← Chapters

ကုသမှု

Vol. 16 Ch. 236

ကုသမှု

Vol. 16 Ch. 236

လှပသောအမျိုးသမီးလေးက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်၍ သူ့ကို သူမ၏လူနာဖြစ်ရန် ဖိတ်ခေါ်ခဲ့သည်။ ဆူမိုက မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဖျားနာခြင်း မရှိသော်လည်း ထိုကဲ့သို့ အတွေ့အကြုံမျိုး မရှိဖူးသေးသဖြင့် စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်မိသည်။

“ခင်ဗျား အတည်ပြောနေတာလား”

သူ၏လက်မောင်းများ ထုံကျင်လာသည်။ တံခါးက အနည်းငယ် ဟသွားသည်။ ထိုမကောင်းဆိုးဝါး၏ သွေးစွန်းနေသော လက်ချောင်းများက အတွင်းသို့ တိုးဝင်လာ၏။ ဆုမိုသည် နီးကပ်လာသော လက်ချောင်းများကို ကြည့်ပြီး စိုးရိမ်တကြီး အံကြိတ်လိုက်သည်။ သွေးနံ့များက သူ့အား လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်လိုက်သည်။

“ကူညီပါဦး!”

“သူ့ကို ဝင်ခွင့်ပေးလိုက်ပါ ၊ ကျွန်မက ဆရာဝန် မဟုတ်ပေမယ့် ကျွန်မရဲ့အလုပ်က စိတ်ပညာနဲ့ ဆက်စပ်နေတာလေ”

ရွှမ်ဝမ်က ဆူမိုအား စနောက်ခြင်းကို ရပ်လိုက်သည်။သူမသည် ကုလားထိုင်တွင် သက်သောင့်သက်သာ ပုံစံဖြင့် မှီလိုက်သည်။ တံခါးသည် ဖြည်းညှင်းစွာ တွန်းဖွင့်ခံလိုက်ရသည်။ ဆူမိုသည် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ထိုကြောက်စရာကောင်းသော မျက်နှာကား အခန်းထဲတွင် ပေါ်လာခဲ့လေသည်။ ထိုလူနာ၏ ခွန်အားသည် သာမန်လူသားတစ်ယောက်၏ ခွန်အားထက် များစွာ ကျော်လွန်နေ၏။ ဆူမိုသည် အရိပ်ကမ္ဘာ၏ ကောင်းချီးကို အကြိမ်များစွာ ရရှိထားသောကြောင့်သာ ထိုမျှကြာအောင် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

“အရမ်း အိပ်ချင်တယ်…”

ကွဲအက်နေသော နှုတ်ခမ်းများက ဆုမိုဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ နစ်ဝင်နေသော မျက်လုံးများသည် မှောင်မိုက်နေသော ရေကန်နှစ်ခုနှင့် တူသည်။ ထိုမကောင်းဆိုးဝါး၏ လက်ချောင်း ဆယ်ချောင်းသည် တုန်ယင်နေ၏။ လူသတ်မှသာ သူ့ကို သက်သာရာရစေနိုင်သကဲ့သို့ ဖြစ်နေသည်။ ဆူမိုသည် ထောင့်တစ်နေရာသို့ အတင်းအကျပ် ရောက်ရှိသွားသည်။ ထိုမကောင်းဆိုးဝါးကြောင့် သူသည် အလွန်ကြောက်လန့်နေပြီး သူ့စိတ်မှာ လုံးဝ ဗလာဖြစ်နေချေသည်။

“ငါတော့ ကိစ္စတုံးပြီ…”

“ဒေါက်တာ ရောက်နေပြီ ၊ လာထိုင်ပါ”

ရွှမ်ဝမ်က နူးညံ့စွာ ပြောလိုက်ပြီး ထိုလူနာ၏ အာရုံကို ဆွဲယူလိုက်သည်။

မကောင်းဆိုးဝါးသည် ကြမ်းပြင်ပေါ်တွင်ဒရွတ်ဆွဲနေသော ဦးနှောက်နောက်ဘက်နှင့်အတူ သူ့ကိုယ်သူ ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူသည် ရွှမ်ဝမ်ကို မြင်လိုက်သောအခါ ဒေါသထွက်လာလေသည်။

“ဒေါက်တာ!ဒေါက်တာ! ကျွန်တော်အရမ်း အိပ်ချင်တယ်!”

