← Chapters

မြူ

Vol. 16 Ch. 239

မြူ

Vol. 16 Ch. 239

အနင်းခံထားရသောကြောင့် ဆောင်ကြီးသည် ခံစားချက်ကောင်းမနေသော်လည်း မည်သည့်မကျေနပ်မှုကိုမှ ပြသဝံ့ခြင်း မရှိပေ။ သူသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ ကော်ရစ်ဒါအား သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။သူသည် စုံစမ်းစစ်ဆေးရေးဌာနအကြောင်းကို အွန်လိုင်းတွင် ကောလဟာလများစွာ ကြားဖူးသော်လည်း သူတို့နှင့် ကိုယ်တိုင်တွေ့ဆုံသောအခါမှ အွန်လိုင်းကောလဟာလများသည် အလွန်ခေတ်နောက်ပြန်ဆွဲလွန်းကြောင်း နားလည်လာခဲ့သည်။

ထိုလူ၏ သဘောထားအရ စုံစမ်းစစ်ဆေးရေးဌာနသည် သူတို့လို သာမန်နိုင်ငံသားများကို လူသားများအဖြစ် သဘောမထားသည်မှာ ရှင်းနေသည်။ထိုအဖွဲ့ဝင်များသည် မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူများ ဖြစ်ကြသည်။

"သူတို့ကို ဘယ်သူမှ မကြိုက်တာလည်း အံ့ဩစရာ မရှိဘူး။"

ထိုလူသည် သူတို့အား ခြောက်ခြားဂိမ်းကစားသမားများဟု ထင်နေကြောင်းကို ဆောင်ကြီး မသိခဲ့သလို၊ သူ့ရှေ့ကလူများသည် စုံစမ်းစစ်ဆေးရေးဌာနမှ အထူးတပ်ဖွဲ့ဝင်များ ဖြစ်သည်ကိုလည်း မသိခဲ့ပေ။

"တစ်နေ့ကျရင် ငါ့ခြေထောက်ပေါ် ငါရပ်နိုင်ပြီဆိုရင် မင်းတို့ကို ဒီအတွက် ပြန်ပေးဆပ်စေရမယ်"

ဆောင်ကြီးသည် ဘာလုပ်ရမည်ကို စဉ်းစားရင်း စိတ်ထဲမှ တီးတိုးညည်းတွားလိုက်သည်။

မှောင်မဲနေသော ကော်ရစ်ဒါထဲတွင် ဆံပင်ရှည်ရှည်လူ၏ လည်ပင်းပေါ်မှ သရဲတက်တူးသည် ရေလှိုင်းဂယက်များကဲ့သို့ လှုပ်ခတ်နေသည်။ သူ၏ ဖြူဖျော့နေသော လက်ချောင်းများသည် ကြာပန်းများကဲ့သို့ ပွင့်ဟသွားသည်။ သူ၏ လက်ဖဝါးတွင် ထည့်သွင်းထားသော သရဲမျက်လုံးသည် မျက်စိကို မှိတ်တုတ်မှိတ်တုတ်လုပ်လိုက်သည်။ မျက်လုံးများသည် ဂိမ်းဦးထုပ်ဆောင်းထားသော ကလေးကို အာရုံစိုက်လိုက်သည်။ ထိုလူသည် ဓားကိုမထုတ်ဘဲ ယုံကြည်မှုရှိစွာ ရှေ့သို့ လျှောက်သွား၏။ ထိုအစား တုန်လှုပ်စပြုလာသည်မှာ ကလေးဖြစ်သည်။ တစ်စုံတစ်ရာက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ရုန်းကန်နေဟန်ဖြင့် သူ မလှုပ်ရှားနိုင်ခဲ့ပေ။ သူ၏ လက်မကို ဓားရိုးပေါ်တင်လိုက်သောအခါ လူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် မြူခိုးများ ထွက်လာလေသည်။ သရဲတက်တူးသည် သူ့နောက်တွင် ကြီးမားသော သရဲရုပ်ပုံကြီးအဖြစ် ပြန်လည် ပုံဖော်လိုက်သည်။ ၎င်းတို့သည် စီစွေ့တိုက်ခန်းရှိ အဖွားရှန်း၏ အခန်းထဲတွင် ရှိသော ရုပ်တုများနှင့် ဆင်တူသော်လည်း ထိုလူ၏ ရုပ်ပုံများသည် အနက်ရောင်မြူခိုးများ စိမ့်ဝင်နေခြင်းခြင်း ခံထားရသည်။

"ဘာလို့ ရပ်သွားတာလဲကွ"

