုတ်လော!
လူနာကို ကူညီခြင်းသည် အပိုဆုတစ်ခု ဖြစ်သည်။ သူမသည် လူနာ၏ နောက်ဆုံးအချိန်များကို ခံစားရခြင်းအား ပို၍ စိတ်အားထက်သန်သည်။ သာမန်ဖြစ်သော နေ့ရက်များသည်ပင် နွေးထွေးမှုကို ဆောင်ကျဉ်းပေးသည်။ လူတစ်ဦး၏ နောက်ဆုံးအချိန်သည် သူ၏ တစ်သက်တာလုံး စုစည်းမှုဖြစ်သည်။ ၎င်းသည် အလွန် ရှုပ်ထွေးလှသော မွှေးရနံ့ရှိသည့် ဝိုင်နှင့် တူသည်။ အခန်းထဲရှိ အသံများက အားနည်းလာခဲ့သည်။ အိပ်မပျော်သောသူသည် ပို၍ ကြည်လင်လာသည်။ ရွှမ်ဝမ်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမို ကြီးမားလာ၏။ သူမသည် လူတိုင်း၏ နောက်ဆုံးစကားများကို ကြားလိုက်ရသည်။ ဝိဉာဉ်တိုင်းက သူတို့၏ ဇာတ်လမ်းများကို ပြောပြနေကြလေသည်။
“ပြန်လာကြပါ၊ ကျွန်မလိုပဲ! တကယ့်ကမ္ဘာကို ပြန်လာပြီး ဒီမှာရှိတဲ့ အရာအားလုံးကို ပွေ့ဖက်လိုက်ပါ!”
သူမ၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာ ရှစ်ခု ပေါ်ပေါက်လာသည်။ ထိုဒဏ်ရာ ရှစ်ခုသည် ကံကြမ္မာကို ကိုယ်စားပြုပုံရသည်။ ထူးဆန်းသော မျဉ်းကြောင်းများက ဒဏ်ရာများမှတစ်ဆင့် ရွှမ်ဝမ်၏ ခန္ဓာကိုယ်ထဲသို့ တွားဝင်လာသည်။ သူမ၏ ထိန်းချုပ်မှုဖြင့် သူမသည် ထိုမျဉ်းကြောင်းများကို အသုံးပြု၍ ဒဏ်ရာများကို ဖြည်းညှင်းစွာ ချုပ်လိုက်သည်။
“ဝိဉာဉ်ရဲ့ ဒဏ်ရာတွေက ဝိဉာဉ်ရဲ့ ကုသမှုကို လိုအပ်တယ်…”
ခေါင်းအုံးထဲက အသံများ ပြောင်းလဲသွားသည်။ ကမ္ဘာပြင်ပတွင် ပို၍ ကြောက်စရာကောင်းသော အရာတစ်ခု ရှိကြောင်း ထိုမျက်နှာများ သဘောပေါက်သောအခါ သူတို့၏ အသံများက ပို၍ ပေါ့ပါးလာသည်။
ခေါင်းအုံးထဲရှိ ဝိဉာဉ်အများစုသည် ကမ္ဘာကြီးကို လွမ်းဆွတ်နေပြီး မပြီးပြတ်သေးသော ဆန္ဒများကို ပြီးမြောက်လိုသောကြောင့် ဝဲလည်နေခြင်းဖြစ်သည်။ သူတို့သည် ရွှမ်ဝမ်ကြောင့် နောက်ဆုံးထွက်သက်ကို မလိုချင်ကြပေ။
ခေါင်းအုံးက ဖြည်းညှင်းစွာ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်ကို မြင်သောအခါ ရွှမ်ဝမ် မျက်လုံးများကို ဖွင့်လိုက်သည်။
“နင်တို့က အားနည်းသူတွေကို အနိုင်ကျင့်ဖို့ပဲ သိတယ် ၊ အဲဒါကြောင့် နင်တို့ထဲမှာ သရဲနီတစ်ကောင်မှ မရှိတာ”
ကျိန်စာသင့် ပစ္စည်းများကို အသုံးပြုရမည် ဖြစ်သည်။ ခေါင်းအုံးကို အနက်ရောင် ခေါင်းအုံးစွပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ရွှမ်ဝမ်က လက်တစ်ဖက်ဖြင့် ၎င်းကို ကောက်ယူလိုက်သည်။
“ကောင်းမင်ရဲ့ စံနှုန်းအရ ဒီခေါင်းအုံးက သရဲနီတစ်ကောင်ရဲ့ တစ်ဝက်ပဲ၊ ဝိဉာဉ်တွေ အများကြီး ရှိတယ်၊ ဒါက အဆင့်မြင့် ကျိန်စာသင့် ပစ္စည်းပဲ”
ရွှမ်ဝမ်က ခေါင်းအုံးကို ရယူလိုက်ပြီးနောက် အိပ်မပျော်သောသူသည် အသံများ ကြားရခြင်း ရပ်တန့်သွားသည်။