သူက စားပွဲဆီသို့ ကုန်းရုန်းသွားလိုက်သည်။ သူ့ လက်များဖြင့် စားပွဲအား ပိတ်ရိုက်ချလိုက်သည်။ စားပွဲသာ မရှိပါက ရွှမ်ဝမ်ပေါ်သို့ သူခုန်တက်သွားနိုင်သည်။

“ထိုင်”

ရွှမ်ဝမ်က ထိုလူနာကို ကျွမ်းကျင်စွာ စစ်ဆေးလိုက်သည်။

ထိုလူနာသည် အပြင်ဘက်တွင် လူနာဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အတွင်းတွင် ဝန်ထမ်းယူနီဖောင်းကို ဝတ်ဆင်ထားသည်။ အဓိက သန္ဓေပြောင်းလဲမှုသည် သူ၏ ဦးခေါင်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ရှင့်ရဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောပြပါဦး”

“ကျွန်တော် ဘယ်လိုမှ အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ် ၊ ကုတင်ပေါ် လှဲလိုက်တာနဲ့ အသံမျိုးစုံ ကျွန်တော် ကြားနေရတယ် ၊ ပထမဆုံး သူတို့က ကျွန်တော့်အခန်းထဲမှာ ပေါ်လာတယ်၊ ပြီးတော့ ကျွန်တော့် ကုတင်ပေါ်မှာ၊ နောက်ဆုံးတော့ ကျွန်တော့် ခေါင်းထဲမှာ ပေါ်လာတယ်။ သူတို့က အခုချိန်အထိ ဆက်တိုက်ဆူညံနေကြတုန်းပဲ!”

ထိုလူနာ၏အမူအရာမှာ ပို နာကျင်လာဟန်ဖြင့် သူ့လက်ချောင်းများယမ်းလိုက်သည်။

“သူတို့ ဘာကို စကားများနေကြတာလဲ ၊ ကျွန်မကို ပြောပြနိုင်မလား”

ရွှမ်ဝမ်သည် ယခင်က ဤကဲ့သို့ အကြိမ်များစွာ လုပ်ခဲ့ဖူးသကဲ့သို့ လုံးဝ တည်ငြိမ်နေလေသည်။

“အရမ်း ဆူညံနေတယ်! ကျွန်တော် သူတို့ကို သေသေချာချာ မကြားနိုင်ဘူး! သူတို့ ပြန်လာနေပြီ!”

“ဘယ်ကို ပြန်လာတာလဲ ၊ ရှင့်ဘေးကိုလား ဒါမှမဟုတ် ရှင့်အိမ်ကိုလား”

ရွှမ်ဝမ်က တစ်ခုခုကို ဖမ်းမိလိုက်သည်။

“ရှင် သူတို့ကို သတ်လိုက်တာလား၊ သူတို့ရဲ့ အလောင်းတွေကို ရှင်ဝှက်ထားတာလား”

“မဟုတ်ဘူး! ကျွန်တော် သူတို့ကို မသတ်ခဲ့ဘူး! သူတို့ သေတာနဲ့ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး! တကယ်ပါ!”

ထိုလူနာသည် ပို၍ပင် မတည်မငြိမ် ဖြစ်လာ၏။ သူ့ လက်ချောင်းများက စားပွဲကို ထိုးဖောက်သွားသည်။ ထောင့်တွင် ပုန်းနေသော ဆူမိုက ထိတ်လန့်တုန်လှုပ်နေဆဲပင်။ ရွှမ်ဝမ်သည် ထိုမကောင်းဆိုးဝါးအား သူ သတ်ခဲ့သော လူမည်မျှ ရှိကြောင်းကို တိုက်ရိုက် မေးလိုက်သည်။

“သူတို့ သေဆုံးတာက ရှင်နဲ့ မပတ်သက်ဘူးဆိုရင် ဘာလို့ ရှင့်ကို ပစ်မှတ်ထားနေကြတာလဲ ၊ ဒီမှာ ရှင်က ဘာအလုပ်လုပ်တာလဲ”

ရွှမ်ဝမ်သည် လူသတ်သမားတစ်ဦး ဖြစ်သောကြောင့် လူသတ်သမားများကို ကောင်းစွာ နားလည်သည်။ သူမရှေ့ရှိ လူနာသည် လူသတ်သမား မဟုတ်ပေ။

“ကျွန်တော်က တစ်ချိန်က ICU ဌာနက သူနာပြုတစ်ဦးပါ ၊ ကျွန်တော်က အကောင်းဆုံး သူနာပြုပါပဲ ၊ ကျွန်တော့်က အကောင်းဆုံး သူနာပြုအဖြစ် ခဏခဏ ဆုရခဲ့ဖူးတယ်!”