ညအမှောင် မရောက်ခင်တွင် ထိုလူသည် ရုတ်တရက် အရှိန်မြှင့်လိုက်သည်။ သူသည် ကြမ်းခင်း ကြွေပြားများကို နင်း၍ ခုတ်ချလိုက်သည်။

ကလေးက အလွန်မြန်သော်လည်း ထိုလူ၏ ဓားချက်က ပိုမြန်ပေသည်။ ကလေး တုံ့ပြန်လိုက်ချိန်တွင် သူ၏ သန္ဓေပြောင်းနေသော လက်များသည် ကြမ်းပြင်ပေါ် ရောက်နေပြီဖြစ်သည်။ လက်-တံစဉ်များသည် ကလေးထံမှ ကွဲထွက်သွားပြီးနောက် ပုံမှန်လက်များအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ မျက်ရည်များကျလာသည်နှင့်အမျှ ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့သည် ကလေးအား တိုက်ခိုက်လိုစိတ် လုံးဝပျောက်ကွယ်သွားစေသည်။ သူသည် လေးဖက်ထောက်၍ တွားသွားကာထွက်ပြေးသွားသဖြင့် စိုစွတ်နေသောသွေးလမ်းကြောင်း နှစ်ခုကို ကျန်ရစ်ခဲ့သည်။ ထိုလူက နောက်က လိုက်မသွားပေ။ သူသည် ကလေး၏လက်များကို ကောက်ယူကာ သူ၏ လက်ကောက်ဝတ်အပေါ်တွင် တင်လိုက်သည်။ သရဲတက်တူးများသည် သွေးနံ့ရသော အသားစားငါးများကဲ့သို့ ဖြစ်နေသည်။ လက်ချောင်းများသည် ပုံပြောင်းနေသော အသားများကို ဆုပ်ကိုင်လိုက်သည်။ ထိုလူက မျက်လုံးများကို မှိတ်လိုက်သည်။ စုပ်ယူခြင်း လုပ်ငန်းစဉ်သည် နာကျင်ရသည်။ ဘယ်နှစ်ကြိမ်ပဲ လုပ်ခဲ့ပါစေ၊ ယင်းကို သူကျင့်သားမရနိုင်ခဲ့ချေ။

" ဘယ်လောက်တောင် သန့်စင်တဲ့ အရသာလေးလဲ၊ ဒီက သန္ဓေပြောင်း အရင်းအမြစ်က အတော်လေး အဆင့်မြင့်တာဖြစ်ရမယ်"

ထိုလူက ဧည့်ခန်းမသို့ ပြန်လျှောက်လာသည်။ ဆောင်ကြီးက သူ၏ အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်သည်။ ကျန်တဲ့ လူနာအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သူ သတိပြုမိသည်။ သွေးအိုင်များသာ ကျန်တော့သည်။

"မင်း ကြောက်နေလား"

ထိုလူက ဒူးထောက်လိုက်ပြီး သူ၏ သရဲမျက်လုံးများက ဆောင်ကြီးကို သေချာကြည့်နိုင်ရန် ကြိုးစားလိုက်သည်။

"ငါတို့က ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာန ရုံးချုပ်က လုံခြုံရေးအဖွဲ့ဝင်တွေပဲ ၊ ငါကတော့ အဖွဲ့ခေါင်းဆောင် ကေ "

"ကျွန်တော်က ခင်ဗျားတို့ ရှာနေတဲ့ ခြောက်ခြားဂိမ်းကစားသမား မဟုတ်ပါဘူး။ ကျွန်တော့် သူငယ်ချင်းရဲ့ အမေက နေမကောင်းဖြစ်လို့ ဆေးလာယူတာပါဗျာ"

ထိုအကြောင်းပြချက်ကို ထပ်သုံးလိုက်သည်။ ဆောင်ကြီးက အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။

"ငါ့ကို မင်း ဖုန်းကို ပေးစမ်း"

ခြောက်ခြားဂိမ်းကစားသမားများ တစ်ဦးနှင့်တစ်ဦး မည်သို့ ဆက်သွယ်ပုံကို ထိုလူ သိပုံရသည်။ ထိုစကားကို ကြားလိုက်ရသောအခါ ဆောင်ကြီး၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူသည် ဆေးရုံထဲတွင် ရှိနေစဉ်က လူများ ဆေးရုံသို့ အကူအညီလာပေးရန်အတွက် စုံစမ်းစစ်ဆေးရေးဌာနအကြောင်း အွန်လိုင်းတွင် မကောင်းသတင်းများကို အများအပြား ပြောခဲ့ဖူးသည်။

"ခင်ဗျား လူမှားနေပြီဗျ"