အိပ်ငိုက်ခြင်းက ထိုလူနာကို လွှမ်းခြုံလိုက်သည်။ သူ အိပ်ပျော်ချင်သော်လည်း ရွှမ်ဝမ်က သူ့ရှေ့တွင် ရပ်နေရင်း ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ကုသပေးပြီးပြီ ၊ အခု ရှင်အဖိုးအခ ပေးရမယ့် အချိန်ပဲ ၊ ကျွန်မရဲ့ အဖိုးအခက ဈေးမပေါဘူးနော်”
“ခင်ဗျား ဘယ်လောက် လိုချင်တာလဲ”
ထိုလူသည် သာမန်လူတစ်ဦးကဲ့သို့ ပြောလိုက်သည်။ သို့သော် သူ၏ အသွင်ပြောင်းသွားသော ကိုယ်ခန္ဓာက မူလအတိုင်း ပြန်ဖြစ်မလာနိုင်ပေ။
“ပထမဆုံး၊ ရှင့်လောက် ရောဂါလက္ခဏာ ပြင်းထန်တဲ့ နောက်ထပ် လူနာတစ်ဦးကို ကျွန်မနဲ့ မိတ်ဆက်ပေးရမယ်”
ရွှမ်ဝမ်က လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။
“ဒါ ဘယ်လို ထူးဆန်းတဲ့ တောင်းဆိုမှုမျိုးလဲ”
ထိုလူနာက သူ၏ ‘ရှည်လျားလှသော’ ဦးခေါင်းကို ကုတ်လိုက်သည်။
“ပြဿနာ မရှိပါဘူး။ ဒီမှာ လူနာတွေ အများကြီးပဲ”
“ဒုတိယ၊ ရှင့်ရဲ့ ရောဂါက ပြန်ဖြစ်လာနိုင်တယ် ၊ ရှင် အပြည့်အဝ မသက်သာခင်အထိ ကျွန်မနဲ့ အတူနေသင့်တယ် ၊ ကျွန်မက ရှင့်ကို လက်တွေ့ဘဝထဲ ပြန်ဝင်ဆံ့အောင် ကူညီပေးမယ်”
ရွှမ်ဝမ်က ကြင်နာစွာ ပြောနေသောကြောင့် ထိုလူက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန်အတွက် သူသည် သူ၏ သူနာပြုယူနီဖောင်းထဲမှ ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ယူပြီး ရွှမ်ဝမ်ကို ပေးလိုက်သည်။
“ကျွန်တော် ဒီဝိဉာဉ်ကူးပြောင်းဆေးတွေကို ဆရာဝန်ဆီက ယူလာခဲ့တာ ၊ ဒါတွေက ဒီဆေးရုံမှာ ငွေကြေးပဲ ၊ ခင်ဗျား ပစ္စည်းတွေ လဲလှယ်ဖို့အတွက် ဒါတွေကို သုံးလို့ရတယ်”
ထိုလူသည် အလွန် ကြင်နာနေသဖြင့် ဆုမို ထိတ်လန့်သွားသည်။ ဤသည်မှာ သူတို့ကို တိုက်ခိုက်ခဲ့သော မိစ္ဆာနှင့် လုံးဝ ကွဲပြားသော လူတစ်ဦးဖြစ်သည်။ ရွှမ်ဝမ်သည် တကယ်ပဲ ဆရာဝန်တစ်ဦးလား။ ဆုမိုသည် ရွှမ်ဝမ်ကို ခိုးကြည့်လိုက်သည်။သူမကို သူ့အား စစ်ဆေးခွင့်ပေးရန် သူစဉ်းစားမိလိုက်သည်။
.......................
ဆုမို ပျောက်ဆုံးသွားသည်ကို သတိထားမိပြီးနောက် ဆောင်ကြီးသည် သူ့ကိုယ်သူ ပါးရိုက်လိုက်သည်။
“ငါ သူ့ကို သတိပေးသင့်တာ! ငါ့နှလုံး ခုန်လာတုန်းချိန်မှာ အဲဒီအရာက ရောက်လာနေပြီ!”
ထိုအချိန်က အခြေအနေသည် အလွန် ရှုပ်ထွေးနေခဲ့သည်။ ဆောင်ကြီး၊ လီတင်းနှင့်အစ်ကိုရှုံးတို့သည် လူနာများနှင့်အတူ ပြေးလွှားခဲ့ကြခြင်းဖြစ်သည်။ ဆုမိုက သူတို့နှင့်အတူ မရှိတော့ကြောင်းကို နောက်မှမှသာ သတိထားမိခဲ့ကြခြင်းဖြစ်သည်။
စိတ်ရောဂါကုသဆောင်သို့ သူတို့ ပြန်သွားခဲ့ကြသည်။ သွေးအိုင်များသာ ကျန်နေခဲ့သည်။ ဆုမိုနှင့် ရွှမ်ဝမ်တို့ ပျောက်ကွယ်သွားခဲ့ချေပြီ။
“သူတို့ အခု ဘယ်လို ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရမယ်ဆိုတာကို ငါ မစဉ်းစားရဲတော့ဘူး”
ဆောင်ကြီးသည် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် အပြစ်ရှိသကဲ့သို့ ခံစားချက်ဖြင့် ပြောလိုက်သည်။