ထိုလူနာသည် ထိုဆုကို ထပ်ခါတလဲလဲ ပြောနေသည်။ ၎င်းသည် သူ့အတွက် အလွန် အရေးပါပုံရသည်။

“ပုံမှန်အားဖြင့် ရှင် ဘယ်မှာ အိပ်တတ်လဲ ၊ ရှင့်ရဲ့ တာဝန်ကျအခန်းမှာလား ဒါမှမဟုတ် ICU နားမှာလား”

“သူနာပြုတွေမှာ သူတို့ကိုယ်ပိုင် အိပ်ဆောင်တွေ ရှိတယ်၊ သူနာပြုတစ်ဦးက အရမ်း ပင်ပန်းနေရင် သူတို့က လူနာကုတင်အလွတ်တွေထဲက တစ်ခုမှာ ခဏတာ အမြန်အိပ်စက်တတ်ကြတယ် ၊အဲ့လိုအိပ်တာကို ဆရာဝန်တွေ မမြင်ရင်တော့ အဆင်ပြေပါတယ်”

“သေဆုံးသွားတဲ့ လူနာတွေရဲ့ ကုတင်တွေပေါ်မှာ ရှင် မကြာခဏ အိပ်တတ်လား”

ရွှမ်ဝမ်၏ မျက်လုံးများက ထိုလူ၏ ဦးခေါင်းနောက်ဘက်ကို အာရုံစိုက်လိုက်သည်။

“ရှင် သူတို့ကို ကတိတစ်ခုခုပေးထားတာလား ဒါမှမဟုတ် သူတို့ ပစ္စည်းတွေကို ခိုးယူထားတာလား”

“မဟုတ်ဘူး! ကျွန်တော်က သူနာပြုတစ်ယောက်ပါ ၊ လူနာတွေဆီက ခိုးယူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ!”

ထိုလူနာ၏ လက်သည်းများက စတင် ကွဲအက်လာသည်။ယင်းသည် ကြောက်စရာ ကောင်းလှသည်။

ဆုမိုသည် နောက်ဆုံးတွင် စိတ်ငြိမ်သွားသည်။ ရွှမ်ဝမ်က ထိုလူကို မည်သို့ ကုသမည်ကို သူ စိတ်ဝင်စားနေသည်။ အနည်းဆုံးတော့ သူမသည် သူမ ဘာလုပ်နေသည်ကို သိသည့်ပုံ ပေါက်နေသည်။

“အဲဒါဆိုရင်တော့ အကြောင်းပြချက်ကို ကျွန်မ သိပြီလို့ ထင်ပါတယ်”

ရွှမ်ဝမ်က ၎င်းသည် လွယ်ကူသော ပြဿနာတစ်ခု ဖြစ်သကဲ့သို့ ပြုံးပြလိုက်သည်။ ထိုလူနာနှင့် ဆူမိုက ရှေ့သို့ ကိုင်းလိုက်ကြသည်။ ရွှမ်ဝမ် ပြောမည့်အရာကို သူတို့သိချင်နေကြသည်။

“သန္ဓေပြောင်းလဲမှုက ရှင့်ရဲ့ ဦးခေါင်းနောက်ဘက်မှာ ကန့်သတ်ထားတယ် ၊ ဆိုလိုတာက ပြဿနာဟာ ရှင့်ရဲ့ ခေါင်းအုံးမှာ ရှိနေတယ်လို့ ဆိုလိုတာပဲ ၊ လူတစ်ယောက်သေဆုံးသွားပြီဆိုရင်ပုံမှန်အားဖြင့် ကျွန်မတို့က သူတို့ရဲ့ ခေါင်းအုံးမှာ အပေါက်တစ်ခုကို ဓားနဲ့ ခွဲလိုက်ကြတယ်၊ ဒါက ဘာလို့လဲဆိုရင် လူတစ်ယောက် သေဆုံးသွားပြီးရင် ဝိဉာဉ်တစ်စွန်းတစ်စက အိမ်မှာရှိတဲ့ ခေါင်းအုံးထဲမှာ ကပ်ငြိနေနိုင်လို့ပဲ ၊ ရှင်က သေဆုံးသူ အမျိုးမျိုးရဲ့ ခေါင်းအုံးတွေကို အသုံးပြုခဲ့တဲ့အတွက် သူတို့ရဲ့ ဝိဉာဉ်တွေက ရှင့်ရဲ့ ဦးနှောက်ထဲကို တွားသွား ဝင်ရောက်ခဲ့ကြတာပဲ!”