လုံခြုံရေးအဖွဲ့က သူ့ကို ရှင်းပြခွင့်မပေးဘဲ သူ့ခန္ဓာကိုယ်ကို ရှာဖွေပြီး ဖုန်းကို ယူသွား၏။ စကားဝှက်ကိုလည်း ပေးရန် အတင်းအကျပ် တောင်းဆိုလိုက်သည်။ကေက သူတို့သည် ခြောက်ခြားဂိမ်းကစားသမားများ မဟုတ်သောကြောင့် စိတ်ပျက်သွားသည်။

"ငါတို့ ရောက်လာတာ စောနေပုံရတယ် ၊ အဲဒီကစားသမားတွေက ညဘက်မှ လှုပ်ရှားကြမှာ"

အခြား လုံခြုံရေးအဖွဲ့ဝင်များသည်လည်း တက္ကသိုလ်ကျောင်းသားများကို စိတ်အနှောင့်အယှက်ပေးခြင်း ရပ်လိုက်သည်။ သူတို့အတွက် ဆောင်ကြီးတို့ အဖွဲ့သည် လမ်းဘေးကြောင်တစ်အုပ်ထက် ပိုအရေးမပါပေ။

"စီတုအန်းရဲ့ ရတနာနှင့် ခြောက်ခြားဂိမ်းကစားသမားတွေကို စုံစမ်းဖို့ ငါတို့ ဒီကိုလာခဲ့တာပဲ၊ မူမမှန်မှုတွေ ပေါ်လာတာက ကစားသမားတွေနဲ့ ဆက်စပ်နေရမယ် ၊ မင်းတို့ ဘာတွေကြုံခဲ့ရလဲ"

သူ့တန်ဖိုးကို သက်သေပြရန်အတွက် ဆောင်ကြီးသည် မတူညီသော ဆေးရုံခန်းများနှင့် လုပ်ဆောင်ချက်များ အပါအဝင် အရာအားလုံးကို ကေ အား ပြောပြလိုက်သည်။

ဆောင်ကြီးသည် ဆုမိုအကြောင်း မပြောသောကြောင့် လီတင်းက ဖြတ်ပြောလိုက်သည်။

"ကျွန်တော်တို့မှာ သူငယ်ချင်းတစ်ယောက် ပျောက်နေတယ် ၊ ခေါင်းကို ဒရွတ်ဆွဲဆွဲပြီး သွားတတ်တဲ့ မကောင်းဆိုးဝါးက ခေါ်သွားတာ ဖြစ်မယ်"

လီတင်းသည် ဆုမိုနှင့် အရင်းနှီးဆုံးဖြစ်သော်လည်း ဆုမိုသည် လုံခြုံရေးအဖွဲ့ ရှာနေသော ခြောက်ခြားဂိမ်းကစားသမား ဖြစ်ကြောင်းကို လုံးဝမသိခဲ့ပေ။

"အဖွဲ့ ၉ က ပထမထပ်မှာ နေရမယ်, ညမှောင်ပြီးရင် ခြောက်ခြားဂိမ်းကစားသမားတွေ ဒီနေရာကို ကျူးကျော်ဝင်လာနိုင်တယ် , မင်းတို့က ဝင်ပေါက်ကို စောင့်ကြပ်ရမယ်၊ ဘယ်သူပဲဖြစ်ဖြစ် လူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ ကြိုးစားရင် သတ်ပစ်မယ်"

ကေက လီဒင်းအား လမ်းပြရန် ပြောလိုက်သည်။

"အဖွဲ့ ၇ က ငါ့နောက်လိုက်ခဲ့ ၊ ညမမှောင်ခင် သန္ဓေပြောင်း အရင်းအမြစ်ကို ရှာရမယ်"

............................

အရှေ့ဆောင် အဆောက်အဦး၏ စတုတ္ထထပ်တွင် ခွဲစိတ်ခန်းဘေးရှိ ကိရိယာ သိုလှောင်ခန်းထဲ၌ အရပ် ၂ မီတာခန့်ရှိသော အမျိုးသားလူနာတစ်ဦးသည် ရွှမ်ဝမ်ရှေ့တွင် ထိုင်နေ၏။ သူ၏နာမည်မှာ တပေါင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် မတူညီသော အစိတ်အပိုင်းအမျိုးမျိုးဖြင့် ချုပ်ထားခြင်းဖြစ်သည်။ သူ၏ ဘယ်ဘက်လက်တွင် ဓားမတစ်ချောင်း ပါရှိပြီး ညာဘက်လက်မှာ ဖောင်းပွကာ ကြီးမားသော အသားလုံးကြီးအဖြစ် မာကျောနေသည်။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ ခေါင်းမှာ ချစ်စရာကောင်းသော လေးနှစ်သားလေး၏ ခေါင်းဖြစ်သည်။ သူ၏ ဉာဏ်ရည်သည်လည်း ထိုအသက်အရွယ်တွင် ရပ်တန့်နေလေသည်။