ရွှမ်ဝမ်သည် သူမ၏ လက်ချောင်းများကို တတောက်တောက်ခေါက်လိုက်သည်။

“ရှင့်ကို ကူညီဖို့က လွယ်ပါတယ် ၊ ရှင် ပုံမှန် အိပ်တဲ့နေရာကို ကျွန်မကို ခေါ်သွားပြီး ရှင့်ရဲ့ ခေါင်းအုံးကို ပေးပါ”

ဆူမို၏ အမူအရာက စိတ်ဝင်စားစရာ ကောင်းနေသည်။ ထိုရောဂါရဲ့ အရင်းမြစ်က ခေါင်းအုံးတဲ့လား။ ၎င်းက ကျိုးကြောင်းဆီလျော်မှု ရှိပါရဲ့လား။ ရွှမ်ဝမ်သည် ဆရာဝန်တစ်ဦးထက် သရုပ်ဆောင်တစ်ဦးနှင့် ပိုတူသည်ဟု သူ ခံစားလိုက်ရသည်။

ဆူမိုသည် သင့်လျော်သော လက်နက်တစ်ခုကို စတင် ရှာဖွေနေစဉ် ထိုလူနာ၏ ငိုယိုသံကို သူ ကြားလိုက်ရသည်။

ထိုကြောက်စရာကောင်းသော မကောင်းဆိုးဝါးက ငိုကြွေးနေပြီး သူ့ အသံပင် ပြောင်းလဲသွားသည်။

“အဲ့ဒါ ခေါင်းအုံးပဲ ဖြစ်ရမယ် ၊ သူတို့က ထွက်သွားဖို့ ငြင်းဆန်နေကြတယ်ဗျာ ၊ ကျွန်တော် ခင်ဗျားကို အဲဒီကို ခေါ်သွားပါ့မယ်!”

သူက ပြန်လှည့်လိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ သူသည် ရွှမ်ဝမ်ကို သူ့နောက်မှ လိုက်လာရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ထောင့်တစ်နေရာတွင် ရှိနေသော ဆုမိုကိုတော့ သူ လျစ်လျူရှုလိုက်သည်။

“ရှင်လည်း ကျွန်မတို့နဲ့ လိုက်လာသင့်တယ်”

ရွှမ်ဝမ်သည် ဒေါက်ဖိနပ်များကို ဆုမိုဆီသို့ ပစ်ပေးလိုက်သည်။ ထိုအပြစ်ကင်းသော လူငယ်လေးသည် အစောပိုင်းက သူမနှင့်အတူ နေခဲ့ရန် ရွေးချယ်ခဲ့သည်။ အမှားဟု ထင်ရသော ထိုရွေးချယ်မှုသည် မှန်ကန်သော ရွေးချယ်မှု ဖြစ်ခဲ့ပေသည်။

ထိုလူနာက လမ်းပြပေးသဖြင့် သူတို့သည် စတုတ္ထထပ်ရှိ ICU သို့ ရောက်လာခဲ့ကြသည်။ ကောင်းကင် မှောင်လာသောကြောင့် ဖြစ်နိုင်သော်လည်း ထိုအထပ်၏ လေထုသည် လုံးဝ ကွဲပြားနေသည်။ သေဆုံးခြင်းက အရာအားလုံးကို ဖုံးလွှမ်းနေ၏။ အလှဆင်ထားသော ပန်းများမှာ ညှိုးနွမ်းနေသည်။ ပိုးမွှားကောင်များပင် သေဆုံးနေကြလေသည်။

“ဒီအထပ်က အရှေ့ဆောင်ရဲ့ အန္တရာယ်အရှိဆုံး အထပ် ဖြစ်ရမယ်”

ရွှမ်ဝမ်က ထိုဟောင်းနွမ်းနေသော ကော်ရစ်ဒါကို လေ့လာလိုက်သည်။ သူမ၏ အပြုံးက ပို၍ တောက်ပလာ၏။ဒိတ်တင်းဆင်းတစ်ခု နှင့် နှိုင်းယှဉ်လျှင် သူမသည် ဆရာဝန်များ၏ဂိမ်းကို ပိုနှစ်သက်သည်။ လူတစ်ဦး၏ အသက်ကို ထိန်းချုပ်ခြင်းသည် ချစ်ခြင်းမေတ္တာထက် ပို၍ ပျော်စရာ ကောင်းပေသည်။

သူတို့ စတုတ္ထထပ်သို့ ပြန်ရောက်လာသောအခါ ထိုလူနာက ပို၍ပင် ရိုးသားလာသည်။ နေ့၏ အချိန် မည်သို့ပင် ရှိစေကာမူ စတုတ္ထထပ်တွင် နေလိုသူများသည် အတော်လေး အန္တရာယ်များကြသည်။

All Chapters