ထိုလူနာသည် အိပ်မပျော်သူက ရွှမ်ဝမ်အား မိတ်ဆက်ပေးခဲ့သော လူနာအသစ်ဖြစ်သည်။ ရွှမ်ဝမ်သည် တပေါင်ကို ညင်သာစွာဖြင့် စိတ်ရှည်ရှည်ထား၍ သင်ကြားပေးရုံမှတစ်ပါး အခြားကောင်းသော နည်းလမ်းမရှိခဲ့ပေ။

နောက်ဆုံးတွင် သူမသည် ကလေးကို စိတ်ငြိမ်သွားအောင် လုပ်နိုင်လိုက်သောအချိန်တွင် သိုလှောင်ခန်းတံခါးက ရုတ်တရက် ပွင့်သွား၏။ အခန်းထဲသို့ ဂိမ်းဦးထုပ်ဆောင်းထားသော ကလေးတစ်ဦး ပြေးဝင်လာသည်။သူသည် ဖြတ်တောက်ခံထားရသော လက်များကို ဝှေ့ယမ်း၍ အလွန်ကြောက်ရွံ့နေလေသည်။ ထိုကလေးသည် တပေါင်၏ သူငယ်ချင်းဖြစ်ပုံရသည်။ သူသည် ကလဲ့စားချေရန်အတွက် တပေါင်၏ အကူအညီကို ရယူလိုခဲ့သော်လည်း တပေါင်နှင့်အတူ အခြားတစ်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"နင့်ရဲ့လက်တွေကို တစ်ယောက်ယောက်က ဖြတ်လိုက်ပုံရတယ်၊ ဒီမှာ ဓားကိုင်တတ်တဲ့ သရဲရှိလို့လား"

ရွှမ်ဝမ်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသည်။ ကောင်လေး၏ ဒဏ်ရာသည် အနက်ရောင် မြူခိုးများ စိမ့်ထွက်နေသည်။ ထိုကျိန်စာသည် ဆေးရုံရှိသော ကျိန်စာနှင့် မတူပေ။

"အဲ့ဒါက လူသားတစ်ယောက်ပါဗျ ၊ အဲဒီလူကို ကျွန်တော့် စည်သွပ်ဘူးတွေထဲ ထည့်ထားချင်တယ်"

ကလေးသည် ကြောက်ရွံ့နေသော်လည်း ရွှမ်ဝမ်အပေါ် အလျင်အမြန်ပင် ပွင့်ပွင့်လင်းလင်းဖြစ်လာ၏။ ယင်းသည် ရွှမ်ဝမ်၏ အလုပ်အကိုင်နဲ့ ဆက်စပ်နေနိုင်သည်။

"လူသားလား"

ယင်းသည် ခြောက်ခြားဂိမ်းကစားသမားတစ်ယောက် လုပ်လိုက်ခြင်း မဖြစ်နိုင်ပေ။ ရွှမ်ဝမ်က ခေါင်းညိတ်လိုက်ပြီး ကလေးကို ကြင်နာစွာ ကြည့်လိုက်သည်။

"နင့်ကို အနိုင်ကျင့်တဲ့သူတွေကို ငါ ကူရှင်းပေးမယ် ၊ ပြီးတော့ နောင်ဆိုရင် ငါ့အမိန့်ကို လိုက်နာရမယ်၊ ဘယ်လိုထင်လဲ"

ကလေးသည် ချက်ချင်းပင် ငြင်းပယ်ချင်ခဲ့သည်။ သူသည် သူ့သူငယ်ချင်းကို ရှာရန် ရောက်လာခြင်း ဖြစ်သည်။ သို့သော် သူ စကားမပြောနိုင်ခင်တွင် ရွှမ်ဝမ်က ညင်သာစွာ ထပ်ပြောလိုက်သည်။

"နင် 'မလုပ်ဘူး' လို့ ပြောရင် နင့်ကို အခုပဲ နင့်ရဲ့စည်သွပ်ဘူးတွေထဲ ထည့်ပစ်မယ်"

လူနာသုံးဦးကြားတွင် ရပ်နေသော ရွှမ်ဝမ်သည် လူနာတစ်ဦးနှင့် ပိုတူ၏။ ချစ်အားငယ်နေသော ဆုမိုလေး။ သူကတော့ ရွှမ်ဝမ်ကိုယ်စား ကလေးကို တောင်းပန်ချင်နေလေသည်။

All Chapters